အီတလီလက်ရွေးစင်လူစာရင်းမှ ဗာရက်တီ နုတ်ထွက်

PSGအသင်းကွင်းလယ်လူ ဗာရက်တီသည် စက်တင်ဘာ(၃၀)ရက်က ကစားခဲ့သည့် ဘော်ဒိုးအသင်းနှင့်ပွဲတွင် ဒဏ်ရာရရှိမှုကြောင့် မက်ဆီဒိုးနီးယား၊ အယ်လ်ဘေးနီးယားတို့နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲများကစားမည့် လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

အီတလီနည်းပြ ဗန်ကျူရာက ဗာရက်တီ၏နေရာအတွက် ကာဂလီယာရီအသင်းမှ အသက်(၂၀)အရွယ်သာရှိသေးသည့် ဘာရယ်လာကို အစားထိုးရွေးချယ်ခဲ့သည်။ ဘာရယ်လာသည် အီတလီယူ-၂၁အသင်းတွင် ပြီးခဲ့သည့်လကမှ စတင်ပွဲထွက်ခွင့်ရခဲ့သူလည်းဖြစ်သည်။

ထို့ပြင် တိုက်စစ်မှူး ဘယ်လော့တီ၏ဒူးဒဏ်ရာပြဿနာကြောင့် ဗီရိုနာအသင်းမှ အင်ဂလေဆီကိုလည်း အရံသင့်အစားထိုးနိုင်ရန် ခေါ်ယူထားခဲ့သည်။

အီတလီအသင်းလူစာရင်း

ဂိုး – ဘူဖွန်(ဂျူဗင်တပ်စ်)၊ ဒွန်နာရမ်မာ(အေစီမီလန်)၊ ပါရင်(ဂျီနိုအာ)
နောက်တန်း – အက်စ်တိုရီ(ဖီအိုရင်တီးနား)၊ ချီလီနီ၊ ရူဂါနီ၊ ဘာဇာဂလီ(ဂျူဗင်တပ်စ်)၊ ဘိုနူချီ(အေစီမီလန်)၊ အမ်ဘရိုစီယို(အင်တာမီလန်)၊ ဒါမီယန်(မန်ယူ)၊ စပင်နာဇိုလာ(အတ္တလန်တာ)၊ ဇက်ပါကော်စတာ(ချယ်လ်ဆီး)
အလယ်တန်း – ဒီရော့ဆီ၊ ပယ်လီဂရီနီ၊ အယ်လ်ရှာရာဝီ(ရိုးမား)၊ ဘာနာဒက်ခီ(ဂျူဗင်တပ်စ်)၊ ပါရိုလို(လာဇီယို)၊ ကန်ဒရီဗာ (အင်တာမီလန်)၊ အင်ဆစ်ဂ်နီ(နာပိုလီ)၊ ဗာဒီ(ဘိုလော့ဂ်နာ)
ရှေ့တန်း – ဘယ်လော့တီ(တိုရီနို)၊ အီဒါ(အင်တာမီလန်)၊ ဂတ်ဘီယာဒီနီ(ဆောက်သမ်တန်)၊ အီမိုဘီလီ(လာဇီယို)၊ အင်ဂလေဆီ(ဗီရိုနာ)

Leave a comment

Your email address will not be published. Required fields are marked *