မက္ဆီရဲ႕ဂုိးကုိခြင့္မျပဳခဲ့တာနဲ႕ပက္သက္ျပီးေဆြးေႏြးခဲ့ၾကတဲ့ ဗယ္ဗာဒီ အယ္ဘာနဲ႕ဘက္စ္ကြက္

မေန႕ညကဗလင္စီယာနဲ႕တစ္ဂုိးစီသေရက်ခဲ့တဲ့ပြဲမွာလီယြန္နယ္မက္ဆီရဲ႕ဂုိးကုိဒုိင္လူၾကီးခြင့္မျပဳခဲ့တာနဲ႕ပက္သက္ျပီးဘာစီလုိနာနည္းျပအာနက္စ္တုိဗယ္ဗာဒီ ဆာဂ်ီယိုဘက္စ္ကြက္ ေဂ်ာ္ဒီအယ္ဗာတုိ႕ဟာအဆုိပါဆံုးျဖတ္ခ်က္ကိုအလြန္အံ့ၾသမိေၾကာင္းေျပာလုိက္ပါတယ္။

ပထမပုိင္းမိနစ္သံုးဆယ္နီးပါးေလာက္မွာမက္ဆီကန္သြင္းလိုက္တဲ့ကန္ခ်က္ကုိဗလင္စီယာဂုိးသမားနီတုိကာကြယ္ရာမွာေပါင္ၾကားထဲကေန၀င္ျပီးဂုိးစည္းကုိရွင္းရွင္းလင္းလင္းေက်ာ္သြားခဲ့ေပမယ့္လည္းဒိုင္လူၾကီးဗီလာႏူဗာကေတာ့ဂုိးအျဖစ္ခြင့္မျပဳခဲ့ပါဘူး။

ေဂ်ာ္ဒီအယ္ဘာက “ဒီပယ္ဖ်က္လုိက္တဲ့ဂုိးကုိအားလံုးျမင္ေတြ႕ခဲ့ၾကပါတယ္။ ကၽြန္ေတာ္တုိ႕ဗီဒီယုိကေနျပန္ၾကည့္ခဲ့ၾကျပီးဘက္တစ္နဲ႕ပြဲကလည္းဒီလုိျဖစ္ခဲ့ပါေသးတယ္။ ဒီဟာဂုိးတယ္ဆုိတာရွင္းလင္းလွပါတယ္။ ဗီဒီယုိနည္းပညာေတာ့လုိအပ္ေနပါျပီ။

ျပီးခဲ့တဲ့ရာသီကဒီလုိဂုိးမ်ိဳးကၽြန္ေတာ္တုိ႕ပယ္ဖ်က္ခံခဲ့ရဖူးပါတယ္။ ဒီရမွတ္ေတြဆံုးရွံဳးခဲ့လို႕ကၽြန္ေတာ္တုိ႕လာလီဂါဖလားကုိလက္လႊတ္ခ့ဲရပါတယ္။ မက္ဆီကန္သြင္းလုိက္ခ်ိန္မွာကၽြန္ေတာ္ဟာကြင္းလယ္မွာရွိေနတာ့ပါ။ ကၽြန္ေတာ္ေတာင္ေဘာလံုးဂုိးစည္းေက်ာ္သြားတာကုိျမင္ခဲ့ရပါတယ္။” လို႕ေျပာလုိက္ပါတယ္။

ဆာဂ်ီယုိဘက္စ္ကြက္က “ခံစားခ်က္ကေတာ့သိပ္မေကာင္းလွပါဘူး။ ဒါဟာဂုိးတစ္ဂုိးဆုိတာရွင္းရွင္းလင္းလင္းပါပဲ။ ဒါေပမယ့္ဒုိင္လူၾကီနဲ႕လက္ေထာက္ေတြဒါကုိမျမင္ခဲ့ပါဘူး။ ကၽြန္ေတာ္တုိ႕ဒီရလဒ္ထက္ပိုမုိထိုက္တန္ပါတယ္။” လုိ႕ေျပာခဲ့ပါတယ္။

နည္းျပဗယ္ဗာဒီကေတာ့ “ဒါဟာပြဲေကာင္းတစ္ပြဲပါပဲ။ ဒီလုိအဆုိးဆံုးကုိၾကံဳခဲ့ရေပမယ့္လည္းကၽြန္ေတာ္တုိ႕ထိပ္ဆံုးေနရာမွာရွိေနေသးတဲ့အတြက္ေပ်ာ္ရႊင္ရပါတယ္။ ကၽြန္ေတာ္တုိ႕ဒီပြဲအတြက္အမ်ားၾကီးရဲရင့္စြာကစားခဲ့ရျပီးဒီပြဲကုိအႏုိင္ရခ်င္ခဲ့ပါတယ္။

ပထမပိုင္းမွာကၽြန္ေတာ္တုိ႕ျပိဳင္ဘက္ကုိထိန္းခ်ဳပ္ႏုိင္ခဲ့ျပီးဂုိးတစ္ဂုိးပယ္ဖ်က္ခံခဲ့ရပါတယ္။ ဒုတိယပုိင္းမွာေတာ့ဗလင္စီယာဟာကၽြန္ေတာ္တုိ႕ကုိဖိအားေပးရန္ဆံုးျဖတ္ခဲ့ျပီးတုိက္စစ္ဆင္ကစားလာခဲ့ပါတယ္။ သူတုိ႕ကိုေပးခဲ့ရတဲ့ဂုိးဟာကၽြန္ေတာ္တုိ႕ကိုနာက်င္ေစပါတယ္။ ဒါ့ေၾကာင့္ျပန္လည္တုိက္စစ္ဆင္ခဲ့၇တာပါ။

မက္ဆီရဲ႕ဂုိးကုိပယ္ဖ်က္ခဲ့တာဟာကၽြန္ေတာ္တုိ႕ကုိအလြန္ထိခိုက္ေစခဲ့ျပီးဒါဟာစည္းက်ပ္ဒုိင္ရဲ႕မွားယြင္းတဲ့ဆံုးျဖတ္ခ်က္ပါပဲ။” လို႕ေျပာသြားပါတယ္။

မက်ဆီရဲ့ဂိုးကိုခွင့်မပြုခဲ့တာနဲ့ပက်သက်ပြီးဆွေးနွေးခဲ့ကြတဲ့ ဗယ်ဗာဒီ အယ်ဘာနဲ့ဘက်စ်ကွက်

**************************************************************

မနေ့ညကဗလင်စီယာနဲ့တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာလီယွန်နယ်မက်ဆီရဲ့ဂိုးကိုဒိုင်လူကြီးခွင့်မပြုခဲ့တာနဲ့ပက်သက်ပြီးဘာစီလိုနာနည်းပြအာနက်စ်တိုဗယ်ဗာဒီ ဆာဂျီယိုဘက်စ်ကွက် ဂျော်ဒီအယ်ဗာတို့ဟာအဆိုပါဆုံးဖြတ်ချက်ကိုအလွန်အံ့သြမိကြောင်းပြောလိုက်ပါတယ်။

ပထမပိုင်းမိနစ်သုံးဆယ်နီးပါးလောက်မှာမက်ဆီကန်သွင်းလိုက်တဲ့ကန်ချက်ကိုဗလင်စီယာဂိုးသမားနီတိုကာကွယ်ရာမှာပေါင်ကြားထဲကနေဝင်ပြီးဂိုးစည်းကိုရှင်းရှင်းလင်းလင်းကျော်သွားခဲ့ပေမယ့်လည်းဒိုင်လူကြီးဗီလာနူဗာကတော့ဂိုးအဖြစ်ခွင့်မပြုခဲ့ပါဘူး။

ဂျော်ဒီအယ်ဘာက “ဒီပယ်ဖျက်လိုက်တဲ့ဂိုးကိုအားလုံးမြင်တွေ့ခဲ့ကြပါတယ်။ ကျွန်တော်တို့ဗီဒီယိုကနေပြန်ကြည့်ခဲ့ကြပြီးဘက်တစ်နဲ့ပွဲကလည်းဒီလိုဖြစ်ခဲ့ပါသေးတယ်။ ဒီဟာဂိုးတယ်ဆိုတာရှင်းလင်းလှပါတယ်။ ဗီဒီယိုနည်းပညာတော့လိုအပ်နေပါပြီ။

ပြီးခဲ့တဲ့ရာသီကဒီလိုဂိုးမျိုးကျွန်တော်တို့ပယ်ဖျက်ခံခဲ့ရဖူးပါတယ်။ ဒီရမှတ်တွေဆုံးရှုံးခဲ့လို့ကျွန်တော်တို့လာလီဂါဖလားကိုလက်လွှတ်ခဲ့ရပါတယ်။ မက်ဆီကန်သွင်းလိုက်ချိန်မှာကျွန်တော်ဟာကွင်းလယ်မှာရှိနေတာ့ပါ။ ကျွန်တော်တောင်ဘောလုံးဂိုးစည်းကျော်သွားတာကိုမြင်ခဲ့ရပါတယ်။” လို့ပြောလိုက်ပါတယ်။

ဆာဂျီယိုဘက်စ်ကွက်က “ခံစားချက်ကတော့သိပ်မကောင်းလှပါဘူး။ ဒါဟာဂိုးတစ်ဂိုးဆိုတာရှင်းရှင်းလင်းလင်းပါပဲ။ ဒါပေမယ့်ဒိုင်လူကြီနဲ့လက်ထောက်တွေဒါကိုမမြင်ခဲ့ပါဘူး။ ကျွန်တော်တို့ဒီရလဒ်ထက်ပိုမိုထိုက်တန်ပါတယ်။” လို့ပြောခဲ့ပါတယ်။

နည်းပြဗယ်ဗာဒီကတော့ “ဒါဟာပွဲကောင်းတစ်ပွဲပါပဲ။ ဒီလိုအဆိုးဆုံးကိုကြံုခဲ့ရပေမယ့်လည်းကျွန်တော်တို့ထိပ်ဆုံးနေရာမှာရှိနေသေးတဲ့အတွက်ပျော်ရွှင်ရပါတယ်။ ကျွန်တော်တို့ဒီပွဲအတွက်အများကြီးရဲရင့်စွာကစားခဲ့ရပြီးဒီပွဲကိုအနိုင်ရချင်ခဲ့ပါတယ်။

ပထမပိုင်းမှာကျွန်တော်တို့ပြိုင်ဘက်ကိုထိန်းချုပ်နိုင်ခဲ့ပြီးဂိုးတစ်ဂိုးပယ်ဖျက်ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ဗလင်စီယာဟာကျွန်တော်တို့ကိုဖိအားပေးရန်ဆုံးဖြတ်ခဲ့ပြီးတိုက်စစ်ဆင်ကစားလာခဲ့ပါတယ်။ သူတို့ကိုပေးခဲ့ရတဲ့ဂိုးဟာကျွန်တော်တို့ကိုနာကျင်စေပါတယ်။ ဒါ့ကြောင့်ပြန်လည်တိုက်စစ်ဆင်ခဲ့ရတာပါ။
မက်ဆီရဲ့ဂိုးကိုပယ်ဖျက်ခဲ့တာဟာကျွန်တော်တို့ကိုအလွန်ထိခိုက်စေခဲ့ပြီးဒါဟာစည်းကျပ်ဒိုင်ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ပါပဲ။” လို့ပြောသွားပါတယ်။

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *