မန္စီးတီးကစားသမားေတြ ဒဏ္ရာရဖို႕ ေမွ်ာ္လင့္ေနတဲ႔ ေပါ့ဘာ

ဒီရာသီပရီးမီးယားလိဂ္ျပိဳင္ပြဲမွာေတာ့ မန္စီးတီးက အေကာင္းဆံုးေျခစြမ္းေတြျပသျပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနသလို၊ ျမိဳ႕ခံျပိဳင္ဘက္ ယူနိုက္တက္ကလဲ သူတို႕ကို အထိေရာက္ဆံုး ဖိအားေတြေပးနိုင္ဖို႕ ႀကိဳးစားေနပါတယ္။

မေန႕ညက အီးမရိတ္မွာ ကစားခဲ႔တဲ႔ အာဆင္နယ္အသင္းနဲ႔ပြဲမွာေတာ့ ယူနိုက္တက္က ဂိုးျပတ္နဲ႔ အနိုင္ရရွိခဲ႔ျပီး အမွတ္ေပးဇယားမွာ 5 မွတ္အကြာနဲ႔ ဒုတိယေနရာမွာပဲ ဆက္လက္ ရပ္တည္လ်ွက္ရွိေနပါတယ္။ ဒီပြဲမကစားမီ ျပဳလုပ္ခဲ႔တဲ႔ အင္တာဗ်ဴးတစ္ခုမွာေတာ့ ယူနိုက္တက္အသင္းရဲ႕ အဓိက ကြင္းလယ္အင္ဂ်င္ ေပါ့ဘာက သူ႕အေနနဲ႔ ျပိဳင္ဘက္မန္စီးတီးအသင္းရဲ႕ အဓိက ကစားသမားေတြ ဒဏ္ရာရဖို႕ ေမ်ွာ္လင့္ေနတယ္လို႕ ဝန္ခံေျပာဆိုသြားပါတယ္။

” အဲလို မေျပာေကာင္းေပမယ့္ သူတို႕ရဲ႕အဓိက ကစားသမားေတြလဲ တစ္ေန႕ေန႕မွာ ဒဏ္ရာျပသနာေတြနဲ႔ ရုန္းကန္ေနရဖို႕ ေမ်ွာ္လင့္ပါတယ္။ လက္ရွိ က်ေနာ္တို႔ ရင္ဆိုင္ေနရသလိုေပါ့။ လူေတြက က်ေနာ္တိုရဲ႕ အဓိက ကစားသမားေတြ ဒဏ္ရာရေနႀကတာေတာ့ ထည့္မေျပာႀကဘူးေလ။ အေရးႀကီးတဲ႔ပြဲေတြမွာ အဲလိုကစားသမားေတြမပါနိုင္ေတာ့ အသင္းအတြက္ နစ္နာတာေပါ့ဗ်ာ။ ဘာလို႕လဲဆိုေတာ့ အဓိက ကစားသမားေတြ ဒဏ္ရာရျပီဆိုတာနဲ႔ အသင္းရဲ႕ စြမ္းေဆာင္ရည္ေတြ ထိခိုက္လာနိုင္သလို၊ ရလာဒ္ေတြကလဲ က်ဆင္းလာတယ္ေလ။

 

အဲလို အေနအထားမ်ိဳးေတြ ႀကံဳလာျပီဆိုရင္ သူတို႕လဲ အခက္ခဲေတာ့ နည္းနည္းေလးေတြ႔လာမွာပါ။ အဲဒီ အေသးအဖြဲ႕ေလးေတြကလဲ အမ်ားႀကီး အေျပာင္းအလဲ ျဖစ္လာနိုင္ပါတယ္” လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ႔ပါတယ္။

မေန႕ညက ကစားခဲ႔တဲ႔ပြဲစဥ္မွာေတာ့ ေပါ့ဘာဟာ တိုက္ရိုတ္အနီကဒ္နဲ႔ ထုတ္ပယ္ခံခဲ႔ရျပီး မန္ခ်က္စတာဒါဘီပြဲစဥ္အပါအဝင္၊ ဘုန္းေမာက္၊ ဝက္စ္ဘရြန္းအသင္းတို႕နဲ႕ ကစားမယ့္ပြဲေတြ လြဲေခ်ာ္သြားရေတာ့မွာပဲ ျဖစ္ပါတယ္။

မႀကာေသးခင္ကလဲ ယူနိုက္တက္အသင္းရဲ႕ နည္းျပႀကီးေမာ္ရင္ဟိုကိုယ္တိုင္က သူရဲ႕အဓိက ကစားသမားေတြ ဒဏ္ရာျပသနာေတြနဲ႕ ရင္ဆိုင္ရတာနဲ႕ပတ္သက္ျပီး ” အျခားမန္ေနဂ်ာေတြကေတာ့ ဒဏ္ရာျပသနာေတြအေႀကာင္းေျပာျပျပီး ငိုျပေနႀကတာပါ။ ဒါေပမယ့္ က်ေနာ္ကေတာ့ မငိုပါဘူး။ ဒဏ္ရာရေနတဲ႔သူေတြကို ခဏေမ့ထားျပီး လက္ရွိကစားေပးနိုင္တဲ႔ ကစားသမားေတြအေပၚ ယံုႀကည္မႈေပးျပီး အခြင့္အေရးေပးနိုင္ဖို႕ ႀကိဳးစားမွာပါ။

ခင္မ်ားတို႕ နားေထာင္ခ်င္တယ္ဆို က်ေနာ္လဲငိုျပလို႕ရတာပဲေလ။ က်ေနာ့္မွာ ေပါ့ဘာ မကစားေပးနိုင္ေသးဘူး၊ ဇလာတန္ မကစားေပးနိုင္ေသးဘူး၊ မာတစ္နဲ႔ ရိုဟို တို႕လဲ မကစားေပးနိုင္ေသးဘူး။ ဒီလို ေျပာလို႔ရတာပဲေလ” လို႕ ထုတ္ေဖာ္ေျပာဆိုခဲ႔ဖူးပါတယ္။

မန်စီးတီးကစားသမားတွေ ဒဏ်ရာရဖို့ မျှော်လင့်နေတဲ့ ပေါ့ဘာ
==================================

 

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ မန်စီးတီးက အကောင်းဆုံးခြေစွမ်းတွေပြသပြီး အမှတ်ပေးဇယားကို ဦးဆောင်နေသလို၊ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကလဲ သူတို့ကို အထိရောက်ဆုံး ဖိအားတွေပေးနိုင်ဖို့ ကြိုးစားနေပါတယ်။

မနေ့ညက အီးမရိတ်မှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ပွဲမှာတော့ ယူနိုက်တက်က ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားမှာ 5 မှတ်အကွာနဲ့ ဒုတိယနေရာမှာပဲ ဆက်လက် ရပ်တည်လျှက်ရှိနေပါတယ်။ ဒီပွဲမကစားမီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်အင်ဂျင် ပေါ့ဘာက သူ့အနေနဲ့ ပြိုင်ဘက်မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာရဖို့ မျှော်လင့်နေတယ်လို့ ဝန်ခံပြောဆိုသွားပါတယ်။

 

” အဲလို မပြောကောင်းပေမယ့် သူတို့ရဲ့အဓိက ကစားသမားတွေလဲ တစ်နေ့နေ့မှာ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရဖို့ မျှော်လင့်ပါတယ်။ လက်ရှိ ကျနော်တို့ ရင်ဆိုင်နေရသလိုပေါ့။ လူတွေက ကျနော်တိုရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာရနေကြတာတော့ ထည့်မပြောကြဘူးလေ။ အရေးကြီးတဲ့ပွဲတွေမှာ အဲလိုကစားသမားတွေမပါနိုင်တော့ အသင်းအတွက် နစ်နာတာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ အဓိက ကစားသမားတွေ ဒဏ်ရာရပြီဆိုတာနဲ့ အသင်းရဲ့ စွမ်းဆောင်ရည်တွေ ထိခိုက်လာနိုင်သလို၊ ရလာဒ်တွေကလဲ ကျဆင်းလာတယ်လေ။

 

အဲလို အနေအထားမျိုးတွေ ကြုံလာပြီဆိုရင် သူတို့လဲ အခက်ခဲတော့ နည်းနည်းလေးတွေ့လာမှာပါ။ အဲဒီ အသေးအဖွဲ့လေးတွေကလဲ အများကြီး အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

 

မနေ့ညက ကစားခဲ့တဲ့ပွဲစဉ်မှာတော့ ပေါ့ဘာဟာ တိုက်ရိုတ်အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး မန်ချက်စတာဒါဘီပွဲစဉ်အပါအဝင်၊ ဘုန်းမောက်၊ ဝက်စ်ဘရွန်းအသင်းတို့နဲ့ ကစားမယ့်ပွဲတွေ လွဲချော်သွားရတော့မှာပဲ ဖြစ်ပါတယ်။

မကြာသေးခင်ကလဲ ယူနိုက်တက်အသင်းရဲ့ နည်းပြကြီးမော်ရင်ဟိုကိုယ်တိုင်က သူရဲ့အဓိက ကစားသမားတွေ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်ရတာနဲ့ပတ်သက်ပြီး ” အခြားမန်နေဂျာတွေကတော့ ဒဏ်ရာပြသနာတွေအကြောင်းပြောပြပြီး ငိုပြနေကြတာပါ။ ဒါပေမယ့် ကျနော်ကတော့ မငိုပါဘူး။ ဒဏ်ရာရနေတဲ့သူတွေကို ခဏမေ့ထားပြီး လက်ရှိကစားပေးနိုင်တဲ့ ကစားသမားတွေအပေါ် ယုံကြည်မှုပေးပြီး အခွင့်အရေးပေးနိုင်ဖို့ ကြိုးစားမှာပါ။

 

ခင်များတို့ နားထောင်ချင်တယ်ဆို ကျနော်လဲငိုပြလို့ရတာပဲလေ။ ကျနော့်မှာ ပေါ့ဘာ မကစားပေးနိုင်သေးဘူး၊ ဇလာတန် မကစားပေးနိုင်သေးဘူး၊ မာတစ်နဲ့ ရိုဟို တို့လဲ မကစားပေးနိုင်သေးဘူး။ ဒီလို ပြောလို့ရတာပဲလေ” လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

 

Source Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *