မန္ခ်က္စတာ ယူႏုိက္တက္ သတင္းတိုမ်ား

မန္ခ်က္စတာ ယူႏုိက္တက္ အသင္းဟာ ယေန႔ည ( မနက္ျဖန္နံနက္ ျမန္မာစံေတာ္ခ်ိန္ ၂း၃၀ နာရီ ) မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၄ အျဖစ္ ၀က္ဖုိဒ့္ အသင္းနဲ႔ ရင္ဆုိင္ ကစားရမွာျဖစ္ပါတယ္ ။

၀က္ဖုိဒ့္ ဟာ ယခုေနာက္ပုိင္းႏွစ္ေတြမွာ ယူႏုိက္တက္ ကို ဒုကၡေပးေနတဲ့ အသင္းတစ္သင္းျဖစ္ၿပီး ယမန္ႏွစ္ က ေတြ႕ဆံုမႈမွာလည္း ယူႏုိက္တက္ ကို ၃-၁ ျဖင့္ အႏုိင္ ရရွိထားခဲ့ပါတယ္ ။

ယူႏုိက္တက္ အသင္းဘက္မွာေတာ့ ဒဏ္ရာကစားသမားသစ္ေတြ မရွိေသးဘဲ အသင္းေခါင္းေဆာင္ ကာရစ္ က ေတာ့ အေသးစား ႏွလံုးကုသမႈအၿပီးမွာ ျပန္ကစားႏုိင္ဖုိ႔ အားယူေနၿပီျဖစ္ပါတယ္ ။

အဲရစ္ဘုိင္လီ ဟာလည္း အသင္းနဲ႔ ျပန္ကစားႏုိင္ဖုိ႔ နီးစပ္ေနေပမယ့္ ယေန႔ညပြဲကိုေတာ့ ထပ္မံလြဲေခ်ာ္ဦးမွာ ျဖစ္ပါတယ္ ။ ဂ်ဳံးစ္ ရဲ႕ အေနအထားကေတာ့ ထပ္မံ မသိရေသးပါဘူး ။

၀က္ဖိုဒ့္ အသင္းဘက္မွာေတာ့ ၃ ပြဲပယ္အျပစ္ဒဏ္ ေစ့သြားတဲ့ အသင္းေခါင္းေဆာင္ ဒီးေနး ျပန္လည္ပါ၀င္လာ မွာျဖစ္ၿပီး ေျခစြမ္းျပေနတဲ့ ဘရာဇီးတုိက္စစ္မႈး ရစ္ခ်လီဆင္ ကိုလည္း အထူးသတိထားရမွာျဖစ္ပါတယ္။

ယခုညပြဲကိုေတာ့ ဂ်ဳိနသန္ေမာ့စ္ က ကြင္းလယ္ ဒိုင္ အျဖစ္ တာ၀န္ယူကိုင္တြယ္မွာျဖစ္ပါတယ္ ။

၀က္ဖိုဒ့္ လူငယ္စီမံကိန္းကေန ေပၚထြက္လာသူျဖစ္တဲ့ ယူႏုိက္တက္ ကစားသမား အက္ရွ္ေလယန္း က ေတာ့ အသင္းေဟာင္းနဲ႔ ရင္ဆုိင္ရမႈအေပၚ စိုးရိမ္စိတ္ ရွိေပမယ့္ အႏုိင္ ရ ေအာင္ အထူးႀကဳိးစားသြားမယ္လုိ႔ ေျပာဆို သြားခဲ့ပါတယ္ ။

ယူႏုိက္တက္ တုိက္စစ္မႈး လူကာကူ ဟာ ဘရိုက္တန္ နဲ႔ ပြဲစဥ္ က ၿပဳိင္ဘက္ ကစားသမားကို ေနာက္ျပန္ ကန္ခဲ့မႈ နဲ႔ ပတ္သက္လုိ႔ FA ရဲ႕ စြဲခ်က္တင္ျခင္းကို မခံရေတာ့ဘူးလို႔ သိရပါတယ္ ။ အဆိုပါ ကိစၥနဲ႔ ပတ္သက္လုိ႔ ၿပဳိင္ဘက္ အသင္းပရိသတ္ေတြ FA ရဲ႕ တြစ္တာမွာ သြားေရာက္ေရးသားခဲ့ၾကၿပီး FA အႀကီးအကဲအျဖစ္တာ၀န္ ယူေနတဲ့ ယူႏုိက္တက္ အမႈေဆာင္ေဟာင္း ေဒးဗစ္ဂီးလ္ ကို ေလွာင္ေျပာင္ခဲ့ၾကပါတယ္ ။

ရီးရဲမက္ဒရစ္ နည္းျပႀကီး ဇီဒန္းက ေတာ့ လာမယ့္ ဇန္န၀ါရီမွာ ကစားသမားေရာင္းထုတ္ဖို႔ အစီအစဥ္ မရွိ ေသးဘူးလို႔ သိရွိရပါတယ္ ။

ယူႏုိက္တက္ ဟာ ဘယ္ေနာက္ခံလူ တစ္ဦး ရွာေဖြေနသလို ဗလင္စီယာ ရဲ႕ အရန္ အျဖစ္ အသံုးျပဳဖုိ႔ ညာေနာက္ခံလူတစ္ဦးကိုလည္း ရွာေဖြေနတယ္လို႔ ၾကားသိရပါတယ္ ။

Sky Sports ရဲ႕ စပိန္သတင္းတာ၀န္ခံ Guillem Balague ကေတာ့ ေအတီကို တိုက္စစ္မႈး ဂရစ္ဇ္မန္း ဟာ ဘာစီလုိနာ အသင္းဆီ ေရာက္ရွိဖုိ႔ အလားအလာ မ်ားေနတယ္လုိ႔ ဆုိသြားခဲ့ပါတယ္ ။

“ဇလာတန္ က တကယ့္ကို ထူးကဲတဲ့ လကၡဏာပုိင္ရွင္ပါ ။ သူ႔ကို ေကာင္းေကာင္းမသိတဲ့သူေတြကေတာ့ သူက မာနႀကီးတယ္လုိ႔ ထင္ေကာင္း ထင္ပါလိမ့္မယ္ ။ ဒါေပမယ့္ သူက တကယ့္ကို စံျပဳထုိက္ေလာက္တဲ့ လူစားမ်ဳိး ပါ ။ သူက အမ်ားေရွ႕ကို ထြက္ၿပီး အရာရာကို ေအာင္ျမင္ခ်င္တဲ့ စိတ္ဓါတ္ရွိတဲ့ သူတစ္ေယာက္ပါ ။ ဆီြဒင္နဲ႔ အတူ ကမၻာ့ဖလားၿပဳိင္ပြဲကို သြားကစားမလားလို႔ အီဘရာ ကို ကြ်န္ေတာ္ ေမးခဲ့ဖူးပါတယ္ ။ သူကေတာ့ ဟင့္အင္း လုိ႔ ေျပာခဲ့ေပမယ့္ သူ ဒီၿပဳိင္ပြဲကို ၀င္ပါသင့္တယ္လုိ႔ ကြ်န္ေတာ္ ထင္မိပါတယ္”
#မားကိုစ့္ရိုဟို

Sky Sports ရဲ႕ ေဘာလံုးခန္႔မွန္းသူ ေပါလ္မာဆြန္ က ေတာ့ ယူႏုိက္တက္ တုိ႔ အေ၀းကြင္းမွာ ရုန္းကန္ရၿပီး သေရက်လိမ့္မယ္လို႔ ခန္႔မွန္းသြားခဲ့ပါတယ္ ။

“ဘရုိက္တန္ နဲ႔ ကစားခဲ့တဲ့ ယူႏုိက္တက္ ရဲ႕ ေျခစြမ္းကို ကြ်န္ေတာ္ၾကည့္ခဲ့ရပါတယ္ ။ သူတို႔ ကံေကာင္းၿပီး အႏုိင္ ရခဲ့တာပါ ။ ဒီညပြဲမွာေတာ့ သူတုိ႔ အႏုိင္ရမယ္လို႔ မထင္မိပါဘူး”
#ေပါလ္မာဆြန္

၀က္ဖုိဒ့္ နဲ႔ ရင္ဆုိင္ ကစားဖုိ႔ လန္ဒန္ ကို ထြက္ခြာသြားခဲ့ၾကတဲ့ ယူႏုိက္တက္ အသင္းသားမ်ား –

ဒီဂီယာ ။ ရိုမဲရိုး ။ ပါရဲရား
ဒါမီယန္ ။ ဗလင္စီယာ ။ ဘလင္း ။ ရိုဟို ။ လင္ဒီေလာ့ဖ္ ။ စေမာလင္း ။ ယန္း
လင္ဂတ္ ။ ဟာရဲရား ။ ေပါ့ဘာ ။ မာတစ္ ။ ေတာ္မီေနး ။ မာတာ
မာရွယ္ ။ ဇလာတန္ ။ ရက္ဖုိဒ့္ ။ လူကာကူ

ယနေ့ည ဝက်ဖိုဒ့် – ယူနိုက်တက် ပွဲ ရှိသည် . . . . . . .

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

==================================================

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယနေ့ည ( မနက်ဖြန်နံနက် မြန်မာစံတော်ချိန် ၂း၃၀ နာရီ ) မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် ဝက်ဖိုဒ့် အသင်းနဲ့ ရင်ဆိုင် ကစားရမှာဖြစ်ပါတယ် ။

ဝက်ဖိုဒ့် ဟာ ယခုနောက်ပိုင်းနှစ်တွေမှာ ယူနိုက်တက် ကို ဒုက္ခပေးနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ယမန်နှစ် က တွေ့ဆုံမှုမှာလည်း ယူနိုက်တက် ကို ၃-၁ ဖြင့် အနိုင် ရရှိထားခဲ့ပါတယ် ။

ယူနိုက်တက် အသင်းဘက်မှာတော့ ဒဏ်ရာကစားသမားသစ်တွေ မရှိသေးဘဲ အသင်းခေါင်းဆောင် ကာရစ် က တော့ အသေးစား နှလုံးကုသမှုအပြီးမှာ ပြန်ကစားနိုင်ဖို့ အားယူနေပြီဖြစ်ပါတယ် ။

အဲရစ်ဘိုင်လီ ဟာလည်း အသင်းနဲ့ ပြန်ကစားနိုင်ဖို့ နီးစပ်နေပေမယ့် ယနေ့ညပွဲကိုတော့ ထပ်မံလွဲချော်ဦးမှာ ဖြစ်ပါတယ် ။ ဂျုံးစ် ရဲ့ အနေအထားကတော့ ထပ်မံ မသိရသေးပါဘူး ။

ဝက်ဖိုဒ့် အသင်းဘက်မှာတော့ ၃ ပွဲပယ်အပြစ်ဒဏ် စေ့သွားတဲ့ အသင်းခေါင်းဆောင် ဒီးနေး ပြန်လည်ပါဝင်လာ မှာဖြစ်ပြီး ခြေစွမ်းပြနေတဲ့ ဘရာဇီးတိုက်စစ်မှုး ရစ်ချလီဆင် ကိုလည်း အထူးသတိထားရမှာဖြစ်ပါတယ်။

ယခုညပွဲကိုတော့ ဂျိုနသန်မော့စ် က ကွင်းလယ် ဒိုင် အဖြစ် တာဝန်ယူကိုင်တွယ်မှာဖြစ်ပါတယ် ။

ဝက်ဖိုဒ့် လူငယ်စီမံကိန်းကနေ ပေါ်ထွက်လာသူဖြစ်တဲ့ ယူနိုက်တက် ကစားသမား အက်ရှ်လေယန်း က တော့ အသင်းဟောင်းနဲ့ ရင်ဆိုင်ရမှုအပေါ် စိုးရိမ်စိတ် ရှိပေမယ့် အနိုင် ရ အောင် အထူးကြိုးစားသွားမယ်လို့ ပြောဆို သွားခဲ့ပါတယ် ။

ယူနိုက်တက် တိုက်စစ်မှုး လူကာကူ ဟာ ဘရိုက်တန် နဲ့ ပွဲစဉ် က ပြိုင်ဘက် ကစားသမားကို နောက်ပြန် ကန်ခဲ့မှု နဲ့ ပတ်သက်လို့ FA ရဲ့ စွဲချက်တင်ခြင်းကို မခံရတော့ဘူးလို့ သိရပါတယ် ။ အဆိုပါ ကိစ္စနဲ့ ပတ်သက်လို့ ပြိုင်ဘက် အသင်းပရိသတ်တွေ FA ရဲ့ တွစ်တာမှာ သွားရောက်ရေးသားခဲ့ကြပြီး FA အကြီးအကဲအဖြစ်တာဝန် ယူနေတဲ့ ယူနိုက်တက် အမှုဆောင်ဟောင်း ဒေးဗစ်ဂီးလ် ကို လှောင်ပြောင်ခဲ့ကြပါတယ် ။

ရီးရဲမက်ဒရစ် နည်းပြကြီး ဇီဒန်းက တော့ လာမယ့် ဇန်နဝါရီမှာ ကစားသမားရောင်းထုတ်ဖို့ အစီအစဉ် မရှိ သေးဘူးလို့ သိရှိရပါတယ် ။

ယူနိုက်တက် ဟာ ဘယ်နောက်ခံလူ တစ်ဦး ရှာဖွေနေသလို ဗလင်စီယာ ရဲ့ အရန် အဖြစ် အသုံးပြုဖို့ ညာနောက်ခံလူတစ်ဦးကိုလည်း ရှာဖွေနေတယ်လို့ ကြားသိရပါတယ် ။

Sky Sports ရဲ့ စပိန်သတင်းတာဝန်ခံ Guillem Balague ကတော့ အေတီကို တိုက်စစ်မှုး ဂရစ်ဇ်မန်း ဟာ ဘာစီလိုနာ အသင်းဆီ ရောက်ရှိဖို့ အလားအလာ များနေတယ်လို့ ဆိုသွားခဲ့ပါတယ် ။

“ဇလာတန် က တကယ့်ကို ထူးကဲတဲ့ လက္ခဏာပိုင်ရှင်ပါ ။ သူ့ကို ကောင်းကောင်းမသိတဲ့သူတွေကတော့ သူက မာနကြီးတယ်လို့ ထင်ကောင်း ထင်ပါလိမ့်မယ် ။ ဒါပေမယ့် သူက တကယ့်ကို စံပြုထိုက်လောက်တဲ့ လူစားမျိုး ပါ ။ သူက အများရှေ့ကို ထွက်ပြီး အရာရာကို အောင်မြင်ချင်တဲ့ စိတ်ဓါတ်ရှိတဲ့ သူတစ်ယောက်ပါ ။ ဆွီဒင်နဲ့ အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားကစားမလားလို့ အီဘရာ ကို ကျွန်တော် မေးခဲ့ဖူးပါတယ် ။ သူကတော့ ဟင့်အင်း လို့ ပြောခဲ့ပေမယ့် သူ ဒီပြိုင်ပွဲကို ဝင်ပါသင့်တယ်လို့ ကျွန်တော် ထင်မိပါတယ်”
#မားကိုစ့်ရိုဟို

Sky Sports ရဲ့ ဘောလုံးခန့်မှန်းသူ ပေါလ်မာဆွန် က တော့ ယူနိုက်တက် တို့ အဝေးကွင်းမှာ ရုန်းကန်ရပြီး သရေကျလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ် ။

“ဘရိုက်တန် နဲ့ ကစားခဲ့တဲ့ ယူနိုက်တက် ရဲ့ ခြေစွမ်းကို ကျွန်တော်ကြည့်ခဲ့ရပါတယ် ။ သူတို့ ကံကောင်းပြီး အနိုင် ရခဲ့တာပါ ။ ဒီညပွဲမှာတော့ သူတို့ အနိုင်ရမယ်လို့ မထင်မိပါဘူး”
#ပေါလ်မာဆွန်

ဝက်ဖိုဒ့် နဲ့ ရင်ဆိုင် ကစားဖို့ လန်ဒန် ကို ထွက်ခွာသွားခဲ့ကြတဲ့ ယူနိုက်တက် အသင်းသားများ –

ဒီဂီယာ ။ ရိုမဲရိုး ။ ပါရဲရား
ဒါမီယန် ။ ဗလင်စီယာ ။ ဘလင်း ။ ရိုဟို ။ လင်ဒီလော့ဖ် ။ စမောလင်း ။ ယန်း
လင်ဂတ် ။ ဟာရဲရား ။ ပေါ့ဘာ ။ မာတစ် ။ တော်မီနေး ။ မာတာ
မာရှယ် ။ ဇလာတန် ။ ရက်ဖိုဒ့် ။ လူကာကူ

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *