BATTLE FOR GLORY 6-1-2018

6-1-2018 1;00 pm @ TaunGoo 


ဒီရက်မှာ ဒီပွဲလေးရှိတယ် တောင်ငူသား “ထွန်းနိုင်ဦး”အတန်းတက်စာမေးပွဲကို မွေထိုင်းကဝိ “ပါဝိ” နဲ့စစ်မှာမို့ ဒေသခံလူထူက စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ တောင်ငူခရိုင်ထန်းတပင်မြို့နယ် နတ်ရွာသား “ခွန်ဉာဏ်လင်းအောင်” ကလဲ မြန်မာကစားတွေရဲ့ပြိုငိဖက် “ဖာ့မွန်ခွန်း” နဲ့ ရင်ဆိုင်ယှဉ်ပြိုင်မှာ ဖြစ်သလို နတ်ရွာသား ခွန်လင်းထက် က အစွယ်ချွှန်လို့ နယ်ကျွှံလာတဲ့ ရွှေမန်းမြေက “ဖိုက်ကေ” ကို ဧည့်ခံမှာဖြစ်ပီး မန်းလေးသား “ငွေနန်းတော်” နဲ့ ရွှေဘားလားပဲ့ကိုင်ရှင် ချန်ပီယံဟောင်းရွှေဝါထွန်းရဲ့တပည့် မိုးညို နဲ့ အကဲစမ်းကြမှာဖြစ်ပါတယ်။ လူငယ်မျိုးဆက် ကျော်အောင်(ရတနာပုံ) ကတော့ STL က ဖိုက်တာ ကို နာမည်လိုက်မလိုက် သင်ပေါ်မှာမေးပြပါလိမ့်မယ်။ ဒီလိုမျိုးပွဲတွေအပြင် လေးချီ သုံးချီ အထူးပွဲတွေ (၁၀) ပွဲထက်မနည်း တွဲပေးမှာမို့ စောင့်မျှော်ကြည့်ရှုဖို့ တိုက်တွန်းပါတယ်။ ရုပ်သံလွှင့်ဖို့ကတော့ လက်ရှိအချိန်ထိ ဆက်သွယ်မှုမရှိသေးပဲ NAING MOE ENTERTAINMENT မှ မေနိုင်းမိုး စီစဉ်တဲ့ပွဲတိုင်းကို မက်ဇူကာဘက်ရဲ့ ဖေ့ဘုတ်ကို အားကိုးပြီးတင်ပေးမှာမို့ ဝါသနာရှင်တို့ရဲ့ ဖုံးတွေကို ၆-၁-၂၀၁၈ နေ့ နေ့လည်တနာရီမှာ ဘက်ထရီအသင့် ဘေလ်အသင့်ဖြစ်စေဖို့ သတိထားပေးပါ။ ဒီထက်ပိုပြီး ပိုမိုကြည်လင်ပြတ်သားစေဖို့ကိုတော့ ပွဲအတွက်ကြော်ငြာရှင်များများရခဲ့ရင် ဝိုင်ဖိုင်ရတဲ့ကင်မရာဝယ်ပြီး လွှင့်ပေးမှာမို့ ကြော်ငြာရှင်(စပွန်စာ)များများရဖို့ ဒီနေ့ဒီရက်ဒီနေရာမှာ ပွဲရှိကြောင်း လုပ်ငန်းရှင်တွေသိအောင် ဝါသနာရှင်တို့က ဒီပိုစ့်က်ု ဝ်ုင်းဝန်းရှယ်ပေးလို့ရပါတယ်။ အနည်းဆုံးတော့ ဖုံးနဲ့ကိုယ်တိုင်(အရင်ပွဲတွေနည်းတူ အပြောမလွတ်အဆဲမလွတ်)လွှင့်ပေးဦးမှာမို့ BATTLE FOR GLORY { ll } ဆိုတဲ့ မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ၆-၁-၂၀၁၈ နေ့လည်(၁:၀၀) နာရီတိတိမှာ တောင်ငူမြို့ ကေတုမတီမိုးလုံလေလုံခန်းမ မှာ ကျင်းပမယ့် အကြောင်း အွန်လိုင်းရိုးရာဝါသနာရှင်တို့ကတဆင့် အများသိစေချင်ပါသည်။ပွဲလုပ်မယ့်နေရာနဲ့နီးတဲ့လူတွေ လာကြည့်ပေးပါ ဝေးတဲ့လူတွေ ဖုံးနဲ့ကြည့်ပါ။ ကဲ ဘာလိုသေးလဲဗျာ သင့်ရဲ့ဝေါပေါ်မှာ တချက်ရှယ်လိုက်ရုံနဲ့ သင်ဝါသနာပါတဲ့ရိုးရာလက်ဝှေ့ကိုရော ပွဲစီစဉ်သူကိုပါ ကူညီပြီးသားဖြစ်သွားပါပီ
(ကျေးဇူးပြု၍ပုံတွေအောက်မှာ မမန့်ပါနဲ့ မူရင်းပိုစ့်နဲ့ကွဲသွားမှာစိုးလို့ပါ)

 

Sourec : NAING MOE ENTERTAINMENT 

Leave a comment

Your email address will not be published. Required fields are marked *