မန္ခ်က္စတာဒါဘီမွာ မန္ယူအသင္းတုိက္စစ္ကစားသြားရမယ္လို႕ေျပာလိုက္တဲ့ေပါ့ဘာ

ေပါလ္ေပါ့ဘာကလာမည့္စူပါဆန္းေဒးမန္ခ်က္စတာစီးတီးအသင္းနဲ႕အိုးထရပ္ဖို႕ဒ္မွာကစားရမယ့္မန္ခ်က္စတာဒါဘီပြဲစဥ္မွာယူႏုိက္တက္အေနနဲ႕တုိက္စစ္ကစားသြားဖုိ႕လိုအပ္တယ္လို႕ေျပာလိုက္ပါတယ္။
ေပါ့ဘာဟာျပီးခဲ့တဲ့အာဆင္နယ္ကုိ၃ဂုိး၁ဂိုးနဲ႕ႏုိင္ခဲ့တဲ့ပြဲစဥ္မွာဘယ္လာရင္ကုိတက္နင္းမိခဲ့တာေၾကာင့္အနီကတ္နဲ႕ထုတ္ပယ္ခံခဲ့ရျပီးလာမည့္မန္ခ်က္စတာဒါဘီကုိလြဲေခ်ာ္ရေတာ့မွာျဖစ္ကာအုိးထရပ္ဖုိ႕ဒ္မွာပြဲၾကည့္ပရိတ္သတ္တစ္ေယာက္အေနနဲ႕သာရွိေနေတာ့မွာျဖစ္ပါတယ္။


လာမည့္မန္ခ်က္စတာဒါဘီနဲ႕ပက္သက္ျပီးေပါ့ဘာက “ကၽြန္ေတာ္တုိ႕တုိက္စစ္ဆင္ကစားဖို႕လိုအပ္ပါတယ္။ ဒီလိုပြဲစဥ္ေတြကုိအႏုိင္ရဖုိ႕အတြက္ဆုိရင္အရာအားလံုးေပးဆပ္ရမွာပါ။ တုိက္စစ္ေကာ ခံစစ္ပါထက္ျမက္မွဳရွိဖုိ႕လိုအပ္ျပီးအခြင့္အေရးတစ္ၾကိမ္ရရင္တစ္ၾကိမ္အသံုးခ်သြားရမွာပါ။ ဘာလို႕လဲဆုိေတာ့စီးတီးဟာတုိက္စစ္ေကာင္းမြန္တဲ့အသင္းျဖစ္ျပီးအခ်ိန္မေရြးျပိဳင္ဘက္ကုိထုိးႏွက္ႏုိင္လုိ႕ပါပဲ။
သူတုိ႕ဟာဒီရာသီမွာအေကာင္းဆံုးစြမ္းေဆာင္ျပထားတာေၾကာင့္ကၽြန္ေတာ္တုိ႕ထက္အနည္းငယ္ေရပန္းစားေနပါတယ္။ သူတုိ႕ဟာႏုိင္ပြဲဆက္ေနျပီးဒီရာသီတစ္ပြဲမွမရွံဳးေသးပါဘူး။ ဒါ့ေၾကာင့္စိတ္ဓာတ္ပိုင္းကေတာ့အရမ္းကုိျမင့္တက္ေနပါတယ္။ ကၽြန္ေတာ္တုိ႕သူတုိ႕ရဲ႕စိတ္ဓာတ္အတိုင္းရွိေနဖုိ႕လိုအပ္ပါတယ္။


ဒါဟာၾကီးၾကယ္တဲ့ဒါဘီပြဲစဥ္ျဖစ္ျပီး ကြင္းရဲ႕အေငြ႕အသက္ေတြဟာခမ္းနားေနပါလိမ့္မယ္။ ကၽြန္ေတာ္တုိ႕အႏုိင္ရခ်င္ျပီးအႏုိင္ရဖို႕လည္းလိုအပ္ပါတယ္။ သူတုိ႕လည္းအႏုိင္ရဖို႕လိုအပ္ပါတယ္။ ဘာလို႕လဲဆုိေတာ့ကၽြန္ေတာ္တုိ႕ဟာသူတုိ႕ေနာက္မွာရွိေနျပီးအနီးကပ္ဆံုးဖိအားေပးေနတယ္ဆုိတာသူတုိ႕သိပါတယ္။
မန္ခ်က္စတာယူႏုိက္တက္ Vs မန္ခ်က္စတာစီးတီးပြဲဟာအျမဲတမ္းၾကီးၾကယ္ခမ္းနားတဲ့ဒါဘီပြဲျဖစ္ပါတယ္။ ျမိဳ႕တစ္ျမိဳ႕ အသင္းႏွစ္သင္း ဘာေတြျဖစ္လာမလဲဆုိတာကၽြန္ေတာ္လည္းမေျပာႏုိင္ပါဘူး။
ကြင္းထဲမွာေတာ့ခမ္းနားတဲ့အေငြ႕အသက္ေတြလႊမ္းျခံဳေနပါလိမ့္မယ္။ ၾကီးၾကယ္တဲ့အသင္း နာမည္ေက်ာ္ကစားသမား ေတြပါ၀င္တဲ့ပြဲကုိကၽြန္ေတာ္၀င္ကစားခ်င္ပါတယ္။ ကံမေကာင္းစြာနဲ႕ကၽြန္ေတာ္ကစားရေတာ့မွာမဟုတ္ပါဘူး။ ဒါေပမယ့္အသင္းကုိစိတ္ပုိင္းဆိုင္ျမွင့္တင္ေပးဖုိ႕ကြင္းထဲမွာကၽြန္ေတာ္ရွိေနမွာပါ။” လို႕ေျပာသြားပါတယ္။

Unicode

မန်ချက်စတာဒါဘီမှာယူနိုက်တက်အသင်းတိုက်စစ်ကစားသွားရမယ်လို့ပြောလိုက်တဲ့ပေါ့ဘာ
***************************************************
ပေါလ်ပေါ့ဘာကလာမည့်စူပါဆန်းဒေးမန်ချက်စတာစီးတီးအသင်းနဲ့အိုးထရပ်ဖို့ဒ်မှာကစားရမယ့်မန်ချက်စတာဒါဘီပွဲစဉ်မှာယူနိုက်တက်အနေနဲ့တိုက်စစ်ကစားသွားဖို့လိုအပ်တယ်လို့ပြောလိုက်ပါတယ်။
ပေါ့ဘာဟာပြီးခဲ့တဲ့အာဆင်နယ်ကို၃ဂိုး၁ဂိုးနဲ့နိုင်ခဲ့တဲ့ပွဲစဉ်မှာဘယ်လာရင်ကိုတက်နင်းမိခဲ့တာကြောင့်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပြီးလာမည့်မန်ချက်စတာဒါဘီကိုလွဲချော်ရတော့မှာဖြစ်ကာအိုးထရပ်ဖို့ဒ်မှာပွဲကြည့်ပရိတ်သတ်တစ်ယောက်အနေနဲ့သာရှိနေတော့မှာဖြစ်ပါတယ်။
လာမည့်မန်ချက်စတာဒါဘီနဲ့ပက်သက်ပြီးပေါ့ဘာက “ကျွန်တော်တို့တိုက်စစ်ဆင်ကစားဖို့လိုအပ်ပါတယ်။ ဒီလိုပွဲစဉ်တွေကိုအနိုင်ရဖို့အတွက်ဆိုရင်အရာအားလုံးပေးဆပ်ရမှာပါ။ တိုက်စစ်ကော ခံစစ်ပါထက်မြက်မှုရှိဖို့လိုအပ်ပြီးအခွင့်အရေးတစ်ကြိမ်ရရင်တစ်ကြိမ်အသုံးချသွားရမှာပါ။ ဘာလို့လဲဆိုတော့စီးတီးဟာတိုက်စစ်ကောင်းမွန်တဲ့အသင်းဖြစ်ပြီးအချိန်မရွေးပြိုင်ဘက်ကိုထိုးနှက်နိုင်လို့ပါပဲ။
သူတို့ဟာဒီရာသီမှာအကောင်းဆုံးစွမ်းဆောင်ပြထားတာကြောင့်ကျွန်တော်တို့ထက်အနည်းငယ်ရေပန်းစားနေပါတယ်။ သူတို့ဟာနိုင်ပွဲဆက်နေပြီးဒီရာသီတစ်ပွဲမှမရှုံးသေးပါဘူး။ ဒါ့ကြောင့်စိတ်ဓာတ်ပိုင်းကတော့အရမ်းကိုမြင့်တက်နေပါတယ်။ ကျွန်တော်တို့သူတို့ရဲ့စိတ်ဓာတ်အတိုင်းရှိနေဖို့လိုအပ်ပါတယ်။
ဒါဟာကြီးကြယ်တဲ့ဒါဘီပွဲစဉ်ဖြစ်ပြီး ကွင်းရဲ့အငွေ့အသက်တွေဟာခမ်းနားနေပါလိမ့်မယ်။ ကျွန်တော်တို့အနိုင်ရချင်ပြီးအနိုင်ရဖို့လည်းလိုအပ်ပါတယ်။ သူတို့လည်းအနိုင်ရဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာသူတို့နောက်မှာရှိနေပြီးအနီးကပ်ဆုံးဖိအားပေးနေတယ်ဆိုတာသူတို့သိပါတယ်။
မန်ချက်စတာယူနိုက်တက် Vs မန်ချက်စတာစီးတီးပွဲဟာအမြဲတမ်းကြီးကြယ်ခမ်းနားတဲ့ဒါဘီပွဲဖြစ်ပါတယ်။ မြို့တစ်မြို့ အသင်းနှစ်သင်း ဘာတွေဖြစ်လာမလဲဆိုတာကျွန်တော်လည်းမပြောနိုင်ပါဘူး။
ကွင်းထဲမှာတော့ခမ်းနားတဲ့အငွေ့အသက်တွေလွှမ်းခြံုနေပါလိမ့်မယ်။ ကြီးကြယ်တဲ့အသင်း နာမည်ကျော်ကစားသမား တွေပါ၀င်တဲ့ပွဲကိုကျွန်တော်ဝင်ကစားချင်ပါတယ်။ ကံမကောင်းစွာနဲ့ကျွန်တော်ကစားရတော့မှာမဟုတ်ပါဘူး။ ဒါပေမယ့်အသင်းကိုစိတ်ပိုင်းဆိုင်မြှင့်တင်ပေးဖို့ကွင်းထဲမှာကျွန်တော်ရှိနေမှာပါ။” လို့ပြောသွားပါတယ်။

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *