အဲလက်စ်ဆန်ဒရိုနှင့် ဒန်နီရို့စ်ကို ချယ်လ်ဆီး ပစ်မှတ်ထားနေ

ချယ်လ်ဆီးအသင်းသည် အ သင်း၏ ဘယ်တောင်ပံခံစစ်ပိုင်းကို အားဖြည့်ရန်အတွက် ဂျူဗင်တပ်စ်အသင်း၏ ဘယ်နောက်ခံလူ အဲလက်စ် ဆန်ဒရိုနှင့် စပါးအသင်း၏ ဘယ် နောက်ခံလူ ဒန်နီရို့စ်တို့အား ပစ်မှတ် ထားနေကြောင်း သိရှိရသည်။

ဒန်နီရို့စ်သည် မန်ယူအသင်း၏ စိတ်ဝင်စားခြင်းကိုခံနေရသူလည်း ဖြစ်ပြီး ချယ်လ်ဆီးအသင်းကမူ အဲလက်စ်ဆန်ဒရိုအား ခေါ်ယူရန်အဆင် မပြေပါက ဒန်နီရို့စ်ကို ကြိုးပမ်းရန် စီ စဉ်ထားခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် နွေရာသီအ ပြောင်းအရွှေ့ကာလက အဲလက်စ် ဆန်ဒရိုအတွက် ပေါင် (၆၅)သန်းတန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ဖူးပြီး ယခုအချိန်တွင်လည်း ချယ်လ်ဆီးအသင်း က ထပ်မံကမ်းလှမ်းရန် စီစဉ်နေခြင်း ဖြစ်သည်။

ဒန်နီရို့စ်မှာမူ စပါးအသင်းတွင် ပုံမှန်ကစားခွင့်မရဘဲ အသင်းဖော် ဘင်ဒေးဗီးစ်နှင့် အလှည့်ကျပွဲထွက် ခွင့်သာရရှိနေသဖြင့် အသင်းမှထွက် ခွာရန် ဆန္ဒရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းဖြစ်ပြီး ချယ်လ်ဆီး အသင်းသည် ၎င်းင်းအတွက် ပေါင်သန်း (၄၀)အထိ အသုံးပြုရန် အသင့်ရှိနေ သည်ဟုလည်း သိရှိရသည်။

ချယ်လ် ဆီးအသင်းနှင့် မန်ယူအသင်းတို့ သည် ပြီးခဲ့သည့် နွေရာသီအပြောင်းအ ရွှေ့ကာလကလည်း မိုရာတာနှင့် လူ ကာကူတို့အတွက် အပြိုင်လိုက်ခဲ့ကြ ဖူးသည်။

Source : Eleven Sports

Leave a comment

Your email address will not be published. Required fields are marked *