နံနက္ခင္းသတင္းတိုမ်ား

– ေအတီကိုတိုက္စစ္မႈး ဂရစ္ဇ္မန္းကေတာ့ သူ ဆိုစီဒက္အသင္းကေန ေအတီကို မေျပာင္းေရႊ႕မီ စပါးအသင္းက သူ႔ကိုေခၚယူဖို႔ ၾကိဳးစားခဲ့ဖူးတယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ အဲဒီအခ်ိန္က စပါးဟာ ရီးရဲကိုေျပာင္းေရႊ႕သြားတဲ့ေဘးလ္ရဲ႕ေနရာကို အစားထိုးဖို႔အတြက္ ဂရစ္ဇ္မန္းကိုေခၚယူဖို႔ ၾကိဳးစားခဲ့တာပါ။

– အီတလီလက္ေရြးစင္အသင္း ကမၻာ့ဖလားေျခစစ္ပြဲ မေအာင္ျမင္ခဲ့ျပီးေနာက္၊ အာဂ်င္တီးနားအသင္းဟာ မတ္လ ၂၃ ရက္ေန႔မွာ ကစားဖို႔ စီစဥ္ထားတဲ့ ေျခစမ္းပြဲကို ဖ်က္သိမ္းေပးဖို႔ အီတလီေဘာလံုးအဖြဲ႕ထံကို ေမတၱာရပ္ခံထားတယ္လို႔ သတင္းေတြက ေဖာ္ျပလွ်က္ရွိေနပါတယ္။

– ဒူးဒဏ္ရာေၾကာင့္ ၁၁ လအၾကာ အနားယူေနရတဲ့ အဲဗာတန္ကစားသမား ဘိုလာဆီဟာ အသင္းနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းေနျပီျဖစ္တယ္လို႔ သိရပါတယ္။

– ဆြမ္ဆီးအသင္းမွာ ေနရာမရပဲျဖစ္ေနတဲ့ကြင္းလယ္လူ မီဆာကို ဇန္န၀ါရီမွာ ေခၚယူဖို႔ မာလာဂါအသင္းက စိတ္၀င္စားလွ်က္ရွိေနတယ္လို႔ စပိန္သတင္းေတြက ေဖာ္ျပလိုက္ပါတယ္။

– ဘာစီလိုနာအသင္းနဲ႔ ဂ်ဴဗီတပ္တို႔ မကစားမီမွာေတာ့ ဘာကာအသင္းရဲ႕ ခရုိေရးရွားကြင္းလယ္လူ ရာကီတစ္က ျဖစ္ႏိုင္ရင္ သူ႔ရဲ႕ကမၻာ့ဖလား ကစားခြင့္ကို အီတလီဂိုးသမားၾကီး ဘူဖြန္ထံ လႊဲေပးခ်င္တယ္လို႔ ကိုုယ္ခ်င္းစာစကားေျပာဆိုသြားခဲ့ပါတယ္။

– ေအစီမီလန္အသင္းဟာ မၾကာခင္မွာပဲ ကစားသမားဘ၀ကေန အနားယူဖြယ္ရွိေနတဲ့ ေအာ္လန္ဒိုစီးတီးအသင္းရဲ႕ အသက္ ၃၅ႏွစ္အရြယ္ ကြင္းလယ္လူ ကာကာကို အသင္းမွာ ရာထူးတစ္ခုနဲ႔ ျပန္လည္ခန္႔အပ္ႏိုင္ဖို႔ ၾကိဳးစားေနပါတယ္။ ကစားသမားဟာ ေအစီမီလန္အသင္း ပြဲေပါင္း ၃၀၀ ေက်ာ္ကစားေပးခဲ့သူျဖစ္တာေၾကာင့္ ေအစီမီလန္က သူတို႔အသင္းမွာ ျပန္လည္တာ၀န္ထမ္းေဆာင္ဖို႔ ၾကိဳးစားေနတာျဖစ္ျပီး ကစားသမားကိုယ္တိုင္နဲ႔ ကနဦး ေတြ႕ဆံုးေဆြးေႏြးမႈေတြ ျပဳလုပ္ထားျပီျဖစ္တယ္လို႔ သတင္းေတြက ဆိုပါတယ္။

– UEFA ေတာ့ APOEL နဲ႔ပြဲစဥ္မွာ မလုိအပ္ပဲ အ၀ါကဒ္ျပသခံရေအာင္ ၾကိဳးပမ္းခဲ့တယ္လို႔ ရီးရဲေနာက္ခံလူ ကာဗာဟယ္ကို စြဲခ်က္တင္လိုက္ျပီျဖစ္ျပီး၊ အဲဒီပြဲက အျဖစ္အပ်က္ေတြကို စံုစမ္းေနျပီျဖစ္ပါတယ္။ ကစားသမားဟာ ဂိုးျပတ္နဲ႔အႏိုင္ရေနခဲ့ေသာ္လဲ မီးနစ္ ၉၀ အေရာက္မွာ လက္ပစ္ေဘာေျမွာက္ဖို႔ အခ်ိန္ေတြ အၾကာၾကီးဆြဲေနခဲ့တာျဖစ္ပါတယ္။ ျပစ္မႈထင္ရွားပါက ကာဗာဟယ္ဟာ တစ္ပြဲပယ္ျပစ္ဒဏ္ က်ခံရဖြယ္ရာရွိပါတယ္။

– ဖီယင္ေနာ့နဲ႔ မကစားမီ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ကတ္တလန္ေဒသ လႈပ္ရွားမႈ သေကၤတတံဆိပ္ကို ၀တ္ဆင္ခဲ့တဲ့ ပက္ဟာ UEFA ရဲ႕ အေရးယူျခင္း ခံရဖြယ္မရွိဘူးလို႔ ဘီဘီစီက ေဖာ္ျပသြားခဲ့ပါတယ္။

– ပဲေလ့နဲ႔ပြဲစဥ္မွာ ဒိုင္ဗင္ပစ္ခဲ့တဲ့ အဲဗာတန္တိုက္စစ္မႈး နီယာဆီကေတာ့ ပြဲပယ္ ျပစ္ဒဏ္ ၂ ပြဲ ခ်မွတ္ခံလုိက္ရျပီျဖစ္ပါတယ္။

– ဘာစီလိုနာအသင္းဟာ လီဂါနက္နဲ႔ပြဲစဥ္မွာ ျပသခံခဲ့ရတဲ့ ပီေကးရဲ႕ အ၀ါကဒ္အတြက္ အယူခံ၀င္ခဲ့ေသာ္လဲ ေအာင္ျမင္ျခင္းမရွိခဲ့ဘူးလို႔ သတင္းေတြက ေဖာ္ျပလိုက္တာေၾကာင့္ ဗလင္စီယာနဲ႔ ကစားမယ့္ပြဲကို ေသခ်ာေပါက္ လြဲေခ်ာ္သြားဖြယ္ ရွိေနပါတယ္။

– အာဆင္နယ္ေတာင္ပံကစားသမား ေ၀ါေကာ့ဟာ မေန႔က ျပဳလုပ္ခဲ့တဲ့အသင္းရဲ႕ေလ့က်င့္ေရးအစီစဥ္ေတြမွာ ပါ၀င္ႏိုင္ျခင္းမရွိခဲ့တာေၾကာင့္ ကိုလံုးနဲ႔ကစားမယ့္ ယူရိုပါလိဂ္ပြဲစဥ္ကို ပါ၀င္ကစားေပးႏိုင္ဖြယ္မရွိဘူးလို႔သိရပါတယ္။ သူ႔ရဲ႕ေနရာကိုေတာ့ ၀ဲလ္ဘက္နဲ႔ အစားထိုးပြဲထြက္လာဖြယ္ရွိတယ္လုိ႔ သတင္းအခ်ိဳ႕ ခန္႔မွန္းထားပါတယ္။

– အာဆင္နယ္ ကစားသမားေဟာင္းၾကီး အီယန္ရုိတ္ကေတာ့ ဖီးလ္ဂ်ဳံးကို ၆ ၾကိမ္အထိ ေဆးထိုးျပီး ကစားေစခဲ့လို႔ ေဒါသတၾကီးနဲ႔ ေ၀ဖန္ခဲ့ ေမာ္ရင္ဟိုရဲ႕ လုပ္ဟာ မွန္ကန္တယ္လို႔ ေထာက္ခံေျပာဆိုလိုက္ျပီး၊ သူ႔အေနနဲ႔ အဲဒီလိုမ်ိဳး တစ္ခါမွ မၾကားဖူးဘူးလို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

– ယူႏိုက္တက္ တိုက္စစ္မႈးၾကီး အီဗရာဟီမိုဗစ္ကေတာ့ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲမွာ မတူညီတဲ့ကလပ္အသင္း ၇ ခုနဲ႔ ပါ၀င္ယွဥ္ျပိဳင္တဲ့ ပထမဆံုးကစားသမားအျဖစ္ မွတ္တမ္း၀င္သြားခဲ့ျပီျဖစ္ပါတယ္။ ဆြီဒင္သားၾကီးဟာ ေအဂ်က္၊ ဂ်ဴဗီ၊ အင္တာ၊ ဘာကာ၊ ေအစီ၊ ပီအက္စ္ဂ်ီ နဲ႔ ယူႏိုက္တက္အသင္းတို႔အတြက္ ကစားေပးရင္း ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ၀င္ေရာက္ကစားေပးခဲ့တာျဖစ္ပါတယ္။

– ဘာစီလိုနာအသင္းရဲ႕ ကြင္းလယ္ဗိုလ္ခ်ဳပ္ေဟာင္းၾကီး ဇာဗီကေတာ့ ေရွာ္ေကးအသင္းရဲ႕ အသက္ ၂၂ ႏွစ္အရြယ္ ကြင္းလယ္လူ ေဂၚရက္ဇ္ကာဟာ ဘာစီလိုနာရဲ႕ ကစားဟန္နဲ႔ အံ၀င္ႏိုင္တဲ့ ကစားသမားတစ္ဦးျဖစ္တယ္လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။ အဆိုပါ ကစားသမားဟာ လက္ရွိရာသီအကုန္မွာပဲ စာခ်ဳပ္သက္တမ္း ကုန္ဆံုးေတာ့မွာျဖစ္ျပီး၊ အလြတ္ေျပာင္းေရႊ႕ေၾကးနီးပါးနဲ႔ ေခၚယူႏိုင္ခြင့္ရေတာ့မွာျဖစ္ပါတယ္။

-နည္းျပသစ္ ခန္႔အပ္ဖို႔ အခုခ်ိန္ထိ အဆင္မေျပပဲ ျဖစ္ေနတဲ့ အဲဗာတန္အသင္းဟာ လိုက္ပစ္ဇ္အသင္းရဲ႕ မာလိန္မႈးၾကီး ရက္ဖ္ ရန္နစ္ကိုေခၚယူ ခန္႔အပ္ဖို႔ ၾကိဳးစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာေနျပန္ပါတယ္။

– အာဆင္နယ္အသင္းရဲ႕ နည္းျပၾကီး အာဆင္းက သူ႔ရဲ႕တိုက္စစ္မႈး ၀ဲဘက္ဟာ ၾကံ့ခိုင္မႈ ျပည့္၀ေနမည္ဆိုပါက အဂၤလန္နဲ႔အတူ ကမၻာ့ဖလားလိုက္ပါခြင့္ ရရွိလိမ့္မယ္လို႔ ေဟာကိန္းထုတ္သြားခဲ့ပါတယ္။

– မန္စီးတီးအသင္းရဲ႕ ကြင္းလယ္လူ ယာယာတိုေရးကေတာ့ သူ႔တို႔အသင္းရဲ႕ ရလာဒ္ေတြေကာင္းမြန္ေနေသာ္လဲ ဘာစီလိုနာ၊ ဂ်ဴဗီနဲ႔ ရီးရဲမက္ဒရစ္အသင္းတို႔နဲ႔ ယွဥ္ျပိဳင္ဖို႔အတြက္ေတာ့ ဒီထက္ပိုျပီး ပိုေကာင္းလာဖို႔ အမ်ားၾကီးလိုေနေသးတယ္လို႔ ၀န္ခံေျပာဆိုသြားခဲ့ပါတယ္။

– ဘာစီလိုနာကြင္းလယ္ကစားသမား အာဒါတူရန္ကေတာ့ သူ႔အေနနဲ႔ ဇန္န၀ါရီ ေစ်းကြက္ကာလမွာပဲ အသင္းကေန ထြက္ခြာခ်င္တယ္လို႔ ကလပ္ရဲ႕တာ၀န္ရွိသူေတြကို ေျပာဆိုလိုက္တယ္လို႔ ဒီမနက္သတင္းေတြက ေဖာ္ျပလိုက္ပါတယ္။

– မက္ဒရစ္အေျခစိုက္ သတင္းစာေတြကေတာ့ ရီးရဲဟာ ဘန္ဇီးမားရဲ႕ေနရာကို အစားထိုးဖို႔အတြက္ အင္တာမီလန္တိုက္စစ္မႈး အီကာဒီကို ေစာင့္ၾကည့္ေနတယ္လို႔ အခိုင္အမာ ေဖာ္ျပသြားခဲ့ပါတယ္။ မၾကာေသးခင္ကမွလဲ အီတလီက ေဘာလံုးအစီအစဥ္ တင္ဆက္သူတစ္ဦးက အီကာဒီဟာ လာမယ့္ရာသီမွာေတာ့ ဘာေနဗ်ဴးမွာ ကစားေနလိမ့္မယ္လို႔ ထုတ္ေဖာ္ေျပာဆိုထားခဲ့တာပါ။

– ” ကိုလံုးနဲ႔ ကစားမယ့္ပြဲအတြက္ လူငယ္ကစားသမားေတြလဲ ေရြးခ်ယ္ထားပါတယ္ ဒါေပမယ့္ သူတို႔က ယခင္ပြဲေတြတုန္းကတည္းက ေျခစြမ္းခဲ့တဲ့သူေတြပါ။ ဒါေၾကာင့္မို႔ အေတြ႔အၾကံဳရွိျပီးသားသူေတြနဲ႔ လူငယ္ေတြကို ေပါင္းစပ္ေရြးခ်ယ္ထားတာျဖစ္တယ္လို႔ ယံုၾကည္ပါတယ္” #အာဆင္၀င္းဂါး

– ဘာစီလိုနာအသင္းကေတာ့ ကင္ဆာေရာဂါေ၀ဒနာ ခံစားေနရတဲ့ ဆီဗီလာနည္းျပ ဘီရစ္ဇိုကို သူတို႔ရဲ႕ ေဆးအဖြဲ႕နဲ႔ ကူညီဖို႔ ကမ္းလွမ္းမႈေတြျပဳလုပ္ထားပါတယ္။ ဘာစီလိုနာေဆးအဖြဲ႕ဟာ ကင္ဆာေရာဂါကို ကိုင္တြယ္ကုသဖူးတဲ့ အေတြ႔အၾကံဳေကာင္းေတြရွိျပီး၊ နည္းျပ ဗီလာႏိုဗာ နဲ႔ ေနာက္တန္းလူ အဘီဒယ္တို႔ကို ကုသေစာင့္ေရွာက္မႈ ေပးခဲ့တာျဖစ္ပါတယ္။

– အန္ဆယ္ေလာ့တီရဲ႕ လက္ထက္က ကစားခြင့္မရလို႔ အသင္းေျပာင္းဖို႔ သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚခဲ့ဖူးတဲ့ ဘိုင္ယန္လူငယ္ေနာက္ခံလူ ကင္မစ္ခ်္ဟာ လက္ရွိမွာေတာ့ ဘိုင္ယန္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ ေဆြးေႏြးမႈေတြ စတင္ေနျပီျဖစ္တယ္လို႔ သိရပါတယ္။

– ဒီမနက္သတင္းေတြမွာေတာ့ PSG အသင္းဟာ အာဆင္နယ္တိုက္စစ္မႈးဆန္းခ်က္ကို မန္စီးတီးနဲ႔ အျပိဳင္ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ ေဖာ္ျပေနၾကပါတယ္။

– လက္စတာအသင္းဟာ အသင္းရဲ႕ ကစားသမားေတြျဖစ္တဲ့ မူဆာ နဲ႔ အူလိုအာတို႔ကို လာမယ့္ ဇန္န၀ါရီေစ်းကြက္ကာလမွာ ေရာင္းထုတ္သြားဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

– ျပင္သစ္ကလာတဲ့သတင္းေတြမွာေတာ့ PSG အသင္းဟာ ဖိုင္လိုင္နီကို ၄ ႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းမႈေတြ ျပဳလုပ္ထားတယ္လို႔ ေဖာ္ျပထားပါတယ္။ ကစားသမားဟာ အခုခ်ိန္ထိ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ျခင္းမရွိေသးသလို၊ သူ႔ရဲ႕လက္ရွိစာခ်ဳပ္ကလဲ ရာသီအကုန္မွာ ကုန္ဆံုးေတာ့မွာျဖစ္ပါတယ္။

– စပိန္ကလာတဲ့ သတင္းေတြမွာလဲ ရီးရဲမက္ဒရစ္အသင္းဟာ မန္စီးတီးကိုေက်ာ္ျဖတ္ျပီး အာဆင္နယ္တိုက္စစ္မႈး အလက္ဆစ္ဆန္းခ်က္ကို ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ ဆိုပါတယ္။

– လီဗာပူးအသင္းဟာ PSG ကြင္းလယ္လူ ဒရက္ဇ္လာကိုေခၚယူႏိုင္ဖို႔အတြက္ PSG အသင္းထံကို တရား၀င္ စံုစမ္းမႈေတြ စတင္ျပဳလုပ္ေနျပီျဖစ္တယ္လို႔ သိရပါတယ္။

– နယူးကာဆယ္၊ ပဲေလ့အသင္းတို႔ရဲ႕ နည္းျပေဟာင္း အလန္ပါဂ်ဴးဟာ လစ္လပ္ေနတဲ့ ၀က္စ္ဘရြန္းနည္းျပရာထူးကို ရယူဖို႔အတြက္ ေရးပန္းအစားဆံုးျဖစ္ေနပါတယ္။

– လိဂ္တူးကလပ္ စတီဗင္ေအ့ အသင္းရဲ႕ အသက္ ၁၈ ႏွစ္အရြယ္ ေနာက္ခံလူ ဘန္၀ီမို႔စ္ကိုေတာ့ လီဗာပူးနဲ႔ စပါးအသင္းတို႔က အျပိဳင္ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနၾကပါတယ္။

#SM

 

#Unicode

 

နံနက်ခင်းသတင်းတိုများ
==================

– အေတီကိုတိုက်စစ်မှုး ဂရစ်ဇ်မန်းကတော့ သူ ဆိုစီဒက်အသင်းကနေ အေတီကို မပြောင်းရွှေ့မီ စပါးအသင်းက သူ့ကိုခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲဒီအချိန်က စပါးဟာ ရီးရဲကိုပြောင်းရွှေ့သွားတဲ့ဘေးလ်ရဲ့နေရာကို အစားထိုးဖို့အတွက် ဂရစ်ဇ်မန်းကိုခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။

– အီတလီလက်ရွေးစင်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့ပြီးနောက်၊ အာဂျင်တီးနားအသင်းဟာ မတ်လ ၂၃ ရက်နေ့မှာ ကစားဖို့ စီစဉ်ထားတဲ့ ခြေစမ်းပွဲကို ဖျက်သိမ်းပေးဖို့ အီတလီဘောလုံးအဖွဲ့ထံကို မေတ္တာရပ်ခံထားတယ်လို့ သတင်းတွေက ဖော်ပြလျှက်ရှိနေပါတယ်။

– ဒူးဒဏ်ရာကြောင့် ၁၁ လအကြာ အနားယူနေရတဲ့ အဲဗာတန်ကစားသမား ဘိုလာဆီဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။

– ဆွမ်ဆီးအသင်းမှာ နေရာမရပဲဖြစ်နေတဲ့ကွင်းလယ်လူ မီဆာကို ဇန်နဝါရီမှာ ခေါ်ယူဖို့ မာလာဂါအသင်းက စိတ်ဝင်စားလျှက်ရှိနေတယ်လို့ စပိန်သတင်းတွေက ဖော်ပြလိုက်ပါတယ်။

– ဘာစီလိုနာအသင်းနဲ့ ဂျူဗီတပ်တို့ မကစားမီမှာတော့ ဘာကာအသင်းရဲ့ ခရိုရေးရှားကွင်းလယ်လူ ရာကီတစ်က ဖြစ်နိုင်ရင် သူ့ရဲ့ကမ္ဘာ့ဖလား ကစားခွင့်ကို အီတလီဂိုးသမားကြီး ဘူဖွန်ထံ လွှဲပေးချင်တယ်လို့ ကိုုယ်ချင်းစာစကားပြောဆိုသွားခဲ့ပါတယ်။

– အေစီမီလန်အသင်းဟာ မကြာခင်မှာပဲ ကစားသမားဘဝကနေ အနားယူဖွယ်ရှိနေတဲ့ အော်လန်ဒိုစီးတီးအသင်းရဲ့ အသက် ၃၅နှစ်အရွယ် ကွင်းလယ်လူ ကာကာကို အသင်းမှာ ရာထူးတစ်ခုနဲ့ ပြန်လည်ခန့်အပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ကစားသမားဟာ အေစီမီလန်အသင်း ပွဲပေါင်း ၃၀၀ ကျော်ကစားပေးခဲ့သူဖြစ်တာကြောင့် အေစီမီလန်က သူတို့အသင်းမှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ကစားသမားကိုယ်တိုင်နဲ့ ကနဦး တွေ့ဆုံးဆွေးနွေးမှုတွေ ပြုလုပ်ထားပြီဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

– UEFA တော့ APOEL နဲ့ပွဲစဉ်မှာ မလိုအပ်ပဲ အဝါကဒ်ပြသခံရအောင် ကြိုးပမ်းခဲ့တယ်လို့ ရီးရဲနောက်ခံလူ ကာဗာဟယ်ကို စွဲချက်တင်လိုက်ပြီဖြစ်ပြီး၊ အဲဒီပွဲက အဖြစ်အပျက်တွေကို စုံစမ်းနေပြီဖြစ်ပါတယ်။ ကစားသမားဟာ ဂိုးပြတ်နဲ့အနိုင်ရနေခဲ့သော်လဲ မီးနစ် ၉၀ အရောက်မှာ လက်ပစ်ဘောမြှောက်ဖို့ အချိန်တွေ အကြာကြီးဆွဲနေခဲ့တာဖြစ်ပါတယ်။ ပြစ်မှုထင်ရှားပါက ကာဗာဟယ်ဟာ တစ်ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ်ရာရှိပါတယ်။

– ဖီယင်နော့နဲ့ မကစားမီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကတ်တလန်ဒေသ လှုပ်ရှားမှု သင်္ကေတတံဆိပ်ကို ၀တ်ဆင်ခဲ့တဲ့ ပက်ဟာ UEFA ရဲ့ အရေးယူခြင်း ခံရဖွယ်မရှိဘူးလို့ ဘီဘီစီက ဖော်ပြသွားခဲ့ပါတယ်။

– ပဲလေ့နဲ့ပွဲစဉ်မှာ ဒိုင်ဗင်ပစ်ခဲ့တဲ့ အဲဗာတန်တိုက်စစ်မှုး နီယာဆီကတော့ ပွဲပယ် ပြစ်ဒဏ် ၂ ပွဲ ချမှတ်ခံလိုက်ရပြီဖြစ်ပါတယ်။

– ဘာစီလိုနာအသင်းဟာ လီဂါနက်နဲ့ပွဲစဉ်မှာ ပြသခံခဲ့ရတဲ့ ပီကေးရဲ့ အဝါကဒ်အတွက် အယူခံဝင်ခဲ့သော်လဲ အောင်မြင်ခြင်းမရှိခဲ့ဘူးလို့ သတင်းတွေက ဖော်ပြလိုက်တာကြောင့် ဗလင်စီယာနဲ့ ကစားမယ့်ပွဲကို သေချာပေါက် လွဲချော်သွားဖွယ် ရှိနေပါတယ်။

– အာဆင်နယ်တောင်ပံကစားသမား ဝေါကော့ဟာ မနေ့က ပြုလုပ်ခဲ့တဲ့အသင်းရဲ့လေ့ကျင့်ရေးအစီစဉ်တွေမှာ ပါ၀င်နိုင်ခြင်းမရှိခဲ့တာကြောင့် ကိုလုံးနဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်ကို ပါ၀င်ကစားပေးနိုင်ဖွယ်မရှိဘူးလို့သိရပါတယ်။ သူ့ရဲ့နေရာကိုတော့ ၀ဲလ်ဘက်နဲ့ အစားထိုးပွဲထွက်လာဖွယ်ရှိတယ်လို့ သတင်းအချို့ ခန့်မှန်းထားပါတယ်။

– အာဆင်နယ် ကစားသမားဟောင်းကြီး အီယန်ရိုတ်ကတော့ ဖီးလ်ဂျုံးကို ၆ ကြိမ်အထိ ဆေးထိုးပြီး ကစားစေခဲ့လို့ ဒေါသတကြီးနဲ့ ဝေဖန်ခဲ့ မော်ရင်ဟိုရဲ့ လုပ်ဟာ မှန်ကန်တယ်လို့ ထောက်ခံပြောဆိုလိုက်ပြီး၊ သူ့အနေနဲ့ အဲဒီလိုမျိုး တစ်ခါမှ မကြားဖူးဘူးလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

– ယူနိုက်တက် တိုက်စစ်မှုးကြီး အီဗရာဟီမိုဗစ်ကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မတူညီတဲ့ကလပ်အသင်း ရ ခုနဲ့ ပါ၀င်ယှဉ်ပြိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ ဆွီဒင်သားကြီးဟာ အေဂျက်၊ ဂျူဗီ၊ အင်တာ၊ ဘာကာ၊ အေစီ၊ ပီအက်စ်ဂျီ နဲ့ ယူနိုက်တက်အသင်းတို့အတွက် ကစားပေးရင်း ချန်ပီယံလိဂ်ပြိုင်ပွဲကို ၀င်ရောက်ကစားပေးခဲ့တာဖြစ်ပါတယ်။

– ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ဗိုလ်ချုပ်ဟောင်းကြီး ဇာဗီကတော့ ရှော်ကေးအသင်းရဲ့ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာဟာ ဘာစီလိုနာရဲ့ ကစားဟန်နဲ့ အံဝင်နိုင်တဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ အဆိုပါ ကစားသမားဟာ လက်ရှိရာသီအကုန်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး၊ အလွတ်ပြောင်းရွှေ့ကြေးနီးပါးနဲ့ ခေါ်ယူနိုင်ခွင့်ရတော့မှာဖြစ်ပါတယ်။

-နည်းပြသစ် ခန့်အပ်ဖို့ အခုချိန်ထိ အဆင်မပြေပဲ ဖြစ်နေတဲ့ အဲဗာတန်အသင်းဟာ လိုက်ပစ်ဇ်အသင်းရဲ့ မာလိန်မှုးကြီး ရက်ဖ် ရန်နစ်ကိုခေါ်ယူ ခန့်အပ်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာနေပြန်ပါတယ်။

– အာဆင်နယ်အသင်းရဲ့ နည်းပြကြီး အာဆင်းက သူ့ရဲ့တိုက်စစ်မှုး ၀ဲဘက်ဟာ ကြံ့ခိုင်မှု ပြည့်ဝနေမည်ဆိုပါက အင်္ဂလန်နဲ့အတူ ကမ္ဘာ့ဖလားလိုက်ပါခွင့် ရရှိလိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

– မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ယာယာတိုရေးကတော့ သူ့တို့အသင်းရဲ့ ရလာဒ်တွေကောင်းမွန်နေသော်လဲ ဘာစီလိုနာ၊ ဂျူဗီနဲ့ ရီးရဲမက်ဒရစ်အသင်းတို့နဲ့ ယှဉ်ပြိုင်ဖို့အတွက်တော့ ဒီထက်ပိုပြီး ပိုကောင်းလာဖို့ အများကြီးလိုနေသေးတယ်လို့ ၀န်ခံပြောဆိုသွားခဲ့ပါတယ်။

– ဘာစီလိုနာကွင်းလယ်ကစားသမား အာဒါတူရန်ကတော့ သူ့အနေနဲ့ ဇန်နဝါရီ စျေးကွက်ကာလမှာပဲ အသင်းကနေ ထွက်ခွာချင်တယ်လို့ ကလပ်ရဲ့တာဝန်ရှိသူတွေကို ပြောဆိုလိုက်တယ်လို့ ဒီမနက်သတင်းတွေက ဖော်ပြလိုက်ပါတယ်။

– မက်ဒရစ်အခြေစိုက် သတင်းစာတွေကတော့ ရီးရဲဟာ ဘန်ဇီးမားရဲ့နေရာကို အစားထိုးဖို့အတွက် အင်တာမီလန်တိုက်စစ်မှုး အီကာဒီကို စောင့်ကြည့်နေတယ်လို့ အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။ မကြာသေးခင်ကမှလဲ အီတလီက ဘောလုံးအစီအစဉ် တင်ဆက်သူတစ်ဦးက အီကာဒီဟာ လာမယ့်ရာသီမှာတော့ ဘာနေဗျူးမှာ ကစားနေလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့တာပါ။

– ” ကိုလုံးနဲ့ ကစားမယ့်ပွဲအတွက် လူငယ်ကစားသမားတွေလဲ ရွေးချယ်ထားပါတယ် ဒါပေမယ့် သူတို့က ယခင်ပွဲတွေတုန်းကတည်းက ခြေစွမ်းခဲ့တဲ့သူတွေပါ။ ဒါကြောင့်မို့ အတွေ့အကြုံရှိပြီးသားသူတွေနဲ့ လူငယ်တွေကို ပေါင်းစပ်ရွေးချယ်ထားတာဖြစ်တယ်လို့ ယုံကြည်ပါတယ်” #အာဆင်ဝင်းဂါး

– ဘာစီလိုနာအသင်းကတော့ ကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့ ဆီဗီလာနည်းပြ ဘီရစ်ဇိုကို သူတို့ရဲ့ ဆေးအဖွဲ့နဲ့ ကူညီဖို့ ကမ်းလှမ်းမှုတွေပြုလုပ်ထားပါတယ်။ ဘာစီလိုနာဆေးအဖွဲ့ဟာ ကင်ဆာရောဂါကို ကိုင်တွယ်ကုသဖူးတဲ့ အတွေ့အကြံုကောင်းတွေရှိပြီး၊ နည်းပြ ဗီလာနိုဗာ နဲ့ နောက်တန်းလူ အဘီဒယ်တို့ကို ကုသစောင့်ရှောက်မှု ပေးခဲ့တာဖြစ်ပါတယ်။

– အန်ဆယ်လော့တီရဲ့ လက်ထက်က ကစားခွင့်မရလို့ အသင်းပြောင်းဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ဖူးတဲ့ ဘိုင်ယန်လူငယ်နောက်ခံလူ ကင်မစ်ချ်ဟာ လက်ရှိမှာတော့ ဘိုင်ယန်နဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

– ဒီမနက်သတင်းတွေမှာတော့ PSG အသင်းဟာ အာဆင်နယ်တိုက်စစ်မှုးဆန်းချက်ကို မန်စီးတီးနဲ့ အပြိုင်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြနေကြပါတယ်။

– လက်စတာအသင်းဟာ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ မူဆာ နဲ့ အူလိုအာတို့ကို လာမယ့် ဇန်နဝါရီစျေးကွက်ကာလမှာ ရောင်းထုတ်သွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

– ပြင်သစ်ကလာတဲ့သတင်းတွေမှာတော့ PSG အသင်းဟာ ဖိုင်လိုင်နီကို ၄ နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။ ကစားသမားဟာ အခုချိန်ထိ ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းမရှိသေးသလို၊ သူ့ရဲ့လက်ရှိစာချုပ်ကလဲ ရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

– စပိန်ကလာတဲ့ သတင်းတွေမှာလဲ ရီးရဲမက်ဒရစ်အသင်းဟာ မန်စီးတီးကိုကျော်ဖြတ်ပြီး အာဆင်နယ်တိုက်စစ်မှုး အလက်ဆစ်ဆန်းချက်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

– လီဗာပူးအသင်းဟာ PSG ကွင်းလယ်လူ ဒရက်ဇ်လာကိုခေါ်ယူနိုင်ဖို့အတွက် PSG အသင်းထံကို တရားဝင် စုံစမ်းမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

– နယူးကာဆယ်၊ ပဲလေ့အသင်းတို့ရဲ့ နည်းပြဟောင်း အလန်ပါဂျူးဟာ လစ်လပ်နေတဲ့ ၀က်စ်ဘရွန်းနည်းပြရာထူးကို ရယူဖို့အတွက် ရေးပန်းအစားဆုံးဖြစ်နေပါတယ်။

– လိဂ်တူးကလပ် စတီဗင်အေ့ အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် နောက်ခံလူ ဘန်ဝီမို့စ်ကိုတော့ လီဗာပူးနဲ့ စပါးအသင်းတို့က အပြိုင်စောင့်ကြည့်မှုတွေ ပြုလုပ်နေကြပါတယ်။

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *