ဖရီးကစ်ကန်တာလုနေရင် သူကိုယ်တိုင်ဆုံးဖြတ်ပေးမယ်လို့ PSG နည်းပြ ပြော

 

===========================================
မနေ့က ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ် (၆)မှာ PSG အသင်းက လိုင်ယွန်အသင်းကို (၂-၀)နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဂိုးလုံးက လိုင်ယွန်ကစားသမားတွေရဲ့ Own Goal တွေ ဖြစ်ခဲ့ပြီး နေမာ၊ ကာဗာနီနဲ့ ဘာပေတို့ ဂိုးပေါက်မတွေ့ခဲ့ပါဘူး။ ပွဲကစား စဉ်အတွင်းမှာတော့ PSG က ရတဲ့ ဖရီးကစ်ကို ပင်တိုင်ကန်သွင်းနေကျ ကာဗာနီအစား နေမာက လုယူခဲ့ဟန် ပေါက်သဖြင့် အနည်းငယ် ရုပ်ပျက်စရာဖြစ်ခဲ့ပါတယ်။
ပွဲအပြီးမှာ PSG နည်းပြ အမ်မရီကတော့
“သူတို့နှစ်ယောက်လုံး ဒီအခွင့်အရေးရထိုက်တဲ့ စွမ်းဆောင်ရည်ရှိကြပြီးသားပါ။ အဲ့ဒါနဲ့ပါတ်သတ်လို့ သူတို့ကြားမှာ ပြသနာမဟုတ်ဘူးလို့လဲ ပြောခဲ့ပြီးသားပါ။ အဲ့ဒါကိုမှ သူတို့ကြားမှာ သဘောတူညီမှု မရလာဘူးဆိုရင် ကျွန်တော်ကိုယ်တိုင်ပဲ ၀င်ပြီးဆုံးဖြတ်ပေးလိုက်မယ်။ ဒါဟာ ပြသနာတစ်ခုအနေနဲ့ ကျွန်တော်မမြင်ပါဘူး” လို့ ပြောဆိုသွားပါတယ်။
မောရစ်
ဗီဒီယိုဖိုင်ကို ပထမကော်မန့်မှာကြည့်ပါ။v

Leave a comment

Your email address will not be published. Required fields are marked *