UEFA မှ ၂၁ ရာစု အကောင်းဆုံးအသင်းကို ထုတ်ပြန်

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ၂၁ ရာစု အကောင်းဆုံးအသင်းကို ထုတ်ပြန်ခဲ့ရာ စပိန်ကစားသမား(၆)ဦးအထိ ပါဝင်ပြီး အများဆုံးဖြစ်ခဲ့ကြောင်း သိရှိရသည်။

UEFA သည် ၂၀၀၁ ခုနှစ်မှစ၍ နှစ်အလိုက် အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ပြီး ယခုအခါ ယင်းကဲ့သို့ ရွေးချယ်ခဲ့သည့် စုစု ပေါင်း(၁၆)နှစ်အတွင်းမှ ပြန်လည်အနှစ်ချုပ်ကာ ၂၁ ရာစုအကောင်းဆုံးအသင်းအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ထို့ကြောင့် နှစ်အလိုက်အကောင်းဆုံး အသင်းတွင် အကြိမ်အများဆုံးပါဝင်ခဲ့သူများကို အဓိကရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အကြိမ်အ ရေအတွက်ချင်းတူညီနေပါက ဆန်ခါတင်စာ ရင်းတွင် ပါဝင်သည့်အကြိမ်အရေအတွက်ဖြင့် ထပ်မံဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

၂၁ ရာစု အကောင်းဆုံးအသင်းကို (၄-၃-၃)ပုံစံဖြင့် ရွေးချယ်ခဲ့ရာ ဂိုးသမားအဖြစ် ရီးယဲလ်ကစားသမားဟောင်း ကာဆီးလက်စ် က ဘူဖွန်နှင့် နူအာတို့ကို ကျော်ဖြတ်ကာ ရွေး ချယ်ခံခဲ့ရသည်။

နောက်တန်း(၄)ဦးမှာ ဖိလစ် လမ်း၊ ပူယိုးလ်၊ ပီကေးနှင့် ရာမို့စ်၊ အလယ် တန်း(၃)ဦးမှာ အင်နီယေစတာ၊ ဇာဗီနှင့် ဂျ ရတ်၊  ရှေ့တန်း(၃)ဦးမှာ အွန်နရီ၊ မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ဖြစ်သည်။

စီရော်နယ်လ်ဒို သည် UEFA မှရွေးချယ်သော နှစ်အလိုက် အကောင်းဆုံးအသင်းတွင် (၁၁)ကြိမ်တိုင် တိုင် ပါဝင်ခဲ့သူဖြစ်သောကြောင့် ကျန်ကစားသမားအားလုံးထက် အပြတ်အသတ် အသာရ နေပြီး အနီးဆုံးပြိုင်ဘက် မက်ဆီပင် (၈)ကြိမ်သာ ပါဝင်ခဲ့ကြောင်းလည်း သိရှိရသည်။

ယခု စာရင်းတွင် စပိန်ကစားသမားများနှင့် စပိန် ထိပ်သီးအသင်းများဖြစ်သော ဘာစီလိုနာနှင့် ရီးယဲလ်အသင်းတို့မှ ကစားသမားများသာ အများဆုံးပါဝင်ခဲ့ခြင်းကြောင့် ၂၁ ရာစု အ ကောင်းဆုံးအသင်းဟု အမည်တပ်ရန် သင့် လျော်မှုရှိ၊ မရှိ အငြင်းပွားမှုများလည်း ရှိနေသည်။

မာလ်ဒီနီ၊ ကင်နာဗာရို၊ ဇီဒန်း၊ ရော် နယ်လ်ဒင်ဟို၊ အဲလ်ဗတ်စ်၊ ဘူဖွန်တို့မှာလည်း ယခုအသင်းတွင် ပါဝင်သင့်သူများ ဖြစ်သည် ဟု တချို့က ထောက်ပြခဲ့ကြသည်။

Source : Eleven Sports

Leave a comment

Your email address will not be published. Required fields are marked *