ခ်ဲလ္ဆီး သတင္းတိုမ်ား

=====================================================

ခ်ဲလ္ဆီး အသင္းဟာ ယမန္ေန႔ညက ကြာရာဘတ္ အသင္းကို အေ၀းကြင္းမွာ ဂိုးျပတ္ အႏုိင္ ရရွိၿပီး ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကေန လြန္ေျမာက္သြားခဲ့ၿပီျဖစ္ပါတယ္ ။

ခ်ဲလ္ဆီးတို႔ ကြာရာဘတ္ ကို ေျခစြမ္းအသာနဲ႔ ကစားႏုိင္ခဲ့ၿပီး ဟာဇက္ ၊ ဖာဘရီဂတ္ ၊ ၀ီလ္ယံ ( ၂ ဂိုး ) တို႔ရဲ႕ ဂိုးေတြနဲ႔ အႏုိင္ ရရွိခဲ့ပါတယ္ ။

ခ်ဲလ္ဆီးတို႔ ပြဲၿပီးဆံုးတာနဲ႔ အဂၤလန္ ကို အျမန္ဆံုးျပန္လာခဲ့ၾကၿပီး ကစားသမားေတြကို အနားေပးကာ လီဗာပူး နဲ႔ ပြဲအတြက္ ျပင္ဆင္ေနၾကၿပီလုိ႔ သိရပါတယ္ ။

အီဒင္ ဟာဇက္ က ေတာ့ ခ်န္ပီယံလိဂ္ သြင္းဂိုး ၈ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ကာ ခ်န္ပီယံလိဂ္ မွာ ဂိုးအမ်ားဆံုး သြင္းယူထားတဲ့ ဘယ္လ္ဂ်ီယံသား ျဖစ္လာခဲ့ပါတယ္ ။

ခ်ဲလ္ဆီးဟာ မိုရာတာ ကို အနားေပးခဲ့ၿပီး ကာေဟး ၊ ဘာကာယိုကို ၊ ခရစ္ရွန္ဆန္ တို႔ကိုလည္း ပြဲထြက္ စာရင္း မွာ မထည့္သြင္းခဲ့ပါဘူး ။

နည္းျပ ကြန္တီ က ေတာ့ ခ်ဲလ္ဆီး အသင္းရရွိခဲ့တဲ့ ပထမပင္နယ္တီ နဲ႔ အနီကဒ္ ( ကြာရာဘတ္ ကစားသမား အထုတ္ခံရျခင္း ) အတြက္ ဘာမွတ္ခ်က္ မွ မေပးလိုေၾကာင္း ၊ အဆုိပါ အခ်ိန္မွာ ခံုတန္းလ်ားမွာ ထုိင္ေနတာ ျဖစ္တာေၾကာင့္ ေကာင္းစြာ မျမင္ရေၾကာင္း ၊ ဒိုင္လူႀကီးအေနနဲ႔ သူ႔အလုပ္ကို သူ လုပ္ဖို႔ ႀကဳိးစားသြားတာျဖစ္ ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္ ။

“ကြ်န္ေတာ္တို႔ ဒီႏုိင္ပြဲအတြက္ ေက်နပ္ ရမွာပါ ။ ဘာလုိ႔လည္းဆိုေတာ့ ကြ်န္ေတာ္တို႔ ရဲ႕ ပထမဆံုး ပစ္မွတ္ ကို ေရာက္ေအာင္ျဖည့္ဆည္းႏုိင္ခဲ့ၿပီမုိ႔ပါပဲ ။ ခ်န္ပီယံလိဂ္ ရွဳံးထြက္အဆင့္ကို ကြ်န္ေတာ္တို႔ တက္ေရာက္ႏုိ္င္ခဲ့ပါပီ”

“ဒီ အုပ္စု ဟာ တကယ္ၿပဳိင္ဆုိင္မႈ ျပင္းထန္ၿပီး ေျခညီၾကတဲ့ အုပ္စုပါ ။ ဒီရာသီအစမွာ ကြ်န္ေတာ္တို႔ေတြ ရုန္းကန္ခဲ့ရပါတယ္ ။ ျပႆနာအခ်ဳိ႕ရွိခဲ့သလို ဖိအားေတြလည္း မ်ားခဲ့ပါတယ္ ။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ အရာရာက ကြ်န္ေတာ္တို႔အတြက္ အေပါင္းလကၡဏာေဆာင္လာခဲ့ပါပီ” လိုု႔လည္း ကြန္တီ က ဆုိသြားခဲ့ပါတယ္

ဒါ့အျပင္ ခရီးေ၀းထိ လုိက္ပါ အားေပးခဲ့ၾကတဲ့ ခ်ဲလ္ဆီး ပရိသတ္ေတြကို ေက်းဇူးစကားဆိုခဲ့ၿပီး လီဗာပူး နဲ႔ ပြဲ အတြက္ အျပန္ေလယာဥ္ခရီးေပၚမွာ အနားမယူဘဲ အလုပ္လုပ္ ရေတာ့မယ္လို႔လည္း ကြန္တီ က ေျပာဆိုသြား ခဲ့ပါတယ္ ။

(Unicode)

ချဲလ်ဆီး သတင်းတိုများ

=====================================================

ချဲလ်ဆီး အသင်းဟာ ယမန်နေ့ညက ကွာရာဘတ် အသင်းကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင် ရရှိပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ လွန်မြောက်သွားခဲ့ပြီဖြစ်ပါတယ် ။

ချဲလ်ဆီးတို့ ကွာရာဘတ် ကို ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး ဟာဇက် ၊ ဖာဘရီဂတ် ၊ ဝီလ်ယံ ( ၂ ဂိုး ) တို့ရဲ့ ဂိုးတွေနဲ့ အနိုင် ရရှိခဲ့ပါတယ် ။

ချဲလ်ဆီးတို့ ပွဲပြီးဆုံးတာနဲ့ အင်္ဂလန် ကို အမြန်ဆုံးပြန်လာခဲ့ကြပြီး ကစားသမားတွေကို အနားပေးကာ လီဗာပူး နဲ့ ပွဲအတွက် ပြင်ဆင်နေကြပြီလို့ သိရပါတယ် ။

အီဒင် ဟာဇက် က တော့ ချန်ပီယံလိဂ် သွင်းဂိုး ၈ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ကာ ချန်ပီယံလိဂ် မှာ ဂိုးအများဆုံး သွင်းယူထားတဲ့ ဘယ်လ်ဂျီယံသား ဖြစ်လာခဲ့ပါတယ် ။

ချဲလ်ဆီးဟာ မိုရာတာ ကို အနားပေးခဲ့ပြီး ကာဟေး ၊ ဘာကာယိုကို ၊ ခရစ်ရှန်ဆန် တို့ကိုလည်း ပွဲထွက် စာရင်း မှာ မထည့်သွင်းခဲ့ပါဘူး ။

နည်းပြ ကွန်တီ က တော့ ချဲလ်ဆီး အသင်းရရှိခဲ့တဲ့ ပထမပင်နယ်တီ နဲ့ အနီကဒ် ( ကွာရာဘတ် ကစားသမား အထုတ်ခံရခြင်း ) အတွက် ဘာမှတ်ချက် မှ မပေးလိုကြောင်း ၊ အဆိုပါ အချိန်မှာ ခုံတန်းလျားမှာ ထိုင်နေတာ ဖြစ်တာကြောင့် ကောင်းစွာ မမြင်ရကြောင်း ၊ ဒိုင်လူကြီးအနေနဲ့ သူ့အလုပ်ကို သူ လုပ်ဖို့ ကြိုးစားသွားတာဖြစ် ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

“ကျွန်တော်တို့ ဒီနိုင်ပွဲအတွက် ကျေနပ် ရမှာပါ ။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ ရဲ့ ပထမဆုံး ပစ်မှတ် ကို ရောက်အောင်ဖြည့်ဆည်းနိုင်ခဲ့ပြီမို့ပါပဲ ။ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို ကျွန်တော်တို့ တက်ရောက်နိုင်ခဲ့ပါပီ”

“ဒီ အုပ်စု ဟာ တကယ်ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ခြေညီကြတဲ့ အုပ်စုပါ ။ ဒီရာသီအစမှာ ကျွန်တော်တို့တွေ ရုန်းကန်ခဲ့ရပါတယ် ။ ပြဿနာအချို့ရှိခဲ့သလို ဖိအားတွေလည်း များခဲ့ပါတယ် ။ ဒါပေမယ့် အခုအချိန်မှာတော့ အရာရာက ကျွန်တော်တို့အတွက် အပေါင်းလက္ခဏာဆောင်လာခဲ့ပါပီ” လိုု့လည်း ကွန်တီ က ဆိုသွားခဲ့ပါတယ်

ဒါ့အပြင် ခရီးဝေးထိ လိုက်ပါ အားပေးခဲ့ကြတဲ့ ချဲလ်ဆီး ပရိသတ်တွေကို ကျေးဇူးစကားဆိုခဲ့ပြီး လီဗာပူး နဲ့ ပွဲ အတွက် အပြန်လေယာဉ်ခရီးပေါ်မှာ အနားမယူဘဲ အလုပ်လုပ် ရတော့မယ်လို့လည်း ကွန်တီ က ပြောဆိုသွား ခဲ့ပါတယ် ။

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *