








နောက်တော့ ဂရီမန်ဒီဆီလှမ်းပြီး ဖုန်းဆက်ပြောဖြစ်ခဲ့ပါသေးတယ်။ သူပြန်ပြောတာက အာဆင်ဝင်းဂါးက စိတ်ဝင်စားနေဆဲပါပဲတဲ့။ ဒီတာ့ ဆက်စောင့်နေရတာပေါ့ဗျာ။ နောက်ဆုံးတော့ အပြောင်းအရွှေ့ဈေးကွက် ပိတ်သွားတော့တာပါပဲ။ အာဆင်နယ်ဆီက ဘာကမ်းလှမ်းမှုမှ မရခဲ့ပါဘူး။ အဲဒီအချိန်ကတည်းက ကြားထဲက သတင်းတွေကြားရတာ ကျနော် သိပ်သဘောမကျတော့ပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဂရစ်ဇ်မန်းက သူ့ရဲ့ ကစားသမားဘဝကိုတော့ ဘက်ခမ်းရဲ့ မီယာမီအသင်းမှာ ကစားရင်း ကုန်ဆုံးသွားချင်တယ်လို့ ဆက်လက်ဖော်ပြသွားခဲ့ပါတယ်။

 

 

 

ယူနိုက်တက်ဟာ သူ နောက်ထပ်ပြောင်းရွှေ့မယ့် ကလပ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားတဲ့ ဂရစ်ဇ်မန်း!!
================================

အေတီကို အသင်းမှာ အစောပိုင်းကာလတွေက ခြေစွမ်းပြနိုင်ခြင်း မရှိတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ရင်ဆိုင်ခဲ့ရတဲ့ တိုက်စစ်မှုး ဂရစ်ဇ်မန်းကိုယ်တိုင်က အင်္ဂလန်အင်အားကြီး ယူနိုက်တက်ထံ ပြောင်းရွှေ့နိုင်ချေရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။

သူ့ကိုခေါ်ယူဖို့ ဘာစီလိုနာအသင်းကလဲ သတင်းတွေထွက်ပေါ်ဘူးပေမယ့် ယူနိုက်တက်ကတော့ သူ့ကို ခေါ်ဖို့ ကြိုးစားနေခဲ့တာ ကြာပြီဖြစ်ပါတယ်။

အခု နောက်ဆုံးထွက်ရှိခဲ့တဲ့ သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်မှာတော့ ဂရစ်ဇ်မန်းက ” နောက်ထပ် ပြောင်းရွှေ့မယ်ကလပ်ဟာ ယူနိုက်တက် ဖြစ်နိုင်ပါတယ်။

ပြီးတော့ ပေါ့ဘာနဲ့ ကျနော်က အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေလေ။ ဒါပေမယ့် အဲဒီအချက်က ကျနော့်ရဲ့ ရွေးချယ်မှုအပေါ်ကို သက်ရောက်မှုတော့ ရှိမှာ မဟုတ်ပါဘူး။ နောက်ထပ် ကျနော် မသိနိုင်သေးတာတစ်ခုက ဘယ်အချိန်မှာ ကျနော် ယူနိုက်တက် ဂျာစီကို ဝတ်ဆင်မလဲ ဆိုတာကိုပါ။

ပြီးတော့ ကျနော်က No.7 ပဲ အမြဲဝတ်ခဲ့တာလေ။ အဲဒီက No. 7 ကို ဝတ်ဆင်သွားတဲ့ ဒေးဗစ် ဘက်ခမ်းကလဲ ကျနော့်ရဲ့ idol ကြီးပါပဲ” လို့ ထုတ်ဖော်ရေးသားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဂရစ်ဇ်မန်းက သူငြင်းပယ်ခဲ့တဲ့ ကလပ်တွေရဲ့ အကြောင်းကိုလဲ အခုလို ရေးသားဖော်ပြသွားခဲ့ပါတယ်။

” ပက်ဂွါဒီယိုလာ ဘာစီလိုနာမှာ နည်းပြနေချိန် 2011 ခုနှစ်က သူတို့ဆီကနေ ကမ်းလှမ်းမှု တစ်ခု ရခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျနော်က အဲဒီကို မသွားဖို့ ဆုံးဖြတ်ခဲ့တာလေ။

တော့တင်ဟမ်ဆိုရင်လဲ 2014 ခုနှစ်က ကမ်းလှမ်းခဲ့ဖူးသလို၊ 2015 ခုနှစ်ကလဲ PSG ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါသေးတယ်။

2013 ခုနှစ်မှာတော့ အာဆင်နယ် ကင်းထောက် ဂရီမန်ဒီက ကျနော့်ဆီလာပြီး အာဆင်ဝင်းဂါးက ကျနော့်ခြေစွမ်းကို အရမ်းစိတ်ဝင်စားနေတဲ့အကြောင်း လာပြောပါသေးတယ်။ ကျနော်ဖြင့် ဘယ်အချိန်များ ကမ်းလှမ်းလာမလဲဆိုတာ စောင့်နေခဲ့ဏရတာဗျာ အချိန်တိုင်းလိုလိုပါပဲ။