ရိုနယ္လ္ဒို နဲ႔ မိမိတို႔ ဘယ္ေတာ့မွ သူငယ္ခ်င္းေတြျဖစ္လာႏုိင္မွာမဟုတ္ဘူးလို႔ မက္ဆီေျပာဆို

ရိုနယ္လ္ဒို နဲ႔ မိမိတို႔ ဘယ္ေတာ့မွ သူငယ္ခ်င္းေတြျဖစ္လာႏုိင္မွာမဟုတ္ဘူးလို႔ မက္ဆီေျပာဆို

ဘာေၾကာင့္လဲ?

=============================

ဘာစီလုိနာ စတား လီယိုမက္ဆီ ကေတာ့ သူနဲ႔ ခရစၥတီယာႏုိ ရိုနယ္လ္ဒို တို႔ဟာ ဘယ္ေတာ့မွ ရင္းႏွီးတဲ့ သူငယ္ခ်င္းမိတ္ေဆြေတြျဖစ္လာႏုိင္ စရာအေၾကာင္းမရွိပါဘူးလို႔ ေျပာဆုိုသြားခဲ့ပါတယ္ ။

ဘာစီလုိနာ အသင္းနဲ႔ ၿပီးခဲ့တဲ့ ေသာၾကာေန႔က စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလုိက္တဲ့ မက္ဆီ က မိတ္ေဆြရင္းတစ္ေယာက္ျဖစ္လာဖုိ႔ လံုေလာက္တဲ့ အခ်ိန္ကာလတစ္ခုအထိ ရင္းႏွီးေျပာဆုိမႈေတြ ရွိဖို႔ လိုအပ္ၿပီး သူနဲ႔ ရိုနယ္လ္ဒိုတို႔ မွာ ဒီလုိ အခ်ိန္ေတြ မရွိတာေၾကာင့္ မိတ္ေဆြေတြျဖစ္လာစရာအေၾကာင္းမရွိပါဘူးလို႔ ဆိုသြားခဲ့ပါတယ္ ။

မက္ဆီ နဲ႔ ရိုနယ္လ္ဒို တုိ႔ ၂ ဦးဟာ ေဘာလံုးေလာကရဲ႕ ၿပဳိင္ဆုိင္မႈအျပင္းထန္ဆံုး ၿပဳိင္ဘက္ေတြအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္လာခဲ့ၾကၿပီး မီဒီယာေတြရဲ႕ ခ်ဲ႕ကားေရးသားမႈေတြက သူတုိ႔ ၂ ဦးအၾကားမွာ ဘာျပႆနာမွ မျဖစ္ေစခဲ့ေပမယ့္ ရင္းႏွီးတဲ့ခင္မင္ရင္းႏွီးမႈ တည္ေဆာက္ဖို႔ကိုေတာ့ အခ်ိန္လံုေလာက္စြာ မရရွိ ခဲ့ဘူးလို႔ မက္ဆီကဆိုသြားခဲ့ပါတယ္ ။

“သူ ( ရိုနယ္လ္ဒို ) နဲ႔ ကြ်န္ေတာ္ သူငယ္ခ်င္းေတြျဖစ္လာႏိုင္မလားဆိုတာ ေသခ်ာမသိပါဘူး ။ မျဖစ္လာဖို႔က မ်ားပါတယ္ ။ ဘာလုိ႔လည္းဆိုေတာ့ သူငယ္ခ်င္းေတြျဖစ္ဖို႔ဆိုတာ လံုေလာက္တဲ့ အခ်ိန္တစ္ခုေပးၿပီး အတူတကြ ေျပာဆိုဆက္ဆံေနမွ ျဖစ္တာပါ ။ သူနဲ႔ ကြ်န္ေတာ့အၾကားမွာ ဒီလို ဆက္ဆံေရးမ်ဳိး မရွိပါဘူး ။ ကြ်န္ေတာ္တို႔ ၂ ေယာက္ စကားေျပာျဖစ္တဲ့ တစ္ခုတည္းေသာ ေနရာေတြက ဆုေပးပြဲအခမ္းအနားေတြမွာပါပဲ”

“သူနဲ႔ ကြ်န္ေတာ့အၾကားက ဆက္ဆံေရးကေတာ့ ေကာင္းပါတယ္ ။ ဒါေပမယ့္ ရင္းႏွီးတဲ့အဆင့္အထိျဖစ္လာဖို႔ ဆုိတာကေတာ့ မလြယ္ကူပါဘူး” လုိ႔ လီယြန္နယ္မက္ဆီ က ေျပာဆိုသြားခဲ့ပါတယ္ ။

မက္ဆီ နဲ႔ ရိုနယ္လ္ဒိုတို႔ဟာ ေဘာလံုးေလာက ကို ဆယ္စုႏွစ္ တစ္ခုၾကာလႊမ္းမိုး ထားခဲ့ၾကၿပီး အေကာင္းဆံုး ဆုေတြကိုလည္း သူတို႔ ၂ ဦးကသာ ရယူထားခဲ့ၾကပါတယ္ ။ ေနာက္ဆံုး ၉ ႏွစ္အတြင္းေပးအပ္ခ်ီးျမွင့္ခဲ့တဲ့ ေရႊေဘာလံုးဆု ( Ballon d’or ) ကို မက္ဆီ က ၅ ႀကိမ္ ၊ ရုိနယ္လ္ဒို က ၄ ႀကိမ္ ရရွိထားခဲ့ၿပီး ယခုႏွစ္မွာ ေပးအပ္မယ့္ ဆုကိုေတာ့ ရိုနယ္လ္ဒို က ဆြတ္ခူးရရွိဖို႔ ေရပန္းစားေနခဲ့ပါတယ္ ။

ဒါေပမယ့္ လက္ရွိမွာ မက္ဆီ နဲ႔ ရိုနယ္လ္ဒို ၂ ဦးစလံုးဟာ အသက္ ၃၀ ေက်ာ္အရြယ္ျဖစ္လာခဲ့ၾကၿပီျဖစ္တာ ေၾကာင့္ ေဘာလံုးေလာကရဲ႕ ၿပဳိင္ဆုိင္မႈေတြဟာ မ်ဳိးဆက္သစ္ ကစားသမားေတြရဲ႕ လက္ထဲမွာ ျဖစ္တည္လာေတာ့ မွာပါလုိ႔ မက္ဆီက ေျပာဆိုသြားခဲ့ပါတယ္ ။

“အခုေခတ္မွာ ေရႊေဘာလံုးဆုကို ေမွ်ာ္မွန္းႏုိင္တဲ့ ကစားသမားေကာင္းေတြ အမ်ားႀကီး ရွိေနပါပီ ။ မၾကာေသး တဲ့ ႏွစ္ေတြကတည္းက အေကာင္းဆံုး ဆုအတြက္ ေရြးခ်ယ္ခံရႏိုင္တဲ့ ကစားသမား ၂ ေယာက္ ၃ ေယာက္ ေလာက္ ေပၚေပါက္ေနပါပီ ။ ေနမာ ၊ ဘတ္ပီ ၊ ဆြာရက္ တို႔ဟာ ကမၻာ့အေကာင္းဆံုးဆုအတြက္ ယွဥ္ၿပဳိင္သူ ေတြျဖစ္လာမွာပါ” လို႔ လည္း မက္ဆီ က ေျပာဆိုသြားခဲ့ပါတယ္ ။

 

ရိုနယ်လ်ဒို နဲ့ မိမိတို့ ဘယ်တော့မှ သူငယ်ချင်းတွေဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ မက်ဆီပြောဆို

ဘာကြောင့်လဲ?

====================================================

ဘာစီလိုနာ စတား လီယိုမက်ဆီ ကတော့ သူနဲ့ ခရစ္စတီယာနို ရိုနယ်လ်ဒို တို့ဟာ ဘယ်တော့မှ ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေဖြစ်လာနိုင် စရာအကြောင်းမရှိပါဘူးလို့ ပြောဆိုုသွားခဲ့ပါတယ် ။

ဘာစီလိုနာ အသင်းနဲ့ ပြီးခဲ့တဲ့ သောကြာနေ့က စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ မက်ဆီ က မိတ်ဆွေရင်းတစ်ယောက်ဖြစ်လာဖို့ လုံလောက်တဲ့ အချိန်ကာလတစ်ခုအထိ ရင်းနှီးပြောဆိုမှုတွေ ရှိဖို့ လိုအပ်ပြီး သူနဲ့ ရိုနယ်လ်ဒိုတို့ မှာ ဒီလို အချိန်တွေ မရှိတာကြောင့် မိတ်ဆွေတွေဖြစ်လာစရာအကြောင်းမရှိပါဘူးလို့ ဆိုသွားခဲ့ပါတယ် ။

မက်ဆီ နဲ့ ရိုနယ်လ်ဒို တို့ ၂ ဦးဟာ ဘောလုံးလောကရဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ပြိုင်ဘက်တွေအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့ကြပြီး မီဒီယာတွေရဲ့ ချဲ့ကားရေးသားမှုတွေက သူတို့ ၂ ဦးအကြားမှာ ဘာပြဿနာမှ မဖြစ်စေခဲ့ပေမယ့် ရင်းနှီးတဲ့ခင်မင်ရင်းနှီးမှု တည်ဆောက်ဖို့ကိုတော့ အချိန်လုံလောက်စွာ မရရှိ ခဲ့ဘူးလို့ မက်ဆီကဆိုသွားခဲ့ပါတယ် ။

“သူ ( ရိုနယ်လ်ဒို ) နဲ့ ကျွန်တော် သူငယ်ချင်းတွေဖြစ်လာနိုင်မလားဆိုတာ သေချာမသိပါဘူး ။ မဖြစ်လာဖို့က များပါတယ် ။ ဘာလို့လည်းဆိုတော့ သူငယ်ချင်းတွေဖြစ်ဖို့ဆိုတာ လုံလောက်တဲ့ အချိန်တစ်ခုပေးပြီး အတူတကွ ပြောဆိုဆက်ဆံနေမှ ဖြစ်တာပါ ။ သူနဲ့ ကျွန်တော့အကြားမှာ ဒီလို ဆက်ဆံရေးမျိုး မရှိပါဘူး ။ ကျွန်တော်တို့ ၂ ယောက် စကားပြောဖြစ်တဲ့ တစ်ခုတည်းသော နေရာတွေက ဆုပေးပွဲအခမ်းအနားတွေမှာပါပဲ”

“သူနဲ့ ကျွန်တော့အကြားက ဆက်ဆံရေးကတော့ ကောင်းပါတယ် ။ ဒါပေမယ့် ရင်းနှီးတဲ့အဆင့်အထိဖြစ်လာဖို့ ဆိုတာကတော့ မလွယ်ကူပါဘူး” လို့ လီယွန်နယ်မက်ဆီ က ပြောဆိုသွားခဲ့ပါတယ် ။

မက်ဆီ နဲ့ ရိုနယ်လ်ဒိုတို့ဟာ ဘောလုံးလောက ကို ဆယ်စုနှစ် တစ်ခုကြာလွှမ်းမိုး ထားခဲ့ကြပြီး အကောင်းဆုံး ဆုတွေကိုလည်း သူတို့ ၂ ဦးကသာ ရယူထားခဲ့ကြပါတယ် ။ နောက်ဆုံး ၉ နှစ်အတွင်းပေးအပ်ချီးမြှင့်ခဲ့တဲ့ ရွှေဘောလုံးဆု ( Ballon d’or ) ကို မက်ဆီ က ၅ ကြိမ် ၊ ရိုနယ်လ်ဒို က ၄ ကြိမ် ရရှိထားခဲ့ပြီး ယခုနှစ်မှာ ပေးအပ်မယ့် ဆုကိုတော့ ရိုနယ်လ်ဒို က ဆွတ်ခူးရရှိဖို့ ရေပန်းစားနေခဲ့ပါတယ် ။

ဒါပေမယ့် လက်ရှိမှာ မက်ဆီ နဲ့ ရိုနယ်လ်ဒို ၂ ဦးစလုံးဟာ အသက် ၃၀ ကျော်အရွယ်ဖြစ်လာခဲ့ကြပြီဖြစ်တာ ကြောင့် ဘောလုံးလောကရဲ့ ပြိုင်ဆိုင်မှုတွေဟာ မျိုးဆက်သစ် ကစားသမားတွေရဲ့ လက်ထဲမှာ ဖြစ်တည်လာတော့ မှာပါလို့ မက်ဆီက ပြောဆိုသွားခဲ့ပါတယ် ။

“အခုခေတ်မှာ ရွှေဘောလုံးဆုကို မျှော်မှန်းနိုင်တဲ့ ကစားသမားကောင်းတွေ အများကြီး ရှိနေပါပီ ။ မကြာသေး တဲ့ နှစ်တွေကတည်းက အကောင်းဆုံး ဆုအတွက် ရွေးချယ်ခံရနိုင်တဲ့ ကစားသမား ၂ ယောက် ၃ ယောက် လောက် ပေါ်ပေါက်နေပါပီ ။ နေမာ ၊ ဘတ်ပီ ၊ ဆွာရက် တို့ဟာ ကမ္ဘာ့အကောင်းဆုံးဆုအတွက် ယှဉ်ပြိုင်သူ တွေဖြစ်လာမှာပါ” လို့ လည်း မက်ဆီ က ပြောဆိုသွားခဲ့ပါတယ် ။

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *