ဘရုိက္တန္ နဲ႔ ပြဲအတြက္ ျပင္ဆင္မႈေတြနဲ႔ မန္ခ်က္စတာ ယူႏုိက္တက္ သတင္းတိုမ်ား

မန္ခ်က္စတာ ယူႏုိက္တက္ အသင္းဟာ ယေန႔ည ျမန္မာစံေတာ္ခ်ိန္ ည ၉း၃၀ နာရီမွာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၃ အျဖစ္ ဘရုိက္တန္ အသင္းကို အိမ္ကြင္း အိုးထရက္ဖိုဒ့္ မွာ လက္ခံ ကစားရမွာျဖစ္ပါတယ္ ။

ယူႏုိက္တက္ အသင္းဘက္မွာေတာ့ ဖီးလ္ဂ်ဳံးစ္ နဲ႔ အဲရစ္ဘုိင္လီ တို႔ လြဲေခ်ာ္ဦးမယ္လုိ႔ ေမာ္ရင္ဟို က ေျပာဆို သြားခဲ့ပါတယ္

ယူႏုိက္တုိက္ တုိက္စစ္မႈးႀကီး ဇလာတန္ ကိုလည္း လာမယ့္ပြဲစဥ္ မွာ ၂၀ မိနစ္ခန္႔ အနည္းဆံုးထည့္သြင္း ကစားဖို႔ရွိသလုိ ေပါ့ဘာကိုလည္း မိနစ္ခန္႔ အနည္းဆံုး အသံုးျပဳသြားမွာျဖစ္ေၾကာင္း ေမာ္ရင္ဟို က ေျပာဆို သြားခဲ့ပါတယ္ ။

ဘရုိက္တန္ အသင္းနဲ႔ပတ္သက္လုိ႔လည္း “ဘရုိက္တန္ ဟာ အဆင့္ ၉ မွာရွိေနတဲ့ အသင္းပါ ။ သူတို႔ဟာ အသင္းေကာင္းတစ္သင္းျဖစ္ၿပီး အႏုိင္ယူဖို႔ ခက္ခဲပါတယ္ ။ ဂိုးလည္းအမ်ားႀကီး မေပးရပါဘူး ။ ကာယပုိင္း နဲ႔ တြန္းတြန္းတိုက္တိုက္ ကစားမႈေတြကို ေပါင္းစပ္ထားတဲ့ အသင္းတစ္သင္းပါ ။ သူတို႔မွာ အရည္အေသြးနဲ႔ ဖန္တီး ႏုိင္စြမ္းလည္း ေကာင္းမြန္ ပါတယ္” လုိ႔ ေမာ္ရင္ဟို က ဆုိသြားခဲ့ပါတယ္

ရိုဟို က ေတာ့ ခ်န္ပီယံလိဂ္မွာ ပြဲခ်ိန္ျပည့္ပါ၀င္ကစားႏုိင္ခဲ့ၿပီး ဒဏ္ရာရရွိမႈ မရွိေပမယ့္ ပြဲပန္းမႈကိုေတာ့ ထည့္တြက္ ရမယ္လုိ႔ ေမာ္ရင္ဟို က ေျပာဆိုသြားခဲ့ပါတယ္ ။

ယူႏုိက္တက္ ေနာက္ခံလူ လင္ဒီေလာ့ဖ္ ကေတာ့ ဟိုေဆးေမာ္ရင္ဟို ကို အေကာင္းဆံုးနည္းျပတစ္ေယာက္ လုိ႔ သမုတ္သြားခဲ့ၿပီး ေမာ္ရင္ဟို ရဲ႕ လက္ေအာက္မွာ သင္ယူစရာမ်ားစြာ ရွိတယ္လုိ႔ ေျပာဆိုသြားခဲ့ပါတယ္ ။

“ေမာ္ရင္ဟို ဟာ တကယ္ေတာ္တဲ့ နည္းျပတစ္ေယာက္ပါ ။ ကြ်န္ေတာ့အျမင္မွာေတာ့ သူက ကမၻာ့အေကာင္း ဆံုး နည္းျပတစ္ေယာက္ ပါ ။ ကြ်န္ေတာ့အတြက္ကေတာ့ သူ႔လက္ေအာက္မွာ သင္ယူရတာဟာ တကယ္ကို ေပ်ာ္ရႊင္စရာေကာင္းတဲ့ အခ်ိန္ေတြပါပဲ” လုိ႔ လင္ဒီေလာ့ဖ္ က ဆုိသြားခဲ့ပါတယ္ ။

မန္ခ်က္စတာ ယူႏို္က္တက္ ကြင္းလယ္ကစားသမားႀကီး မုိက္ကယ္ကာရစ္ က သူဟာ ႏွလံုးခုန္ႏႈန္းပံုမွန္ မျဖစ္ တာေၾကာင့္ ႏွလံုးဆိုင္ရာ ကုထံုးေတြနဲ႔ ကုသခဲ့ရတယ္လို႔ ထုတ္ျပန္ေျပာဆုိသြားခဲ့ပါတယ္ ။

ဘရိုက္တန္ နဲ႔ ပြဲႀကဳိျပင္ဆင္ ဖုိ႔ အတြက္ လိုရီဟိုတယ္ ကို ေရာက္ရွိလာၾကတဲ့ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းသားမ်ား –

ဒီဂီယာ ။ ရိုမဲရိုး ။ ပါရဲရား
ရိုဟို ။ လင္ဒီေလာ့ဖ္ ။ စေမာလင္း ။ ယန္း ။ ဗလင္စီယာ ။
မာတာ ။ ဖယ္ေလနီ ။ ေတာ္မီေနး ။ ဟာရဲရား ။ မာတစ္ ။ မစ္ခီတာရမ္ ။
မာရွယ္ ။ လူကာကူ ။ ရက္ဖုိဒ့္ ။ ဇလာတန္

#SM

 

Unicode

ဘရိုက်တန် နဲ့ ပွဲအတွက် ပြင်ဆင်မှုတွေနဲ့

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

===============================================

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယနေ့ည မြန်မာစံတော်ချိန် ည ၉း၃၀ နာရီမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အဖြစ် ဘရိုက်တန် အသင်းကို အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ လက်ခံ ကစားရမှာဖြစ်ပါတယ် ။

ယူနိုက်တက် အသင်းဘက်မှာတော့ ဖီးလ်ဂျုံးစ် နဲ့ အဲရစ်ဘိုင်လီ တို့ လွဲချော်ဦးမယ်လို့ မော်ရင်ဟို က ပြောဆို သွားခဲ့ပါတယ်

ယူနိုက်တိုက် တိုက်စစ်မှုးကြီး ဇလာတန် ကိုလည်း လာမယ့်ပွဲစဉ် မှာ ၂၀ မိနစ်ခန့် အနည်းဆုံးထည့်သွင်း ကစားဖို့ရှိသလို ပေါ့ဘာကိုလည်း မိနစ်ခန့် အနည်းဆုံး အသုံးပြုသွားမှာဖြစ်ကြောင်း မော်ရင်ဟို က ပြောဆို သွားခဲ့ပါတယ် ။

ဘရိုက်တန် အသင်းနဲ့ပတ်သက်လို့လည်း “ဘရိုက်တန် ဟာ အဆင့် ၉ မှာရှိနေတဲ့ အသင်းပါ ။ သူတို့ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး အနိုင်ယူဖို့ ခက်ခဲပါတယ် ။ ဂိုးလည်းအများကြီး မပေးရပါဘူး ။ ကာယပိုင်း နဲ့ တွန်းတွန်းတိုက်တိုက် ကစားမှုတွေကို ပေါင်းစပ်ထားတဲ့ အသင်းတစ်သင်းပါ ။ သူတို့မှာ အရည်အသွေးနဲ့ ဖန်တီး နိုင်စွမ်းလည်း ကောင်းမွန် ပါတယ်” လို့ မော်ရင်ဟို က ဆိုသွားခဲ့ပါတယ်

ရိုဟို က တော့ ချန်ပီယံလိဂ်မှာ ပွဲချိန်ပြည့်ပါ၀င်ကစားနိုင်ခဲ့ပြီး ဒဏ်ရာရရှိမှု မရှိပေမယ့် ပွဲပန်းမှုကိုတော့ ထည့်တွက် ရမယ်လို့ မော်ရင်ဟို က ပြောဆိုသွားခဲ့ပါတယ် ။

ယူနိုက်တက် နောက်ခံလူ လင်ဒီလော့ဖ် ကတော့ ဟိုဆေးမော်ရင်ဟို ကို အကောင်းဆုံးနည်းပြတစ်ယောက် လို့ သမုတ်သွားခဲ့ပြီး မော်ရင်ဟို ရဲ့ လက်အောက်မှာ သင်ယူစရာများစွာ ရှိတယ်လို့ ပြောဆိုသွားခဲ့ပါတယ် ။

“မော်ရင်ဟို ဟာ တကယ်တော်တဲ့ နည်းပြတစ်ယောက်ပါ ။ ကျွန်တော့အမြင်မှာတော့ သူက ကမ္ဘာ့အကောင်း ဆုံး နည်းပြတစ်ယောက် ပါ ။ ကျွန်တော့အတွက်ကတော့ သူ့လက်အောက်မှာ သင်ယူရတာဟာ တကယ်ကို ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေပါပဲ” လို့ လင်ဒီလော့ဖ် က ဆိုသွားခဲ့ပါတယ် ။

မန်ချက်စတာ ယူနို်က်တက် ကွင်းလယ်ကစားသမားကြီး မိုက်ကယ်ကာရစ် က သူဟာ နှလုံးခုန်နှုန်းပုံမှန် မဖြစ် တာကြောင့် နှလုံးဆိုင်ရာ ကုထုံးတွေနဲ့ ကုသခဲ့ရတယ်လို့ ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ် ။

ဘရိုက်တန် နဲ့ ပွဲကြိုပြင်ဆင် ဖို့ အတွက် လိုရီဟိုတယ် ကို ရောက်ရှိလာကြတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသားများ –

ဒီဂီယာ ။ ရိုမဲရိုး ။ ပါရဲရား
ရိုဟို ။ လင်ဒီလော့ဖ် ။ စမောလင်း ။ ယန်း ။ ဗလင်စီယာ ။
မာတာ ။ ဖယ်လေနီ ။ တော်မီနေး ။ ဟာရဲရား ။ မာတစ် ။ မစ်ခီတာရမ် ။
မာရှယ် ။ လူကာကူ ။ ရက်ဖိုဒ့် ။ ဇလာတန်

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *