ချန်​ပီယံလိဂ်​မှာစံချိန်​သစ်​တင်​နိုင်​ခဲ့ပြီဖြစ်​တဲ့လီ​ဗာပူးအသင်း

မ​နေ့ညကမာရီ​ဘောအသင်းကို၇ဂိုးပြတ်​နဲ့အနိုင်​ရရှိခဲ့တဲ့လီ​ဗာပူးအသင်းဟာချန်​ပီယံလိဂ်​ပြိုင်​ပွဲမှာအကြီးမားဆုံးအ​ဝေးကွင်းနိုင်​ပွဲရရှိတဲ့အင်္ဂလန်​အသင်းအဖြစ်​စံချိန်​သစ်​တင်​နိုင်​ခဲ့ပါတယ်​။ ချန်​ပီယံလိဂ်​ပြိုင်​ပွဲမှာနှစ်​ပွဲကစားတစ်​မှတ်​သာရရှိခဲ့တဲ့လီ​ဗာပူးဟာမ​နေ့ညပွဲမှာ​တော့ ဆာလက်​ (၂ဂိုး) ဖာမီုနိ (၂ဂိုး) ​ကော်​တင်​ညို ချိန်​ဘာလိန်​ အာနိုးတို့ရဲ့ဂိုး​တွေနဲ့အ​ဝေးကွင်းမှာ၇ဂိုးပြတ်​နဲ့နိုင်​ခဲ့ပြီိး လွန်​ခဲ့တဲ့ ၁၉၆၉ခုနှစ်​က လိုင်​ယွန်​ကို၆ဂိုးပြတ်​နဲ့နိုင်​ခဲ့တဲ့လိဒ်​ယူနိုက်​တက်​အသင်း ၁၉၅၇ခုနှစ်​က ရှမ်​​ရော့ရို​ဗာကို၆ဂိုးပြတ်​နဲ့နိုင်​ခဲ့တဲ့မန်​ယူအသင်းတို့ရဲ့စံချိန်​​တွေကိုချိုးဖျက်​နိုင်​ခဲ့ပြီဖြစ်​ပါတယ်​။ ဒါ့အပြင်​အဆိုပါပွဲစဉ်​မှာ ၁၉၉၃ခုနှစ်​ကအာဆင်​နယ်​အသင်းစတန်းဒက်​လိဒ်​အသင်းကို၇ဂိုးပြတ်​နဲ့နိုင်​ခဲ့ပြီး​နောက်​ပိုင်းအင်္ဂလန်​အသင်းရဲ့အကြီးမားဆုံးနိုင်​ပွဲတစ်​ခုလည်းဖြစ်​ပါတယ်​။ လီ​ဗာပူးရဲ့နိုင်​ပွဲဟာချန်​ပီယံလိဂ်​သမိုင်းမှာ​တော့ ၂၀၁၀က MSK ဖလီနာကိုအ​ဝေးကွင်းမှာ၇ဂိုးပြတ်​နဲ့နိုင်​ခဲ့တဲ့မာ​ဆေး ၂၀၁၄က BATE ဘိုရီ​ဆော့ကိုအ​ဝေးကွင်းမှာ၇ဂိုးပြတ်​နဲ့အနိုင်​ရရှိခဲ့တဲ့ရှက်​တာဒိုးနက်​တို့ရဲ့အကြီးမားဆုံးအ​ဝေးကွင်းစံချိန်​ကိုလိုက်​မှီသွားခဲ့ပါတယ်​။ စပါးတပ်​​မော်​စကိုဟာ​မ​နေ့ညကဆီ​ဗီလာကို၅ဂိုး၁ဂိုးနဲ့နိုင်​ခဲ့တာ​ကြောင့်​လီ​ဗာပူးဟာအုပ်​စု E ရဲ့ထိပ်​ဆုံး​နေရာကို​ရောက်​လာခဲ့ပါတယ်​။ Source: Sports Myanmar.

ရှမ်းနှင့် ရတနာပုံတို့ နိုင်ပွဲရခဲ့ပြီး ဂျီအက်ဖ်အေ တန်းဆင်းဇုန်မှလွတ်ခဲ့သည့် နေရှင်နယ်လိဂ်ပွဲစဉ် (၂ဝ)

ဇွဲကပင် ယူနိုက်တက်အသင်းဘက်သို့ ဂိုးသွင်းယူရန် ကြိုးစားခဲ့သည့် ရန်ကုန်ယူနိုက်တက်ကွင်းလယ်လူ အီမာဆင်။ ဓာတ်ပုံ – ရန်ကုန်ယူနိုက်တက် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၂ဝ)ကို အောက်တိုဘာ ၁၄ ရက်က စတင်ယှဉ်ပြိုင်ကစားခဲ့ရာ ဇယားထိပ်ဆုံးမှ ရှမ်းယူနိုက်တက်အသင်း နိုင်ပွဲပြန်ရခဲ့ပြီး လက်ရှိချန်ပီယံရတနာပုံအသင်းမှာ နောက်ဆုံး စက္ကန့်သွင်းဂိုးဖြင့် နိုင်ပွဲရယူနိုင်ခဲ့သလို ဂျီအက်ဖ် အေအသင်းသည်လည်း နိုင်ပွဲနှင့်အတူ တန်း ဆင်းဇုန်မှ ရုန်းထွက်နိုင်ခဲ့သည်။ ထပ်မံအရှုံးပေးခဲ့ရ ရှမ်းအသင်းသည် ပွဲစဉ်(၁၉)တွင် ရန်ကုန် အသင်းနှင့်သရေကျခဲ့သဖြင့် နိုင်ပွဲပြန်ရရန် အဓိကယကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ သည်။ မကွေးအသင်းသည် ရှုံးထွက်ဒိုင်း ကွာတားဖိုင်နယ်တွင် ရှမ်းယူနိုက်တက်ကို ရှုံး နိမ့်ကာ လက်ရှိချန်ပီယံဘွဲ့ကို စွန့်လွတ်ခဲ့ရ၍ ရှုံးကြွေးဆပ်ရန် ကြိုးစားခဲ့သော်လည်း ပထမ ပိုင်းတွင်သွင်းယူခဲ့သည့် ရှမ်းနောက်ခံလူပက် ထရစ်၏ တစ်လုံးတည်းသောဂိုးဖြင့် ရှမ်း ယူနိုက်တက်ကို

ရိုးမားနဲ့ပွဲမှာ မိုရာတာ ပါဝင်ကစားမှာလား မစ္စတာကွန်တီ?

  ” စဉ်းစားနေတုန်းပါပဲ။ တစ်ခါတလေတော့လဲ အနေအထားတွေက စွန့်စားရတယ်ဗျ။ ပြောရရင် မန်စီးတီးနဲ့ပွဲတုန်းက မိုရာတာ ဒဏ်ရာရသွာခဲ့တဲ့ ပုံစံမျိုးပေါ့။ ဒါပေမယ့် သူ့ကို အနားပေးခဲ့ရင်ပြန်လဲ ခင်ဗျားတို့က ကွန်တီဟာ ရူးနေတာလို့ အပြစ်တင်ခဲ့ကြဦးမှာပဲ။ တစ်ခါတလေတော့လဲ ကစားသမားတွေဟာ အနားယူဖို့ လိုအပ်ပါတယ်။ စနေနေ့တုန်းက ပွဲစဉ်မှာတုန်းမှာလဲ မိုရာတာကို အရဲ့စွန့်ပြီး အသုံးပြုခဲ့လို့ရပေမယ့် ကျနော်က အဲလောက်ထိတော့ မမိုက်မဲသေးပါဘူး။ အခြေအနေက နဲနဲတော့ အခက်သားဗျာ ဒါပေမယ့် အကောင်းဆုံး ဆုံးဖြတ်ချက်ကိုပဲ ချမှတ်သွားမှာပါ။ မနက်ဖြန်မှာ မိုရာတာကို ကစားခွင့်ပေးခဲ့ရင်တောင် ကျနော်က စွန့်စားပြီး အသုံးပြုနေတာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်” #ကွန်တီရဲ့ သတင်းစာရှင်းလင်းပွဲမှ ပြောစကား Source: Myanmar Sports

●AUNG LA N SANG VS NGALANI●

???ONE CHAMPIONSHIP??? ●AUNG LA N SANG VS NGALANI● VENUE : THUWASUNNA INDOOR STADIUM , YANGON !?? DATE : 3 NOV 2017 SPORT NEWS : 09 – 26128 8899 www.mmsportnews.com GAMING: 09 – 26358 8899 / 09 – 26128 8899 www.mmonline365.com TICKET : 01 – 549297 / 01 – 556817 http://mm.myasiaticket.com/sport/sport-detail.php?sid=149&la=en&la=en

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်မစ်ဒယ်ဝိတ်တန်း ခါးပတ်လုပွဲအဖြစ် တူးတူးနှင့် ဘာဒါတိုတို့ ထိုးသတ်မည်

 အဓိကစိန်ခေါ်ပွဲထိုးသတ်မည့် တူးတူး(ယာ)နှင့် ဘာဒါတို(ဝဲ)။ ဓာတ်ပုံ- ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်(WLC) တံတောင်ရိုက်ကွက်ဖြင့် အလဲထိုးနိုင်သူကို ထပ်ဆောင်းအပိုဆုကြေးအဖြစ် ကျပ်သိန်း ၂ဝ ချီးမြှင့်မည် မြန်မာလက်ခမောင်းကုမ္ပဏီက စီစဉ် ကျင်းပသည့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်-၃ ပြိုင်ပွဲတွင် တွဲဆိုင်းရှစ်ဆိုင်းပါဝင်ထိုးသတ် မည်ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ် လုပွဲအဖြစ် မြန်မာ့လက်ဝှေ့ကျော် တူးတူးနှင့် သြစတြေးလျဖိုက်တာ ဘာဒါတိုတို့ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။ အဓိကစိန်ခေါ်ပွဲ နိုဝင်ဘာ ၄ ရက်တွင် သုဝဏ္ဏမိုးလုံလေ လုံအားကစားရုံ၌ ယှဉ်ပြိုင်ထိုးသတ်မည့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်-၃ ပြိုင်ပွဲတွင် ပြည် တွင်း၊ ပြည်ပမှ နာမည်ကြီးဖိုက်တာများ ပါဝင် ထိုးသတ်ကြမည်ဖြစ်သည်။ အဓိကစိန်ခေါ်ပွဲ အဖြစ် တူးတူးနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဘာ ဒါတိုမှာ WBCချန်ပီယံဆုနှစ်ကြိမ် IKBF ကမ္ဘာ့ချန်ပီယံဆုတစ်ကြိမ် WKBF ကမ္ဘာ့ချန်ပီယံဆုတစ်ကြိမ်၊ CMT ချန်ပီယံဆု လေးကြိမ် ရရှိထားသူဖြစ်သည်။ ကျန်ရှိသည့်တွဲဆိုင်းများဖြစ်သည့်

အာဆင်နယ်သတင်းတိုများ

  > အလက်စစ်ဆန်းချက်တစ်ယောက် စာချုပ်သစ်ချုပ်ဆို ရေးဟာ မီစွတ်အိုဇေးရဲ့အသင်းနဲ့ စာချုပ်သက်တမ်း တိုး/မတိုး အပေါ်မှာလည်းမူတည်နေတယ်လို့ သိရပါတယ် ။ > အာစင်ဝင်းဂါးကတော့ အိုဇေးတစ်ဟာ အသင်းမှာဆက်နေ ချင်တယ်လို့ထင်ကြောင်းနဲ့ အိုဇေးဟာ ကမ္ဘာ့ အဆင့်ကစား သမားဖြစ်ပြီး သူ့လိုကစားသမားမျိုးအသင်းမှာလိုအပ်တယ် လို့ဆိုပါတယ် ။ > အသင်းရဲ့ကစားသမားဟောင် မာတင်ကီယွန်ကတော့ အိုဇေးတစ်ယောက် ဇန်နဝါရ်ီလအပြောင်းအရွေ့ဈေးကွက်မှာ အသင်းကနေထွက်ခွာဖို့သေချာသလောက်ဖြစ်နေပြီလို့ ဆိုပါတယ် ။ အိုဇေးဟာ ကစားသမားကောင်းတစ်ဦးဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိပေမယ့် အိုဇေးအနေနဲ့ အသင်းအတွက် ထရိမ်နင်မှာကြိုးစားချင်စိတ်မရှိဘူးဆိုရင် အာစင်ဝင်းဂါးက အိုဇေးမပါတဲ့ ကစားကွက်အခင်းအကျင်းကိုစတင် မှာဖြစ်ကြောင်း သူကဆိုပါတယ် ။ > ဝက်ဖိုဒ့်နည်းပြ မာကိုစ်ဆေးဗားကတော့ သူရဲ့ကစားသမား ရစ်ချက်လီဆင်ဟာ ဒိုင်ဗင်ထိုးခဲ့တာမဟုတ်ဘူးလို့ ကာကွယ် ပြောကြားသွားခဲ့ပါတယ် ။ ရစ်ချက်လီဆင်ဟာ ပရီးမီးယားလိဂ်မှာ ပြစ်ဒဏ်ဘော

ဂိုး ၁၀၀ ပြည့်ရန် အင်တာမီလန်တိုက်စစ်မှူး အီကာဒီ ပစ်မှတ်ထားနေ

အင်တာမီလန်အသင်းခေါင်းဆောင် အီကာဒီက မိခင်ကလပ်အသင်းအတွက် သွင်းဂိုး (၁၀၀)ပြည့်မြောက်ရန် ပစ်မှတ်ထားနေကြောင်း အေစီမီလန်အသင်းနှင့်ကစားခဲ့သည့် ဒါဘီပွဲမတိုင်မီ ပြောကြားခဲ့သည်။ ” ကျွန်တော် အင်တာဂျာစီနဲ့ သွင်းဂိုး ၁၀၀ လိုချင်ပါတယ်။ ကလပ်အသင်းရဲ့ဂိုးသွင်းအများဆုံး(၁၀)ဦးစာရင်းထဲ ၀င်လာတဲ့အတွက်လည်း အလွန်ပျော်ရွှင်မိပါတယ်။ ဒါပေမဲ့ ထိပ်ဆုံးရောက်ဖို့ အရမ်းဝေးကွာလွန်းပါတယ်။ ကျွန်တော့်ဆန္ဒကတော့ အင်တာမီလန်အသင်းအတွက် ဂိုးများများသွင်းနိုင်ဖို့ပါပဲ” ဟု အီကာဒီက သတင်းထောက်များသို့ ပြောကြားခဲ့သည်။ အီကာဒီသည် မီလန်ဒါဘီပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ၎င်း၏ပြိုင်ပွဲစုံ သွင်းဂိုးပေါင်းမှာလည်း (၈၇)ဂိုးအထိ ရှိလာခဲ့သည်။ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ဂိုးအများဆုံးသွင်းထားသူမှာ ဂန္ထ၀င် ဂူဆက်ပီမီယာဇာဖြစ်ပြီး (၂၄၃)ဂိုးအထိ သွင်းယူပေးခဲ့သည်။   Source : Eleven Sportnews

ဥရောပ ထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လက်စတာ – ၀က်စ်ဘရွန်း ( မြန်မာစံတော်ချိန် ၁၇-၁၀-၂၀၁၇ နံနက် ၁း၃၀) ရာသီအစက ပုံစံကောင်းပြခဲ့ပေမယ့် ၀က်စ်ဘရွန်းခံစစ်က နောက်ပိုင်းပွဲတွေမှာ ဂိုးတွေဆက်တိုက်ပေးနေရတယ်။ နောက် ဆုံး (၅)ပွဲမှာ ပေးဂိုးက (၈)ဂိုးတောင်ရှိတယ်။ လက်စတာကလည်း တိုက်စစ်ပိုင်းက ဗာဒီတစ်ဦးတည်းကို မှီခိုထားရသလိုဖြစ်နေ တယ်။ ဒီပွဲမှာတော့ လက်စတာနိုင်မှာပါ။ ဗီရိုနာ – ဘင်နီဗန်တို ( မြန်မာစံတော်ချိန် ၁၇-၁၀-၂၀၁၇ နံနက် ၁း၁၅) နိုင်ပွဲမရသေးတဲ့ တန်းတက်နှစ်သင်းရဲ့ အမှတ်လုပွဲပါပဲ။ ဘင်နီဗန်တိုက အခြေအနေပိုဆိုးနေပြီး အခုအချိန်အထိ တစ် မှတ်မှ မရသေးဘူး။ အဝေးကွင်းမှာလည်း ခံစစ်က ဂိုးပေးနှုန်း မြင့်မားနေလို့ ပက်ဇီနီဦးဆောင်တဲ့ ဗီရိုနာတိုက်စစ် ဂိုးရဖို့များပါ တယ်။ ဗီရိုနာအတွက် ပထမဆုံးနိုင်ပွဲဖြစ်လာနိုင်ပြီး (၂-၁)ဂိုး ဆိုတဲ့အဖြေ ထွက်လာနိုင်တယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ မီဒီယာမူပိုင်ခွင့်ရောင်းချမှုနှင့်ပတ်သက်၍ PSG ဥက္ကဋ္ဌ စစ်ဆေးခံရ

ပင်သစ်ကလပ် PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင် ဖီသည် ကမ္ဘာ့ဖလားပြိုင်ပွဲများအတွက် မီဒီယာမူပိုင်ခွင့် ရောင်းချရာတွင် လာဘ်ပေးလာဘ်ယူပြုလုပ်မှုဖြင့် စုံစမ်းစစ်ဆေးခံနေရကြောင်း သိရသည်။ အယ်လ်ခီလိုင်ဖီသည် ကာတာအခြေစိုက် BeIN မီဒီယာအုပ်စု၏ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဆွစ်ဇာလန်အစိုးရ ရှေ့နေများက ၎င်းနှင့်အတူ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) အထွေထွေအတွင်းရေးမှူးဟောင်း ဂျရုန်းဗယ်လ်ကီအား ခြစားမှုဖြင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဆွစ်ဇာ လန်ရှေ့နေများက ဗယ်လ်ကီသည် ၂၀၁၈၊ ၂၀၂၂၊ ၂၀၂၆ နှင့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မီဒီယာမူပိုင်ခွင့် ရောင်းချရာတွင် စီးပွားရေးသမားတစ်ဦးထံမှ လာဘ်ငွေ ရယူခဲ့ကြောင်း စွပ်စွဲထားပြီး အယ်လ်ခီလိုင်ဖီအနေဖြင့် ၂၀၂၆ နှင့် ၂၀၃၀ ပြိုင်ပွဲအတွက် ဗယ်လ်ကီနှင့် လျှို့ဝှက် သဘောတူညီမှုများရယူခဲ့ကြောင်း သိရသည်။ ဆွစ်ဇာလန် ရှေ့နေများသည် အောက်တိုဘာ ၁၂ ရက်တွင်

ကျွန်​​တော့်​နှလုံးသားကအဖြူ​ရောင်​ပါလို့​ပြောလိုက်​ပြီးဘာကာနည်းပြရာထူးကိုစိတ်​မဝင်​စားဘူးလို့​ပြောလိုက်​တဲ့ဇိဒန်း

================================== ရီးရဲယ်​မက်​ဒရစ်နည်းပြဇနက်​ဒင်းဇိဒန်းကသူရဲ့နှလုံးသားဟာစပိန်​နဲ့ဥ​ရောပချန်​ပီယံအသင်းထံမှာပဲရှိ​နေပြီးဘာကာနည်းပြရာထူးကိုစိတ်​ဝင်​စားမှုမရှိဘူးလို့​ပြောလိုက်​ပါတယ်​။ ဇိဒန်းဟာယ​နေ့ညဂီတာ​ဖေးအသင်းနဲ့ပွဲစဉ်​မှာရီးရဲယ်​မက်​ဒရစ်​အသင်းကိုကိုင်​တွယ်​တာပွဲ၁၀၀ပြည့်​​မြောက်​​တော့မှာဖြစ်​ပြီးလွန်​ခဲ့တဲ့၂၀၁၆ ဇန်​န၀ါရီကဘင်​နီတက်​ဇ်​ရဲ့​နေရာကိုအစားဝင်​ခဲ့တဲ့ဇိဒန်းဟာလက်​ရှိအချိန်​မှာဘာ​နေ​ဗျုးကလပ်​နဲ့အတူဆုဖလား၇လုံးရရှိထပါတယ်​။ ဇိဒန်းက “ကျွန်​​တော့်​မှာအဖြူ​ရောက်နှလုံးသားရှိပြီးဒါကို​ပြောင်းလဲသွားမှာမဟုတ်​ပါဘူး။ လူ​တော်​​တော်​များများကကျွန်​​တော်​တစ်​​နေ့မှာဘာကာကိုကိုင်​တွယ်​နိုင်​ဖို့ရှိလားလို့​မေးကြ​ပေမယ့်​ဒာဟာကျွန်​​တော့်​​နေရာမဟုတ်​ပါဘူး။ ကျွန်​​တော်​ကဒီမှာပါ။                                                                                     ကျွန်​​တော်​ဒီအချိန်​မှာ​တွေး​နေတာကရလဒ်​​တွေ​ကောင်းမွန်​​အောင်​ဘာလုပ်​ရမလဲဆိုတာပါပဲ။ အားလုံးကို​လေးစားပါတယ်​။ ဒီ့အပြင်​ဘာမှမရှိပါဘူး။” လို့​ပြောသွားပါတယ်။