ယူရိုပါလိဂ် အုပ်စုပွဲစဉ်(၅) ပွဲအချို့အကြိုသုံးသပ်ချက်

ဘီလ်ဘာအို နှင့် ဟာသာဘာလင်
ဒီနှစ်သင်းက အုပ်စုတွင်းမှာ မမျှော်လင့်ဘဲ နောက်ဆုံးနေရာကို ရောက်ရှိနေတာပါ။ အခုပွဲက နှစ်သင်းထဲကတစ်သင်းကို ယူရိုပါလိဂ်ခရီးလမ်း အဆုံးသတ်လောက်တဲ့အထိ ဖြစ်သွား စေနိုင်ပါတယ်။ နှစ်သင်းစလုံးရဲ့ရလဒ်ပိုင်းကလည်း လက်ရှိမှာအကျဘက်ကို ယိုင်နေပါတယ်။ ဒီလိုအခြေအနေမှာ အိမ်ရှင်ကိုပဲရွေးတာ ပိုကောင်းမယ်။

အက်စ်တာနာ နှင့် ဗီလာရီးယဲလ်
အုပ်စု(A)အတွက် ပထမနေရာလုပွဲလည်း ဖြစ်ပါတယ်။ အက်စ်တာနာက မက္ကာဘီတဲလ်အဗစ်ကို (၂)ကျော့စလုံး အနိုင်ကစားပြီး ဒီအုပ်စုမှာ မျှော်လင့်ချက်ပြန်ရှိလာတာပါ။ ဗီလာရီးယဲလ်က နောက်ဆုံးပွဲမှာ မက္ကာဘီတဲလ်အဗစ်ကို အိမ်ကွင်း ကစားရမှာဖြစ်လို့ ပြဿနာမရှိနိုင်ဘူး။ သရေမျှော်လင့်ချက်ရှိတဲ့ အက်စ်တာနာကိုပဲ ရွေးချယ်ချင်တယ်။

အဲဗာတန် နှင့် အတ္တလန်တာ
အဲဗာတန်အသင်း ယူရိုပါလိဂ်အုပ်စုအဆင့်ကနေထွက် ခဲ့ရပြီးပါပြီ။ အသင်းအနေနဲ့ ဒီလောက်ရလဒ်ဆိုးသွားတဲ့အခြေအနေမှာ ဘာသိက္ခာမှလည်း ဆယ်စရာမလိုအပ်လောက်တော့ဘူး။ အုပ်စုပထမနေရာချိန်နေတဲ့ အတ္တလန်တာ အနိမ့်ဆုံးသရေ ကစားလိမ့်မယ်။

ရိုစင်ဘော့ နှင့် ဆိုစီဒက်
ရိုစင်ဘော့အသင်း သရေကျလို့တောင်မရပါဘူး။ အနိုင်ကစားမှ မျှော်လင့်ချက် ဆက်လက်ရှင်သန်လိမ့်မယ်။ ဆိုစီဒက်အတွက် လိုအပ်တာက သရေတစ်မှတ်ပါပဲ။ ရိုစင်ဘော့ဘက်ကပဲ ရပ်တည်ချင်တယ်။

အေစီမီလန် နှင့် သြစတြီးယားဝီအန်
အေစီမီလန်ရဲ့အခြေအနေက စီးရီးအေပြိုင်ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်မဆိုထားနဲ့ လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်အတွက်တောင် အတော်လေးရုန်းကန်ရမယ့်အနေအထားပါ။ ဒါကြောင့် ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ အဓိကပြိုင်ဘက်အသင်းတွေကို မယှဉ်နိုင်တဲ့ အေစီမီလန်အနေနဲ့ ယူရိုပါလိဂ်ချန်ပီယံဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က မဟာအခွင့်အရေးပါပဲ။ ဥရောပပြိုင်ပွဲဘက်ကို နဂိုကထက် ပိုအားစိုက်လာနိုင်တာ သတိပြုရမယ်။ လက်ရှိ အေစီမီလန်ကလည်း ကိုယ့်ထက်နိမ့်တဲ့ အသင်းတွေနဲ့ရင်ဆိုင်တွေ့ မှုတွေမှာ အမှားအယွင်းနည်းအောင် ကစားလာနိုင်တာတွေ့ရတယ်။ သြစတြီးယားဝီအန်ကတော့ အံ့အားသင့်ဖွယ် အဝေးကွင်း စွမ်းဆောင်ရည်က ပိုကောင်းနေပါတယ်။ ဒီရာသီ ဥရောပပွဲ(၄)ပွဲမှာ (၃)ပွဲနိုင်၊ (၁)ပွဲသရေ ကစားခဲ့တာပါ။ ဒါပေမဲ့ သြစတြီးယား ၀ီအန်ရဲ့အဝေးကွင်းမှတ်တမ်းကောင်းတွေထဲမှာ ရိုးမားလောက်ပဲ နာမည်ကြီးအသင်းပါပါတယ်။ အနိုင်ရရုံနဲ့ နောက်တစ်ဆင့်တက်မယ့် အေစီမီလန် ဂိုးပြတ်နိုင်လိမ့်မယ်။

ကွန်ယာစပေါ် နှင့် မာဆေးလ်
မာဆေးလ်အသင်းက အခုအုပ်စုအဆင့်မှာ အဝေးကွင်း (၂)ပွဲစလုံး ရှုံးထားတယ်။ ဒီပွဲလည်း တူရကီမြေမှာ မာဆေးလ်ကို သိပ်မျှော်လင့်လို့မရပါဘူး။ အိမ်ရှင် မရှုံးအောင်တော့ ကစားနိုင်လောက်တယ်။

လိုင်ယွန် နှင့် အပိုလွန်လီမာဆိုးလ်
လိုင်ယွန်အသင်းရဲ့စုဖွဲ့မှုက အမြင့်ဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားတယ်။ တိုက်စစ်ကော ခံစစ်မှာပါ အကောင်းဆုံးပုံစံရောက်နေတာ အားရစရာကောင်းပါတယ်။ အခုပွဲလည်း အပိုလွန်လီမာဆိုးလ်အသင်းကို ဂိုးပြတ်သွင်းဖို့မခက်ပါဘူး။

ကိုလုံး နှင့် အာဆင်နယ်
အာဆင်နယ်က နောက်တစ်ဆင့်တက်ထားပြီးသားအသင်းပါ။ အုပ်စုပထမရဖို့လည်း သရေတစ်မှတ်သာလိုပါတော့တယ်။ အနိုင်ကစားမှ မျှော်လင့်ချက်ရှိမယ့် ကိုလုံး သေချာပေါက် အမှတ်ရမယ်။

စပို့တင်းဘရာဂါ နှင့် ဟော်ဖန်ဟင်မ်
ဟော်ဖန်ဟင်မ် ဘယ်လိုကစားသွားမလဲ စိတ်ဝင်စားစရာပါ။ ဒီပွဲနိုင်ရင်တော့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေပြန် ကောင်းသွားလိမ့်မယ်။ ဒါပေမဲ့ ပေါ်တူဂီမြေမှာတော့ သမ္ဘာပိုရှိတဲ့ ဘရာဂါကိုပဲ ကြိုက်တယ်။

နိုက်စ် နှင့် ဇူတေ၀ါရီဂမ်
ရမှတ်အနေအထားအရတော့ အခုပွဲက အုပ်စုဒုတိယနေရာလုပွဲပါပဲ။ ဒါပေမဲ့ ခြေစွမ်းချင်းအတော်ကွာပါတယ်။ နိုက်စ် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမယ်။

လာဇီယို နှင့် ဗွီတက်ဆီ
အုပ်စုပထမနေရာရပြီးသား လာဇီယိုအသင်းက အခုပွဲကို အရံအများစုနဲ့ ပွဲထွက်လာဖို့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လာဇီယို အနိုင်ကစားမှာပါ။

ဇင်းနစ် နှင့် ဗာဒါ
ဇင်းနစ်အသင်း အုပ်စုပထမနေရာရဖို့ အမှတ်လိုနေသေးတယ်။ ဇင်းနစ် ရလဒ်တွေကျနေပေမယ့် ဗာဒါလိုအသင်းကိုတော့ အနိမ့်ဆုံး(၃)ဂိုးပြတ်လောက်သွင်းဖို့ မခက်ပါဘူး။

 

Source : Eleven Sports

Leave a comment

Your email address will not be published. Required fields are marked *