လိဂ်ကော်မတီဆုံးဖြတ်ချက်အရ လိဂ်-၁ ပြိုင်ပွဲသို့ မြဝတီတန်းတက်ယှဉ်ပြိုင်ခွင့်ရ

၂ဝ၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ်-၂ ဘောလုံးပြိုင်ပွဲ၌ ချန်ပီယံဖြစ်ခဲ့သည့် စီးတီး ရန်ကုန်အသင်း နုတ်ထွက်ခဲ့သည့်အတွက် မြဝတီအက်ဖ်စီအသင်းမှာ ၂ဝ၁၈ နေရှင်နယ် လိဂ်ပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်ကစားခွင့်ရခဲ့ ကြောင်း လိဂ်ကော်မတီအစည်းအဝေးဆုံးဖြတ် ချက်အရ သိရသည်။

ပြိုင်ပွဲစည်းမျဉ်းအရ

ပြီးခဲသည့်လိဂ်-၂ အမှတ်ပေးဘောလုံး ပြိုင်ပွဲအပြီးတွင် ပထမနှင့် ဒုတိယရခဲ့သည့် စီးတီးရန်ကုန်အသင်းနှင့် မဟာယူနိုက်တက် အသင်းတို့သည် ၂ဝ၁၈ မြန်မာနေရှင်နယ် လိဂ်-၁သို့ တန်းတက်ကစားခွင့်ရခဲ့သည်။ သို့သော် လိဂ်-၂ ချန်ပီယံ စီးတီးရန်ကုန်အသင်း ပိုင်ရှင်များ ပြည်ဝင်ခွင့်ဗီဇာအခက်အခဲကြောင့် အသင်းအား ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိ သဖြင့် နုတ်ထွက်ခဲ့ရာ အဆင့် (၃)နေရာမှ မြဝတီအက်ဖ်စီအသင်းသည် ပြိုင်ပွဲစည်းမျဉ်းအရ တန်းတက်ကစားခွင့်ရရှိလာခြင်းဖြစ်သည်။ ယင်းဆုံးဖြတ်ချက်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၂ဝ ရက်ကကျင်းပခဲ့သည့် လိဂ်ကော်မတီအစည်း အဝေး၌ မြဝတီအက်ဖ်စီအသင်းအား တန်း တက်ကစားခွင့်ရရန် အတည်ပြုသတ်မှတ်ပေး ခဲ့သည်။

ထိုပြင် တန်းဆင်းခဲ့ရသည့် ချင်းယူနိုက် တက်အသင်းသည်လည်း ၂ဝ၁၇ ဘောလုံး ရာသီအပြီး၌ ဆက်လက်ရပ်တည်နိုင်ရန် အခက်အခဲများရှိနေသဖြင့် နုတ်ထွက်စာ တင်ပြခဲ့ရာ လိဂ်ကော်မတီမှ နုတ်ထွက်ခွင့် ပြုခဲ့ကြောင်း သိရသည်။ ချင်းယူနိုက်တက် အသင်းသည် လိဂ်ပြိုင်ပွဲက နှုတ်ထွက်ခဲ့သော် လည်း ကစားသမားများအား လစာများပေး ချေရန် ကျန်ရှိနေသေးကြောင်း သိရသည်။ချင်းယူနိုက်တက်အသင်းသည် ၂ဝ၁၂ ဘောလုံးရာသီတွင် နေရှင်နယ်လိဂ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ် ဘောလုံး ရာသီအပြီး၌ လိဂ်ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရသည်။

Source : MMtimes

Leave a comment

Your email address will not be published. Required fields are marked *