အနာသိုဗစ္ရဲ႕ အေစာပိုင္းဂိုးနဲ႔ လန္ဒန္ဒါဘီမွာ ခ်ဲဆီးကို အနုိင္ယူျပသြားတဲ႔ ဝက္စ္ဟမ္း

FT ဝက္စ္ဟမ္း 1-0 ခ်ဲဆီး

ခ်ဲဆီးဟာ ဒီပြဲမွာ အသင္းေခါင္းေဆာင္ ကာေဟးလ္ကို ပြဲထြက္လာခဲ႔ျပီး ကြင္းလယ္မွာေတာ့ ဖာဘရီဂတ္၊ ကန္တီ နဲ႔ ဘာကာယိုကိုတို႕ကို ပြဲထြက္လာခဲ႔ကာ ေရွ႕တန္းမွာေတာ့ ထံုးစံအတိုင္း မိုရာတာနဲ႔ ဟာဇက္တို႕ ပြဲထြက္လာခဲ႔ပါတယ္။

ပြဲစျပီဆိုတာနဲ႔ ဝက္စ္ဟမ္းအသင္းက အလြတ္တည္ကန္ေဘာေတြကေန ခ်ဲဆီးရဲ႕ ဂိုးဧရိယာထဲကို အျမင့္ေဘာေတြေပးပို႔ျပီး စတင္ျခိမ္းေျခာက္လာခဲ႔ပါတယ္။ ပြဲစလို႕ 6 မီးနစ္မွာပဲ ဝက္စ္ဟမ္းအသင္းဟာ လန္ဇီနီနဲ႔ အနာသိုဗစ္တို႕ရဲ႕တြဲလံုးကေနတဆင့္ အဖြင့္ဂိုး စတင္ရရွိခဲ႔ပါတယ္။

ဒီဂိုးကိုေ့ အနာသိုဗစ္က ဂိုးသမား ေကာ့တိြဳက္စ္ရဲ႕ ညာဘက္ေထာင့္ကို ကန္သြင္းသြင္းျပီး အိမ္ရွင္အတြက္အဖြင့္ဂိုး ရယူေပးသြားခဲ႔တာ ျဖစ္ပါတယ္။ ခ်ဲဆီးအသင္းကေတာ့ နယူူးဆယ္အသင္းနဲ႔ပြဲစဥ္မွာလဲအဖြင့္ဂိုး ေစာေစာစီးစီးေပးထားခဲ႔ရတာမို႕ ပြဲအစအထေနွးတဲ႔ ကစားဟန္ကို လာမယ့္ပြဲေတြမွာ ျပင္ဆင္သြားဖို႕ လိုအပ္လာေနျပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ဝက္စ္ဟမ္းအသင္းဟာလဲ နည္းျပသစ္ မိုယက္ရဲ႕ လက္ထက္မွာေတာါ ကစားပံုေတြ တေျဖးေျဖးတိုးတက္လာခဲ႔ျပီျဖစ္ျပီး မန္စီးတီး၊ ခ်ဲဆီးတို႕လို အသင္းေတြကို ဦးေဆာင္ဂိုးသြင္းယူထားနိုင္တဲ႔ သူတို႕ရဲ႕ စြမ္းေဆာင္ရည္က အသိအမွတ္ျပဳရမွာပါ။

ခ်ဲဆီးဟာ ဦးေဆာင္ဂိုးေပးလိုက္ရတာေႀကာင့္ ေခ်ပဂိုးျပန္လည္ရွိဖို႕ႀကိဳးစားလာခဲ့ေသာ္လဲ အခ်ိတ္အဆက္ မိမိနဲ႔ ထိုးေဖာက္နိုင္ျခင္း မရွိခဲ႔ပါဘူး။ ပြဲခ်ိန္ 13 မီးနစ္မွာ မိုရာတာကို ဝက္စ္ဟမ္းေနာက္ခံလူ ရိဒ္က ဧရိယာထဲမွာ ဆြဲလွဲခဲ႔ေသာ္လဲ ဒိုင္လူႀကီး အန္သိုနီေတလာကေတာ့ ပင္နယ္တီေပးဖို႕ ျငင္းဆိုခဲ႔ပါတယ္။

ဆက္လက္ျပီး ခ်ဲဆီးအသင္းဟာ မားကို႔အလြန္ဆိုရဲ႕ ေတာင္ပံကေနတဆင့္ ထိုးေဖာက္မႈေတြ ျပဳလုပ္လာခဲ႔သလို၊ ဟာဇက္ရဲ႕ တိုးအားေတြကို အားျပဳျပီး ေခ်ပဂိုးရဖို႕ ႀကိဳးစားလာခဲ႔ပါတယ္။ ဝက္စ္ဟမ္းအသင္းကေတာ့ ဦးေဆာင္ဂိုးရျပီးရင္ သူတို႕ရဲ႕ထံုးစံအတိုင္း ကစားသမား 9 ေယာက္အထိ ေနာက္တန္းကို ဆင္းျပီး ခံစစ္ကစားကာ ခ်ဲဆီးတိုက္စစ္ကို ခံုခံလာခဲ႔ပါတယ္။

ပြဲခ်ိန္ 27 မီးနစ္မွာေတာ့ ကြင္းလယ္ကစားသမား ကန္တီရဲ႕ ဧရိယာျပင္ပက ကန္သြင္းခ်က္ တိက်ခဲ႔ေပမယ့္ ဝက္စ္ဟမ္းဂိုးသမား အန္ဒရီယန္ ခုခံကာကြယ္ သြားခဲ႔ျပန္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ခ်ဲဆီးဟာ ေခ်ပဂိုးရရွိဖုိ႔အတြက္ ပက္ဒရိုကို ထည့္သြင္းကစားခဲ႔ျပီး၊ ဟာဇက္ရဲ႕ တစ္ကိုယ္ေတာ္ ေျခစြမ္းေတြနဲ႔ ဝက္စ္ဟမ္းအသင္းကို ဆက္လက္ဖိအားေပးခဲ႔ပါတယ္။ သို႕ေသာ္လဲ ဝက္စ္ဟမ္းအသင္းက ခံစစ္ကို က်စ္က်စ္လစ္လစ္နဲ႔ ဆက္လက္ခံုခံခဲ႔ျပီး တန္ျပန္တိုက္စစ္ကေန ျခိမ္းေျခာက္ဖို႕ ႀကိဳးစားခဲ႔ပါတယ္။ ပြဲခ်ိန္ 53 မီးနစ္မွာေတာ့ အနာသိုဗစ္ ခ်ဲဆီးဂိုးဧရိယာထဲကို ေဘာလံုးျဖတ္ဆြဲခဲ႔ရာမွာ ခရစၥတန္ဆန္ လက္နဲ႔ထိခဲ႔ေသာ္လဲ ဒိုင္လူႀကီးကေတာ့ ပင္နယ္တီေပးဖို႕ ျငင္းဆန္ခဲ႔ျပန္ပါတယ္။

ခ်ဲဆီးအသင္းကေတာ့ ေခ်ပဂိုးရဖို႔အတြက္ တိုက္စစ္ကို အစြမ္းကုန္ျမွင့္တင္ခဲ႔ကာ ဝီလီယံ ေမာ့ဆက္တုိ႔ကို ထည့္သြင္းကစားလာခဲ႔ပါတယ္။ ေမာ့ဆက္ကေတာ့ ညာေတာင္ပံခံစစ္ေနရာကစားခဲ႔ျပီး၊ ပက္ဒရုိက ဘယ္ေတာင္ပံခံစစ္ေနရာမွာ ကစားလာခဲ႔ပါတယ္။ ဒီကေန႕ပြဲမွာေတာ့ ကြင္းလယ္လူ ကန္တီနဲ႔ ဟာဇက္တို႕ဟာ ခ်ဲဆီးအတြက္ အထူးကို ေျခစြမ္းျပ ကစားခဲ႔တာပါ။ ဝက္စ္ဟမ္းအသင္းကလဲ ေခ်ပဂိုးမေပးရေရးအတြက္ အစြမ္းကုန္ခံခံုကာကြယ္ခဲ႔ပါတယ္။ 83 မီးနစ္မွာေတာ့ လူကြ်ံေထာင္ေခ်ာက္ကေန လြတ္ထြက္လာတဲ႔ ေဘာလံုးကို တိုက္စစ္မႈး မိုရာတာ အပိုင္အခြင့္အေရးရခဲ႔ေသာ္လဲ သူ႕ရဲ႕ကန္ခ်က္ဟာ ဂိုးတိုင္ေဘးကေန ကပ္ထြက္သြားခဲ႔ျပန္ပါတယ္။

ပြဲအျပီးမွာေတာ႔ဝက္စ္ဟမ္းဟာ ကစားသမားသစ္ အနာသိုဗစ္ရဲ႕ ဒီရာသီ ပထမဆံုး ပရီးမီးယားလိဂ္ဂိုးနဲ႔ အနိုင္ရရွိသြားခဲ႔ပါတယ္။ ဝက္စ္ဟမ္းနည္းျပသစ္ မိုယက္ကေတာ့ 2016 ခုႏွစ္ ဒီဇင္ဘာေနာက္ပိုင္း ပထမဆံုး အိမ္ကြင္းနိုင္ပြဲကို ရွာေတြ႔သြားခဲ႔ျပီ ျဖစ္ပါတယ္။

 

Unicode

အနာသိုဗစ်ရဲ့ အစောပိုင်းဂိုးနဲ့ လန်ဒန်ဒါဘီမှာ ချဲဆီးကို အနိုင်ယူပြသွားတဲ့ ဝက်စ်ဟမ်း
===============================

ဝက်စ်ဟမ်း 1-0 ချဲဆီး

ချဲဆီးဟာ ဒီပွဲမှာ အသင်းခေါင်းဆောင် ကာဟေးလ်ကို ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘရီဂတ်၊ ကန်တီ နဲ့ ဘာကာယိုကိုတို့ကို ပွဲထွက်လာခဲ့ကာ ရှေ့တန်းမှာတော့ ထုံးစံအတိုင်း မိုရာတာနဲ့ ဟာဇက်တို့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲစပြီဆိုတာနဲ့ ဝက်စ်ဟမ်းအသင်းက အလွတ်တည်ကန်ဘောတွေကနေ ချဲဆီးရဲ့ ဂိုးဧရိယာထဲကို အမြင့်ဘောတွေပေးပို့ပြီး စတင်ခြိမ်းခြောက်လာခဲ့ပါတယ်။ ပွဲစလို့ 6 မီးနစ်မှာပဲ ဝက်စ်ဟမ်းအသင်းဟာ လန်ဇီနီနဲ့ အနာသိုဗစ်တို့ရဲ့တွဲလုံးကနေတဆင့် အဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။ ဒီဂိုးကိုေ့ အနာသိုဗစ်က ဂိုးသမား ကော့တွိုက်စ်ရဲ့ ညာဘက်ထောင့်ကို ကန်သွင်းသွင်းပြီး အိမ်ရှင်အတွက်အဖွင့်ဂိုး ရယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ချဲဆီးအသင်းကတော့ နယူူးဆယ်အသင်းနဲ့ပွဲစဉ်မှာလဲအဖွင့်ဂိုး စောစောစီးစီးပေးထားခဲ့ရတာမို့ ပွဲအစအထနှေးတဲ့ ကစားဟန်ကို လာမယ့်ပွဲတွေမှာ ပြင်ဆင်သွားဖို့ လိုအပ်လာနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းအသင်းဟာလဲ နည်းပြသစ် မိုယက်ရဲ့ လက်ထက်မှာတောါ ကစားပုံတွေ တဖြေးဖြေးတိုးတက်လာခဲ့ပြီဖြစ်ပြီး မန်စီးတီး၊ ချဲဆီးတို့လို အသင်းတွေကို ဦးဆောင်ဂိုးသွင်းယူထားနိုင်တဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်က အသိအမှတ်ပြုရမှာပါ။

 

ချဲဆီးဟာ ဦးဆောင်ဂိုးပေးလိုက်ရတာကြောင့် ချေပဂိုးပြန်လည်ရှိဖို့ကြိုးစားလာခဲ့သော်လဲ အချိတ်အဆက် မိမိနဲ့ ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပွဲချိန် 13 မီးနစ်မှာ မိုရာတာကို ဝက်စ်ဟမ်းနောက်ခံလူ ရိဒ်က ဧရိယာထဲမှာ ဆွဲလှဲခဲ့သော်လဲ ဒိုင်လူကြီး အန်သိုနီတေလာကတော့ ပင်နယ်တီပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

 

ဆက်လက်ပြီး ချဲဆီးအသင်းဟာ မားကို့အလွန်ဆိုရဲ့ တောင်ပံကနေတဆင့် ထိုးဖောက်မှုတွေ ပြုလုပ်လာခဲ့သလို၊ ဟာဇက်ရဲ့ တိုးအားတွေကို အားပြုပြီး ချေပဂိုးရဖို့ ကြိုးစားလာခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းကတော့ ဦးဆောင်ဂိုးရပြီးရင် သူတို့ရဲ့ထုံးစံအတိုင်း ကစားသမား 9 ယောက်အထိ နောက်တန်းကို ဆင်းပြီး ခံစစ်ကစားကာ ချဲဆီးတိုက်စစ်ကို ခုံခံလာခဲ့ပါတယ်။

 

ပွဲချိန် 27 မီးနစ်မှာတော့ ကွင်းလယ်ကစားသမား ကန်တီရဲ့ ဧရိယာပြင်ပက ကန်သွင်းချက် တိကျခဲ့ပေမယ့် ဝက်စ်ဟမ်းဂိုးသမား အန်ဒရီယန် ခုခံကာကွယ် သွားခဲ့ပြန်ပါတယ်။

 

ဒုတိယပိုင်းမှာတော့ ချဲဆီးဟာ ချေပဂိုးရရှိဖို့အတွက် ပက်ဒရိုကို ထည့်သွင်းကစားခဲ့ပြီး၊ ဟာဇက်ရဲ့ တစ်ကိုယ်တော် ခြေစွမ်းတွေနဲ့ ဝက်စ်ဟမ်းအသင်းကို ဆက်လက်ဖိအားပေးခဲ့ပါတယ်။ သို့သော်လဲ ဝက်စ်ဟမ်းအသင်းက ခံစစ်ကို ကျစ်ကျစ်လစ်လစ်နဲ့ ဆက်လက်ခုံခံခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲချိန် 53 မီးနစ်မှာတော့ အနာသိုဗစ် ချဲဆီးဂိုးဧရိယာထဲကို ဘောလုံးဖြတ်ဆွဲခဲ့ရာမှာ ခရစ္စတန်ဆန် လက်နဲ့ထိခဲ့သော်လဲ ဒိုင်လူကြီးကတော့ ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပြန်ပါတယ်။

 

ချဲဆီးအသင်းကတော့ ချေပဂိုးရဖို့အတွက် တိုက်စစ်ကို အစွမ်းကုန်မြှင့်တင်ခဲ့ကာ ဝီလီယံ မော့ဆက်တို့ကို ထည့်သွင်းကစားလာခဲ့ပါတယ်။ မော့ဆက်ကတော့ ညာတောင်ပံခံစစ်နေရာကစားခဲ့ပြီး၊ ပက်ဒရိုက ဘယ်တောင်ပံခံစစ်နေရာမှာ ကစားလာခဲ့ပါတယ်။ ဒီကနေ့ပွဲမှာတော့ ကွင်းလယ်လူ ကန်တီနဲ့ ဟာဇက်တို့ဟာ ချဲဆီးအတွက် အထူးကို ခြေစွမ်းပြ ကစားခဲ့တာပါ။ ဝက်စ်ဟမ်းအသင်းကလဲ ချေပဂိုးမပေးရရေးအတွက် အစွမ်းကုန်ခံခုံကာကွယ်ခဲ့ပါတယ်။ 83 မီးနစ်မှာတော့ လူကျွံထောင်ချောက်ကနေ လွတ်ထွက်လာတဲ့ ဘောလုံးကို တိုက်စစ်မှုး မိုရာတာ အပိုင်အခွင့်အရေးရခဲ့သော်လဲ သူ့ရဲ့ကန်ချက်ဟာ ဂိုးတိုင်ဘေးကနေ ကပ်ထွက်သွားခဲ့ပြန်ပါတယ်။

 

ပွဲအပြီးမှာတော့ဝက်စ်ဟမ်းဟာ ကစားသမားသစ် အနာသိုဗစ်ရဲ့ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဝက်စ်ဟမ်းနည်းပြသစ် မိုယက်ကတော့ 2016 ခုနှစ် ဒီဇင်ဘာနောက်ပိုင်း ပထမဆုံး အိမ်ကွင်းနိုင်ပွဲကို ရှာတွေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *