စပါးအသင်း၏ ကွင်းသစ်ကုန်ကျစရိတ်မှာ ပေါင်(၁)ဘီလီယံအထိရှိနိုင်ပြီး ဥရောပတွင် ကြေးအကြီးဆုံးကွင်းဖြစ်လာဖွယ်ရ

အသစ်ပြန်လည်တည်ဆောက်နေသော စပါးအသင်း၏ကွင်းသစ်စီမံကိန်းကုန်ကျစရိတ်မှာ ပေါင်(၁)ဘီလီယံ (ပေါင်သန်း ၁၀၀၀) ခန့်အထိရှိနိုင်ပြီး ဥရောပတွင် ကုန်ကျစရိတ်အကြီး ဆုံးကွင်းတစ်ကွင်းဖြစ်လာဖွယ် ရှိကြောင်း သိရှိရသည်။ စပါးအသင်းသည် ၎င်းတို့၏၀ှိုက်ဟတ်လိန်းကွင်းကို ဖြိုချကာ ကွင်းသစ်အဖြစ်တည်ဆောက်လျက်ရှိနေပြီး ယခုရာသီ၎င်းတို့၏အိမ်ကွင်းပွဲစဉ်များကို ၀င်ဘလေကွင်း၌ ကစားလျက် ရှိနေသည်။

မူလက ၀ှိုက်ဟတ်လိန်းကွင်းသစ်စီမံကိန်းအတွက် ကုန်ကျစရိတ်စုစုပေါင်းမှာ ပေါင်သန်း(၄၀၀)ခန့်သာရှိ နိုင်သည်ဟု ခန့်မှန်းခဲ့ကြသည်။ သို့သော် ကွင်းသစ်တွင် ချဲ့ထွင်ထည့်သွင်းသည့်အရာအချို့နှင့် စီမံကိန်းမှာ ပုံမှန် ထက် ခက်ခဲရှုပ်ထွေးနေ၍ ကုန်ကျစရိတ်မှာ မူလမျှော်မှန်းထားသည်ထက် တဖြည်းဖြည်းများလာပြီး ပေါင်သန်း (၇၅၀)အထိရှိနိုင်ကြောင်း မကြာသေးမီကထွက်ပေါ်ခဲ့ သောသတင်းများတွင် ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်တနင်္ဂ နွေနေ့က Daily Mail သတင်းစာတွင်ဖော်ပြခဲ့သော သတင်းအရ အမှန်တကယ်ကုန်ကျစရိတ်မှာ ယင်းပမာဏထက် ပိုမိုများပြားနိုင်ပြီး တစ်ဘီလီယံအထိရှိလာနိုင်ကြောင်း သိရှိရသည်။

စပါးအသင်း၏ ၀ှိုက်ဟတ်လိန်းကွင်းသစ်မှာ ပရိသတ်(၆၁ç၀၀၀)ဆံ့မည်ဖြစ်ပြီး အမေရိကန်ဘောလုံးလိဂ် (NFL) မှ ကွင်းများကဲ့သို့ ကြီးကျယ်ခမ်းနားသည့်ကွင်းတစ်ကွင်းဖြစ်လာရန် တည်ဆောက်နေခြင်းဖြစ်သည်။ အမေ ရိကန်ဘောလုံးလိဂ် ကွင်းများကဲ့သို့ ကြီးမားသည့်အ၀တ်လဲခန်းများကိုလည်း ထည့်သွင်းသွားမည် ဖြစ်ပြီး NFL ကွင်းများ၏ အရည်အသွေးမြင့် ဖွဲ့စည်းတည် ဆောက်ပုံများကို အတုယူတည်ဆောက်နေခြင်းဖြစ် ကြောင်း သိရှိရသည်။ လက်ရှိတွင် ကွင်းသစ်စီမံကိန်းအတွက် စပါးအသင်းမှာ ပေါင်သန်း(၁၀၀)ခန့်အသုံးပြုပြီး ဖြစ်ပြီး လာမည့်ရာသီအစတွင် ကွင်းသစ်ကိုဖွင့်လှစ်နိုင်ရန် ကြိုးပမ်းတည်ဆောက်လျက်ရှိနေသည်။

စပါးအသင်းတာဝန်ရှိသူများအနေဖြင့် ကွင်းသစ်တည်ဆောက်ပြီးစီးပါက ကွင်းအမည်အား စပွန်ဆာကုမ္ပဏီများထံ အသုံးပြုခွင့်ပေးခြင်း (ဥပမာ – အာဆင်နယ် အသင်း၏ အီမရိတ်စ်၊ မန်စီးတီးအသင်း၏ အီတီဟတ် ကွင်းများကဲ့သို့)၊ လက်မှတ်ဈေးနှုန်းတိုးမြှင့်ခြင်းများမှ ငွေကြေးအမြောက်အမြား ပြန်လည်ရရှိမည်ဟု မျှော်လင့်နေကြောင်းလည်း Daily Mail သ တင်းစာက ဖော်ပြခဲ့သည်။ ကွင်းသစ်တည်ဆောက်ပြီးစီးပါက ကွင်းအမည်ကို ယခင်ကဲ့သို့ ၀ှိုက်ဟတ်လိန်းဟု ခေါ်ဆိုမည်မဟုတ်ကြောင်း စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းက ပြောကြားထား ပြီး ကွင်းအမည်အား စပွန်ဆာအမည်ပေးဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားထားသည်။

 

Source : Eleven Sports

Leave a comment

Your email address will not be published. Required fields are marked *