မက်ဆီကို ခေါ်ယူနိုင်ဖို့ အံ့မခန်း နည်းလမ်းတခုအသုံးပြုခဲ့ပေမယ့် ကစားသမားဘက်ကလက်မခံခဲ့ဖူးလို့ ဝန်ခံလိုက်တဲ့ #မန်စီးတီးဥက္ကဌ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစီအစဉ် တခုမှာ BBC နဲ့ Sky sports တို့ရဲ့ ဘောလုံးဝေဖန်သူ အမျိုးသမီး အဲလက်စ်စကော့က မက်ဆီအနေနဲ့ နည်းပြကြီး ဂွာဒီယိုလာရဲ့ လက်ရှိ မန်စီးတီး အသင်းမှာ ပါဝင်ခွင့်ရဖို့ မသေချာဘူးလို့ ပြောဆိုမိ ခဲ့လို့ ဝေဖန်ပြစ်တင်မှုတွေကို ခံခဲ့ရပါသေးတယ်။

ဘလွန်းဒီအောဆု ၅ဆုရှင် မက်ဆီအနေနဲ့ ဆရာဟောင်း ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းမှာ ပါဝင်လို့ ရနိုင်မှာ မဟုတ်ဘူးဆိုတဲ့ သဘောမျိုး သက်ရောက်တဲ့ အဆိုပါ မှတ် ချက်အပေါ် ဒီအာဂျင်တီးနား သားရဲ့ ပရိသတ်တွေက ပေါက်ကွဲဝေဖန်ခဲ့ လို့ အဲလက်စ်စကော့အနေနဲ့ အောက်ပါအတိုင်း ပြန်လည်ဖြေရှင်းခဲ့ရပါသေးတယ်။

စကော့ က သူမရဲ့ တွစ်တာအကောင့်ကနေ – ” ယနေ့ ခေတ် မန်စီးတီး အသင်းမှာ မက်ဆီက ပါဝင်ပြီး အသားကျနိုင်မယ်လို့ ယူဆပါသလား ? သူအသားကျနိုင်မယ်ဆိုတာအားလုံး အသိပဲဖြစ်ပါတယ်။ဒါပေမယ့် ပြီးခဲ့တဲ့ အစီအစဉ်တုန်းက ကျွန်မပြောခဲ့တာက ဂွာဒီယိုလာအနေနဲ့ မက်ဆီ အသားကျနိုင်ဖို့အတွက် မန်စီးတီး အသင်းရဲ့ ပြင်းထန်တဲ့ ဖိအားပေး ကစားပုံကို ပြင်မယ်လို့ ထင်ပသလားဆိုတဲ့ အမြင်ပဲဖြစ်ပါတယ်။ဒီလိုသာဆိုရင် သူပြင်ပါ့ မလားရှင် ” လို့ရေးသားတုန့်ပြန်သွားခဲ့တာဖြစ်ပါတယ်။

အဲလက်စ်စကော့ ရဲ့ မှတ်ချက်စကားနဲ့ ဆန့် ကျင်နေတဲ့ သတင်းတခုကတော့ အခုချိန်မှာ ထွက်လာခဲ့တာဖြစ်ပါတယ်။ မန်စီးတီး အသင်းဟာ မက်ဆီ ကို အီတီဟတ်ကို လာရောက် ပူးပေါင်း ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ကစားသမား ဘက်က လက်မခံ ခဲ့ဖူးလို့ ဥက္ကကြီး မူဘာရတ်က ဝန်ခံလိုက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။

ဥရောပဘောလုံးလောက ရဲ့ အင်အားကြီး တသင်းအဖြစ် တည်ဆောက်ဖို့ တာစူနေခဲ့တဲ့ မန်စီတီး အသင်းဟာ ၂၀၁၆ နွေရာသီမှာ ထိုစဉ်က အကောင်းဆုံး နည်းပြ လို့ သတ်မှတ်နိုင်မယ့် ဂွာဒီယိုလာကို ဘိုင်ယန်မြူးနစ် အသင်းကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင်သူ့ရဲ့ တပည့်ဟောင်းတဦးဖြစ်တဲ့ မက်ဆီကိုလည်းဘာစီလိုနာအသင်းကပေးချေနေတဲ့ လစာရဲ့ ၃ဆအထိပေးချေပြီးကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး မူဘာရတ်က – ” မက်ဆီ နဲ့ ဆွေးနွေးပြောဆိုမှု တွေ ပြုလုပ်ကြည့်ဖို့ ကျွန်တော်တို့က နည်းပြ ကြီး ဂွာဒီယိုလာကို တောင်းဆိုခဲ့ကြပါတယ်။ဘာစီလိုနာမှာ သူရနေတဲ့ လစာထက် ၃ဆပိုပေးပြီးတောင်ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် မက်ဆီက တော့ ဘယ်တုန်းကမှ လက်သင့်မခံခဲ့ပါဘူး ” လို့ပြန်ပြောင်း ပြောပြသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ လက်ရှိ အချိန် မှာ အသက် ၃၂ နှစ် အရွယ်ရှိနေပြီဖြစ်ပေမယ့် ခြေစွမ်းကောင်းပိုင်ဆိုင်နေဆဲဖြစ်ပါတယ်။ဒါကြောင့် လည်းတနှစ်လျင် ယူရို သန်း ၅၀ အထိ ရရှိနေပြီး ကမ္ဘာ့လစာ အများဆုံးကစားသမား အဖြစ် ရပ်တည်နေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *