ေရာ္နယ္ဒို၊ ဆာလတ္တို႔ရဲ႕ စံခ်ိန္ေတြနဲ႔ နံနက္ခင္းသတင္းတိုမ်ား

– စပိန္ဂ်ာနယ္လစ္ Pipi Estrada ကေတာ့ ရီးရဲမက္ဒရစ္ဟာ အင္တာမီလန္တိုက္စစ္မႈး အီကာဒီကိုေခၚယူဖို႔အတြက္ ယူရုိ ၉၂ သန္းနဲ႔ေခၚယူဖို႔ သေဘာတူူညီမႈ ရရွိခဲ့ျပီလို႔ ေျပာဆိုလိုက္ျပီး၊ ယူရို သန္း ၈၀ ကို လက္ငင္းေပးေခ်သြားမွာျဖစ္ျပီး၊ ေနာက္ထပ္ ယူရို ၁၂ သန္းကိုေတာ့ ျပီးမွသာ ေပးေခ်သြားမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ကစားသမားရဲ႕ လစာကိုလဲ အခြန္ေဆာင္ျပီး ယူရုိ ၉ သန္းအထိ ေပးေခ်ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆုိသြားခဲ့ပါတယ္။

– အာဆင္နယ္နည္းျပၾကီး အာဆင္းကေတာ့ သီယိုေ၀ါေကာ့ဟာ ဘိုရီေဆာ့ဗ္နဲ႔ ကစားမယ့္ပြဲစဥ္မွာ ပါ၀င္လာလိမ့္မယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့သလို၊ ဇန္န၀ါရီ အေျပာင္းအေရႊ႕ကာလမွာ အသင္းမွာ ဆက္ရွိေနမယ္လို႔ ဆက္လက္ေျပာဆိုသြားခဲ့ပါတယ္။

– ရီးရဲမက္ဒရစ္အသင္းဟာ အီဒင္ဟာဇက္ကို ေခၚယူဖို႔ တရား၀င္ ဆက္သြယ္မႈေတြ ျပဳလုပ္ထားခဲ့ျပီျဖစ္တယ္လို႔ စပိန္သတင္းအခ်ိဳ႕မွာ ေဖာ္ျပထားသလို၊ Times ကလဲ ဟာဇက္ဟာလဲ ခ်ဲဆီးက တစ္ပတ္လုပ္ခ ေပါင္ ၃၀၀၀၀၀ နဲ႔ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ပယ္ခ်သြားခဲ့တယ္လို႔ ေရးသားေဖာ္ျပသြားခဲ့ပါတယ္။

– ယူႏိုက္တက္နည္းျပ ေမာ္ရင္ဟိုကေတာ့ သူ႔ရဲ႕ကြင္းလယ္ကို အင္အားျဖည့္တင္းဖို႔အတြက္ အင္တာမီလန္က တစ္ႏိုင္ငံတည္းသာ ဂ်ာအိုမာရီယုိကုိ ၊ မာတာနဲ႔ အလဲအထပ္ပံုစံမ်ိဳး ျပဳလုုပ္သြားဖို႔ စိတ္၀င္စားလွ်က္ရွိေနတယ္လို႔ သိရပါတယ္။

– ဂ်ဴဗီအသင္းရဲ႕ ဂိုးသမား ဆက္ဇက္နီကေတာ့ ေရွ႕လာမယ့္ ရုိးမား၊ အင္တာမီလန္တို႔နဲ႔ ရင္ဆိုင္ကစားမယ့္ ပြဲေတြကို အႏိုင္ကစားသြားမယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားသလို၊ ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္မွာလဲ အဂၤလန္ကလပ္အသင္း တစ္သင္းသင္းနဲ႔ ေတြ႔ခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

– ဆြမ္ဆီးနဲ႔ပြဲမွာ ကြင္းလယ္ဒိုင္လူၾကီးကို ေအာ္ဟစ္ခဲ့တာေၾကာင့္ ကြင္းထဲကေန ထုတ္ပယ္ခံခဲ့ရတဲ့ ခ်ဲဆီးနည္းျပ ကြန္တီကို FA ေပါင္ ၈၀၀၀ ဒဏ္တပ္လိုက္ပါတယ္။ သို႔ေသာ္လဲ ကြန္တီဟာပြဲၾကီးၾကပ္ခြင့္ေတာ့ ပိတ္ပင္ခံရျခင္း မရွိခဲ့ပါဘူး။

– ရီးရဲမက္ဒရစ္ ဂႏၱ၀င္ေဟာင္းၾကီး လူး၀စ္ ဖီဂိုကေတာ့ ရွရွားကမၻာ့ဖလားအတြက္ စပိန္နဲ႔ ေပၚတူဂီတို႔က ဗိုလ္စြဲဖို႔ ေရးပန္းအစားဆံုးျဖစ္တယ္လို႔ ေဟာကိန္းထုတ္သြားခဲ့ပါတယ္။

– ခ်ဲဆီးပစ္မွတ္ လူးကပ္ေမာ္ရာကေတာ့ အဂၤလန္ကလပ္အသင္းေတြရဲ႕ စိတ္၀င္စားေနမႈေတြကို ပစ္ပယ္ျပီး၊ တရုတ္ကလပ္ ေဘဂ်င္းဂူအမ္အသင္းထံ ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနျပီျဖစ္တယ္လို႔ ဒီမနက္သတင္းေတြက ေဖာ္ျပသြားခဲ့ပါတယ္။

– UEFA ခ်န္ပီယံလိဂ္ လူငယ္ပြဲစဥ္ စပါးတပ္နဲ႔ လီဗာပူးတို႔ ကစားတဲ့ပြဲစဥ္မွာ လီဗာပူးရဲ႕ အဂၤလန္ၾကယ္ပြင့္ကစားသမား ဘရူစတာဟာ ျပိဳင္ဘက္ကစားသမားေတြရဲ႕ လူမ်ိဳးေရးခြဲျခားျခင္းကို ခံခဲ့ရတယ္လို႔ သိရျပီး၊ လီဗာပူးအသင္းကေတာ့ အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ UEFA ထြ တရား၀င္ တိုင္ၾကားထားတယ္လို႔ သိရပါတယ္။

– ဘရိုတ္တန္အသင္းဟာ ေအစီမီလန္ကစားသမား ဂူစတာဗို ဂိုးမက္နဲ႔ အင္တာေနာက္ခံလူ ရာေနာ့ခီယာတို႔ရဲ႕ အေနအထားေတြကို ေစာင့္ၾကည့္ဖို႔အတြက္ ကိုယ္စားလွယ္ေတြ ေစလႊတ္ထားတယ္လို႔ သိရပါတယ္။

– တိုက္စစ္အင္အားျမွင့္တင္ဖို႔ ျပင္ဆင္ေနတဲ့ အဲဗာတန္နည္းျပသစ္ အလာဒြိဳက္စ္ဟာ သီယိုေ၀ါေကာ့ကိုေခၚယူဖို႔အတြက္ စံုစမ္းမႈေတြ ျပဳလုုပ္ထားတယ္လို႔ သိရပါတယ္။

– ဘိုင္ယန္ျမဴးနစ္ကို အငွားနဲ႔ သြားေရာက္ကစားေနတဲ့ ကြင္းလယ္လူ ဂ်ိမ္းကို ေခၚယူဖို႔ ခ်ဲဆီးနဲ႔ ယူႏိုက္တက္အသင္းတို႔က စိတ္၀င္စားေနတယ္လို႔ Express သတင္းမွာ ေဖာ္ျပသြားခဲ့ပါတယ္။

– ဂ်ဴဗီဟာ အသင္းကေနထြက္ခြာဖြယ္ ရွိေနတဲ့ အလက္ဆန္ဒရုိေနရာကို အစားထိုးဖို႔အတြက္ ဗလင္စီယာ ဘယ္ေနာက္ခံလူ ဂါယာကို စိတ္၀င္စားလွ်က္ရွိေနပါတယ္။

– ဒဏ္ရာျပသနာေတြ ေက်ာ္လြန္လာခဲ့ျပီးေနာက္ ဒမ္ဘီလီဟာ ဘာစီလိုနာအသင္းနဲ႔အတူ မေန႔ကပဲ ေလ့က်င့္ခန္း ျပန္ဆင္းႏုိင္ခဲ့ျပီျဖစ္ပါတယ္။

– 2017-2018 ေဘာလံုးရာသီမွာ ဥေရာပ ထိပ္သီးလိဂ္ ၅ ခုရဲ႕ သြင္းဂိုးအမ်ားဆံုး အသင္းမ်ား –

75 ဂိုး – ပီအက္စ္ဂ်ီ
62 ဂိုး – မန္စီးတီး၊ လီဗာပူး
55 ဂိုး – ဘိုင္ယန္
54 ဂိုး – ယူႏိုက္တက္၊ ဘာစီလိုနာ
53 ဂိုး – ရီးရဲမက္ဒရစ္
52 ဂိုး – ခ်ဲဆီး၊ ေဒါ့မြန္

– ခ်န္ပီယံလိဂ္ကို ေနာက္တစ္ဆင့္တက္ေရာက္သြားခဲ့တဲ့အသင္းေတြကေတာ့ ဘာစီလိုနာ၊ ေဘဆယ္၊ ဘိုင္ယန္၊ ဘက္ရွီးတက္၊ ခ်ဲဆီး၊ ဂ်ဴဗီ၊ လီဗာပူး၊ မန္စီးတီး၊ မန္ယူ၊ ပီအက္စ္ဂ်ီ၊ ေပၚတို၊ ရီးရဲ၊ ရုိးမား၊ ဆီဗီလာ၊ ရွက္တာ၊ စပါး တို႔ပဲ ျဖစ္ပါတယ္။

– ခ်န္ပီယံလိဂ္ကေန ယူရုိပါလိဂ္ကို ေျပာင္းလဲ ကစားရမယ့္ အသင္းေတြကေတာ့ ေဒါ့မြန္၊ လိုက္ပစ္ဇ္၊ နာပိုလီ၊ စပို႔တင္း၊ စပါးတပ္ေမာ္စကို၊ စီအက္စ္ေကေအ၊ ဆဲလ္တစ္ နဲ႔ ေအတီကို အသင္းတို႔ပဲ ျဖစ္ပါတယ္။

– ဒီရာသီမွာေျခစြာေနတဲ့ မန္စီးတီးအသင္းဟာ ဒီရာသီမွာ ပထမဆံုး ရႈံးပြဲ ၾကံဳေတြ႔ခဲ့ရျပီျဖစ္ပါတယ္။ မေန႔ညက ကစားခဲ့တဲ့ ရွက္တာဒိုးနက္နဲ႔ပြဲစဥ္မွာေတာ့ 2-1 ရလာဒ္နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ မန္စီးတီးအသင္းနဲ႔ ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္မွာ ထိပ္တိုက္ေတြ႔ဆံုဖြယ္ရွိတဲ့ အသင္းေတြကေတာ့ ေဘဆယ္၊ ဘိုင္ယန္၊ ေပၚတို၊ ဂ်ဴဗီ၊ ရီးရဲ၊ ဆီဗီလာအသင္းတို႔ျဖစ္ပါတယ္။

– အဂၤလန္ကေန ခ်န္ပီယံလိဂ္ကို ၀င္ေရာက္ ယွဥ္ျပိဳင္ခြင့္ရရွိခဲ့တဲ့ အသင္း ၅ သင္းစလံုးဟာ ရႈံးထြက္အဆင့္ကို အားလံုး တက္ေရာက္ႏိုင္ခဲ့ျပီျဖစ္ပါတယ္။

– မေန႔ညက စပါးတပ္အသင္းနဲ႔ ကစားတဲ့ပြဲမွာ ဟတ္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ ေကာ္တင္ဟိုဟာ ၊ ၂၀၀၇ ခုႏွစ္က ဘီနာေယာင္၊ ဘက္ရွီးတက္အသင္းဘက္ကို ဟတ္ထရစ္ဂိုး သြင္းယူျပီးေနာက္ပိုင္း ခ်န္ပီယံလိဂ္မွာ ဟတ္ထရစ္ျပန္သြင္းယူႏိုင္တဲ့ ပထမဆံုး လီဗာပူးကစားသမား ျဖစ္လာခဲ့ျပီျဖစ္ပါတယ္။

– မေန႔ညက စပါးတပ္နဲ႔ပြဲမွာ ပါ၀င္ကစားေပးခဲ့ျခင္းမရွိတဲ့ ဟန္ဒါဆန္ဟာ အဲဗာတန္နဲ႔ပြဲစဥ္မွာ ေသခ်ာေပါက္ ျပန္လည္ပါ၀င္လာလိမ့္မယ္လို႔ လီဗာပူးနည္းျပ ကေလာ့ပ္က ထုတ္ေဖာ္ေျပာဆုိသြားခဲ့ပါတယ္။

– ေရာ္နယ္ဒိုဟာ မေန႔ညက ေဒါ့မြန္အသင္းနဲ႔ကစားတဲ့ပြဲမွာလဲ ဂိုးထပ္မံသြင္းယူေပးႏိုင္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ ၆ ပြဲစလံုးမွာ ဂိုးသြင္းယူႏိုင္တဲ့ ပထမဆံုး ကစားသမား ျဖစ္လာခဲ့ျပီျဖစ္ပါတယ္။

– လီဗာပူးအသင္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္အတြင္းမွာေတာ့ စုစုေပါင္း ၂၁ ဂိုးအထိ သြင္းေပးထားႏိုင္ခဲ့ပါတယ္။ အဲဒီ ပမာဏဟာ ခ်န္ပီယံလိဂ္ သမိုင္းေၾကာင္းတစ္ေလွ်ာက္ အဂၤလန္ကလပ္အသင္းတစ္သင္းက အုပ္စုအဆင့္မွာသြင္းယူတဲ့ သြင္းဂိုးအမ်ားဆံုး စံခ်ိန္ျဖစ္တယ္လို႔ သိရပါတယ္။

– လီဗာပူးေတာင္ပံကစားသမား ဆာလတ္ဟာ ဒီရာသီ ျပိဳင္ပြဲအရပ္ရပ္မွာ စုစုေပါင္း ၁၈ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ျပီျဖစ္ျပိး အဲဒီမွတ္တမ္းဟာ ပရီးမီးယားလိဂ္ ကစားသမားေတြထဲမွာေတာ့ သြင္းဂိုးအမ်ားဆံုး ကစားသမားအျဖစ္ ရပ္တည္ေစခဲ့ပါတယ္။

– ေကာ္ဟုိကေတာ့ သူ႔ရဲ႕ လီဗာပူး ကစားသမားဘ၀ ပထမဆံုး ဟတ္ထရစ္ကို မေန႔ညက စပါးတပ္အသင္းနဲ႔ ပြဲစဥ္မွာပဲ ရယူသြားႏိုင္ခဲ့ျပီျဖစ္ပါတယ္။

– စပါးပရိသတ္ေတြကေတာ့ အသင္းမွာ ျပသနာေတြျဖစ္ေအာင္ ဖန္တီးေနတယ္လို႔ ယူဆတဲ့အတြက္ ေနာက္တန္းကစားသမား ဒန္နီရို႕စ္ကို ဇန္န၀ါရီမွာပဲ အသင္းကေန ထြက္ခြာသြားဖို႔ အလိုရွိေနၾကပါတယ္။

– ရီးရဲနဲ႔ ကစားခဲ့တဲ့ မေန႔ညက ပြဲစဥ္မွာ ေဒါ့မြန္အတြက္ ၂ ဂိုးသြင္းယူေပးခဲ့ေသာ္လဲ တိုက္စစ္မႈး အူဘာမီးယန္းဟာ အသင္းကေန ထြက္ခြာဖြယ္ရွိတယ္လို႔ ဂ်ာမန္သတင္းေတြက ဆက္လက္ေဖာ္ျပေနၾကျပီး သူ႔ကိုေခၚယူဖို႔ ခ်ဲဆီးအျပင္၊ မာေဆးဆိုဒ္ကလပ္ေတြျဖစ္တဲ့လီဗာပူး နဲ႔ အဲဗာတန္အသင္းတို႔ကလဲ စိတ္၀င္စားေနတယ္လို႔ ဒီမနက္သတင္းေတြမွာ ေဖာ္ျပေနၾကပါတယ္။

– ၀က္စ္ဘရြန္းေနာက္ခံလူ အီဗန္ကိုေခၚယူဖို႔အတြက္ မန္စီးတီး၊ အာဆင္နယ္တို႔အျပင္၊ ၀က္စ္ဟမ္းနဲ႔ အဲဗာတန္အသင္းတို႔ကလဲ စိတ္၀င္စားေနၾကပါတယ္။

– ဘာစီလိုနာပစ္မွတ္ ႏိုက္စ္အသင္းရဲ႕ အသက္ ၂၆ ႏွစ္အရြယ္ ကြင္းလယ္လူ မိုက္ကယ္ဆရီကိုေတာ့ လီဗာပူးနဲ႔ မန္စီးတီးအသင္းတို႔ကလဲ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္လွ်က္ရွိေနပါတယ္။

– ျပင္သစ္နဲ႔အတူ ကမၻာ့ဖလား ကစားခြင့္ရဖို႔အတြက္ ပံုမွန္ကစားခြင့္လိုအပ္ေနတဲ့ အာဆင္နယ္တိုက္စစ္မႈး ဂ်ီရူးဟာ အသင္းေျပာင္းကစားဖို႔ စဥ္းစားလာဖြယ္ရွိတယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကေသာ္၊ အာဆင္၀င္းဂါးကေတာ့ သူ႔ကို ေရာင္းခ်ဖို႔ ျငင္းဆိုသြားခဲ့ပါတယ္။

– မေန႔ညက ရွက္တာဒိုးနက္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ မန္စီးတီးအတြက္ ပါ၀င္ကစားေပးခဲ့တဲ့ လူငယ္ကစားသမား ဖိုဒန္ဟာ ၂၀၀၄ ခုႏွစ္ ဖာဘရီဂတ္ရဲ႕ စံခ်ိန္ေနာက္ပိုင္း ပရီးမီးယားလိဂ္ ကလပ္အသင္းတစ္ခုကေန ခ်န္ပီယံလိဂ္မွာ ပြဲထြက္ကစားခြင့္ေပးတဲ့ အသက္အဆံုးကစားသမားအျဖစ္ မွတ္တမ္း၀င္သြားခဲ့ပါတယ္။ သူဟာ အသက္ ၁၇ ႏွစ္ နဲ႔ ၁၉၂ ရက္မွာပဲ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲၾကီးမွာ ပြဲထြက္ကစားခြင့္ ရခဲ့တာပါ။

– လီဗာပူးအတြက္ ခ်န္ပီယံလိဂ္မွာ ဟတ္ထရစ္ သြင္းယူေပးခဲ့တဲ့ ကစားသမားမ်ား –

2002 – မိုက္ကယ္အို၀င္ v စပါးတပ္
2007 – ဘီနာေယာင္ v ဘက္ရွီးတက္
2017 – ေကာ္တင္ဟို v စပါးတပ္

 

Unicode

ရော်နယ်ဒို၊ ဆာလတ်တို့ရဲ့ စံချိန်တွေနဲ့ နံနက်ခင်းသတင်းတိုများ
=================================

 

– စပိန်ဂျာနယ်လစ် Pipi Estrada ကတော့ ရီးရဲမက်ဒရစ်ဟာ အင်တာမီလန်တိုက်စစ်မှုး အီကာဒီကိုခေါ်ယူဖို့အတွက် ယူရို ၉၂ သန်းနဲ့ခေါ်ယူဖို့ သဘောတူူညီမှု ရရှိခဲ့ပြီလို့ ပြောဆိုလိုက်ပြီး၊ ယူရို သန်း ၈၀ ကို လက်ငင်းပေးချေသွားမှာဖြစ်ပြီး၊ နောက်ထပ် ယူရို ၁၂ သန်းကိုတော့ ပြီးမှသာ ပေးချေသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကစားသမားရဲ့ လစာကိုလဲ အခွန်ဆောင်ပြီး ယူရို ၉ သန်းအထိ ပေးချေခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

– အာဆင်နယ်နည်းပြကြီး အာဆင်းကတော့ သီယိုဝေါကော့ဟာ ဘိုရီဆော့ဗ်နဲ့ ကစားမယ့်ပွဲစဉ်မှာ ပါ၀င်လာလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့သလို၊ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းမှာ ဆက်ရှိနေမယ်လို့ ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

– ရီးရဲမက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်ကို ခေါ်ယူဖို့ တရားဝင် ဆက်သွယ်မှုတွေ ပြုလုပ်ထားခဲ့ပြီဖြစ်တယ်လို့ စပိန်သတင်းအချို့မှာ ဖော်ပြထားသလို၊ Times ကလဲ ဟာဇက်ဟာလဲ ချဲဆီးက တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ နဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့တယ်လို့ ရေးသားဖော်ပြသွားခဲ့ပါတယ်။

– ယူနိုက်တက်နည်းပြ မော်ရင်ဟိုကတော့ သူ့ရဲ့ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့အတွက် အင်တာမီလန်က တစ်နိုင်ငံတည်းသာ ဂျာအိုမာရီယိုကို ၊ မာတာနဲ့ အလဲအထပ်ပုံစံမျိုး ပြုလုုပ်သွားဖို့ စိတ်ဝင်စားလျှက်ရှိနေတယ်လို့ သိရပါတယ်။ #Rumour

– ဂျူဗီအသင်းရဲ့ ဂိုးသမား ဆက်ဇက်နီကတော့ ရှေ့လာမယ့် ရိုးမား၊ အင်တာမီလန်တို့နဲ့ ရင်ဆိုင်ကစားမယ့် ပွဲတွေကို အနိုင်ကစားသွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားသလို၊ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာလဲ အင်္ဂလန်ကလပ်အသင်း တစ်သင်းသင်းနဲ့ တွေ့ချင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

– ဆွမ်ဆီးနဲ့ပွဲမှာ ကွင်းလယ်ဒိုင်လူကြီးကို အော်ဟစ်ခဲ့တာကြောင့် ကွင်းထဲကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ချဲဆီးနည်းပြ ကွန်တီကို FA ပေါင် ၈၀၀၀ ဒဏ်တပ်လိုက်ပါတယ်။ သို့သော်လဲ ကွန်တီဟာပွဲကြီးကြပ်ခွင့်တော့ ပိတ်ပင်ခံရခြင်း မရှိခဲ့ပါဘူး။

– ရီးရဲမက်ဒရစ် ဂန္တဝင်ဟောင်းကြီး လူးဝစ် ဖီဂိုကတော့ ရှရှားကမ္ဘာ့ဖလားအတွက် စပိန်နဲ့ ပေါ်တူဂီတို့က ဗိုလ်စွဲဖို့ ရေးပန်းအစားဆုံးဖြစ်တယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

– ချဲဆီးပစ်မှတ် လူးကပ်မော်ရာကတော့ အင်္ဂလန်ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားနေမှုတွေကို ပစ်ပယ်ပြီး၊ တရုတ်ကလပ် ဘေဂျင်းဂူအမ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ ဒီမနက်သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။

– UEFA ချန်ပီယံလိဂ် လူငယ်ပွဲစဉ် စပါးတပ်နဲ့ လီဗာပူးတို့ ကစားတဲ့ပွဲစဉ်မှာ လီဗာပူးရဲ့ အင်္ဂလန်ကြယ်ပွင့်ကစားသမား ဘရူစတာဟာ ပြိုင်ဘက်ကစားသမားတွေရဲ့ လူမျိုးရေးခွဲခြားခြင်းကို ခံခဲ့ရတယ်လို့ သိရပြီး၊ လီဗာပူးအသင်းကတော့ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ UEFA ထွ တရားဝင် တိုင်ကြားထားတယ်လို့ သိရပါတယ်။

– ဘရိုတ်တန်အသင်းဟာ အေစီမီလန်ကစားသမား ဂူစတာဗို ဂိုးမက်နဲ့ အင်တာနောက်ခံလူ ရာနော့ခီယာတို့ရဲ့ အနေအထားတွေကို စောင့်ကြည့်ဖို့အတွက် ကိုယ်စားလှယ်တွေ စေလွှတ်ထားတယ်လို့ သိရပါတယ်။

– တိုက်စစ်အင်အားမြှင့်တင်ဖို့ ပြင်ဆင်နေတဲ့ အဲဗာတန်နည်းပြသစ် အလာဒွိုက်စ်ဟာ သီယိုဝေါကော့ကိုခေါ်ယူဖို့အတွက် စုံစမ်းမှုတွေ ပြုလုုပ်ထားတယ်လို့ သိရပါတယ်။

– ဘိုင်ယန်မြူးနစ်ကို အငှားနဲ့ သွားရောက်ကစားနေတဲ့ ကွင်းလယ်လူ ဂျိမ်းကို ခေါ်ယူဖို့ ချဲဆီးနဲ့ ယူနိုက်တက်အသင်းတို့က စိတ်ဝင်စားနေတယ်လို့ Express သတင်းမှာ ဖော်ပြသွားခဲ့ပါတယ်။ #Rumour

– ဂျူဗီဟာ အသင်းကနေထွက်ခွာဖွယ် ရှိနေတဲ့ အလက်ဆန်ဒရိုနေရာကို အစားထိုးဖို့အတွက် ဗလင်စီယာ ဘယ်နောက်ခံလူ ဂါယာကို စိတ်ဝင်စားလျှက်ရှိနေပါတယ်။

– ဒဏ်ရာပြသနာတွေ ကျော်လွန်လာခဲ့ပြီးနောက် ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့အတူ မနေ့ကပဲ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

– 2017-2018 ဘောလုံးရာသီမှာ ဥရောပ ထိပ်သီးလိဂ် ၅ ခုရဲ့ သွင်းဂိုးအများဆုံး အသင်းများ –

75 ဂိုး – ပီအက်စ်ဂျီ
62 ဂိုး – မန်စီးတီး၊ လီဗာပူး
55 ဂိုး – ဘိုင်ယန်
54 ဂိုး – ယူနိုက်တက်၊ ဘာစီလိုနာ
53 ဂိုး – ရီးရဲမက်ဒရစ်
52 ဂိုး – ချဲဆီး၊ ဒေါ့မွန်

– ချန်ပီယံလိဂ်ကို နောက်တစ်ဆင့်တက်ရောက်သွားခဲ့တဲ့အသင်းတွေကတော့ ဘာစီလိုနာ၊ ဘေဆယ်၊ ဘိုင်ယန်၊ ဘက်ရှီးတက်၊ ချဲဆီး၊ ဂျူဗီ၊ လီဗာပူး၊ မန်စီးတီး၊ မန်ယူ၊ ပီအက်စ်ဂျီ၊ ပေါ်တို၊ ရီးရဲ၊ ရိုးမား၊ ဆီဗီလာ၊ ရှက်တာ၊ စပါး တို့ပဲ ဖြစ်ပါတယ်။

– ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ကို ပြောင်းလဲ ကစားရမယ့် အသင်းတွေကတော့ ဒေါ့မွန်၊ လိုက်ပစ်ဇ်၊ နာပိုလီ၊ စပို့တင်း၊ စပါးတပ်မော်စကို၊ စီအက်စ်ကေအေ၊ ဆဲလ်တစ် နဲ့ အေတီကို အသင်းတို့ပဲ ဖြစ်ပါတယ်။

– ဒီရာသီမှာခြေစွာနေတဲ့ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ရှက်တာဒိုးနက်နဲ့ပွဲစဉ်မှာတော့ 2-1 ရလာဒ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံဖွယ်ရှိတဲ့ အသင်းတွေကတော့ ဘေဆယ်၊ ဘိုင်ယန်၊ ပေါ်တို၊ ဂျူဗီ၊ ရီးရဲ၊ ဆီဗီလာအသင်းတို့ဖြစ်ပါတယ်။

– အင်္ဂလန်ကနေ ချန်ပီယံလိဂ်ကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့ အသင်း ၅ သင်းစလုံးဟာ ရှုံးထွက်အဆင့်ကို အားလုံး တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

– မနေ့ညက စပါးတပ်အသင်းနဲ့ ကစားတဲ့ပွဲမှာ ဟတ်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ကော်တင်ဟိုဟာ ၊ ၂၀၀၇ ခုနှစ်က ဘီနာယောင်၊ ဘက်ရှီးတက်အသင်းဘက်ကို ဟတ်ထရစ်ဂိုး သွင်းယူပြီးနောက်ပိုင်း ချန်ပီယံလိဂ်မှာ ဟတ်ထရစ်ပြန်သွင်းယူနိုင်တဲ့ ပထမဆုံး လီဗာပူးကစားသမား ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

– မနေ့ညက စပါးတပ်နဲ့ပွဲမှာ ပါ၀င်ကစားပေးခဲ့ခြင်းမရှိတဲ့ ဟန်ဒါဆန်ဟာ အဲဗာတန်နဲ့ပွဲစဉ်မှာ သေချာပေါက် ပြန်လည်ပါ၀င်လာလိမ့်မယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

– ရော်နယ်ဒိုဟာ မနေ့ညက ဒေါ့မွန်အသင်းနဲ့ကစားတဲ့ပွဲမှာလဲ ဂိုးထပ်မံသွင်းယူပေးနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၆ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

– လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အတွင်းမှာတော့ စုစုပေါင်း ၂၁ ဂိုးအထိ သွင်းပေးထားနိုင်ခဲ့ပါတယ်။ အဲဒီ ပမာဏဟာ ချန်ပီယံလိဂ် သမိုင်းကြောင်းတစ်လျှောက် အင်္ဂလန်ကလပ်အသင်းတစ်သင်းက အုပ်စုအဆင့်မှာသွင်းယူတဲ့ သွင်းဂိုးအများဆုံး စံချိန်ဖြစ်တယ်လို့ သိရပါတယ်။

– လီဗာပူးတောင်ပံကစားသမား ဆာလတ်ဟာ ဒီရာသီ ပြိုင်ပွဲအရပ်ရပ်မှာ စုစုပေါင်း ၁၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြိး အဲဒီမှတ်တမ်းဟာ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာတော့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်စေခဲ့ပါတယ်။

– ကော်ဟိုကတော့ သူ့ရဲ့ လီဗာပူး ကစားသမားဘဝ ပထမဆုံး ဟတ်ထရစ်ကို မနေ့ညက စပါးတပ်အသင်းနဲ့ ပွဲစဉ်မှာပဲ ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

– စပါးပရိသတ်တွေကတော့ အသင်းမှာ ပြသနာတွေဖြစ်အောင် ဖန်တီးနေတယ်လို့ ယူဆတဲ့အတွက် နောက်တန်းကစားသမား ဒန်နီရို့စ်ကို ဇန်နဝါရီမှာပဲ အသင်းကနေ ထွက်ခွာသွားဖို့ အလိုရှိနေကြပါတယ်။

– ရီးရဲနဲ့ ကစားခဲ့တဲ့ မနေ့ညက ပွဲစဉ်မှာ ဒေါ့မွန်အတွက် ၂ ဂိုးသွင်းယူပေးခဲ့သော်လဲ တိုက်စစ်မှုး အူဘာမီးယန်းဟာ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ ဂျာမန်သတင်းတွေက ဆက်လက်ဖော်ပြနေကြပြီး သူ့ကိုခေါ်ယူဖို့ ချဲဆီးအပြင်၊ မာဆေးဆိုဒ်ကလပ်တွေဖြစ်တဲ့လီဗာပူး နဲ့ အဲဗာတန်အသင်းတို့ကလဲ စိတ်ဝင်စားနေတယ်လို့ ဒီမနက်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

– ၀က်စ်ဘရွန်းနောက်ခံလူ အီဗန်ကိုခေါ်ယူဖို့အတွက် မန်စီးတီး၊ အာဆင်နယ်တို့အပြင်၊ ၀က်စ်ဟမ်းနဲ့ အဲဗာတန်အသင်းတို့ကလဲ စိတ်ဝင်စားနေကြပါတယ်။

– ဘာစီလိုနာပစ်မှတ် နိုက်စ်အသင်းရဲ့ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူ မိုက်ကယ်ဆရီကိုတော့ လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ကလဲ စောင့်ကြည့်မှုတွေ ပြုလုပ်လျှက်ရှိနေပါတယ်။

– ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလား ကစားခွင့်ရဖို့အတွက် ပုံမှန်ကစားခွင့်လိုအပ်နေတဲ့ အာဆင်နယ်တိုက်စစ်မှုး ဂျီရူးဟာ အသင်းပြောင်းကစားဖို့ စဉ်းစားလာဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြသော်၊ အာဆင်ဝင်းဂါးကတော့ သူ့ကို ရောင်းချဖို့ ငြင်းဆိုသွားခဲ့ပါတယ်။

– မနေ့ညက ရှက်တာဒိုးနက်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအတွက် ပါ၀င်ကစားပေးခဲ့တဲ့ လူငယ်ကစားသမား ဖိုဒန်ဟာ ၂၀၀၄ ခုနှစ် ဖာဘရီဂတ်ရဲ့ စံချိန်နောက်ပိုင်း ပရီးမီးယားလိဂ် ကလပ်အသင်းတစ်ခုကနေ ချန်ပီယံလိဂ်မှာ ပွဲထွက်ကစားခွင့်ပေးတဲ့ အသက်အဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ သူဟာ အသက် ၁၇ နှစ် နဲ့ ၁၉၂ ရက်မှာပဲ ချန်ပီယံလိဂ် ပြိုင်ပွဲကြီးမှာ ပွဲထွက်ကစားခွင့် ရခဲ့တာပါ။

– လီဗာပူးအတွက် ချန်ပီယံလိဂ်မှာ ဟတ်ထရစ် သွင်းယူပေးခဲ့တဲ့ ကစားသမားများ –

2002 – မိုက်ကယ်အိုဝင် v စပါးတပ်
2007 – ဘီနာယောင် v ဘက်ရှီးတက်
2017 – ကော်တင်ဟို v စပါးတပ်

 

Source  :Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *