ဥေရာပ အင္အားႀကီးအသင္းေတြရဲ႕ နံနက္ခင္း သတင္းတိုမ်ား

အင္တာမီလန္ တုိက္စစ္မႈး အီကာဒီရဲ႕ ဇနီးေအးဂ်င့္ျဖစ္သူ ဝမ္ဒါကေတာ့ သူ ့ခင္ပြန္းကုိေခၚယူဖုိ ့ ရီးရဲ၊ ဂ်ဳဗီ၊ ခ်ဲဆီး အသင္းတုိ ့က ခ်ိတ္ဆက္ေနတယ္လုိ ့ဝန္ခံသြားခဲ့ၿပီး အီကာဒီရဲ႕အေျပာင္းေရႊ ့ေၾကးဟာ ယုူ႐ုိ သန္း ၂၀၀ ဝန္းက်င္႐ွိတယ္လုိ ့ ထုတ္ေဖာ္ေျပာဆုိသြားခဲ့ပါတယ္။

 

ပရီးမီးယားလိဂ္ ဂုိးသြင္းစာရင္္းမွာ ထိပ္ဆုံးကဦးေဆာင္ေန တဲ့ လီဗာပူးအသင္းရဲ႕ေတာင္ပံကစားသမား ဆာလတ္ ရဲ႕လက္႐ွိေျပာင္းေရႊ ့ေၾကးတန္းဖုိးဟာ ယူ႐ုိ ၁၀၅ သန္းခန္႔႐ွိတယ္လုိ ့CIES က ေဖာ္ျပသြားခဲ့ပါတယ္။

လက္႐ွိ မန္စီးတီးအသင္းမွာ ေျခစြမ္းျပေနတဲ့ အဂၤလန္လူငယ္ ေတာင္ပံကစားသမား စတာလင္ ရဲ႕ တန္းဖုိးဟာ အနည္းဆုံး ယူ႐ုိ ၁၁၅ သန္း႐ွိတယ္လုိ ့ CIES ကေဖာ္ျပသြားခဲ့ပါတယ္။

 

ခြဲစိတ္ကုသမႈ ထပ္မံခံယူထားေသာ္လည္း အသင္းရဲ႕ကြင္းလယ္ကစားသမား ကာဇုိလာ ဟာ ဇန္နဝါရီကာလမွာ အသင္းနဲ႔ျပန္လည္ပူးေပါင္းႏုိင္ဖုိ ့ေမွ်ာ္လင့္မိေၾကာင္း အာဆင္ဝင္းဂါးက ထုတ္ေဖာ္ေျပာဆုိသြားခဲ့ပါတယ္။

ေနာက္လထဲမွာက်င္းပမည့္ ကမၻာ့ကလပ္ခ်န္ပီယံမ်ားဖလား ျပဳိင္ပြဲအတြက္ ရီးရဲမက္ဒရစ္အသင္းက ကစားသမား ၂၃ ဦးအမည္စာရင္းေပးသြင္းခဲ့ရာ ေနာက္ခံလူငယ္ကစားသမား ဗယ္လီဂ်ဳိ ကုိခ်န္လွပ္ထားခဲ့ပါတယ္။

 

ဒီတစ္ပတ္မွာကစားမည့္ ဘီဘာအုိအသင္းႏွင့္ပြဲစဥ္ကုိေတာ့ ရီးရဲေတာင္ပံကစားသမား ေဘးလ္ ပါဝင္ႏုိင္မည္မဟုတ္ပါဘူး။ သူဟာ ယခင္ ေျခသလုံးဒဏ္ရာေဟာင္း ျပန္ေပၚလာတဲ့အတြက္ မေန ့ကျပဳလုပ္ခဲ့တဲ့ အသင္းရဲ႕ေလ့က်င္ေရးအစီစဥ္ေတြမွာ ပါဝင္ႏုိင္ေျခမ႐ွိဘူးလုိ ့သိရပါတယ္။

ဒါ့အျပင္ ညာေနာက္ခံလူ ကာဗာဟယ္ ကလဲ အဲ့ဒီပြဲကုိပါဝင္ကစားေပးႏုိင္ဖုိ ့ မေသခ်ာေသးပါဘူး။

 

လီဗာပူးကြင္းလယ္ကစားသမား အမ္မေရခ်န္ ကေတာ့ သူ ့ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ” ဇန္နဝါရီ္ကာလမွာ အျခားကလပ္အသင္းတစ္ခုနဲ႔ အၾကဳိသေဘာတူညီမႈ ရယူႏုိင္တယ္ ဆုိတာဟုတ္ပါတယ္ ဒါေပမဲ့ လီဗာပူး နဲ႔လည္း စာခ်ဳပ္ခ်ဳပ္ႏုိင္တာပဲေလ။ ဘာေတြဆက္ျဖစ္မလဲ ေစာင့္ၾကည့္ၾကတာေပါ့ဗ်ာ” လုိ ့ေျပာဆုိသြားခဲ့ပါတယ္။

 

– ဂ်ဴဗီဟာ လီဗာပူးကြင္းလယ္လူ ခ်န္ကို ပစ္မွတ္ထားေနတဲ႔အျပင္၊ လီဗာပူးပစ္မွတ္ ဗန္ဒိုက္ကိုလဲ ေခၚယူဖို႕ ေစာင့္ေနတယ္လို႕ သတင္းေတြကေဖာ္ျပေနျပီး၊ ကာယကံရွင္ကိုယ္တိုင္ကလဲ ဇန္နဝါရီကာလမွာ အသင္းကေန ထြက္ခြာခြင့္ေပးဖို႕ ေတာင္းဆိုလိမ့္မယ္လို႕သံုးသပ္ေနႀကပါတယ္။

 

ေဒးဗစ္ေဆးဗားဟာ သူ႔ရဲ႕လက္ရွိခ်ဳပ္ကို 1 ႏွစ္သက္တမ္းတိုးခ်ဳပ္ဆိုလိုက္ျပီျဖစ္ျပီး 2020 ခုႏွစ္အထိ အသင္းမွာ ဆက္ရွိသြားေတာ့မွာ ျဖစ္ပါတယ္။

အာဆင္နယ္မွာ ေျခစြာေနေပမယ့္ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မယ့္ ကြင္းလယ္လူ အိုေဇးလ္ ခ်ဲဆီးအသင္းက ေခၚယူဖို႔ အံ႔အာသင့္ဖြယ္ရာ ႀကိဳးစားလာနိုင္တယ္လို႕ သတင္းအခ်ိဳ႕မွာ ေဖာ္ျပေနႀကပါတယ္။

 

မက္ဆီရဲ႕ ဂိုးကို ခြင့္မျပဳခဲ႔တဲ႔ ဒိုင္လူႀကီးဟာ အလားတူပံုစံတူမ်ိဳး ကိုပါဒယ္ေရးဖလားပြဲစဥ္ အက္စ္ပန္ေညာ္နဲ႔ တီနီရီဖီး တို႕ကစားတဲ႔ပြဲမွာလဲ မွားယြင္းစြာ ဆံုးျဖတ္ခ်က္ခ်မွတ္ခဲ႔ျပန္ပါတယ္။ #disappointed

မန္စီးတီးဟာ ေျခစြာေနတဲ႔ ေတာင္ပံကစားသမား စတာလင္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ မႀကာခင္မွာပဲ တရားဝင္ေဆြးေႏြးမႈေတြ စတင္ေတာ့မွာ ျဖစ္တယ္လို႕ သတင္းေတြက အခိုင္အမာ ေဖာ္ျပလိုက္ပါတယ္။

 

ရီးရဲမက္ဒရစ္အသင္းဟာ မန္စီးတီးကြင္းလယ္ကစားသမား ဒီဘရိုင္းကို ေခၚယူဖို႔ စံုစမ္းမႈေတြျပလုပ္လာေနတယ္လို႕ သိရျပီး ကစားသမားကေတာ့ အသင္းကေန ထြက္ခြာဖြယ္ မရွိပါဘူး။ သတင္းေတြကေတာ့ ကစားသမားရဲ႕ ေအးဂ်င့္ဆီကို စပိန္ကလပ္ဖက္က စတင္ဆက္သြယ္ခဲ႔တာျဖစ္တယ္လို႕ ထုတ္ေဖာ္ေျပာဆိုသြားခဲ႔ပါတယ္။

ဆြမ္ဆီးအသင္းဟာ ရီနာတို ဆန္းခ်က္အတြက္ ဘိုင္ယန္ျမဴးနစ္ကို အငွားေခၚယူခ ေပါင္ 7 သန္းနဲ႔ ကစားသမားရဲ႕ လစာ တစ္ပတ္ ေပါင္ 50000 ေပးေခ်ေနရတယ္လို႕ sky sport က ထုတ္ေဖာ္ေရးသားသြားခဲ႔ပါတယ္။

 

စာခ်ဳပ္အတြက္ ေဆြးေႏြးမႈေတြ စတင္နိုင္ျခင္း မရွိေသးတဲ႔ ယူနိုက္တက္ ေနာက္ခံလူ ဘလင္းဟာ အသင္းကေန ေရာင္းထုတ္ခံရမွာကို စုိးရိမ္ေနတယ္လို႕ Times သတင္းမွာ ေဖာ္ျပသြားခဲ႔ပါတယ္။

ဝက္စ္ဘရြန္းအသင္းေခါင္းေဆာင္ အီဗန္ကိုေခၚယူဖို႕အတြက္ အာဆင္နယ္အသင္းနဲ႔ မန္စီးတီးအသင္းတို႕ဟာ ဇန္နဝါရီကာလမွာ အျပိဳင္ႀကိဳးစားႀကေတာ့မွာ ျဖစ္ပါတယ္။ ျပီးခဲ႔တဲ႔ အေျပာင္းအေရႊ႕ကလဲ အာဆင္နယ္အသင္းက သူ႕ကိုေခၚယူဖို႔ ေပါင္ 25 သန္းနဲ႔ ႀကိဳးစားခဲ႔ဖူးပါတယ္။

 

ဘရိုတ္တန္အသင္းရဲ႕ ဘယ္ေနာက္ခံလူ ရိုစီေနာ္က ဒီတစ္ပတ္မွာ ရင္ဆိုင္ကစားမယ့္ လီဗာပူးအသင္းရဲ႕ ကမ႓ာ့အဆင့္မီ ကြင္းလယ္ကစားသမားေတြဟာ သူတို႔ရဲ႕ေနာက္တန္းကို အကာကြယ္ ေပးမထားဘူးလို႕ သံုးသပ္သြားခဲ႔ပါတယ္။

 

ဆြမ္ဆီးနဲ႔ပြဲမွာ အကူဒိုင္လူႀကီးကို ရိုင္းပ်စြာ ေစာဒက တက္ခဲ႔တဲ႔ ခ်ဲဆီးနည္းျပ ကြန္တီကို FA က အေရးယူလိုက္ျပီျဖစ္ျပီး ဒီဇင္ဘာ 5 ရက္ေန႕မတိုင္ခင္ အယူခံဝင္ခြင့္ေပးထားတယ္လို႕ သိရပါတယ္။

ဘာစီလိုနာအသင္းဟာ ေကာ္တင္ဟိုကိုေခၚယူနိုင္ျခင္း မရွိခဲ႔ပါက ခ်ဲဆီးေတာင္ပံကစားသမား ဝီလီယံကို ေခၚယူဖို႕ ႀကိဳးစားသြားဖြယ္ ရွိတယ္လို႕ Goal မွာ ေဖာ္ျပသြားခဲ႔ပါတယ္။

 

ယူနိုက္တက္အသင္းကေတာ့ ေနာက္ခံလူ လုေရွာအတြက္ ေျပာင္းေရႊ႕ ေပါင္ သန္း 20 ခန္႕ အလိုရွိေနပါတယ္။ နယူးကာဆယ္အသင္းကလဲ သူ႕ကို အငွားနဲ႕သာ ေခၚယူခ်င္ေနတာျဖစ္တယ္လို႕ သိရပါတယ္။

 

ရီးရဲမက္ဒရစ္အသင္းဟာ ဇန္နဝါရီကာလမွာေတာ့ ဘီဘာအိုဂိုးသမား အာရီဇာဘာလာဂါကို ယူရို သန္း 20 နဲ႔ ေခၚယူဖို႕ ျပင္ဆင္ေနျပီ ျဖစ္တယ္လို႕ စပိန္သတင္းေတြမွာ ေဖာ္ျပလိုက္ပါတယ္။

 

ဝက္စ္ဟမ္းအသင္းရဲ႕ အဓိက ကြင္းလယ္ကစားသမား လန္ဇီနီကိုေခၚယူဖို႕ အတြက္ စပါးအသင္းက စိတ္ဝင္စားလ်ွက္ရွိေနပါတယ္။ ကစားသမားရဲ႕ လက္ရွိစာခ်ဳပ္ဟာ 2020 ခုႏွစ္အထိ ရွိေနတာပါ။

 

ဘာစီလိုနာအသင္းဟာ ေကာ္တင္ဟိုကို ေခၚယူနိုင္ခဲ႔ပါက ကြင္းလယ္ကစားသမား ရာကီတစ္ကို ျပန္လည္ေရာင္းခ်သြးဖြယ္ ရွိတဲ႔အေႀကာင္း စပိန္က သတင္းေတြက ေဖာ္ျပလိုက္ပါတယ္။

#SM

 

Unicode

ဥရောပ အင်အားကြီးအသင်းတွေရဲ့ နံနက်ခင်း သတင်းတိုများ
===============================

 

အင်တာမီလန် တိုက်စစ်မှုး အီကာဒီရဲ့ ဇနီးအေးဂျင့်ဖြစ်သူ ဝမ်ဒါကတော့ သူ ့ခင်ပွန်းကိုခေါ်ယူဖို ့ ရီးရဲ၊ ဂျုဗီ၊ ချဲဆီး အသင်းတို ့က ချိတ်ဆက်နေတယ်လို ့ဝန်ခံသွားခဲ့ပြီး အီကာဒီရဲ့အပြောင်းရွှေ ့ကြေးဟာ ယုူရို သန်း ၂၀၀ ဝန်းကျင်ရှိတယ်လို ့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

 

ပရီးမီးယားလိဂ် ဂိုးသွင်းစာရင််းမှာ ထိပ်ဆုံးကဦးဆောင်နေ တဲ့ လီဗာပူးအသင်းရဲ့တောင်ပံကစားသမား ဆာလတ် ရဲ့လက်ရှိပြောင်းရွှေ ့ကြေးတန်းဖိုးဟာ ယူရို ၁၀၅ သန်းခန့်ရှိတယ်လို ့CIES က ဖော်ပြသွားခဲ့ပါတယ်။

 

လက်ရှိ မန်စီးတီးအသင်းမှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်လူငယ် တောင်ပံကစားသမား စတာလင် ရဲ့ တန်းဖိုးဟာ အနည်းဆုံး ယူရို ၁၁၅ သန်းရှိတယ်လို ့ CIES ကဖော်ပြသွားခဲ့ပါတယ်။

 

ခွဲစိတ်ကုသမှု ထပ်မံခံယူထားသော်လည်း အသင်းရဲ့ကွင်းလယ်ကစားသမား ကာဇိုလာ ဟာ ဇန်နဝါရီကာလမှာ အသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်ဖို ့မျှော်လင့်မိကြောင်း အာဆင်ဝင်းဂါးက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

 

နောက်လထဲမှာကျင်းပမည့် ကမ္ဘာ့ကလပ်ချန်ပီယံများဖလား ပြိုင်ပွဲအတွက် ရီးရဲမက်ဒရစ်အသင်းက ကစားသမား ၂၃ ဦးအမည်စာရင်းပေးသွင်းခဲ့ရာ နောက်ခံလူငယ်ကစားသမား ဗယ်လီဂျို ကိုချန်လှပ်ထားခဲ့ပါတယ်။

 

ဒီတစ်ပတ်မှာကစားမည့် ဘီဘာအိုအသင်းနှင့်ပွဲစဉ်ကိုတော့ ရီးရဲတောင်ပံကစားသမား ဘေးလ် ပါဝင်နိုင်မည်မဟုတ်ပါဘူး။ သူဟာ ယခင် ခြေသလုံးဒဏ်ရာဟောင်း ပြန်ပေါ်လာတဲ့အတွက် မနေ ့ကပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင်ရေးအစီစဉ်တွေမှာ ပါဝင်နိုင်ခြေမရှိဘူးလို ့သိရပါတယ်။

 

ဒါ့အပြင် ညာနောက်ခံလူ ကာဗာဟယ် ကလဲ အဲ့ဒီပွဲကိုပါဝင်ကစားပေးနိုင်ဖို ့ မသေချာသေးပါဘူး။

 

လီဗာပူးကွင်းလယ်ကစားသမား အမ်မရေချန် ကတော့ သူ ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ” ဇန်နဝါရီ်ကာလမှာ အခြားကလပ်အသင်းတစ်ခုနဲ့ အကြိုသဘောတူညီမှု ရယူနိုင်တယ် ဆိုတာဟုတ်ပါတယ် ဒါပေမဲ့ လီဗာပူး နဲ့လည်း စာချုပ်ချုပ်နိုင်တာပဲလေ။ ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့ဗျာ” လို ့ပြောဆိုသွားခဲ့ပါတယ်။

 

– ဂျူဗီဟာ လီဗာပူးကွင်းလယ်လူ ချန်ကို ပစ်မှတ်ထားနေတဲ့အပြင်၊ လီဗာပူးပစ်မှတ် ဗန်ဒိုက်ကိုလဲ ခေါ်ယူဖို့ စောင့်နေတယ်လို့ သတင်းတွေကဖော်ပြနေပြီး၊ ကာယကံရှင်ကိုယ်တိုင်ကလဲ ဇန်နဝါရီကာလမှာ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုလိမ့်မယ်လို့သုံးသပ်နေကြပါတယ်။

 

ဒေးဗစ်ဆေးဗားဟာ သူ့ရဲ့လက်ရှိချုပ်ကို 1 နှစ်သက်တမ်းတိုးချုပ်ဆိုလိုက်ပြီဖြစ်ပြီး 2020 ခုနှစ်အထိ အသင်းမှာ ဆက်ရှိသွားတော့မှာ ဖြစ်ပါတယ်။

 

အာဆင်နယ်မှာ ခြေစွာနေပေမယ့် စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကွင်းလယ်လူ အိုဇေးလ် ချဲဆီးအသင်းက ခေါ်ယူဖို့ အံ့အာသင့်ဖွယ်ရာ ကြိုးစားလာနိုင်တယ်လို့ သတင်းအချို့မှာ ဖော်ပြနေကြပါတယ်။

 

မက်ဆီရဲ့ ဂိုးကို ခွင့်မပြုခဲ့တဲ့ ဒိုင်လူကြီးဟာ အလားတူပုံစံတူမျိုး ကိုပါဒယ်ရေးဖလားပွဲစဉ် အက်စ်ပန်ညော်နဲ့ တီနီရီဖီး တို့ကစားတဲ့ပွဲမှာလဲ မှားယွင်းစွာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြန်ပါတယ်။ #disappointed

 

မန်စီးတီးဟာ ခြေစွာနေတဲ့ တောင်ပံကစားသမား စတာလင်ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် မကြာခင်မှာပဲ တရားဝင်ဆွေးနွေးမှုတွေ စတင်တော့မှာ ဖြစ်တယ်လို့ သတင်းတွေက အခိုင်အမာ ဖော်ပြလိုက်ပါတယ်။

 

ရီးရဲမက်ဒရစ်အသင်းဟာ မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းကို ခေါ်ယူဖို့ စုံစမ်းမှုတွေပြလုပ်လာနေတယ်လို့ သိရပြီး ကစားသမားကတော့ အသင်းကနေ ထွက်ခွာဖွယ် မရှိပါဘူး။ သတင်းတွေကတော့ ကစားသမားရဲ့ အေးဂျင့်ဆီကို စပိန်ကလပ်ဖက်က စတင်ဆက်သွယ်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

 

ဆွမ်ဆီးအသင်းဟာ ရီနာတို ဆန်းချက်အတွက် ဘိုင်ယန်မြူးနစ်ကို အငှားခေါ်ယူခ ပေါင် 7 သန်းနဲ့ ကစားသမားရဲ့ လစာ တစ်ပတ် ပေါင် 50000 ပေးချေနေရတယ်လို့ sky sport က ထုတ်ဖော်ရေးသားသွားခဲ့ပါတယ်။

 

စာချုပ်အတွက် ဆွေးနွေးမှုတွေ စတင်နိုင်ခြင်း မရှိသေးတဲ့ ယူနိုက်တက် နောက်ခံလူ ဘလင်းဟာ အသင်းကနေ ရောင်းထုတ်ခံရမှာကို စိုးရိမ်နေတယ်လို့ Times သတင်းမှာ ဖော်ပြသွားခဲ့ပါတယ်။

ဝက်စ်ဘရွန်းအသင်းခေါင်းဆောင် အီဗန်ကိုခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ ဇန်နဝါရီကာလမှာ အပြိုင်ကြိုးစားကြတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကလဲ အာဆင်နယ်အသင်းက သူ့ကိုခေါ်ယူဖို့ ပေါင် 25 သန်းနဲ့ ကြိုးစားခဲ့ဖူးပါတယ်။

 

ဘရိုတ်တန်အသင်းရဲ့ ဘယ်နောက်ခံလူ ရိုစီနော်က ဒီတစ်ပတ်မှာ ရင်ဆိုင်ကစားမယ့် လီဗာပူးအသင်းရဲ့ ကမ႓ာ့အဆင့်မီ ကွင်းလယ်ကစားသမားတွေဟာ သူတို့ရဲ့နောက်တန်းကို အကာကွယ် ပေးမထားဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။

 

ဆွမ်ဆီးနဲ့ပွဲမှာ အကူဒိုင်လူကြီးကို ရိုင်းပျစွာ စောဒက တက်ခဲ့တဲ့ ချဲဆီးနည်းပြ ကွန်တီကို FA က အရေးယူလိုက်ပြီဖြစ်ပြီး ဒီဇင်ဘာ 5 ရက်နေ့မတိုင်ခင် အယူခံဝင်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

 

ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကိုခေါ်ယူနိုင်ခြင်း မရှိခဲ့ပါက ချဲဆီးတောင်ပံကစားသမား ဝီလီယံကို ခေါ်ယူဖို့ ကြိုးစားသွားဖွယ် ရှိတယ်လို့ Goal မှာ ဖော်ပြသွားခဲ့ပါတယ်။

 

ယူနိုက်တက်အသင်းကတော့ နောက်ခံလူ လုရှောအတွက် ပြောင်းရွှေ့ ပေါင် သန်း 20 ခန့် အလိုရှိနေပါတယ်။ နယူးကာဆယ်အသင်းကလဲ သူ့ကို အငှားနဲ့သာ ခေါ်ယူချင်နေတာဖြစ်တယ်လို့ သိရပါတယ်။

 

ရီးရဲမက်ဒရစ်အသင်းဟာ ဇန်နဝါရီကာလမှာတော့ ဘီဘာအိုဂိုးသမား အာရီဇာဘာလာဂါကို ယူရို သန်း 20 နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြလိုက်ပါတယ်။

 

ဝက်စ်ဟမ်းအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား လန်ဇီနီကိုခေါ်ယူဖို့ အတွက် စပါးအသင်းက စိတ်ဝင်စားလျှက်ရှိနေပါတယ်။ ကစားသမားရဲ့ လက်ရှိစာချုပ်ဟာ 2020 ခုနှစ်အထိ ရှိနေတာပါ။

 

ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ခေါ်ယူနိုင်ခဲ့ပါက ကွင်းလယ်ကစားသမား ရာကီတစ်ကို ပြန်လည်ရောင်းချသွးဖွယ် ရှိတဲ့အကြောင်း စပိန်က သတင်းတွေက ဖော်ပြလိုက်ပါတယ်။

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *