တုိက္စစ္မႈး ဘန္ဇီးမား ရဲ႕ ေနရာကို အင္တာမီလန္ တုိက္စစ္မႈး အီကာဒီ နဲ႔ အစားထိုးဖို႔ ရီးရဲမက္ဒရစ္ စီစဥ္ေန

ရီးရဲမက္ဒရစ္ အသင္းဟာ လာမယ့္ ေႏြရာသီမွာ အသင္းရဲ႕ တုိက္စစ္မႈး ကာရင္ ဘန္ဇီးမား ကို ေရာင္းထုတ္ သြားဖို႔ရွိေနၿပီး အင္တာမီလန္ တုိက္စစ္မႈး ေမာ္ရို အီကာဒီ နဲ႔ အစားထိုးဖြယ္ ရွိေနတယ္လို႔ ေအစီမီလန္ တိုက္စစ္မႈးေဟာင္း မက္ဆာရို က ေျပာဆိုသြားခဲ့ပါတယ္ ။

လက္ရွိမွာ ေဘာလံုးသံုးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့ မက္ဆာရို က အီကာဒီ ဟာ ဘန္ဇီးမားရဲ႕ေနရာကို အစားထိုးဖို႔ ရီးရဲအသင္းလ်ာေဖြထားတဲ့ တုိက္စစ္မႈးစာရင္းမွာ ထိပ္ဆံုးကရွိေနတယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္ ။

အီကာဒီ ဟာ လာမယ့္ ရာသီမွာ စီးရီးေအကေန ေျပာင္းေရႊ႕ကစားဖုိ႔ စိတ္ကူးေနသူျဖစ္ၿပီး ယခုလို သတင္း ထြက္ေပၚလာမႈက အီကာဒီ ရဲ႕အေျပာင္းအေရႊ႕ကို ပိုမိုလႈတ္ခတ္ေစခဲ့ပါတယ္ ။

“ကြ်န္ေတာ္ ေျပာႏုိင္တာ တစ္ခုကေတာ့ အီကာဒီ ဟာ ေနာက္ရာသီမွာ ရီးရဲမက္ဒရစ္ ကို ေရာက္မယ္ဆုိတာပါပဲ ။ သူ႔ကို ဘန္ဇီးမား ရဲ႕ ေနရာအတြက္ ေခၚယူပါလိ့္မ္မယ္” လို႔ မက္ဆာရီ က စပိန္ အေျခစိုက္ AS သတင္းစာနဲ႔ ေတြ႕ဆံုမႈမွာ ေျပာဆိုသြားခဲ့ပါတယ္ ။

အီကာဒီဟာ ယခုရာသီမွာ အင္တာမီလန္ အသင္းအတြက္ ၁၃ ဂိုးသြင္းယူေပးထားခဲ့ၿပီး ရီးရဲနည္းျပ ဇီဒန္း ရဲ႕ စိတ္၀င္စားမႈကုိ ရရွိထားတယ္လုိ႔လည္း မက္ဆာရီ က ေျပာဆုိသြားခဲ့ပါတယ္ ။

အီကာဒီ ဟာ အင္တာမီလန္ အသင္းနဲ႔ ၂၀၂၁ ခုႏွစ္ အထိ စာခ်ဳပ္သက္တမ္းခ်ဳပ္ဆိုထားသူျဖစ္တာေၾကာင့္ ရီးရဲမက္ဒရစ္အေနျဖင့္ အီကာဒီ ကို ေခၚယူဖုိ႔ ေငြေၾကးအမ်ားအျပားအသံုးျပဳရမွာျဖစ္ပါတယ္ ။

ရီးရဲမက္ဒရစ္ တုိက္စစ္မႈး ဘန္ဇီးမား ဟာ အသင္းအတြက္ ေျခစြမ္းမျပသႏုိင္မႈေၾကာင့္ ေ၀ဖန္ခံေနရသူျဖစ္ၿပီး ယခုႏွစ္ လာလီဂါ မွာ ၁ ဂိုးသာ သြင္းယူထားႏုိင္ခဲ့ပါတယ္ ။ အီကာဒီကေတာ့ အင္တာအတြက္ ဂိုးေတြ သြင္းယူ ေပးထားၿပီး အသင္းကိုလည္း စီးရီးေအအမွတ္ေပးဇယားရဲ႕ ဒုတိယေနရာကို ေရာက္ရွိေအာင္ ကူညီေပးထားႏုိင္ခဲ့ပါတယ္ ။

တိုက်စစ်မှုး ဘန်ဇီးမား ရဲ့ နေရာကို အင်တာမီလန် တိုက်စစ်မှုး အီကာဒီ နဲ့ အစားထိုးဖို့ ရီးရဲမက်ဒရစ် စီစဉ်နေ

=====================================================

ရီးရဲမက်ဒရစ် အသင်းဟာ လာမယ့် နွေရာသီမှာ အသင်းရဲ့ တိုက်စစ်မှုး ကာရင် ဘန်ဇီးမား ကို ရောင်းထုတ် သွားဖို့ရှိနေပြီး အင်တာမီလန် တိုက်စစ်မှုး မော်ရို အီကာဒီ နဲ့ အစားထိုးဖွယ် ရှိနေတယ်လို့ အေစီမီလန် တိုက်စစ်မှုးဟောင်း မက်ဆာရို က ပြောဆိုသွားခဲ့ပါတယ် ။

လက်ရှိမှာ ဘောလုံးသုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ မက်ဆာရို က အီကာဒီ ဟာ ဘန်ဇီးမားရဲ့နေရာကို အစားထိုးဖို့ ရီးရဲအသင်းလျာဖွေထားတဲ့ တိုက်စစ်မှုးစာရင်းမှာ ထိပ်ဆုံးကရှိနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ် ။

အီကာဒီ ဟာ လာမယ့် ရာသီမှာ စီးရီးအေကနေ ပြောင်းရွှေ့ကစားဖို့ စိတ်ကူးနေသူဖြစ်ပြီး ယခုလို သတင်း ထွက်ပေါ်လာမှုက အီကာဒီ ရဲ့အပြောင်းအရွှေ့ကို ပိုမိုလှုတ်ခတ်စေခဲ့ပါတယ် ။

“ကျွန်တော် ပြောနိုင်တာ တစ်ခုကတော့ အီကာဒီ ဟာ နောက်ရာသီမှာ ရီးရဲမက်ဒရစ် ကို ရောက်မယ်ဆိုတာပါပဲ ။ သူ့ကို ဘန်ဇီးမား ရဲ့ နေရာအတွက် ခေါ်ယူပါလိ့်မ်မယ်” လို့ မက်ဆာရီ က စပိန် အခြေစိုက် AS သတင်းစာနဲ့ တွေ့ဆုံမှုမှာ ပြောဆိုသွားခဲ့ပါတယ် ။

အီကာဒီဟာ ယခုရာသီမှာ အင်တာမီလန် အသင်းအတွက် ၁၃ ဂိုးသွင်းယူပေးထားခဲ့ပြီး ရီးရဲနည်းပြ ဇီဒန်း ရဲ့ စိတ်ဝင်စားမှုကို ရရှိထားတယ်လို့လည်း မက်ဆာရီ က ပြောဆိုသွားခဲ့ပါတယ် ။

အီကာဒီ ဟာ အင်တာမီလန် အသင်းနဲ့ ၂၀၂၁ ခုနှစ် အထိ စာချုပ်သက်တမ်းချုပ်ဆိုထားသူဖြစ်တာကြောင့် ရီးရဲမက်ဒရစ်အနေဖြင့် အီကာဒီ ကို ခေါ်ယူဖို့ ငွေကြေးအများအပြားအသုံးပြုရမှာဖြစ်ပါတယ် ။

ရီးရဲမက်ဒရစ် တိုက်စစ်မှုး ဘန်ဇီးမား ဟာ အသင်းအတွက် ခြေစွမ်းမပြသနိုင်မှုကြောင့် ဝေဖန်ခံနေရသူဖြစ်ပြီး ယခုနှစ် လာလီဂါ မှာ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ် ။ အီကာဒီကတော့ အင်တာအတွက် ဂိုးတွေ သွင်းယူ ပေးထားပြီး အသင်းကိုလည်း စီးရီးအေအမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ရောက်ရှိအောင် ကူညီပေးထားနိုင်ခဲ့ပါတယ် ။

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *