အယ္လ္ဒါဝီရယ္ကို ေခၚယူဖို႕ ႀကိဳးစားဖြယ္ ရွိတဲ႔ မန္စီးတီးသတင္းတိုမ်ား

– Match Day

ည 10:30
မန္စီးတီး v ဝက္စ္ဟမ္း
ဒိုင္လူႀကီး
@အီတီဟတ္

စံခ်ိန္သစ္ ပြဲ 20 ဆက္ နိုင္ပြဲ ထပ္ယူျပဦးမွာလား ပက္ဂြါဒီယိုလာေရ . . . .

– ဝက္စ္ဟမ္းနဲ႔အတူ အီတီဟတ္ကို ျပန္လာမယ့္ အသင္းရဲ႕ ေနာက္တန္းေဟာင္း ဇာဘလက္တာႀကီးကေတာ့ ဒီရာသီမွာ စီးတီးသာ ခ်န္ပီယံျဖစ္ေစခ်င္တယ္လို႕ ထုတ္ေဖာ္ေျပာဆိုသြားခဲ႔ပါတယ္။

– ေနာက္တန္းကစားသမား ဂြ်န္စတုန္း ဒဏ္ရာရေနတာေႀကာင့္ စီးတီးဟာ ဝက္စ္ဘရြန္း ေနာက္ခံလူ အီဗန္ကို အာဆင္နယ္နဲ႔အျပိဳင္ ေခၚယူဖို႕ ဇန္နဝါရီမွာ ႀကိဳးစားသြားဖြယ္ ရွိပါတယ္။

– မန္စီးတီးဟာ ဖိုဒန္အတြက္ ကမ္းလွမ္းလာမယ့္ မည္သည့္ ကမ္းလွမ္းမႈမ်ိဳးကိုမဆို ျငင္းပယ္သြားမွာ ျဖစ္တယ္လို႕ သိရပါတယ္။ ပက္ ကိုယ္တိုင္ကလဲ ဖိုဒန္ကို အသင္းမွာ ကစားခြင့္ေပးနိုင္ဖို႕ ႀကိဳးစားေနတဲ႔အေႀကာင္း ထုတ္ေဖာ္ ေျပာဆိုထားခဲ႔ဖူးပါတယ္။

– မန္စီးတီးနည္းျပ ပက္ကေတာ့ ဝက္စ္ဟမ္းနဲ႔ပြဲဟာ လြယ္ကူမယ္လို႕ ဘယ္တုန္းကမွ ေတြးမထားဘူးလို႔ေျပာဆိုလိုက္ျပီး၊ အရံအသင္းနဲ႔ ကစားမွာလားဆိုတဲ႔ ေမးခြန္းေတြကိုလဲ ျပက္ရယ္ျပဳသြားခဲ႔ပါတယ္။

– ” တစ္ေန႕ေန႔မွာေတာ့ မန္စီးတီးလဲ ေျခေခ်ာ္လိမ့္မယ္လို႔ ေမ်ွာ္လင့္ထားပါတယ္။ ေျပာရတာ သိပ္မေကာင္းေပမယ့္ သူတို႕ရဲ႕ အဓိက အေရးပါတဲ႔ ကစားသမားေတြလဲ ဒဏ္ရာရနိုင္တာပဲေလ” #ေပါ့ဘာ

 

– ဆဲလ္တစ္အသင္းကို အငွားနဲ႔းသြားကစားေပးေနတဲ့ ပက္ထရစ္ေရာဘတ္ဟာ တံေကာက္ေႀကာဒဏ္ရာေႀကာင့္ 3 လေလာက္ အနားယူရမွာျဖစ္ျပီး စီးတီးထံ ျပန္လည္ေဆးကုသမႈေတြ ခံယူေနတယ္လို႕ သိရပါတယ္။

 

– စပါးအသင္းဟာ သူတို႔ရဲ႕ လစာေပးေခ်မႈ ပံုစံကို ျပင္ဆင္ဖို႕ ျငင္းဆိုခဲ႔ျပီးေနာက္ ေနာက္တန္းကစားသမား အယ္ဒါဝီရယ္ကို ေရာင္းခ်သြားဖြယ္ ရွိေနပါတယ္။ စီးတီးဟာ သူ႕ကို ယခင္အေျပာင္းအေရႊ႕မွာကတည္းက ေခၚယူဖို႕ ေစာင့္ႀကည့္ခဲ႔ဖူးပါတယ္။

– ေဆာက္သမ္တန္ပြဲကို လြဲေခ်ာ္ခဲ႔တဲ႔ ဆာေနးကေတာ့ ဒီကေန႕ညပြဲမွာ ျပန္လည္ပါဝင္လာမွာျဖစ္ပါတယ္။

 

– အဂၤလန္က မန္စီးတီးပရိသတ္ေတြကေတာ့ ဒီပြဲကို 4-0 ရလာဒ္နဲ႔ ျပီးဆံုးမယ္လို႕ ခန္႔မွန္းထားျပီး၊ အေဂြးရိုးက 2 ဂိုး၊ စတာလင္ နဲ႔ ဆာေနးတို႕က တစ္ဂိုးစီ သြင္းယူမယ္လို႕ ခန္႔မွန္းသြား။

 

#SM

အယ်လ်ဒါဝီရယ်ကို ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိတဲ့ မန်စီးတီးသတင်းတိုများ
================================

 

– Match Day

ည 10:30
မန်စီးတီး v ဝက်စ်ဟမ်း
ဒိုင်လူကြီး
@အီတီဟတ်

စံချိန်သစ် ပွဲ 20 ဆက် နိုင်ပွဲ ထပ်ယူပြဦးမှာလား ပက်ဂွါဒီယိုလာရေ . . . .

– ဝက်စ်ဟမ်းနဲ့အတူ အီတီဟတ်ကို ပြန်လာမယ့် အသင်းရဲ့ နောက်တန်းဟောင်း ဇာဘလက်တာကြီးကတော့ ဒီရာသီမှာ စီးတီးသာ ချန်ပီယံဖြစ်စေချင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

– နောက်တန်းကစားသမား ဂျွန်စတုန်း ဒဏ်ရာရနေတာကြောင့် စီးတီးဟာ ဝက်စ်ဘရွန်း နောက်ခံလူ အီဗန်ကို အာဆင်နယ်နဲ့အပြိုင် ခေါ်ယူဖို့ ဇန်နဝါရီမှာ ကြိုးစားသွားဖွယ် ရှိပါတယ်။

– မန်စီးတီးဟာ ဖိုဒန်အတွက် ကမ်းလှမ်းလာမယ့် မည်သည့် ကမ်းလှမ်းမှုမျိုးကိုမဆို ငြင်းပယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပက် ကိုယ်တိုင်ကလဲ ဖိုဒန်ကို အသင်းမှာ ကစားခွင့်ပေးနိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း ထုတ်ဖော် ပြောဆိုထားခဲ့ဖူးပါတယ်။

– မန်စီးတီးနည်းပြ ပက်ကတော့ ဝက်စ်ဟမ်းနဲ့ပွဲဟာ လွယ်ကူမယ်လို့ ဘယ်တုန်းကမှ တွေးမထားဘူးလို့ပြောဆိုလိုက်ပြီး၊ အရံအသင်းနဲ့ ကစားမှာလားဆိုတဲ့ မေးခွန်းတွေကိုလဲ ပြက်ရယ်ပြုသွားခဲ့ပါတယ်။

– ” တစ်နေ့နေ့မှာတော့ မန်စီးတီးလဲ ခြေချော်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ပြောရတာ သိပ်မကောင်းပေမယ့် သူတို့ရဲ့ အဓိက အရေးပါတဲ့ ကစားသမားတွေလဲ ဒဏ်ရာရနိုင်တာပဲလေ” #ပေါ့ဘာ

 

– ဆဲလ်တစ်အသင်းကို အငှားနဲ့းသွားကစားပေးနေတဲ့ ပက်ထရစ်ရောဘတ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် 3 လလောက် အနားယူရမှာဖြစ်ပြီး စီးတီးထံ ပြန်လည်ဆေးကုသမှုတွေ ခံယူနေတယ်လို့ သိရပါတယ်။

 

– စပါးအသင်းဟာ သူတို့ရဲ့ လစာပေးချေမှု ပုံစံကို ပြင်ဆင်ဖို့ ငြင်းဆိုခဲ့ပြီးနောက် နောက်တန်းကစားသမား အယ်ဒါဝီရယ်ကို ရောင်းချသွားဖွယ် ရှိနေပါတယ်။ စီးတီးဟာ သူ့ကို ယခင်အပြောင်းအရွှေ့မှာကတည်းက ခေါ်ယူဖို့ စောင့်ကြည့်ခဲ့ဖူးပါတယ်။

 

– ဆောက်သမ်တန်ပွဲကို လွဲချော်ခဲ့တဲ့ ဆာနေးကတော့ ဒီကနေ့ညပွဲမှာ ပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။

 

– အင်္ဂလန်က မန်စီးတီးပရိသတ်တွေကတော့ ဒီပွဲကို 4-0 ရလာဒ်နဲ့ ပြီးဆုံးမယ်လို့ ခန့်မှန်းထားပြီး၊ အဂွေးရိုးက 2 ဂိုး၊ စတာလင် နဲ့ ဆာနေးတို့က တစ်ဂိုးစီ သွင်းယူမယ်လို့ ခန့်မှန်းသွား

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *