ချန်ပီယံလိဂ်ဆုအတွက် မန်စီးတီးနှင့်ပီအက်စ်ဂျီ ရေပန်းစားဟု မက်ဆီ ပြောဆို ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု မက်ဆီ လေးကြိမ်မြောက်ဆွတ်ခူး

ဥရောပဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကိုလေးကြိမ်ဆွတ်ခူးခဲ့သည့်တိိုက်စစ်မှူးမက်ဆီ။ ဓာတ်ပုံ-အေအက်ဖ်ပီ

 

အာဂျင်တီးနားနှင့် ဘာစီလိုနာအဓိက တိုက်စစ်မှူး မက်ဆီက ယခုနှစ်ချန်ပီယံလိဂ် ပြိုင်ပွဲ၌ ချန်ပီယံဖြစ်ရန် မန်စီးတီးနှင့် ပီအက်စ် ဂျီအသင်းတို့ ထိပ်ဆုံးမှရေပန်းစားနေကြောင်း မာကာနှင့်တွေ့ခဲ့ရာ၌ ၎င်း၏ အမြင်အတိုင်း သုံးသပ်ပြောဆိုခဲ့သည်။ ပရီးမီးယားလိဂ်နှင့် ပြင်သစ်လီဂူး၌ တားဆီးမရဖြစ်နေသော မန်စီး တီးနှင့် ပီအက်စ်ဂျီတို့မှာ ယခုနှစ်ရာသီ၌ ဥရောပအတောင့်တင်းဆုံး အသင်းများဖြစ် နေဟု မက်ဆီက ယုံကြည်နေသည်။

မက်ဆီ က ”ဒီအချိန်မှာတော့ မန်စီးတီးက ဥရောပရဲ့ အတောင့်တင်းဆုံး အသင်းတစ်သင်းဆိုရင် လည်း မမှားဘူး။ မန်စီးတီးတင်မကပါဘူး။ ပီအက်စ်ဂျီအသင်းကလည်း အန္တရာယ်များပါ တယ်။ သူတို့နှစ်သင်းဟာ အကောင်းဆုံးပုံစံ နဲ့ ကစားနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီ ယံဖြစ်နိုင်ခြေရှိကြောင်းဆိုတာကို ပြသနေပါ တယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲက ခရီး ရှည်ဆက်ရဦးမှာပါ။ အမှန်တကယ် ခက်ခဲတဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။ ဒါနဲ့ ရီးရဲလ်မက်ဒရစ် အကြောင်းပြောရအောင်၊ ပရိသတ်တွေမျှော် လင့်နေတဲ့ ရလဒ်တွေမထွက်လာပေမယ့် ချန်ပီ ယံလိဂ်ပြိုင်ပွဲမှာ ကျွန်တော်ရီးရဲလ်ကို အထင် မသေးရဲပါဘူး။ ဘိုင်ယန်ကလည်း အင်အား ကြီးပါတယ်။ ဒါပေမယ့် ဒီနေ့ ဒီအတိုင်းမှာ အမှန်တရားတစ်ခုက မန်စီးတီးနဲ့ ပီအက်စ်ဂျီ တို့ဟာ အားအကောင်းဆုံးအသင်းတွေဖြစ် နေကြတာပါ”ဟု ပြောဆိုခဲ့သည်။

ယမန်နှစ်ဘောလုံးရာသီက လာလီဂါ ၃၄ ပွဲကစားခဲ့ရာ ၃၇ ဂိုးသွင်းယူနိုင်ခဲ့၍ ဥရောပ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုစာရင်း၌ စပို့တင်း တိုက်စစ်မှူး ဘက်စ်ဒေါ့နှင့် ဒေါ့မွန်တိုက်စစ် မှူး အော်ဘာမီယန်တို့ကို နောက်ကောက်ချ နိုင်ခဲ့သောမက်ဆီသည် ၂ဝ၁၆-၂ဝ၁၇ ဘောလုံး ရာသီ၏ ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ် ဆုကို ဆွတ်ခူးရရှိခဲ့သည်။ ဆုပေးပွဲအခမ်းအနား ကို သောကြာနေ့က ဘာစီလိုနာမြို့၌ ကျင်းပ ခဲ့ခြင်းဖြစ်ပြီး မက်ဆီမှာ ၂ဝ၁ဝ ပြည့်နှစ်၊ ၂ဝ၁၂၊ ၂ဝ၁၃ ခုနှစ်များနောက်ပိုင်း ယခု ဆုကိုလေးကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ရိုနယ်ဒို ၏ ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုလေး ကြိမ်ရစံချိန်ကို လိုက်မီခဲ့သည်။ မက်ဆီသည် ဘာစီလိုနာနှင့် ၂ဝ၂၁ ခုနှစ်အထိ သက်တမ်း တိုးရန် သဘောတူထားသော်လည်း တရားဝင် လက်မှတ်မထိုးရသေးပေ။

Source : MM Times

Leave a comment

Your email address will not be published. Required fields are marked *