ဝမ်းချန်ပီယံရှစ် အမ်အမ်အေပြိုင်ပွဲတွင် မြန်မာလက်ဝှေ့သမားငါးဦး ဝင်ရောက်ယှဉ်ပြိုင်မည်

ဖယ်သာဝိတ်ချန်ပီယံဖိုးသော်။ ဓာတ်ပုံ – ဝမ်းချန်ပီယံရှစ် လာမည့် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ဝမ်းချန်ပီယံရှစ် အမ်အမ်အေပြိုင်ပွဲကြီးတွင် မြန်မာ့ ရိုးရာလက်ဝှေ့သမားငါးဦး ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်ကြမည်။ ယင်းလက်ဝှေ့သမားငါးဦးသည် အမ်အမ်အေစည်းမျဉ်းအောက်တွင် ဝင်ရောက်ထိုးသတ်ကြမည်ဖြစ်သည်။ ပါဝင်သည့် ငါးဦးအနက် လေးဦးမှာအချင်းချင်း ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး သပြေညိုတစ်ဦးသာ နိုင်ငံခြားသားပြိုင်ဘက်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ တွဲဆိုင်းများအဖြစ် ဖိုးသော်နှင့် စောဘဦး၊ စောမင်းမင်းနှင့် ရဲသွေးနီ၊ သပြေညိုနှင့် ဘဂင်္လားဒေ့ရှ် ဖိုက်တာ အက်စ်ရာဖူ အစ်စလန်တို့ ရင်ဆိုင်ထိုးသတ်ကြမည်။ ပရိသတ်စိတ်ဝင်စားမှုရရှိထားသော ပွဲစဉ်မှာ ဖိုးသော်နှင့် စောဘဦးတို့၏ ပွဲစဉ်ဖြစ်သည်။ ဖိုးသော်သည် ရိုးရာလက်ဝှေ့သမားများအနက် အအောင်မြင်ဆုံးအမ်အမ်အေဖိုက်တာ ဖြစ်သည်။ မြန်မာပြည်အမ်အမ်အေ ဖယ်သာဝိတ် ချန်ပီယံဘွဲ့ကို ရရှိထားသူလည်း ဖြစ်သည်။ ပြိုင်ဘက်ဖြစ်သူ စောဘဦးသည် တောင်ကလေးကလပ်မှ ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်ပြီး အမ်အမ်အေ

နေမာဘလွန်းဒီ​အောဆုရရှိ​အောင်​ပီအက်​ဂျီအသင်းကူညီ​ပေးချင်​တယ်​လို့​ပြောလိုက်​တဲ့နည်းပြအူနိုင်းအမ်​မရီ

  နည်းပြအူနိုင်းအမ်​မရီကပီအက်​ဂျီအသင်းဟာကမ္ဘာ့စံချိန်​တင်​​ပြောင်း​ရွေ​ကြေးရှင်​​နေမာကိုဘလွန်းဒီ​အောဆုရရှိ​အောင်​အ​ကောင်းဆုံးကူညီ​ပေးသွားမယ်​လို့​ပြောလိုက်​ပါတယ်​။ ပီအက်​ဂျီနည်းပြအူနိုင်းအမ်​မရီက “​နေမာဟာအရည်​အ​သွေးများစွာပိုင်​ဆိုင်​ထားတဲ့ကစားသမားပါ။ သူဟာဘလွန်းဒီ​အောဆုကိုရရှိနိုင်​တဲ့သူဖြစ်​ပါတယ်​။   ကျွန်​​တော်​တို့သူ့ဆီကအ​ကောင်းဆုံးကို​မျှော်​လင့်​ထားပြီးသူ့ကိုဒီဆုရရှိ​အောင်​ကူညီ​ပေးသွားချင်​ပါတယ်​​။ ယ​နေ့​ခေတ်​မှာအရမ်း​ကောင်းတဲ့ကစားသမား​တွေအများကြီးအများကြီးပါ။ ဒါ​ပေမယ့်​ကျွန်​​တော်​တို့ကိုယ့်​အလုပ်​ကိုလုပ်​သွားရမှာဖြစ်​ပြီး အ​ရေးပါတဲ့ကစားသမားဖြစ်​တဲ့​နေမာကိုဒီဆုရရှိ​အောင်​ကူညီ​ပေးသွားမှာပါ။” လို့​ပြောခဲ့ပါတယ်​။ Credits : Sport Myanmar

မက်ဆီကို စာချုပ်သစ်အတွက် လက်မှတ်ထိုးကြေး ပေါင်သန်း(၈၀)အထိပေးရန် ဘာစီလိုနာအသင်း စီစဉ်

  ဘာစီလိုနာအသင်းသည် တိုက်စစ်မှူး မက်ဆီကို စာချုပ်သက်တမ်းတိုးနိုင်ရန်အတွက် လက်မှတ်ထိုးကြေး ပေါင်သန်း(၈၀)ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း သိရှိရသည်။ ဘာစီလိုနာအသင်းသည် မက်ဆီကို တစ်ပတ်လစာငွေ ပေါင်(၅)သိန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်အထိ တရားဝင်စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသေးပေ။ မက်ဆီသည် ကတ်တလန်ခွဲထွက်ရေးပြဿနာ၊ အခွန်ငွေပြဿနာများကြောင့် ဘာစီလိုနာအသင်းနှင့် သက်တမ်းတိုးရန် နှောင့်နှေးနေခြင်းဖြစ်ပြီး ယင်းအခြေအနေကို ပြိုင်ဘက်များက အခွင့်အရေးယူရန် ပြင်ဆင်လာကြောင်းလည်း သိရှိရသည်။                                                   

Congratulations “Mo Salah” !

    စက်တင်ဘာလအတွက် လီဗာပူးအသင်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို တောင်ပံ ကစားသမား မိုဟာမတ် ဆာလာဟာ ယနေ့ ရယူလက်ခံသွားပါတယ် ။ ဆာလာဟာ စက်တင်ဘာလထဲမှာ လီဗာပူးအသင်းရဲ့ အရေးပါတဲ့ ဆုနှစ်ခုကို ရရှိခဲ့ပါတယ် ။ အဆိုပါ ဆုတွေကတော့ … တစ်လတာ အကောင်းဆုံး ကစားသမားဆု တစ်လတာ အကောင်းဆုံး သွင်းဂိုး

မက်​ဆီကိုမန်​ချက်​စတာစီးတီးထံ​ခေါ်ယူဖို့ကိစ္စဟာအလွန်​ရှုပ်​​ထွေးလိမ့်​မယ်​လို့ဝန်​ခံလိုက်​တဲ့အဂူရို

        ဆာဂျီယိုအဂူရိုကသူ့အ​နေနဲ့လီယွန်​နယ်​မက်​ဆီကိုမန်​ချက်​စတာစီးတီးအသင်းထံအလွန်​​ပြောင်း​ရွေ့​စေချင်​​ပေမယ့်​လည်းဘာစီလိုနာရဲ့အမှတ်​အသားတစ်​ခုကိုအီတီိဟတ်​ကို​ခေါ်ယူဖို့အလွန်​ရှုပ်​​ထွေးလိမ့်​မယ်​လို့​ပြောသွားပါတယ်​။ မက်​ဆီဟာလက်​ရှိအချိန်​ထိဘာကာရဲ့စာချုပ်​သစ်​မှာလက်​မှတ်​​ရေးထိုးခြင်းမရှိ​သေးတာ​ကြောင့်​အာဂျင်​တီးနားကြယ်​ပွင့်​ရဲ့အနာဂတ်​နဲ့ပက်​သက်​ပြီး​ကောလဟာလ​တွေထွက်​​ပေါ်လျက်​ရှိ​နေကာမန်​စီးတီက၎င်းကို​ခေါ်ယူဖို့စိတ်​ဝင်​စား​နေ​ပါတယ်​။ ဘာကာဥက္ကဋ္ဌဘာတိုမြူက​တော့မက်​ဆီဟာလက်​ရှိမှာစာချုပ်​သစ်​ရဲ့​အောက်​မှာကစား​နေတာလို့​အကြိမ်​များစွာ​ပြောခဲ့ပြီးတရားဝင်​​ကြေငြာသွားဖို့သာလိုအပ်​​တော့တာဖြစ်​တယ်​လို့​ပြောခဲ့ပါတယ်​။ သို့်​​ပေမယ့်​လည်းအဂူရိုက​တော့ “မန်စီးတီးအတွက်​ပိုက်​ဆံကပြသနာမဟုတ်​ပါဘူး။ ဒါ​ပေမယ့်​​ရော်​နယ်​ဒိုလိုပဲကလပ်​ရဲ့အမှတ်​အသားတစ်​ခုလိုဖြစ်​​နေတဲ့မက်​ဆီဟာအဲဒီလို​နေရာက​နေစွန့်​ခွာဖို့ခက်​ခဲပါတယ်​။ ကျွန်​​တော်​မက်​ဆီကိုမန်​စီးတီးထံအရမ်း​ရောက်​​စေချင်​​ပေမယ့်​လည်းကြည့်​ရတာအ​တော်​ကိုခက်​ခဲရှုပ်​​ထွေးမယ့်​ပုံပါပဲ။” လို့​ပြောသွားပါတယ်။

တံကောက်ကြောဒဏ်ရာကြောင့် မာနေ (၆)ပတ်နားရမည်

    လီဗာပူးလ်အသင်း၏ ဆီနီဂေါတောင်ပံတိုက်စစ်ကစားသမား မာနေသည် တံ ကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်(၆)ပတ်ခန့်အနားယူရမည်ဖြစ်ကြောင်း သိရှိရသည်။ မာနေသည် ပြီးခဲ့သည့်အောက်တိုဘာ(၈)ရက်နေ့က ကစားခဲ့သော ဆီနီ ဂေါ(၂-၀)ကိတ်ဗာဒီ ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။ မာနေ(၂၅နှစ်)အနေဖြင့် လီဗာပူးလ်အသင်း၏ပွဲစဉ် အနည်းဆုံး(၁၀)ပွဲခန့်ကို လွဲချော်ဖွယ်ရှိနေပြီး ယခုစနေနေ့တွင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်-မန် ယူပွဲကိုလည်း လွဲချော်တော့မည်ဖြစ်သည်။ လီဗာပူးလ်အသင်းသည် ယခုရာသီအစပွဲ စဉ်များတွင် ရလဒ်များဆိုးရွားနေရာ မာနေဒဏ်ရာရသည့်သတင်းမှာ နည်းပြ ယာဂန်ကလော့ပ်အတွက် ထိုးနှက်ချက်တစ်ရပ်လည်းဖြစ်စေခဲ့သည်။ လီဗာပူးလ်အသင်းသည် နောက်ဆုံးကစားခဲ့သောပြိုင်ပွဲစုံ(၇)ပွဲတွင် နိုင်ပွဲ(၁)ပွဲသာရပြီး (၄)ပွဲသရေ၊ (၂)ပွဲရှုံးနိမ့် ထားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ပြိုင်ဘက်အသင်းကြီး(၅)သင်း၏အောက် အဆင့်(၇)နေရာသို့ ရောက်ရှိနေသည်။ လီဗာပူးလ်အသင်းတွင် မာနေအပြင် နောက်ခံလူ လိုဗရန်၊ ကလိုင်း၊ ကွင်းလယ်လူ လယ်လာနာ၊ ဂိုးသမား ဘော့ဂ်ဒန်တို့မှာလည်း ဒဏ်ရာများကြောင့်

အဝေးကွင်းနိုင်ပွဲနဲ့ အာဂျင်တီးနားခြေစစ်ပွဲအောင်မြင်ခဲ့ပြီး၊ ချီလီအသင်းလက်ပြခဲ့

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်)ရဲ့နောက်ဆုံးပွဲစဉ်မှာ အနိုင်ရလဒ်လိုအပ်နေတဲ့ အာဂျင်တီးနားအသင်းဟာ အီကွေဒေါကိုအဝေးကွင်းမှာ မက်ဆီရဲ့ဟက်ထရစ်သွင်းဂိုးနဲ့အနိုင်ယူပြီး အဆင့် (၃)နေရာရကာ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ နိုင်ပွဲရဖို့လိုအပ်နေတာကြောင့် အာဂျင်တီးနားနည်းပြဆမ်ပါအိုလီဟာ လူစုံထုတ်ကစားခဲ့ပြီး ရလဒ်ကောင်းဖို့ကြိုးစားခဲ့ပါတယ်။ ပွဲအစမှာပဲ အီကွေဒေါအသင်းအဖွင့်ဂိုးရခဲ့ပေမယ့် အာဂျင်တီးနားအသင်းအတွက်ချေပဂိုးနဲ့အနိုင်ဂိုးတွေကို မက်ဆီ (၁၂၊ ၂၀၊ ၆၂)မိနစ်တွေမှာသွင်းယူခဲ့ပြီးခြေစစ်ပွဲအောင်မြင်စေခဲ့ပါတယ်။ ချီလီအသင်းရှုံးနိမ့်ပြီး၊ ပီရူးနဲ့ ကိုလံဘီယာသရေပွဲကြောင့် အာဂျင်တီးနားအသင်းဟာ အဆင့် (၃)နေရာအထိတက်လှမ်းကတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းကို (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ချီလီအသင်းကတော့ ကမ္ဘာ့ဖလားကိုလက်ပြခဲ့ရပြီး ပီရူးအသင်းက ချီလီအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ Play-Off ယှဉ်ပြိုင်ခွင့်အဆင့် (၅)နေရာကိုရယူခဲ့ပါတယ်။ ဘရာဇီးလ်အသင်းအတွက်ဂိုးတွေကို ပေါ်လင်ဟိုက (၁)ဂိုး၊ ဂျေးဆူက (၂)ဂိုး သွင်းယူပေးခဲ့ပြီး ဘရာဇီးလ်အသင်းဟာ တောင်အမေရိကဇုန်ခြေစစ်ပွဲတွေမှာ သွင်းဂိုး (၄၁)ဂိုး၊ ပေးဂိုး (၁၁)ဂိုးနဲ့ တိုက်စစ်၊ ခံစစ်အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ တောင်အမေရိကဇုန်ဟာအသင်း (၁၀)သင်းယှဉ်ပြိုင်ပြီး ထိပ်ဆုံး

ဂျိုအာချင်လိုးကို အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ရန် ဘိုင်ယန် စိတ်ဝင်စား

  ဂျာမနီအသင်း၏ အထွေထွေမန်နေဂျာ ဘီယာဟော့ဖ်က အသင်းနည်းပြ ဂျိုအာချင်လိုးကို ဘိုင်ယန်မြူးနစ်အသင်း စိတ်ဝင်စားနေကြောင်း ပြောကြားခဲ့သည်။ ဘီယာဟော့ဖ်က ”သူ(ဂျိုအာချင်လိုး)က ဘယ်ကလပ်အသင်းကိုမဆို ကိုင်တွယ် နိုင်တဲ့အရည်အချင်းရှိပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက သူ့ကိုစိတ်ဝင်စားနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ဂျိုအာချင်လိုးက ဂျာမနီအသင်းနဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်ရှိနေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း ရှေ့တိုးလာရင် ကျွန်တော် တားဆီးသွားမှာပါ”ဟု ဆိုခဲ့သည်။   ဘိုင်ယန်မြူးနစ်အသင်းသည် လက်ရှိတွင် ၀ါရင့်နည်းပြဖြစ်သူ ဂျက်ဟေးနက်စ်ကို ရာသီကုန်အထိသာ ခန့်အပ်ထားခြင်းဖြစ်သည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ကာတာလက်ရွေးစင်အသင်း၏နည်းပြအဖြစ် ဆောင်ရွက်သွားနိုင်သည်ဟု ဇာဗီ ဆို

    ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ဇာဗီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိမ်ရှင်ကာတာလက်ရွေးစင်အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်သွားနိုင်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ဇာဗီသည် ၂၀၁၅ ခုနှစ်က ဘာစီလိုနာအသင်းနှင့် လမ်းခွဲပြီးနောက် ကာတာကလပ် အယ်လ်ဆတ်အသင်းတွင် သွားရောက်ကစားနေသူဖြစ်သည်။   အသက်(၃၇)နှစ်ရှိပြီဖြစ်သည့် ဇာဗီသည် အယ်လ်ဆတ်အသင်းနှင့် ၂၀၁၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ယင်းစာချုပ်တွင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ သံတမန်တစ်ဦးအဖြစ် ဆောင်ရွက်ပေးရန်၊ နည်းပြဘ၀သို့ ကူးပြောင်းသွားရန်ဟူသည့်အချက်များ ပါဝင်ကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူက ဆိုခဲ့သည်။ ဇာဗီကိုယ်တိုင်ကလည်း ကစားသမားဘ၀မှ အနားယူပြီးပါက နည်းပြလောကသို့ ၀င်ရောက်သွားမည်ဖြစ်ပြီး တစ်ချိန်ချိန်တွင် ဘာစီလိုနာအသင်း၏နည်းပြအဖြစ် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့ဖူးသည်။ ယခုအခါ မီဒီယာများက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကာတာလက်ရွေးစင်နည်းပြအဖြစ် မြင်တွေ့ရနိုင်သလားဟု မေးမြန်းခဲ့ရာ ဇာဗီက “ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။

မန်ယူကွင်းလယ်လူ ပေါ့ဘာ ဒဏ်ရာကြောင့် နောက်ထပ်(၂)လခန့် ဆက်လက်အနားယူရဖွယ်ရှိနေပြီး ဖယ်လေနီလည်း ဒဏ်ရာရရှိ

    မန်ယူအသင်း၏ အဓိကကွင်းလယ်လူ ပေါ့ဘာသည် ဒဏ်ရာ မသက်သာခြင်းကြောင့် နောက်ထပ်(၂)လခန့် အနားယူရ ဖွယ်ရှိနေ ကြောင်း သိရှိရသည်။ ပေါ့ဘာသည် စက်တင်ဘာလ (၁၃)ရက်နေ့က ကစားခဲ့သော ချန်ပီ ယံလိဂ်အုပ်စုပွဲစဉ် မန်ယူ (၃-၀)ဘေဆယ်ပွဲ တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး အနား ယူနေရခြင်းဖြစ်သည်။ ပေါ့ဘာသည် ပြီးခဲ့သည့် မန်ယူအသင်း ကစားခဲ့သော ပွဲစဉ်(၅)ပွဲကို မကစားနိုင်ဘဲ လွဲချော်ခဲ့ရသည်။ သူ့အနေဖြင့် နောက်ထပ် (၂)လခန့် အနားယူရမည်ဆိုပါက မန်ယူအ သင်း၏ပွဲစဉ်(၁၂)ပွဲခန့် ထပ်မံလွဲချော် ဖွယ်ရှိ နေကြောင်း သိရသည်။ သူ့အနေဖြင့် လီဗာ ပူးလ်၊ စပါး၊ ချယ်လ်ဆီး အစရှိသော ပရီးမီးယား လိဂ်ပြိုင်ဘက်အသင်းကြီးများနှင့်ကစားရ မည့်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေပြီး အကယ် ၍ ဒီဇင်ဘာလလယ်ပိုင်းအထိ အနားယူရမည်