အီတလီေဘာလံုးရဲ႕ Gran Gala Del Clasico ဆုေပးပြဲမွာ ဘူဖြန္ နဲ႔ ဂ်ဳဗင္တပ္အသင္းတို႔ ေအာင္ပြဲခံ

ယမန္ေန႔ညက ျပဳလုပ္သြားခဲ့တဲ့ The Gran Gala del Clasico ဆုေပးပြဲအခမ္းအနားမွာေတာ့ စီးရီးေအ ၀ါရင့္ ဂိုးသမားႀကီး ဂီယန္လူဂီ ဘူဖြန္ က အေကာင္းဆံုး ကစားသမားဆုကို ဆြတ္ခူးရရွိသြားခဲ့ပါတယ္ ။

ဂရန္းဂါလာဆုဟာ ယမန္ႏွစ္ ရာသီအတြင္း စီးရီးေအမွာ အေကာင္းဆံုး ပံုစံျပသႏုိင္ခဲ့တဲ့ ကစားသမားေတြကို ေရြးခ်ယ္ဆုခ်ီးျမွင့္တဲ့ပြဲျဖစ္ၿပီး အီတလီေဘာလံုးရဲ႕ ေအာ္စကာဆုေပးပြဲလုိ႔လည္း တင္စားေခၚေ၀ၚၾကပါတယ္ ။

တႏွစ္တာအေကာင္းဆံုး နည္းျပဆုကိုေတာ့ နာပိုလီ နည္းျပ မူရီဇီယို ဆာရီ က ဂ်ဳဗင္တပ္ နည္းျပ အယ္လီဂရီ ကို ေက်ာ္ျဖတ္ကာ ရရွိသြားခဲ့ပါတယ္။ ဆာရီကေတာ့ လာမယ့္ ေသာၾကာေန႔မွာ ရင္ဆုိက္ ကစားမယ့္ နာပိုလီ – ဂ်ဳဗင္တပ္ ပြဲအတြက္ အလုပ္မ်ားေနတာေၾကာင့္ ယခုပြဲကို မတက္ေရာက္ခဲ့ဘဲ နာပိုလီ ဥကၠဌ ဒီေလာ္ရန္းတစ္ က ဆုကို လက္ခံရယူသြားခဲ့ပါတယ္ ။

တႏွစ္တာ အေကာင္းဆံုးအသင္းရဲ႕ ဂိုးသမားဆုကိုလည္း ဘူဖြန္ကပဲဆြတ္ခူးရရွိခဲ့ပါတယ္ ။

အေကာင္းဆံုးေနာက္တန္းကစားသမားဆုေတြကိုေတာ့ PSG ကို ေျပာင္းေရႊ႕သြားၿပီျဖစ္တဲ့ ဂ်ဳဗီ ေနာက္ခံလူ ေဟာင္း ဒါနီအဲလ္ဗက္ ၊ နာပိုလီ ေနာက္ခံလူ ကိုလူဘာလီ ၊ ေအစီမီလန္ ခံစစ္မႈး ဘုိႏူခ်ီ နဲ႔ ဂ်ဳဗင္တပ္ ေနာက္ခံလူ အဲလက္စ္ ဆန္ဒရို္ တို႔က ဆြတ္ခူးရရွိခဲ့ၾကပါတယ္ ။

ကြင္းလယ္မွာအေကာင္းဆံုး ပံုစံျပသႏိုင္ခဲ့ၾကတဲ့ ကစားသမားေတြအျဖစ္ ရိုးမားကြင္းလယ္လူ ႏုိင္ဂိုလန္း ၊ နာပိုလီ အသင္းေခါင္းေဆာင္ ဟမ္ဆစ္ နဲ႔ ဂ်ဳဗင္တပ္ ကြင္းလယ္လူ ယာနစ္ တုိ႔က ဆြတ္ခူးရရွိခဲ့ပါတယ္ ။

၄-၃-၃ ကစားကြက္ နဲ႔ ေရြးခ်ယ္တဲ့ အဆိုပါ ဆုေပးပြဲရဲ႕ ေရွ႕တန္း ကစားသမားဆုေတြကိုေတာ့ ဂ်ဳဗင္တပ္ တုိက္စစ္ အတြဲျဖစ္တဲ့ ဟီဂူအင္ ၊ ဒိုင္ဘားလား တုိ႔ အျပင္ နာပိုလီ တုိက္စစ္မႈး မာတင္ တို႔က ဆြတ္ခူးရရွိခဲ့ၾက ပါတယ္ ။

ဆုေပးပြဲမွာ လက္ေရြးစင္ ကစားသမားဘ၀နဲ႔ ပတ္သက္လုိ႔ ဘူဖြန္ကို ေမးျမန္းခဲ့ရာမွာ “အခု ကြ်န္ေတာ္ တို႔ ဘာလုိ႔ ဆြီဒင္ ကို ရွဳံးသြားလဲ သိပီဗ် ( ရယ္လွ်က္ ) ။ အဘုိးႀကီးက အေကာင္းဆံုးဆုေတြကို ရေနတုန္းပဲေလ ။ မဟုတ္ဘူးလား” လို႔ စတင္ အရႊန္းေဖာက္သြားခဲ့ပါတယ္ ။

“ကြ်န္ေတာ္ ေပ်ာ္ရႊင္ၿပီး ဂုဏ္ယူမိပါတယ္ ။ ဒီလုိ ဆုမ်ဳိးကို ရလိမ့္မယ္လုိ႔လည္း မေမွ်ာ္လင့္မိပါဘူး ။ ဒီဆုကို ေသခ်ာ သိမ္းထားပါ့မယ္ ။ ဘာလုိ႔လည္းဆိုေတာ့ ကြ်န္ေတာ္ တစ္ခါမွ လူငယ္အေကာင္းဆံုးဆုဆိုၿပီး မရဖူးလုိ႔ပါ ။ အီတလီ အတြက္လား . . . . . ေလာေလာဆယ္ေတာ့ နားလုိက္ပါပီ ။ ဒါေပမယ့္ ကြ်န္ေတာ့ ေနရာကို အစားထိုးမယ့္လူလည္းမရွိဘူး ၊ အီတလီကလည္း ျပန္ကစားဖို႔ ေတာင္းဆိုမယ္ဆုိရင္ေတာ့ အသက္ ၆၀ အထိ ကြ်န္ေတာ္ ကစားေပးပါမယ့္ဗ်ာ” လုိ႔ ဘူဖြန္ႀကီးက ဟာသလုပ္ေျပာဆိုသြားခဲ့ပါတယ္ ။

ကာဂလီယာလီ အသင္းရဲ႕ ဂိုးသမား အဲလစ္ဆီယုိ ကရာႏုိ ဟာ စီးရီးဘီ ရဲ႕ အေကာင္းဆံုး ဂိုးသမားဆုကို ရရွိသြားခဲ့ၿပီး ဖီအုိရင္တီးနား အမ်ဳိးသမီး အသင္းကစားသမား အီလီယာ ဂြာနီ က ေတာ့ တႏွစ္တာအေကာင္း ဆံုး အမ်ဳိးသမီးကစားသမားဆုကုိ ဆြတ္ခူးရရွိသြားခဲ့ပါတယ္ ။

 

အီတလီဘောလုံးရဲ့ Gran Gala Del Clasico ဆုပေးပွဲမှာ ဘူဖွန် နဲ့ ဂျုဗင်တပ်အသင်းတို့ အောင်ပွဲခံ

======================================================

ယမန်နေ့ညက ပြုလုပ်သွားခဲ့တဲ့ The Gran Gala del Clasico ဆုပေးပွဲအခမ်းအနားမှာတော့ စီးရီးအေ ၀ါရင့် ဂိုးသမားကြီး ဂီယန်လူဂီ ဘူဖွန် က အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ် ။

ဂရန်းဂါလာဆုဟာ ယမန်နှစ် ရာသီအတွင်း စီးရီးအေမှာ အကောင်းဆုံး ပုံစံပြသနိုင်ခဲ့တဲ့ ကစားသမားတွေကို ရွေးချယ်ဆုချီးမြှင့်တဲ့ပွဲဖြစ်ပြီး အီတလီဘောလုံးရဲ့ အော်စကာဆုပေးပွဲလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ် ။

တနှစ်တာအကောင်းဆုံး နည်းပြဆုကိုတော့ နာပိုလီ နည်းပြ မူရီဇီယို ဆာရီ က ဂျုဗင်တပ် နည်းပြ အယ်လီဂရီ ကို ကျော်ဖြတ်ကာ ရရှိသွားခဲ့ပါတယ်။ ဆာရီကတော့ လာမယ့် သောကြာနေ့မှာ ရင်ဆိုက် ကစားမယ့် နာပိုလီ – ဂျုဗင်တပ် ပွဲအတွက် အလုပ်များနေတာကြောင့် ယခုပွဲကို မတက်ရောက်ခဲ့ဘဲ နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ် က ဆုကို လက်ခံရယူသွားခဲ့ပါတယ် ။

တနှစ်တာ အကောင်းဆုံးအသင်းရဲ့ ဂိုးသမားဆုကိုလည်း ဘူဖွန်ကပဲဆွတ်ခူးရရှိခဲ့ပါတယ် ။

အကောင်းဆုံးနောက်တန်းကစားသမားဆုတွေကိုတော့ PSG ကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ဂျုဗီ နောက်ခံလူ ဟောင်း ဒါနီအဲလ်ဗက် ၊ နာပိုလီ နောက်ခံလူ ကိုလူဘာလီ ၊ အေစီမီလန် ခံစစ်မှုး ဘိုနူချီ နဲ့ ဂျုဗင်တပ် နောက်ခံလူ အဲလက်စ် ဆန်ဒရို် တို့က ဆွတ်ခူးရရှိခဲ့ကြပါတယ် ။

ကွင်းလယ်မှာအကောင်းဆုံး ပုံစံပြသနိုင်ခဲ့ကြတဲ့ ကစားသမားတွေအဖြစ် ရိုးမားကွင်းလယ်လူ နိုင်ဂိုလန်း ၊ နာပိုလီ အသင်းခေါင်းဆောင် ဟမ်ဆစ် နဲ့ ဂျုဗင်တပ် ကွင်းလယ်လူ ယာနစ် တို့က ဆွတ်ခူးရရှိခဲ့ပါတယ် ။

၄-၃-၃ ကစားကွက် နဲ့ ရွေးချယ်တဲ့ အဆိုပါ ဆုပေးပွဲရဲ့ ရှေ့တန်း ကစားသမားဆုတွေကိုတော့ ဂျုဗင်တပ် တိုက်စစ် အတွဲဖြစ်တဲ့ ဟီဂူအင် ၊ ဒိုင်ဘားလား တို့ အပြင် နာပိုလီ တိုက်စစ်မှုး မာတင် တို့က ဆွတ်ခူးရရှိခဲ့ကြ ပါတယ် ။

ဆုပေးပွဲမှာ လက်ရွေးစင် ကစားသမားဘဝနဲ့ ပတ်သက်လို့ ဘူဖွန်ကို မေးမြန်းခဲ့ရာမှာ “အခု ကျွန်တော် တို့ ဘာလို့ ဆွီဒင် ကို ရှုံးသွားလဲ သိပီဗျ ( ရယ်လျှက် ) ။ အဘိုးကြီးက အကောင်းဆုံးဆုတွေကို ရနေတုန်းပဲလေ ။ မဟုတ်ဘူးလား” လို့ စတင် အရွှန်းဖောက်သွားခဲ့ပါတယ် ။

“ကျွန်တော် ပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ် ။ ဒီလို ဆုမျိုးကို ရလိမ့်မယ်လို့လည်း မမျှော်လင့်မိပါဘူး ။ ဒီဆုကို သေချာ သိမ်းထားပါ့မယ် ။ ဘာလို့လည်းဆိုတော့ ကျွန်တော် တစ်ခါမှ လူငယ်အကောင်းဆုံးဆုဆိုပြီး မရဖူးလို့ပါ ။ အီတလီ အတွက်လား . . . . . လောလောဆယ်တော့ နားလိုက်ပါပီ ။ ဒါပေမယ့် ကျွန်တော့ နေရာကို အစားထိုးမယ့်လူလည်းမရှိဘူး ၊ အီတလီကလည်း ပြန်ကစားဖို့ တောင်းဆိုမယ်ဆိုရင်တော့ အသက် ၆၀ အထိ ကျွန်တော် ကစားပေးပါမယ့်ဗျာ” လို့ ဘူဖွန်ကြီးက ဟာသလုပ်ပြောဆိုသွားခဲ့ပါတယ် ။

ကာဂလီယာလီ အသင်းရဲ့ ဂိုးသမား အဲလစ်ဆီယို ကရာနို ဟာ စီးရီးဘီ ရဲ့ အကောင်းဆုံး ဂိုးသမားဆုကို ရရှိသွားခဲ့ပြီး ဖီအိုရင်တီးနား အမျိုးသမီး အသင်းကစားသမား အီလီယာ ဂွာနီ က တော့ တနှစ်တာအကောင်း ဆုံး အမျိုးသမီးကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ် ။

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *