ပေါ့ဂ်ဘာဟာ ဘယ်အတိုင်းအတာ အထိ အောင်မြင်နိုင်မလဲ ဆိုတာ ပြောကြားသွားတဲ့ #ပေါ်လစ္စတာ

ပရီးမီးယား လိဂ် အပြောင်း အရွှေ့ ရာသီ ပိတ်သိမ်း သွားခဲ့ ပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ရဲ့ အနာဂတ် ဟာ အခု ထက်ထိ ယူနိုက်တက် မှာ ဆက်ရှိ ဖို့ ရာနှုန်းပြည့် သေချာ ရေရာ ခြင်း မရှိ သေး ပါဘူး ။

ဒါ့ကြောင့် ယူနိုက်တက် ပရိသတ် အချစ်တော် ဂယ်ရီ ပေါ်လစ္စတာ က ပြင်သစ် လက်ရွေးစင် ရဲ့ ခြေစွမ်း တွေကို ပုံမှန် ထိန်းသိမ်း ထားနိုင် ခဲ့မယ် ဆိုရင် တစ်နေ့မှာ ပေါ့ဂ်ဘာ ဟာ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ် ကစားသမား ဖြစ်လာ လိမ့်မယ် လို့ ယုံကြည် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ရပ်ရှ်ဖို့ အတွက် ဖန်ပေး ခဲ့တဲ့ သူ့ရဲ့ ဘောလုံး ပေးပို့ မှု ၊ အသင်း ကို မောင်းနှင် ပေးခဲ့ မှုနဲ့ ဒန်နီယယ် ဂျိမ်းစ် အတွက် ဂိုး ဖန်ပေး နိုင် ခဲ့မှု တွေ ၊ အဲ့တာ တွေက ယူနိုက်တက် ပရိသတ် တစ်ဦး အနေ နဲ့ ပေါလ် ပေါ့ဂ်ဘာ ဆီက နေ ကျွန်တော် တို့ အမြဲ တွေ့မြင် လို ကြတဲ့ အရာ တွေ ပါပဲ ”

” အကယ်လို့ ခင်ဗျား ရဲ့ အစွမ်း တွေနဲ့ အရည်အသွေး တွေကို အခု အတိုင်း အမြဲ ပြသ နိုင်မယ် ဆိုရင် ခင်ဗျား ဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး မဖြစ်နိုင် ခဲ့ရင် တောင် ကမ္ဘ္ဘာ့ အကောင်းဆုံး ကွင်းလယ် လူတော့ ဖြစ်နိုင် ပါ လိမ့်မယ် ”

” ဒါဟာ ပေါလ် အပေါ် မှာ မူတည် ပါတယ် ၊ သူ အကွက် ဘယ်လို မြင်သလဲ ၊ သူ ဘာတွေ ကို ယုံကြည် သလဲ ၊ သူ ဘာတွေ လုပ်ချင် သလဲ ဆိုတာ တွေ အပေါ် မှာပေါ့ ။ အကယ်လို့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ မပျော်ရွှင် ဘူး ဆိုရင် အိုလီ ပြောသလို ပဲ ‘ ကျွန်တော် တို့ဟာ ယူနိုက်တက် အတွက် ကစား ပေးဖို့ စိတ်အား ထက်သန် သူ ၊ ဒီ ဂျာစီ ကို ဝတ်ဆင် ပြီး အစွမ်းကုန် ပေးဆပ် ကစား လိုသူ ‘ တွေ ကိုပဲ အလိုရှိ သွားမှာ ပါ ”

” လက်ရှိ အနေ အထား တွေ အရ တော့ စပိန် မြေမှ ကလပ် အသင်း တွေရဲ့ အပြောင်း အရွှေ့ ကာလ မပိတ်သိမ်း မီ အထိ ကျွန်တော် တို့ဟာ ဒီ အတိုင်း ပဲ စိတ်ထဲ ရှိရာ မှန်းဆ ပြောနေ ရ ဦးမှာ ပါပဲ ”

” ပေါ့ဂ်ဘာ အသင်း မှာ ရှေ့ဆက် ရှိနေ စေရေး နဲ့ ပတ်သက် လို့ အိုလီ ဟာ အမြဲ အပေါင်း လက္ခဏာ ဆောင်တဲ့ အတွေး ပဲ တွေးနေ ခဲ့ ပါတယ် ။ ပေါ့ဂ်ဘာ ဆီက အကောင်းဆုံး အရည် အသွေး တွေကို ရယူ နိုင်ဖို့ ပဲ သူ အလိုရှိ နေခဲ့ ပါတယ် ” လို့ ပေါ်လစ္စတာ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

Leave a comment

Your email address will not be published. Required fields are marked *