LETHWEI ALLSTAR FIGHT

လာမယ့် ဒီဇင်ဘာ ၁၈ (ပြာသလိုလဆန်း ၁ရက်နေ့) ဟာ
ကရင်သက္ကရာဇ် ၂၇၅၇နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။
ကရင်နှစ်သစ်ကူးပွဲတော်များ ကျင်းပဆောင်ရွက်ရာမှာ ရိုးရာလက်ဝှေ့ပွဲများကိုပါ နိုင်ငံ ဒေသ အနှံ့အပြားမှာ ပါဝင်ထည့်သွင်းဆောင်ရွက်တတ်ကြတာမို့ ဒီကာလ၀န်းကျင်မှာ ဖြစ်နေမယ့် ရိုးရာလက်ဝှေ့ပွဲများဆိုင်ရာသတင်းအချက်အလက်များကို လက်လှမ်းမီ ကြားသိရှိရသလောက် စုစည်းပြီး ပြန်လည်ဝေမျှပါတယ်။ (Re-post)
.
>> အင်းစိန် <<
“ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး”
နေ့- ဒီဇင်ဘာ ၁၇၊ ၁၈
အချိန်- နေ့စဉ် မွန်းလွဲ ၂း၀၀
နေရာ- အင်းစိန်မီးရထားဘောလုံးကွင်း၊ ရန်ကုန်မြို့
.
>> ပုသိမ် <<
“ကရင်နှစ်သစ်ကူးနေ့အောင်ပွဲအထိမ်းအမှတ် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး”
နေ့- ဒီဇင်ဘာ ၁၆၊ ၁၇၊ ၁၈
အချိန်- ညစဉ် ၇း၀၀
နေရာ- ကိုးသိန်းအားကစားကွင်း၊ ပုသိမ်မြို့
.
>> တွံတေး <<
ကရင်နှစ်ကူး ရိုးရာလက်ဝှေ့ပြိုင်ပွဲများ
နေ့- ဒီဇင်ဘာ ၁၆၊ ၁၇၊ ၁၈
နေရာ- အောင်ဆန်းသူရိယအေးချိုခန်းမ၊ တွံတေးမြို့
.
>> ပေပင်ဆိပ်ကျေးရွာ <<
ကရင်နှစ်ကူး ရိုးရာလက်ဝှေ့ပြိုင်ပွဲများ
နေ့- ဒီဇင်ဘာ ၁၈၊ ၁၉
နေရာ- ပေပင်ဆိပ်ကျေးရွာ၊ ကမမောင်းမြီု့နယ်၊ ကရင်ပြည်နယ်
.
>> ဘုရားသုံးဆူမြို့ <<
ကရင်နှစ်ကူး ရိုးရာလက်ဝှေ့ပြိုင်ပွဲများ
နေ့- ဒီဇင်ဘာ ၁၇၊ ၁၈၊ ၁၉
နေရာ- ဘုရားသုံးဆူမြို့၊ ကရင်ပြည်နယ်
.
>> တောင်ကလေး <<
“(၂၆)ကြိမ်မြောက် တောင်ကလေး ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး”
နေ့- ဒီဇင်ဘာ ၁၉၊ ၂၀၊ ၂၁
နေရာ- တောင်ကလေးနှစ်သစ်ကူးကွင်း၊ ကရင်ပြည်နယ်
.
>> မြိုင်ကြီးငူ <<
“၂၇၅၇ခုနှစ် မြိုင်ကြီးငူ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ”
နေ့- ဒီဇင်ဘာ ၁၆၊ ၁၇၊ ၁၈
အချိန်- နံနက် ၁၀း၀၀
နေရာ- မြိုင်ကြီးငူ၊ ကရင်ပြည်နယ်


.
>> မြ၀တီ၊ ရွှေကုက္ကို၊ ကော့ကရိတ်၊ ဝေါလေမြိုင် << စသည်အပါအ၀င် အခြားဒေသများမှာလည်း ကရင်နှစ်ကူးဆိုင်ရာ ရိုးရာလက်ဝှေ့ပြိုင်ပွဲဆိုင်ရာ ဆောင်ရွက်မှုများ ရှိနိုင်ကြောင်း ကြားသိရှိရပါတယ်။
ပွဲကြော်ညာပိုစတာပုံရိပ်များကတော့ လက်လှမ်းမီသိရှိရသလောက်ပဲ ဖြစ်ပါတယ်။
.
ရိုးရာလက်ဝှေ့ ဒီနေ့ ဒီအချိန်အထိ ဆက်လက်ရုန်းကန်ရှင်သန်လာစေတဲ့
အဓိကအကြောင်းအရင်းမှာ အခုလို ယဉ်ကျေးမှုအဆင့်အမြစ်တွယ်ခိုင်မာထားပြီးဖြစ်တဲ့
ဒေသဆိုင်ရာ ရိုးရာယဉ်ကျေးမှုဆောင်ရွက်ချက်များကြောင့် ပါဝင်ပါတယ်။
မည်သို့သောရိုးရာလက်ဝှေ့ဆိုင်ရာစီစဉ်ဆောင်ရွက်မှု အသေး အကြီး များကိုမဆို လေးစားတန်ဖိုးထားကြိုဆိုအားပေးရာဖြစ်သလို၊ အခြေအနေပေးသော အနယ်နယ်အရပ်ရပ်က ပရိသတ်မိတ်ဆွေများလည်း မိမိတို့သက်ဆိုင်ရာ ဒေသအလျောက် အလျဉ်းသင့်သလို လက်တွေ့ပါဝင်အားပေးပေးနိုင်ကြပါကြောင်း။
.
(မှတ်ချက်။ ။
သတ္တိရိုးရာလက်ဝှေ့အဖွဲ့အနေဖြင့် ကြားသိရှိထားသော ရိုးရာလက်ဝှေ့ပွဲဆိုင်ရာသတင်းအချက်အလက်များကို တဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါသည်။ ရုပ်သံလွှင့်ခြင်းဆိုင်ရာ(ရှိနိုင်/မရှိနိုင်)အပါအ၀င် ပြိုင်ပွဲဆိုင်ရာအသေးစိပ်သတင်းအချက်အလက်များ၊ ယင်းအစီအစဉ်များအပေါ်အကျိုးစီးပွား အခွင့်အာဏာရပိုင်ခွင့်နှင့် တာဝန်ခံပိုင်ခွင့်ခံစားမှုများကို မိမိတို့မှ သိရှိသက်ဆိုင်ခြင်းမရှိပါကြောင်း၊ သက်ဆိုင်ရာ အစီအစဉ်ဆောင်ရွက်သူလူပုဂ္ဂိုလ် အဖွဲ့အစည်းစသည်မှသာ ပိုင်ဆိုင်ပါကြောင်း ဝန်ခံအသိပေးအပ်ပါသည်။
အင်းစိန်ပွဲမှအပ သတ္တိ ရိုးရာလက်ဝှေ့အဖွဲ့သားများ အခြားပွဲများတွင် ပါဝင်ဆောင်ရွက်မှုရှိမည်မဟုတ်ပါ။)
.
(ရည်ညွှန်း အချက်အလက်နှင့် ပုံများ-
သက်ဆိုင်ရာ ပွဲစီစဉ်သူ/ကော်မတီများ၊ ပွဲလက်ကမ်းစာစောင် ပိုစတာ၊ လူမှုကွန်ယက်မှ ပုံရိပ်များ၊ Sai Zaw Zaw, Sky Soccer journal, Zin Lin Htunn)

 

Source : Thut Ti Myanmar Lethwei Club Official

Leave a comment

Your email address will not be published. Required fields are marked *