နာမည်ကြီး စပိန်အသင်း တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး play-offs ကစားရမယ့် အီတလီ

  ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ပြီး အယ်လ်ဘေးနီးယားကို အနိုင်ရခဲ့တဲ့ စပိန်အသင်း တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်ခဲ့ပေမယ့် ချန်ပီယံဆု(၄)ကြိမ်ရ အီတလီအသင်း ကတော့ ဒုတိယနေရာနဲ့ကျေနပ်ခဲ့ရလို့ play-offs ထပ်မံ ကစားရမှာဖြစ်ပါတယ်။ အုပ်စု(G)မှာ ထိပ်ဆုံးနေရာအတွက် အပြိုင်ဖြစ်နေတဲ့ စပိန်နဲ့ အီတလီ အသင်းတို့ဟာ အယ်လ်ဘေးနီးယား၊ မက်ဆီဒိုးနီးယားတို့နဲ့ ဆုံတွေ့ခဲ့ ပြီး စပိန်အသင်းက အမှားအယွင်းမရှိ အနိုင်ယူခဲ့ပေမယ့် အီတလီအသင်း ဟာ အိမ်ကွင်းမှာ မက်ဆီဒိုးနီးယား မထင်မှတ်ဘဲ သရေကျခဲ့လို့ စပိန်နဲ့(၅)မှတ် ကွာဟသွားတာကြောင့် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ စပိန် အသင်းဟာ အယ်လ်ဘေးနီးယားကို ရိုဒရီဂို(၁၆)၊ အစ္စကို(၂၃)၊ သီယာဂို အယ်လ်ကန်တာရာ(၂၆)တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ အီတလီ-မက်ဆီဒိုးနီးယားပွဲမှာတော့ အီတလီအသင်းက မိနစ်(၄၀)မှာ ချီလီနီရဲ့ ဂိုးနဲ့

စက်တင်ဘာလအတွက် မန်ယူအသင်း အကောင်းဆုံးဘောလုံးသမားဆုကို မာစီယဲလ် ဆွတ်ခူး

မန်ယူအသင်း တောင်ပံတိုက်စစ်ကစားသမား မာစီယဲလ်သည် စက်တင်ဘာလအတွက် မန်ယူအသင်း၏ တစ်လတာအကောင်း ဆုံးဘောလုံးသမားဆုကို ဆွတ်ခူးခဲ့ကြောင်းသိရသည်။ ယခုဆုအတွက် ဆန်ခါတင်စာရင်းတွင် မာစီယဲလ်၊ ဖယ်လေနီ၊ ရပ်ရှ်ဖို့ဒ်၊ လူကာကူတို့ ပါဝင်ခဲ့ပြီး မာစီယဲလ်မှာ အသင်းဖော်များကို ကျော်ဖြတ်ကာ ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလ၏ တစ်လတာအကောင်းဆုံးဆု အတွက် မန်ယူပရိသတ် (၁၈၇၉၃၆)ဦးက မဲပေးခဲ့ပြီး စံချိန်တင်ပမာဏဖြစ် ခဲ့သည်။ မာစီယဲလ်သည် မဲအားလုံး၏ (၄၁%)ရရှိခဲ့ပြီး စက်တင်ဘာလအ တွင်း ခြေစွမ်းပြဂိုးများသွင်းယူခဲ့သည့် တိုက်စစ်မှူး လူကာကူမှာမူ (၃၁%) သာရရှိခဲ့ကာ ဖယ်လေနီမှာ (၂၀%)ရရှိခဲ့ကြောင်းသိရသည်။ အသက်(၂၁)နှစ်အရွယ်သာရှိသေးသူ မာစီယဲလ်သည် ယခုဆုကို ၂၀၁၅ ဒီဇင်ဘာ၊ ၂၀၁၆ မေလများက ရရှိခဲ့ပြီး တတိယအကြိမ်မြောက်ရရှိခဲ့ခြင်း ဖြစ်သည်။

အာဆင်နယ်​သတင်းတိုများ

အသင်းရဲ့ရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ အူစမန်နော့က သူပိုင်ဆိုင် တဲ့ ရှယ်ယာတွေကိုရောင်းချသွားမှာမဟုတ်ဘူးလို့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ် ။ ကွင်းလယ်ကစားသမား ဂျက်ဝီရှီးယားက မိမိအာဆင်နယ် အသင်းကြီးကို စတင်ရောက်ရှိတုန်းက ဖာဘရီဂတ်နဲ့ ကိုလိုတို ရေးဟာ မိမိကို အကူအညီတွေများစွာပေးခဲ့တယ်လို့ဆိုပါတယ် ။   အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂတ်က ၂၀၀၄ခုနစ် မန်ယူအသင်းရဲ့အိမ်ကွင်းပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ ၄၉ပွဲဆက် ရှူံးပွဲမရှိစံချိန်ကျိုးပျက်ခဲ့ပြီးနောက် မန်ယူအသင်းရဲ့ ဥမင်ထဲမှာ ဖာဂူဆန်ကို ပီဇာနဲ့ပစ်ပေါက်ခဲ့ဘူးတယ်လို့ ဝန်ခံ ပြောကြားလိုက်ပါတယ် ။ အင်္ဂလန်အသင်းရဲ့ကစားသမားဟောင်းကြီး ဂါရတ်ခရော့ခ်က အသင်းရဲ့နောက်ခံကစားသမား ကိုလာစီနက်ရဲ့ခန္ခာကိုယ်ဟာ ဒုတိယကမ္ဘာစစ်တုန်းက အင်္ဂလန်မြောက်ပိုင်းမှာ ဗုံးဒဏ်ခံနိုင် ရည်ရှိအောင် အုပ်နဲ့ ဆောက်လေ့ရှိတဲ့ အိမ်သာတွေလိုဘဲူအားကောင်းတယ်လို့ဆိုပါတယ် ။ ဒါ့အပြင်သူက မီစွတ်အိုဇေးကိုလဲ အာဆင်နယ်အသင်းကနေ ထွက်ခွာပြီး စပါးအသင်းမှာသွားရောက်ကစားသင့်တယ်လို့ ဆိုပါတယ် ။

ဘာကာကွင်းလယ်​လူအန်​ဒရီဂိုးမက်​ဇ်​ကိုလာမည့်​ဇန်​နဝါရီမှာ​ခေါ်ယူဖို့စိတ်​ဝင်​စား​နေတဲ့စပါး

စပါးအသင်းဟာဒီရာသီဘာစီလိုနာအသင်းမှာ​နေရာရဖို့ရုန်းကန်​​နေရတဲ့ကွင်းလယ်​လူအန်​ဒရီဂိုးမက်​ဇ်​ကိုလာမည့်​ဇန်​နဝါရီမှာ​နောက်​ထပ်​တစ်​ကြိမ်​​ခေါ်ယူရန်​ကြိုးပမ်းသွားဖို့စိတ်​ဝင်​စား​နေပါတယ်​။ စပိန်​ကလာတဲ့သတင်းများအရက​တော့စပါးအသင်းဟာ​ပေါ်တူဂီလက်​​ရွေးစင်​ကွင်းလယ်​လူကိုချိတ်​ဆက်​​နေပြီးဇန်နဝာရီမှာ​ကနဦးအ​နေနဲ့အငှါး​ခေါ်ယူကာရာသီကုန်​မှာ​ပေါင်​၁၈သန်းနဲ့အပြီးသတ်​​ခေါ်ယူမယ်​လို့သိရပါတယ်​။   အင်​တာမီလန်​အသင်းဘက်​ကလည်းအင်​ဒရီဂိုးမက်​ဇ်​ကိုချိတ်​ဆက်​မှု​တွေရှိ​နေ​ပေမယ့်​လည်းကစားသမားဘက်​က​တော့ပရီးမီးယားလိဂ်​ကလပ်​ကို​ပြောင်း​ရွေ့ဖို့ပိုမိုစိတ်​ဝင်​စား​နေကာ၎င်းရဲ့​ခြေစွမ်းကိုသက်​​သေပြသွားလို​နေပါတယ်​။ စပါးဟာပြီးခဲ့တဲ့​နွေရာသီအ​ပြောင်းအ​ရွေ့ကာလ​နောက်​ဆုံးရက်​​တွေမှာဂိုးမက်​ဇ်​ကို​ခေါ်ယူဖို့ကြိုးပမ်းခဲ့​ပေမယ့်​လည်းအ​ပြောင်းအ​ရွေ့မဖြစ်​​မြောက်​ခဲ့ပါဘူး။

အင်္ဂလန်ထက် အီတလီတွင် ချန်ပီယံဆုကို ကာကွယ်ရန် ပိုမိုလွယ်ကူသည်ဟု ကွန်တီ ၀န်ခံ

ချယ်လ်ဆီးနည်းပြ ကွန်တီက အင်္ဂလန်ထက် အီတလီတွင် အမှတ်ပေးချန်ပီယံဆုကို ကာကွယ်ရန် ပိုမိုလွယ်ကူသည်ဟု ၀န်ခံပြောကြားခဲ့သည်။ ကွန်တီသည် အီတလီတွင် ဂျူဗင်တပ်စ်အသင်းကို စီးရီးအေချန်ပီယံဆု (၃)ရာသီဆက်တိုက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာရာတွင်လည်း ပွဲဦးထွက်ရာသီတွင်ပင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့သူဖြစ်သည်။ သို့သော် ချန်ပီယံဆု ကာကွယ်ရမည့်လက်ရှိရာသီ၌ ပွဲစဉ်(၇)အပြီးတွင်ပင် ချယ်လ်ဆီးအသင်းမှာ ရှုံးပွဲ(၂)ပွဲ ကြုံတွေ့ခဲ့ပြီး ထိပ်ဆုံးမှဦးဆောင်နေသော မန်စီးတီး၊ မန်ယူတို့နှင့် (၆)မှတ်ကွာဟနေသည်။ ထို့ကြောင့် ကွန်တီက အင်္ဂလန်တွင် ချန်ပီယံဆုကို ကာကွယ်နိုင်ရန် ခက်ခဲကြောင်းနှင့် ယင်းသို့ဖြစ်ရခြင်းမှာ အီတလီနှင့်မတူညီနှင့် အပြောင်းအရွှေ့လှုပ်ရှားမှုများကြောင့်ဖြစ်ကြောင်းလည်း အကြောင်းပြချက်ပေးခဲ့သည်။ ကွန်တီက “ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့က ဘယ်အသင်းအတွက်ပဲဖြစ်ဖြစ် အလွန်ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာက အသင်းတိုင်းဟာ တစ်ရာသီထက်တစ်ရာသီ ပိုပြီးတောင့်တင်းလာတာကြောင့်ပါ။ အီတလီမှာတုန်းက ဂျူဗင်တပ်စ်နဲ့ စီးရီးအေချန်ပီယံဆု ရယူအပြီးမှာ

စီးရီးအေမှာ ရလဒ်မကောင်းသည့်အတွက်ဖိအားများလာသည့် မွန်တဲလား အင်တာမီလန် နှင့် ဒါဘီပွဲစဉ် တွင် ရှုံးနိမ့်ခဲ့ပါ ထုတ်ပယ်ခံရနိုင်မယ်လို့ သတင်းထွက်ပေါ်

  အေစီမီလန် အသင်းနည်းပြ မွန်တဲလား ဟာ နွေရာသီမှာ အသင်းကို အင်အားဖြည့်တင်းမှု များစွာပြုလုပ်ထား ခဲ့ပေမယ့် ရလဒ်ကောင်းတွေ ကို မဆောင်ယူနိုင်သေးတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ် ။ ယမန်နေ့ညက ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ရိုးမား အသင်းကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပြီး ၇ ပွဲ ကစားအပြီးမှာ ရမှတ် ၁၂ မှတ်သာ ရရှိထားပြီး အဆင့် ၇ နေရာမှာသာ ရှိနေခဲ့ပါတယ် ။ အေစီမီလန် အသင်းကို တရုတ်စီးပွားရေး အင်အားစုက ၀ယ်ယူအပြီးမှာ ဥရောပ ဘောလုံးလောကအတွင်း ပြန်လည်ဦးမော့လာစေဖို့အတွက် ငွေကြေးမြောက်များစွာ သုံးစွဲပြီး နာမည်ကျော် ကစားသမားများစွားကို ခေါ်ယူထားခဲ့ပါတယ် ။ ဒါပေမယ့် မျှော်မှန်းထားတဲ့ ရလဒ်နဲ့ စွမ်းဆောင်မှုတွေ မရရှိသေးတဲ့ အပြင်

အီတလီလက်ရွေးစင်လူစာရင်းမှ ဗာရက်တီ နုတ်ထွက်

PSGအသင်းကွင်းလယ်လူ ဗာရက်တီသည် စက်တင်ဘာ(၃၀)ရက်က ကစားခဲ့သည့် ဘော်ဒိုးအသင်းနှင့်ပွဲတွင် ဒဏ်ရာရရှိမှုကြောင့် မက်ဆီဒိုးနီးယား၊ အယ်လ်ဘေးနီးယားတို့နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲများကစားမည့် လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။ အီတလီနည်းပြ ဗန်ကျူရာက ဗာရက်တီ၏နေရာအတွက် ကာဂလီယာရီအသင်းမှ အသက်(၂၀)အရွယ်သာရှိသေးသည့် ဘာရယ်လာကို အစားထိုးရွေးချယ်ခဲ့သည်။ ဘာရယ်လာသည် အီတလီယူ-၂၁အသင်းတွင် ပြီးခဲ့သည့်လကမှ စတင်ပွဲထွက်ခွင့်ရခဲ့သူလည်းဖြစ်သည်။ ထို့ပြင် တိုက်စစ်မှူး ဘယ်လော့တီ၏ဒူးဒဏ်ရာပြဿနာကြောင့် ဗီရိုနာအသင်းမှ အင်ဂလေဆီကိုလည်း အရံသင့်အစားထိုးနိုင်ရန် ခေါ်ယူထားခဲ့သည်။ အီတလီအသင်းလူစာရင်း ဂိုး – ဘူဖွန်(ဂျူဗင်တပ်စ်)၊ ဒွန်နာရမ်မာ(အေစီမီလန်)၊ ပါရင်(ဂျီနိုအာ) နောက်တန်း – အက်စ်တိုရီ(ဖီအိုရင်တီးနား)၊ ချီလီနီ၊ ရူဂါနီ၊ ဘာဇာဂလီ(ဂျူဗင်တပ်စ်)၊ ဘိုနူချီ(အေစီမီလန်)၊ အမ်ဘရိုစီယို(အင်တာမီလန်)၊ ဒါမီယန်(မန်ယူ)၊ စပင်နာဇိုလာ(အတ္တလန်တာ)၊ ဇက်ပါကော်စတာ(ချယ်လ်ဆီး) အလယ်တန်း – ဒီရော့ဆီ၊ ပယ်လီဂရီနီ၊ အယ်လ်ရှာရာဝီ(ရိုးမား)၊ ဘာနာဒက်ခီ(ဂျူဗင်တပ်စ်)၊ ပါရိုလို(လာဇီယို)၊ ကန်ဒရီဗာ (အင်တာမီလန်)၊

လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

  ■ ဆိုစီဒက် နှင့် ဘက်တစ် (တနင်္ဂနွေညနေ ၄း၃၀) (၃)ပွဲဆက်ရှုံးခဲ့ရမှုအတွက် ဒီပွဲကို ဆိုစီဒက်အတိမ်းအ စောင်းအဖြစ်ခံမှာမဟုတ်ဘူး။ ဘက်တစ်ကလည်း အဝေးကွင်း နောက်ဆုံးပွဲမှာ ရီးယဲလ်မက်ဒရစ်ကိုနိုင်ထားပေမယ့် စိတ်ချရ လောက်တဲ့အသင်း မဟုတ်သေးဘူး။ အိမ်ကွင်းရှုံးပွဲတွေကြောင့် နိုင်ပွဲပြန်ရှာမယ့် ဆိုစီဒက်ပဲကြိုက်တယ်။ ဂိုးများမယ်။ ■ ဘာစီလိုနာ နှင့် လက်စ်ပါမားစ် (တနင်္ဂနွေည ၈း၄၅) ဘာစီလိုနာအတွက် သိပ်အခက်အခဲမရှိနိုင်တဲ့ပွဲမျိုးပါပဲ။ ဘာစီလိုနာရဲ့အိမ်ကွင်းရလဒ်တွေကလည်း ကောင်းမွန်နေပြီး တိုက်စစ်အစွမ်းကလည်း ထက်မြက်လွန်းနေတယ်။ လက်စ်ပါမားစ်က ဒီရာသီခြေမှန်နေတဲ့အသင်းအဖြစ် မတွေ့ရသေးဘူး။ ဒါပေမဲ့ အဝေးကွင်းမှာ ခံစစ်ကစားပြီး အမှတ်ရအောင်ရှာတတ်တဲ့ပုံစံမျိုးတော့ တွေ့ရတယ်။ အဝေးကွင်း(၃)ပွဲမှာ (၁)ပွဲကို တစ်ဂိုးထက် ပိုမပေးရတဲ့ လက်စ်ပါမားစ်ရဲ့ခံစစ်ပိုင်းကလည်း လျှော့တွက်လို့မရဘူး။ ဘာစီလိုနာကလည်း ချန်ပီယံလိဂ်ကအပြန် ကစားတဲ့ လာလီဂါပွဲတွေဆိုရင် အင်အားနည်းနည်းလျော့နေသလိုတွေ့ရတယ်။ ဒါပေမဲ့ အခုကစားမှာက

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

ဟက်ဒါဖီးလ် နှင့် စပါး (စနေည ၆း၀၀ နာရီ)     ဟတ်ဒါဖီးလ်က ရာသီအဖွင့်မှာ ရလဒ်တွေကောင်းခဲ့ပေ မယ့် နောက်ဆုံး (၄)ပွဲမှာ (၃)ပွဲသရေ၊ (၁)ပွဲ ရှုံးခဲ့တာတွေ့ရတယ်။ စပါးကတော့ အိမ်ကွင်းမှာ သရေကျလိုက်၊ အဝေးကွင်းမှာ နိုင်ပွဲ ရှာလိုက်ဖြစ်နေတယ်။ ချန်ပီယံလိဂ်လည်းကစားထားရလို့ ပွဲပန်း နေနိုင်တယ်။ စပါး ဂိုးမပြတ်ဘဲ နိုင်လိမ့်မယ်။ ဘုန်းမောက် နှင့် လက်စတာ (စနေည ၈း၃၀ နာရီ) ရှုံးပွဲတွေများနေတဲ့ ဒီနှစ်သင်းမှာ တိုက်ဆိုင်တာက သူတို့ နောက်ဆုံးအနိုင်ရထားတဲ့အသင်းက ဘရိုက်တန်ဖြစ်နေတာပဲ။ လက်စတာလည်း အားနည်းချက်တွေရှိပေမယ့် ဘုန်းမောက်ရဲ့ အခြေအနေက ပိုဆိုးနေတယ်။ တိုက်စစ်အားနည်းပြီး ခံစစ်လည်း ညံ့နေတယ်။ ဒီပွဲလည်း ဘုန်းမောက် အလွန်ဆုံးသရေပဲ။ မန်ယူ နှင့် ပဲလေ့စ်