PSG အသင်း ချန်ပီယံလိဂ်စံချိန်မှတ်တမ်းများ ပိုင်ဆိုင်

ဆဲလ်တစ်အသင်းကို (၇-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် လက်ရှိဘောလုံးရာသီ
ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၅)အပြီးတွင် PSG အသင်းသည်
ချန်ပီယံလိဂ်စံချိန်မှတ်တမ်းများ ပိုင်ဆိုင်ခဲ့သည်။
PSG အသင်းသည် အုပ်စုပွဲစဉ် (၅)အပြီးတွင်
သွင်းဂိုး (၂၄)ဂိုးအထိရှိလာခဲ့ပြီး
ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုအဆင့်၌ ဂိုးအများဆုံး
သွင်းယူနိုင်သောစံချိန်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတွင် အုပ်စုအဆင့်၌ ဂိုးအများဆုံးသွင်းယူနိုင်သည့်အသင်းအဖြစ်
ပြီးခဲ့သည့်ဘောလုံးရာသီတွင် (၂၁)ဂိုးသွင်းယူနိုင်ခဲ့သည့် ဒေါ့မွန်အသင်း
ရပ်တည်ခဲ့သည်။

ထို့ပြင် PSG အသင်းသည် လာမည့်အုပ်စုနောက်ဆုံးပွဲတွင် အနိုင်ရရှိခဲ့ပါက
အုပ်စုပွဲစဉ်အားလုံး ရာနှုန်းပြည့်အနိုင်ရရှိသည့် မှတ်တမ်းကိုပိုင်ဆိုင်မည်ဖြစ်သလိုအုပ်စုပွဲစဉ်အားလုံးအနိုင်ရရှိပြီး ဂိုးကွာခြားချက်အများဆုံး
စွမ်းဆောင်နိုင်သော
အသင်းအဖြစ်မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။

■ အုပ်စုအဆင့်တွင် ဂိုးအများဆုံးသွင်းယူခဲ့သည့်အသင်းများ

PSG (၂၄)ဂိုး၊ ၂၀၁၇-၁၈
ဒေါ့မွန် (၂၁) ဂိုး၊ ၂၀၁၆-၁၇
မန်ယူ (၂၀) ဂိုး၊ ၁၉၉၈-၉၉
ဘာစီလိုနာ (၂၀) ဂိုး၊ ၂၀၁၁-၁၂
ရီးယဲလ် (၂၀) ဂိုး၊ ၂၀၁၃-၁၄
ဘာစီလိုနာ (၁၉) ဂိုး၊ ၁၉၉၉-၀၀
ရီးယဲလ် (၁၉) ဂိုး၊ ၂၀၁၁-၁၂၊ ၂၀၁၅-၁၆
ဘိုင်ယန်မြူးနစ် (၁၉) ဂိုး၊ ၂၀၁၅-၁၆

■ ဂိုးကွာခြားချက်အများဆုံးဖြင့် အုပ်စုပွဲစဉ်အားလုံးအနိုင်ရရှိခဲ့သည့်အသင်းများ

ရီးယဲလ် (၁၇) ဂိုး၊ ၂၀၁၁-၁၂
ရီးယဲလ် (၁၄) ဂိုး၊ ၂၀၁၄-၁၅
စပါးတပ်မော်စကို (၁၁) ဂိုး၊ ၁၉၉၅-၉၆
အေစီမီလန် (၁၀)ဂိုး၊ ၁၉၉၂-၉၃

Source :  Eleven Sports

Leave a comment

Your email address will not be published. Required fields are marked *