မန်ချက်စတာဒါဘီဟာကျွန်တော့်အတွက်ကမ္ဘာပေါ်မှာအရေးကြီးဆုံးပွဲပါပဲ  ကွန်ပနီ
====================================================
ဗင်းဆန့်ကွန်ပနီကမန်ချက်စတာဒါဘီဟာသူ့အတွက်ကမ္ဘာပေါ်မှာအရေးကြီးဆုံးပွဲတစ်ပွဲဖြစ်ပြီး ပရီးမီးယားလိဂ်ဆုဖလားအတွက်ဘယ်အသင်းမှအသာမရသေးဘူးလို့ခံစားမိကြောင်းပြောလိုက်ပါတယ်။
မန်စီးတီးဟာလက်ရှိမှာတော့ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ဒုတိယနေရာမှာရပ်တည်နေတဲ့ယူနိုက်တက်ထက်၈မှတ်အသာရနေပြီးလာမည့်စူပါဆန်းဒေးမှာတော့အိုးထရပ်ဖို့မှာဒီရာသီပထမဦးဆုံးအကြိမ်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့၂၀၁၂မန်စီးတီးအသင်းပရီးမီးယားလိဂ်ဖလားဆွတ်ခူးခဲ့တဲ့ရာသီကကွန်ပနီဟာယူနိုက်တက်ကိုအနိုင်ဂိုးသွင်းခဲ့ပြီးဘယ်ဂျီယံလက်ရွေးစင်ကမန်ချက်စတာကလပ်နှစ်ခုကြားမှာပရီးမီးယားလိဂ်ရမှတ်ထက်ဂုဏ်သိက္ခာပိုင်းကပိုမိုအရေးကြီးတယ်လို့ပြောသွားပါတယ်။
ကွန်ပနီက “မန်ချက်စတာဒါဘီရောက်လာတော့မယ်ဆိုရင်အခြားဖိအားတွေခဏရပ်တန့်သွားပြီးရာသီတစ်ခုလုံးကျွန်တော့်အတွက်ဘာမှအရေးမကြီးတော့ပါဘူး။ ခေါင်းထဲမှာဒါဘီပဲရှိနေပါတယ်။ မန်နေဂျာနဲ့ကစားသမားတွေကတော့ဒီဖိအားတွေလျော့ချချင်ကြပေမယ့်ကျွန်တော်ကတော့ဂရုမစိုက်ပါဘူး။ မန်ချက်စတာဒါဘီဟာအခုချိန်မှာတော့ကျွန်တေ်ာ့အတွက်ကမ္ဘာပေါ်မှာအရေးကြီးဆုံးပွဲတစ်ပွဲပါပဲ။
ဒါဟာကျွန်တော့်အတွက်အရမ်းကိုအဓိပ္ပာယ်ရှိလှပြီးပရိတ်သတ်တိုင်းဒီပွဲကိုအနိုင်ရချင်ပါတယ်။ ကျွန်တော်တို့ဘယ်အဆင့်ပဲရောက်နေနေအရေးမကြီးပါဘူး။ တစ်မှတ်လိုလို သုံးမှတ်လိုလိုဂရုမစိုက်ပါဘူး။ ကျွန်တော်တို့လိုအပ်တာကကွင်းထဲကနေထွက်ခွာတဲ့အချိန်မှာခေါင်းမော့ပြီးထွက်ခွာနိုင်ဖို့ပါပဲ။” လို့ပြောသွားပါတယ်။
Source : Sports Myanmar
Leave a comment
Your email address will not be published. Required fields are marked *