၀က္ဖုိ႕ဒ္နဲ႕ပြဲမွာခက္ခဲတဲ့စမ္းသပ္မွဳကိုေမွ်ာ္လင့္ထားပါတယ္ #အက္ရွ္ေလယန္း

အက္ရွ္ေလယန္းကယေန႕ည၀က္ဖို႕ဒ္အသင္းနဲ႕ Vicarage Road မွာရင္ဆုိင္ရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မွာမန္ခ်က္စတာယူႏုိက္အသင္းအေနနဲ႕ခက္ခဲတဲ့စမ္းသပ္မွဳကုိေမွ်ာ္လင့္ထားတယ္လို႕ေျပာလုိက္ပါတယ္။

ပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕ဒုတိယေနရာမွာရပ္တည္ေနတဲ့မန္ယူႏုိက္တက္ဟာ၀က္ဖုိ႕ဒ္ကုိသာအႏုိင္ကစားႏုိင္ခဲ့မယ္ဆုိရင္ထိပ္ဆံုးကမန္စီးတီးကုိငါးမွတ္အကြာနဲ႕ဖိအားေပးႏုိင္မွာပဲျဖစ္ပါတယ္။

၀က္ဖုိ႕ဒ္ကစားသမားေဟာင္းျဖစ္ျပီးလက္ရွိယူႏုိက္တက္ေနာက္တန္းမွာေျခစြမ္းျပလ်က္ရွိေနတဲ့ယန္းက “ကၽြန္ေတာ္တုိ႕ခက္ခဲတဲ့အေ၀းကြင္းပြဲစဥ္ကုိကစားရမယ္ဆုိတာသိပါတယ္။ ဒါေပမယ့္ကၽြန္ေတာ္တုိ႕အႏုိင္သံုးမွတ္ရယူသြားခ်င္ပါတယ္။

ဒီပြဲဟာခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္လာမွာပါ။ ၀က္ဖုိ႕ဒ္ဟာကၽြန္ေတာ္ထြက္ခြာျပီးကတည္းကေတာ္ေတာ္မ်ားမ်ားေျပာင္းလဲသြားခဲ့ပါျပီ။ သူတုိ႕ဟာဒီရာသီပရီးမီးယားလိဂ္မွာအေကာင္းဆံုးေျခစြမ္းျပေနျပီး ကၽြန္ေတာ္တုိ႕အသင္းေနာက္ထပ္ခက္ခဲတဲ့ပြဲတစ္ပြဲကိုရင္ဆုိင္ရေတာ့မွာျဖစ္ပါတယ္။

ကၽြန္ေတ္ာကေတာ့အသင္းေဟာင္းနဲ႕၇င္ဆုိင္ရတာႏွစ္သက္ပါတယ္။ ကၽြန္ေတာ္အသက္၁၀ႏွစ္ကေန၂၁ထိအဲဒီမွာရွိခဲ့တာပါ။ ကၽြန္ေတာ္လူငယ္ဘ၀တုန္းကအဲဒီမွာအမ်ားၾကီးေလ့လာသင္ယူခဲ့ျပီးအခုျပန္သြားရေတာ့မွာျဖစ္လုိ႕ေပ်ာ္မိပါတယ္။

ဒါေပမယ့္ကၽြန္ေတာ္တုိ႕၀က္ဖုိ႕ဒ္ကြင္းမွာအႏိုင္သံုးမွတ္ရယူႏုိင္ခဲ့မယ္ဆုိရင္ေတာ့ပိုမုိေကာင္းမြန္ပါလိမ့္မယ္။” လို႕ေျပာသြားပါတယ္။

၀က္ဖုိ႕ဒ္အသင္းဟာပရီးမီးယားလိဂ္မွာ၂ပြဲဆက္အႏုိင္နဲ႕အတူအဆင့္ရွစ္ေနရာမွာရွိေနျပီးအဆင့္ေလးေနရာကအာဆင္နယ္နဲ႕ေလးမွတ္သာကြာေနပါတယ္။

#SM

၀က်ဖို့ဒ်နဲ့ပွဲမှာခက်ခဲတဲ့စမ်းသပ်မှုကိုမျှော်လင့်ထားပါတယ် #အက်ရှ်လေယန်း
***********************************************
အက်ရှ်လေယန်းကယနေ့ညဝက်ဖို့ဒ်အသင်းနဲ့ Vicarage Road မှာရင်ဆိုင်ရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာမန်ချက်စတာယူနိုက်အသင်းအနေနဲ့ခက်ခဲတဲ့စမ်းသပ်မှုကိုမျှော်လင့်ထားတယ်လို့ပြောလိုက်ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ဒုတိယနေရာမှာရပ်တည်နေတဲ့မန်ယူနိုက်တက်ဟာဝက်ဖို့ဒ်ကိုသာအနိုင်ကစားနိုင်ခဲ့မယ်ဆိုရင်ထိပ်ဆုံးကမန်စီးတီးကိုငါးမှတ်အကွာနဲ့ဖိအားပေးနိုင်မှာပဲဖြစ်ပါတယ်။

၀က်ဖို့ဒ်ကစားသမားဟောင်းဖြစ်ပြီးလက်ရှိယူနိုက်တက်နောက်တန်းမှာခြေစွမ်းပြလျက်ရှိနေတဲ့ယန်းက “ကျွန်တော်တို့ခက်ခဲတဲ့အဝေးကွင်းပွဲစဉ်ကိုကစားရမယ်ဆိုတာသိပါတယ်။ ဒါပေမယ့်ကျွန်တော်တို့အနိုင်သုံးမှတ်ရယူသွားချင်ပါတယ်။

ဒီပွဲဟာခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။ ၀က်ဖို့ဒ်ဟာကျွန်တော်ထွက်ခွာပြီးကတည်းကတော်တော်များများပြောင်းလဲသွားခဲ့ပါပြီ။ သူတို့ဟာဒီရာသီပရီးမီးယားလိဂ်မှာအကောင်းဆုံးခြေစွမ်းပြနေပြီး ကျွန်တော်တို့အသင်းနောက်ထပ်ခက်ခဲတဲ့ပွဲတစ်ပွဲကိုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ကျွန်တေ်ာကတော့အသင်းဟောင်းနဲ့ရင်ဆိုင်ရတာနှစ်သက်ပါတယ်။ ကျွန်တော်အသက်၁၀နှစ်ကနေ၂၁ထိအဲဒီမှာရှိခဲ့တာပါ။ ကျွန်တော်လူငယ်ဘဝတုန်းကအဲဒီမှာအများကြီးလေ့လာသင်ယူခဲ့ပြီးအခုပြန်သွားရတော့မှာဖြစ်လို့ပျော်မိပါတယ်။

ဒါပေမယ့်ကျွန်တော်တို့ဝက်ဖို့ဒ်ကွင်းမှာအနိုင်သုံးမှတ်ရယူနိုင်ခဲ့မယ်ဆိုရင်တော့ပိုမိုကောင်းမွန်ပါလိမ့်မယ်။” လို့ပြောသွားပါတယ်။
၀က်ဖို့ဒ်အသင်းဟာပရီးမီးယားလိဂ်မှာ၂ပွဲဆက်အနိုင်နဲ့အတူအဆင့်ရှစ်နေရာမှာရှိနေပြီးအဆင့်လေးနေရာကအာဆင်နယ်နဲ့လေးမှတ်သာကွာနေပါတယ်။

 

Source: Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *