ဆဲတစ်အသင်းဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကစားခဲ့တဲ့စကော့တလန်ပရီးမီးယားလိဂ်ပွဲစဉ်မှာဟတ်စ်အသင်းကို၎ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီးနောက်ကလပ်အသင်းရဲ့ပြည်တွင်းပြိုင်ပွဲ ၆၉ပွဲဆက်ရှုံးပွဲမရှိစံချိန်မှတ်တမ်းကောင်းကျိုးပျက်သွားခဲ့ရပြီဖြစ်ပါတယ်။
ဆဲတစ်အသင်းရဲ့အဆိုပါမှတ်တမ်းကောင်းဟာလွန်ခဲ့တဲ့၂၀၁၆မေလမားသားဝဲလ်အသင်းကို၇ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တာကနေစတင်ခဲ့တာဖြစ်ပြီးအဆိုပါပွဲဟာ နည်းပြဟောင်းရွန်နီဒိုင်လကိုင်တွယ်ခဲ့တဲ့နောက်ဆုံးပွဲစဉ်လည်းဖြစ်ပါတယ်။
သို့ပေမယ့် အဆိုပါ၆၉ပွဲဆက်ရှုံးပွဲမရှိစံချိန်နောက်ကွယ်မှစိတ်ဝင်စားစရာအချက်တွေကိုတော့ယခုလိုပဲသိရှိနိုင်ပါတယ်။
၎~ ဆဲတစ်ရဲ့အခြားဂိုးသမားတွေဖြစ်ကြတဲ့ လိုဂန်ဘိုင်လီ ဂျေမီမက်ကတ်နဲ့စတီဖန်ဂျိုဟန်ဆင်တို့ကတော့တစ်ပွဲစီသာကစားခဲ့ကြရပါတယ်။
၅~ ဆဲတစ်အသင်းရဲ့၆၉ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းကတော့အစကောင်းမွန်ခဲ့ပြီး မားသားဝဲလ်အသင်းကို၇ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ကာ နည်းပြဟောင်းရွန်နီဒိုင်လာရဲ့နောက်ဆုံးပွဲလည်းဖြစ်ပါတယ်။ ဒါ့အပြင်ဆဲတစ်ဟာဂိုးကွာခြားချက်၇ဂိုးအသာနဲ့ပြိုင်ဘက်ကိုချေမှုန်းနိုင်ခဲ့ပါတယ်။
၁၀~ ၆၉ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းအတွင်းဆဲတစ်တိုက်စစ်မှုးမူဆာဒမ်ဘီလီဟာပြိုင်ဘက်စကော့တလန်အသင်းတွေကို ၃၄ဂိုးထိသွင်းယူခဲ့ပါတယ်။
#SM
ဆဲတစ်အသင်းရဲ့၆၉ပွဲဆက်ရှုံးပွဲမရှိစံချိန်မှတ်တမ်းကောင်းမှပရိတ်သတ်တွေသိထားသင့်တဲ့စိတ်ဝင်စားဖွယ်ရာအချက်အလက်များ
***************************************************
ဆဲတစ်အသင်းဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကစားခဲ့တဲ့စကော့တလန်ပရီးမီးယားလိဂ်ပွဲစဉ်မှာဟတ်စ်အသင်းကို၄ဂိုးဂိုးမရှိနဲ့ရှံုးနိမ့်ခဲ့ပြီးနောက်ကလပ်အသင်းရဲ့ပြည်တွင်းပြိုင်ပွဲ ၆၉ပွဲဆက်ရှံုးပွဲမရှိစံချိန်မှတ်တမ်းကောင်းကျိုးပျက်သွားခဲ့ရပြီဖြစ်ပါတယ်။
ဆဲတစ်အသင်းရဲ့အဆိုပါမှတ်တမ်းကောင်းဟာလွန်ခဲ့တဲ့၂၀၁၆မေလမားသားဝဲလ်အသင်းကို၇ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တာကနေစတင်ခဲ့တာဖြစ်ပြီးအဆိုပါပွဲဟာ နည်းပြဟောင်းရွန်နီဒီလာကိုင်တွယ်ခဲ့တဲ့နောက်ဆုံးပွဲစဉ်လည်းဖြစ်ပါတယ်။
ထို့နောက်ဘရန်ဒန်ရော်ဂျာဟာအဆိုပါမှတ်တမ်းအတွက်အရေးပါတဲ့သူဖြစ်ခဲ့ပြီး ဥရောပမှာထင်သလောက်ရလဒ်မကောင်းခဲ့ပေမယ့်လည်းစကော့တလန်မှာတော့ဆဲတစ်ကိုလွှမ်းမိုးစေခဲ့ပါတယ်။
သို့ပေမယ့် အဆိုပါ၆၉ပွဲဆက်ရှံုးပွဲမရှိစံချိန်နောက်ကွယ်မှစိတ်ဝင်စားစရာအချက်တွေကိုတော့ယခုလိုပဲသိရှိနိုင်ပါတယ်။
၁~ ၆၉ပွဲဆက်ရှံုးပွဲမရှိစံချိန်မှတ်တမ်းမှာဆဲတစ်အသင်းဟာ သွင်းဂိုးစုစုပေါင်း ၁၉၇ ဂိုးရရှိခဲ့ပြီး တစ်ပွဲပျမ်းမျှ 2.86 ဂိုးရရှိတာပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲဆဲတစ်အသင်းဟာပေးဂိုး ၄၀သာခွင်ပြုခဲ့ရပြီး တစ်ပွဲပျမ်းမျှ 0.58 ဂိုးသာပေးခဲ့ရပါတယ်။
၂~ စကော့တလန်ချန်ပီယံဟာလွန်ခဲ့တဲ့ ၂၀၁၆ မေလကစတင်ခဲ့တဲ့စံချိန်တင်မှတ်တမ်းအတွင်း စုစုပေါင်းကစားသမား ၄၀အသုံးပြုခဲ့ပါတယ်။
၃~ ဆဲတစ်အသင်းရဲ့ဂိုးသမားဖြစ်သူခရိတ်ဂေါ်ဒွန်ကတော့အဆိုပါမှတ်တမ်းရဲ့ဂုဏ်အယူရဆုံးကစားသမားဖြစ်ပြီး ၆၅ပွဲထိပါ၀င်ကစားပေးခဲ့ပါတယ်။
၄~ ဆဲတစ်ရဲ့အခြားဂိုးသမားတွေဖြစ်ကြတဲ့ လိုဂန်ဘိုင်လီ ဂျေမီမက်ကတ်နဲ့စတီဖန်ဂျိုဟန်ဆင်တို့ကတော့တစ်ပွဲစီသာကစားခဲ့ကြရပါတယ်။
၅~ ဆဲတစ်အသင်းရဲ့၆၉ပွဲဆက်ရှံုးပွဲမရှိမှတ်တမ်းကတော့အစကောင်းမွန်ခဲ့ပြီး မားသားဝဲလ်အသင်းကို၇ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ကာ နည်းပြဟောင်းရွန်နီဒိုင်လာရဲ့နောက်ဆုံးပွဲလည်းဖြစ်ပါတယ်။ ဒါ့အပြင်ဆဲတစ်ဟာဂိုးကွာခြားချက်ရဂိုးအသာနဲ့ပြိုင်ဘက်ကိုချေမှုန်းနိုင်ခဲ့ပါတယ်။
၆~ အဆိုပါကာလအတွက်ဆဲတစ်အသင်းအတွက်အသက်အငယ်ဆုံးကစားခွင့်ရခဲ့တဲ့ကစားသမားကတော့ဂျက်အစ်ချင်ဆန်ပဲဖြစ်ပါတယ်။ သူဟာမားသားဝဲလ်အသင်းကို၇ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့ပွဲမှာဂိုးသွင်းယူနိုင်ခဲ့ပြီး ၎င်းရဲ့အသက်ဟာ၁၆နှစ် နဲ့ ၆၇ရက်သာရှိသေးပါတယ်။
၇~ ဆဲတစ်အသင်းခေါင်းဆောင်စကော့ဘရောင်းဟာ အဆိုပါစံချိန်အတွင်း အဝါကတ်စုစုပေါင်း၁၇ကတ်ရရှိခဲ့ပါတယ်။
၈~ ဆဲတစ်အသင်းဟာ ၆၉ပွဲဆက်ရှံုးပွဲမရှိမှတ်တမ်းအတွင်း Betfred Cup နှစ်ကြိမ် လိဂ်ဖလားတစ်ကြိမ် William Hill Scottish Cup တစ်ကြိမ်ရရှိခဲ့ပါတယ်။ ထို့အပြင်ဆဲတစ်အသင်းဟာမားသားဝဲကိုအနိုင်ရရှိပြီးနောက်တစ်ပတ်အကြာမှာပဲ The Ladbrokes Premiership Trophy ကိုလည်းကိုင်မြှောက်နိုင်ခဲ့ပါတယ်။
၉~ ဆဲတစ်အသင်းဟာအဆိုပါ၁၉လကြာတင်ရှိခဲ့တဲ့မှတ်တမ်းအတွင်း နိုင်ပွဲရရှိမှုစုစုပေါင်း ပွဲ၆၀ထိရှိခဲ့ပါတယ်။
၁၀~ ၆၉ပွဲဆက်ရှံုးပွဲမရှိမှတ်တမ်းအတွင်းဆဲတစ်တိုက်စစ်မှုးမူဆာဒမ်ဘီလီဟာပြိုင်ဘက်စကော့တလန်အသင်းတွေကို ၃၄ဂိုးထိသွင်းယူခဲ့ပါတယ်။
Source : Sports Myanmar
Leave a Reply
Your email address will not be published. Required fields are marked *