လီဗာပူးသတင္းတိုမ်ား

လီဗာပူးကစားသမားေဟာင္းျဖစ္သူဂ်န္မုိဘီကမုိဟာမက္ဆာလက္အန္ဖီးကလပ္မွာခ်က္ခ်င္းအံ၀င္ခြင့္က်ျဖစ္မွဳဟာတုိက္စစ္မွုးေဟာင္းဖာနန္ဒုိေတာရက္စ္ထက္ပုိမိုသာလြန္တယ္လို႕ေျပာလုိက္ျပီးဒုိမီနစ္ဆုိလန္ကီဟာဆုိရင္လည္းအသင္းရဲ႕ထိပ္တန္းဂုိးသြင္းရွင္ျဖစ္လာလိမ့္မယ္လို႕ခန္႕မွန္းလိုက္ပါတယ္။

ဘရုိက္တန္ဘယ္ေနာက္ခံလူလီယန္ရုိဆီနာကဒီရာသီလီဗာပူးအသင္းရဲ႕ေနာက္တန္းျပသနာဟာ ထိပ္တန္းကြင္းလယ္ခံစစ္ကစားသမားရဲ႕ကာကြယ္မွဳမရွိတာေၾကာင့္ျဖစ္တယ္လို႕ေျပာလိုက္ပါတယ္။

ယခုလဒီဇင္ဘာမွာလီဗာပူးအသင္းကစားရမယ့္ပြဲစဥ္ေတြကေတာ့..
ဒီဇင္ဘာ ၂ – ဘရုိက္တန္ Vs လီဗာပူး
ဒီဇင္ဘာ ၆ – လီဗာပူး Vs စပါးတပ္ေမာ္စကုိ
ဒီဇင္ဘာ ၁၀ – လီဗာပူး Vs အဲဗာတန္
ဒီဇင္ဘာ ၁၃ – လီဗာပူး Vs ၀က္ဘရြန္း
ဒီဇင္ဘာ ၁၇ – ဘုန္းေမာက္ Vs လီဗာပူး
ဒီဇင္ဘာ ၂၂ – အာဆင္နယ္ Vs လီဗာပူး
ဒီဇင္ဘာ ၂၆ – လီဗာပူး Vs ဆြမ္ဆီး
ဒီဇင္ဘာ ၃၀ – လီဗာပူး Vs လက္စတာစီးတီး

အငွားစာခ်ဳပ္နဲ႕ဘြန္ဒက္လီဂါမွာသြားေရာက္ကစားေနတဲ့လီဗာပူးတုိက္စစ္မွဳးအိုရီဂီကသူ႕အေနနဲ႕၀ုဖ္ဘတ္အသင္းနဲ႕အငွားစာခ်ဳပ္သက္တမ္းတုိးသြားဖို႕ရွိေနတယ္လို႕၀န္ခံလုိက္ျပီးအနာဂတ္ဆုိတာဘာမွေျပာလုိ႕မရဘူးလုိ႕ေျပာလိုက္ပါတယ္။

လီဗာပူးကြင္းလယ္လူအမ္မရီခ်န္ကမုိဟာမက္ဆာလက္နဲ႕ပက္သက္ျပီး “ခင္ဗ်ားတုိ႕အေနနဲ႕ဆာလက္ကုိေနာက္ခံလူေတြေၾကာက္ရြံ႕ေနတယ္ဆုိတာျမင္ေတြ႕ႏုိင္ပါတယ္။ ဘာလို႕လဲဆုိေတာ့သူရဲ႕လွ်င္ျမန္မွဳႏွဳန္းဟာမယံုၾကည္ႏုိင္စရာပါပဲ။” လို႕ေျပာသြားပါတယ္။

လီဗာပူးနဲ႕ရာသီကုန္မွာစာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မွာျဖစ္တဲ့ကြင္းလယ္လူအမ္မရီခ်န္ကသူ႕အေနနဲ႕လက္ရွိအခ်ိန္ထိအန္ဖီးကလပ္နဲ႕စာခ်ဳပ္သက္တမ္းတုိးျမွင့္ျခင္းမရွိေသးတာဟာေငြေၾကးဆုိင္ရာကိစၥေၾကာင့္မဟုတ္ဘူးလို႕ေျပာသြားပါတယ္။

ရီးရဲယ္မက္ဒရစ္အသင္းဟာလာမည့္ေႏြရာသီမွာဒီရာသီလီဗာပူးအတြက္အေကာင္းဆံုးေျခစြမ္းျပေနတဲ့မုိဟာမက္ဆာလက္ကုိေခၚယူသြားရန္စိတ္၀င္စားေနတယ္လို႕သတင္းထြက္ေနတာေၾကာင့္လီဗာပူးဟာ၎ရဲ႕ေနရာမွာအစားထုိး၇န္စပို႕တင္းလစၥဘြန္းမွာပံုစံေကာင္းျပသေနတဲ့ဂယ္ဆင္မာတင္ကုိေပါင္၅၃.၅သန္းနဲ႕ေခၚယူရန္ျပင္ဆင္ေနပါတယ္။

လီဗာပူးအသင္းဟာရုိးမားအသင္းရဲ႕ေပါင္၂၂သန္းတန္ဘယ္ေနာက္ခံလူအီမာဆင္ပယ္မုိင္ရီကုိေခၚယူဖုိ႕စိတ္၀င္စားေနေပမယ့္လည္းကစားသမားဘက္ကေတာ့အီတလီမွာပဲဆက္ေနရန္လိုလားေၾကာင္းေျပာလုိက္ပါတယ္။

ဘာစီလိုနာတုိက္စစ္မွဳးလီယြန္နယ္မက္ဆီကလီဗာပူးစတားဖိလစ္ပီေကာ္တင္ညိဳဟာဘာကာရဲ႕ကြင္းလယ္ကုိဥေရာပမွာအေကာင္းဆံုးကြင္းလယ္ျဖစ္ေအာင္လုပ္ေပးႏုိင္စြမ္းရွိတယ္လို႕ေျပာလိုက္ျပီးႏူးကမ့္ကုိအေရာက္ေခၚယူရန္ကလပ္တာ၀န္ရွိသူေတြကုိတုိက္တြန္းလိုက္ပါတယ္။

 

လီဗာပူးသတင်းတိုများ
****************
ဘရိုက်တန်ဘယ်နောက်ခံလူလီယန်ရိုဆီနာကဒီရာသီလီဗာပူးအသင်းရဲ့နောက်တန်းပြသနာဟာ ထိပ်တန်းကွင်းလယ်ခံစစ်ကစားသမားရဲ့ကာကွယ်မှုမရှိတာကြောင့်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။

ယခုလဒီဇင်ဘာမှာလီဗာပူးအသင်းကစားရမယ့်ပွဲစဉ်တွေကတော့..
ဒီဇင်ဘာ ၂ – ဘရိုက်တန် Vs လီဗာပူး
ဒီဇင်ဘာ ၆ – လီဗာပူး Vs စပါးတပ်မော်စကို
ဒီဇင်ဘာ ၁၀ – လီဗာပူး Vs အဲဗာတန်
ဒီဇင်ဘာ ၁၃ – လီဗာပူး Vs ၀က်ဘရွန်း
ဒီဇင်ဘာ ၁၇ – ဘုန်းမောက် Vs လီဗာပူး
ဒီဇင်ဘာ ၂၂ – အာဆင်နယ် Vs လီဗာပူး
ဒီဇင်ဘာ ၂၆ – လီဗာပူး Vs ဆွမ်ဆီး
ဒီဇင်ဘာ ၃၀ – လီဗာပူး Vs လက်စတာစီးတီး

အငှားစာချုပ်နဲ့ဘွန်ဒက်လီဂါမှာသွားရောက်ကစားနေတဲ့လီဗာပူးတိုက်စစ်မှုးအိုရီဂီကသူ့အနေနဲ့ဝုဖ်ဘတ်အသင်းနဲ့အငှားစာချုပ်သက်တမ်းတိုးသွားဖို့ရှိနေတယ်လို့ဝန်ခံလိုက်ပြီးအနာဂတ်ဆိုတာဘာမှပြောလို့မရဘူးလို့ပြောလိုက်ပါတယ်။

လီဗာပူးကွင်းလယ်လူအမ်မရီချန်ကမိုဟာမက်ဆာလက်နဲ့ပက်သက်ပြီး “ခင်ဗျားတို့အနေနဲ့ဆာလက်ကိုနောက်ခံလူတွေကြောက်ရွံ့နေတယ်ဆိုတာမြင်တွေ့နိုင်ပါတယ်။ ဘာလို့လဲဆိုတော့သူရဲ့လျှင်မြန်မှုနှုန်းဟာမယုံကြည်နိုင်စရာပါပဲ။” လို့ပြောသွားပါတယ်။

လီဗာပူးနဲ့ရာသီကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့ကွင်းလယ်လူအမ်မရီချန်ကသူ့အနေနဲ့လက်ရှိအချိန်ထိအန်ဖီးကလပ်နဲ့စာချုပ်သက်တမ်းတိုးမြှင့်ခြင်းမရှိသေးတာဟာငွေကြေးဆိုင်ရာကိစ္စကြောင့်မဟုတ်ဘူးလို့ပြောသွားပါတယ်။

ရီးရဲယ်မက်ဒရစ်အသင်းဟာလာမည့်နွေရာသီမှာဒီရာသီလီဗာပူးအတွက်အကောင်းဆုံးခြေစွမ်းပြနေတဲ့မိုဟာမက်ဆာလက်ကိုခေါ်ယူသွားရန်စိတ်ဝင်စားနေတယ်လို့သတင်းထွက်နေတာကြောင့်လီဗာပူးဟာ၎င်းရဲ့နေရာမှာအစားထိုးရန်စပို့တင်းလစ္စဘွန်းမှာပုံစံကောင်းပြသနေတဲ့ဂယ်ဆင်မာတင်ကိုပေါင်၅၃.၅သန်းနဲ့ခေါ်ယူရန်ပြင်ဆင်နေပါတယ်။

လီဗာပူးအသင်းဟာရိုးမားအသင်းရဲ့ပေါင်၂၂သန်းတန်ဘယ်နောက်ခံလူအီမာဆင်ပယ်မိုင်ရီကိုခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့်လည်းကစားသမားဘက်ကတော့အီတလီမှာပဲဆက်နေရန်လိုလားကြောင်းပြောလိုက်ပါတယ်။

လီဗာပူးကစားသမားဟောင်းဖြစ်သူဂျန်မိုဘီကမိုဟာမက်ဆာလက်အန်ဖီးကလပ်မှာချက်ချင်းအံဝင်ခွင့်ကျဖြစ်မှုဟာတိုက်စစ်မှုးဟောင်းဖာနန်ဒိုတောရက်စ်ထက်ပိုမိုသာလွန်တယ်လို့ပြောလိုက်ပြီးဒိုမီနစ်ဆိုလန်ကီဟာဆိုရင်လည်းအသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာလိမ့်မယ်လို့ခန့်မှန်းလိုက်ပါတယ်။

ဘာစီလိုနာတိုက်စစ်မှုးလီယွန်နယ်မက်ဆီကလီဗာပူးစတားဖိလစ်ပီကော်တင်ညိုဟာဘာကာရဲ့ကွင်းလယ်ကိုဥရောပမှာအကောင်းဆုံးကွင်းလယ်ဖြစ်အောင်လုပ်ပေးနိုင်စွမ်းရှိတယ်လို့ပြောလိုက်ပြီးနူးကမ့်ကိုအရောက်ခေါ်ယူရန်ကလပ်တာဝန်ရှိသူတွေကိုတိုက်တွန်းလိုက်ပါတယ်။

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *