အင်္ဂလန်အသင်းကွင်းလယ်လူ အယ်လီကို ဖီဖာက တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ အယ်လီကို တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ကြောင်းသိရသည်။ ယခုစက်တင်ဘာလ အစောပိုင်းက ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဆလိုဗက်ကီးယားအသင်းနှင့် ကစားခဲ့သောပွဲတွင် လက်ခလယ်ထောင်ပြကာ ရိုင်းစိုင်းသည့်အမူအရာပြုလုပ်ခဲ့ ခြင်းကြောင့် ဖီဖာက ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ မူလက အယ်လီသည် ကွင်းလယ်ဒိုင်ကို လက်ခလယ်ထောင်ပြခဲ့ခြင်းဖြစ်သည် ဟု စွပ်စွဲခံခဲ့ရသော်လည်း ၎င်းက အသင်းဖော် ဝေါလ်ကာအား နောက်ပြောင် သည့်သဘောဖြင့် ယင်းကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။ သို့သော် လည်း ဖီဖာက အယ်လီ၏ ဖြေရှင်းချက်ကို လက်မခံဘဲ တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်သည် ဆလိုဗေးနီးယား၊ လစ် သူယေးနီးယားတို့နှင့်ကစားမည့် ခြေစစ်ပွဲများအတွက် လူစာရင်းတွင် အယ်လီကို ရွေးချယ်ထားပြီး ယခုအခါ ပွဲပယ်ပြစ်ဒဏ်ကြောင့် အယ်လီမှာ ဆလိုဗေးနီးယားနှင့် ပွဲကို လွဲချော်မည်ဖြစ်သည်။ အင်္ဂလန်အသင်းတွင် ဗာဒီ၊ လယ်လာနာတို့မှာ

ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် ခြေစစ်ပွဲမဲခွဲမှုကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့တွင် ပြုလုပ်မည်v

ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် ခြေစစ်ပွဲမဲခွဲမှုကို ယင်းပြိုင်ပွဲ၏ အိမ်ရှင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိုင်ယာလန်နိုင်ငံတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဥရောပဘောလုံးအဖွဲ့ချုပ် တည်ထောင်ခြင်း နှစ်(၆၀)ပြည့်အဖြစ် ဥရောပမြို့ကြီး(၁၃)မြို့တွင် ထူးထူးခြားခြားကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်သည်။ ဒဗ္ဗလင်မြို့နှင့်အတူ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အခြားမြို့များမှာ အမ်ဒတာဒမ်၊ ဘာကူ၊ ဘီလ်ဘာအို၊ ဘရပ်ဆဲလ်၊ ဘူခါရက်၊ ဘူဒါပက်စ်၊ ကိုပင်ဟေဂင်၊ ဂလပ်စဂို၊ လန်ဒန်၊ မြူးနစ်၊ ရောမနှင့် စိန့်ပီတာစဘတ်မြို့များဖြစ်သည်။ ခြေစစ်ပွဲမဲခွဲမှုကို ဒဗ္ဗလင်မြို့တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့၌ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်နိုင်ငံ(၅၅)နိုင်ငံအား အုပ်စု(၁၀)ခု ခွဲခြားသွားမည်ဖြစ်သည်။ ယူရို ၂၀၂၀ ပြိုင်ပွဲတွင် အသင်းပေါင်း(၂၄)သင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ရီးယဲလ်နှင့် ပွဲ ၄၀၀ ပြည့်ပြီးနောက် သက်တမ်းထပ်တိုးရန် ဥက္ကဋ္ဌအပေါ် မူတည်ဟု စီရော်နယ်လ်ဒို ပြောကြား

  ဒေါ့မွန်အသင်းနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် ရီးယဲလ်ကစားသမားဘ၀ ပြိုင်ပွဲစုံ ပွဲ ၄၀၀ ပြည့်မြောက်ခဲ့သူ စီရော်နယ်လ်ဒိုက သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်၏ ဆုံးဖြတ်ချက်က အရေးပါကြောင်း ပြောကြားသည်။ အသက် ၃၂ နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် တစ်ပတ်လစာ ပေါင် ၃၆၅၀၀၀ ဖြင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားပြီး ၂၀၂၁ ခုနှစ် ဇွန်အထိ သက်တမ်းရှိရာ စာချုပ်ကုန်ဆုံးချိန်တွင် ၎င်းင်း၏အသက်မှာ ၃၆ နှစ်ရှိနေပြီဖြစ်သည်။   သို့ဖြစ်ရာ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အစီအစဉ်ရှိ၊ မရှိ က မေးမြန်း ရာ ၎င်းက “စာချုပ်သစ်လား။ ဒါက ကောင်းမွန်တဲ့ မေးခွန်းပဲ။ ကျွန်တော်ဝမ်းသာပါတယ်။ ဒါပေမဲ့ ဒီလိုမေးခွန်းမျိုးကို ဥက္ကဋ္ဌကဖြေတာ အကောင်းဆုံးပါပဲ။ ကျွန်တော်

PSG – ဘိုင်ယန်မြုးနစ် မြန်မာစံတော်ချိန် ကြာသပတေးနေ့ နံနက် ၁း၁၅ နာရီ

“ပဲရစ် ( PSG ) ဟာ ကျွန်တော်တို့ထက် ငွေကြေး ပိုမို သုံးစွဲထားခဲ့ပါတယ် ။ ဒါပေမယ့် ငွေကြေးက သွင်းဂိုးတွေ ဖြစ်စေတာမဟုတ်ပါဘူး ။ ကွင်းထဲက အရည်အသွေးတွေကသာ သွင်းဂိုးတွေကို ဖြစ်စေတာပါ ။ အရည် အသွေးရှိတဲ့ အသင်းတွေကပဲ ဂိုးတွေ သွင်းနိုင်တာပါ” #အာဂျန်ရော်ဘင် ( ဘိုင်ယန်မြုးနစ် တောင်ပံ ကစားသမား ) PSG – ဘိုင်ယန်မြုးနစ် မြန်မာစံတော်ချိန် ကြာသပတေးနေ့ နံနက် ၁း၁၅ နာရီ

ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

  အက်သလက်တီကို ကို အိမ်ကွင်းမှာ သရေကစားထား တဲ့ ရိုးမားအတွက် ဒီပွဲက မဖြစ်မနေအနိုင်ယူရမယ့် ပွဲဖြစ်နေတယ်။ အက်သလက်တီကိုနဲ့ ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့နေချိန်မှာ နိုင်ပွဲယူထားမှ နောက်တစ်ဆင့်တက်ရေးကို ဆက်လက် မျှော်လင့်နိုင်မယ်။ ကာရာဘတ်ကလည်း Play-offs အဆင့်မှာ ပုံစံကောင်းပြခဲ့ပေမယ့် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာတော့ အားနည်းလွန်းပါတယ်။ ရိုးမားပဲ နိုင်လိမ့်မယ်။ ပွဲကြိုအချက်အလက်များ ■ ကာရာဘတ်အသင်းသည် ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး (၉)ပွဲ ဆက် ရှုံးပွဲမရှိခဲ့ဘဲ (၅)ပွဲအထိ အနိုင်ရရှိခဲ့သည်။ ■ ရိုးမားအသင်းသည် ချန်ပီယံလိဂ်နောက်ဆုံး (၆)ပွဲတွင် (၅)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့် အောက်သာရှိခဲ့သည်။ ■ ဘေဆယ် နှင့် ဘင်ဖီကာ (ကြာသပတေးနံနက် ၁း၁၅) ဘင်ဖီကာက အုပ်စုအဖွင့်ပွဲစဉ်မှာ CSKA မော်စကိုကို အိမ်ကွင်းမှာ ရှုံးခဲ့ပြီး ဘေဆယ်ကလည်း

လီ​ဗာပူးသတင်းတိုများ

လီ​ဗာပူးသတင်းတိုများ ============= လီ​ဗာပူးအသင်းဟာယ​နေ့ည၁နာရီ၁၅မိနစ်​အချိန်​မှာ​တော့ချန်​ပီယံလိဂ်​အုပ်​စုဒုတိယပွဲစဉ်​အဖြစ်​စပါးတပ်​​မော်​စကိုအသင်းကိုအ​ဝေးကွင်းမှာသွား​ရောက်​ယှဉ်​ပြိုင်​ရမှာဖြစ်​ပါတယ်​။ လိုရစ်​ကာရီရက်​စ်​ကသူ့အ​နေနဲ့ချန်​ပီယံလိဂ်​ပြိုင်​ပွဲမှာကစားခွင့်​ရတဲ့အခွင့်​အ​ရေးကိုအမိအရအသုံးချပြီးပရီးမီးယားလိဂ်​ပြိုင်​ပွဲမှာလည်းပွဲထွက်​ခွင့်​ရရှိ​အောင်​ကြိုးစားသွားမယ်​လို့​ပြောလိုက်​ပါတယ်​။ ဘိုင်​ယန်​​တောင်​ပံကစားသမားကင်​စ​လေကိုးမန်းကပြီးခဲ့တဲ့​နွေရာသီကလီ​ဗာပူးအသင်း​ပေါင်​သန်း၃၀နဲ့ကမ်းလှမ်းခဲ့တယ်​လို့သတင်းထွက်​ခဲ့တဲ့ ပီအက်​ဂျီ​နောက်​ခံလူကင်​ပန်​ဘီကိုလီ​ဗာပူးရဲ့ကမ်းလှမ်းမှုကိုပယ်​ချရန်​အကြံ​ပေးခဲ့​ကြောင်းထုတ်​​ဖော်​လိုက်​ပါတယ်​။ ယာဂန်​က​လော့ကလက်​စတာနဲ့ပွဲမှာ​ခြေစွမ်းပြတဲ့​ကော်​တင်​ညိုဟာကြံခိုင်​မှုအ​ကောင်းဆုံးအ​နေအထားကိုပြန်​လည်​​ရောက်​ရှိလာ​တော့မှာဖြစ်​ပြီး၎င်းရဲ့အ​ကောင်းဆုံး​ခြေစွမ်း​တွေပြန်​လည်​ရရှိ​တော့မယ်​လို့ယုံကြည်​​နေပါတယ်​။ ကာရီရက်​စ်​က “ကျွန်​​တော်​တို့ဂိုး​တွေအများကြီးသွင်းယူနိုင်​ခဲ့ပြီးတစ်​ခါတစ်​ရံမှာဂိုး​တွေ​​ပေးခဲ့ရတာ​တွေလည်းရှိပါတယ်​။ ဒါဟာခံစစ်​ပိုင်းယို့ယွင်းမှုနဲ့မသက်​ဆိုင်​ပါဘူး။ ဒါဟာကျွန်​​တော်​တို့်​အသင်းရဲ့တိုက်​စစ်​အားပြုကစားဟန်​​ကြောင့်​ပါပဲ။” လို့​ပြောသွားပါတယ်။ လီ​ဗာပူးအသင်းနည်းပြက​လော့ကယ​နေ့ညစပါးတပ်​​မော်​စကိုနဲ့ချန်​ပီယံလိဂ်​ပွဲစဉ်​မှာ မာ​နေး ဖာမီနို ​ကော်​တင်​ညို ဆာလက်​တို့အားလုံးကိုထုတ်​သုံးသွားဖို့ရှိ​နေတယ်​လို့​ပြောလိုက်​ပါတယ်​။ အက်​စတွန်​​ဗီလာကွင်းလယ်​လူ​ဟောင်းဂါရက်​ဘယ်​ရီကသူ့ကစားသမားဘဝရဲ့အဆိုးဆုံးကာလဟာလွန်​ခဲ့တဲ့၂၀၀၈ခုနှစ်​က လီ​ဗာပူးနဲ့အ​ပြောင်းအ​ရွေ့သတင်းထွက်​​ပေါ်ခဲ့တဲ့အချိန်​လို့​ပြောလိုက်​ပြီးသူအ​နေနဲ့အလွန်​ခက်​ခဲတဲ့အ​ခြေအ​နေကို​ရောက်​ရှိခဲ့ပြီး​ဘယ်​လမ်း​ကြောင်းကိုလိုက်​ရမှန်းမသိဖြစ်​ခဲ့တယ်​လို့ထုတ်​​ဖော်​လိုက်​ပါတယ်​။ လီ​ဗာပူးနည်းပြယာဂန်​က​လော့ကပြီးခဲ့တဲ့စပါးတပ်​နဲ့ပွဲအတွက်​သတင်းစာရှင်းလင်းပွဲမှာသတင်း​ထောက်​​တွေဟာပွဲနဲ့မဆိုင်​တဲ့ကိစ္စ​တွေကို​ပဲ​မေးမြန်းခဲ့တာ​ကြောင့်​ဒါဟာအချိန်​ဖြုန်းမှုသက်​သက်​ပဲလို့်​​ပြောလိုက်​ပါတယ်​။ ယ​နေ့ညလီ​ဗာပူးအသင်းနဲ့ပွဲစဉ်​အတွက်​စပါးတပ်​​မော်​စကိုအသင်းမှာဒဏ်​ရာပြသနာ​တွေရင်​ဆိုင်​​နေရပြီး အသင်း​ခေါင်း​ဆောင်​ ဂလူရှာ​ကော့ပါဝင်​နိုင်​မှာမဟုတ်​တဲ့အပြင်​ အဓိကကစားသမား​တွေဖြစ်​တဲ့ ကွင်းစီပရုန်း ပက်​ဒရိုရိုချာတို့ကလည်းပါဝင်​ကစားနိုင်​ရန်​မ​သေချာပါဘူး။ ​ရော်​ဘတ်​တိုဖာမီနိုအ​နေနဲ့ယ​နေ့ညစပါးတပ်​​မော်​စကိုနဲ့ပွဲမှာသာပါဝင်​ကစားခွင့်​ရရှိမယ်​ဆိုရင်​လီ​ဗာပူးအသင်းအတွက်​ပွဲ၁၀၀ပြည့်​​မြောက်​မှာပဲဖြစ်​ပါတယ်​။

ကာဗာနီ ကို ပင်နယ်တီ မကန် ဖို့ ယူရို ၁ သန်းနဲ့ ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း PSG အသင်းဘက်က ငြင်းချက်ထုတ်ပြန်

ကာဗာနီ ကို ပင်နယ်တီ မကန် ဖို့ ယူရို ၁ သန်းနဲ့ ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း PSG အသင်းဘက်က ငြင်းချက်ထုတ်ပြန် ================================================ ပြင်သစ်ကလပ် PSG အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှုး ကာဗာနီ ကို ပင်နယ်တီ မကန်ဘဲ အသင်းဖော် နေမာ ကို ပင်နယ်တီ ပေးကန် ဖို့ ယူရို ၁ သန်း နဲ့ ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုသွား ခဲ့ပါတယ် ။ ကာဗာနီ နဲ့ နေမာ တို့ဟာ လိုင်ယွန် နဲ့ ကစားခဲ့တဲ့ ပွဲမှာ ပင်နယ်တီ ကို လုကန် ခဲ့ကြပြီး ဘောလုံးမီဒီယာ

ဗီလာရီးရဲယ်အသင်းဟာမနေ့ညကတန်းတက်ဂီတာဖေးအသင်းကိုအဝေးကွင်းမှာ၎ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီးနောက် မန်နေဂျာဖြစ်သူ ဖရန်အက်စ်ခရီဗာကိုရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းတရားဝင်ကြေငြာသွားခဲ့ပါတယ်။ ဗီလာရီးရဲယ်ဟာဒီရာသီမှာရလဒ်တွေကောင်းမွန်ခြင်းမရှိဖြစ်နေပြီး လာလီဂါ၆ပွဲကစားထားရာမှာ ၂ပွဲနိုင် ၁ပွဲသရေ ၃ပွဲရှုံးကာအမှတ်ပေးဇယားရဲ့အဆင့်၁၄နေရာမှာရပ်တည်နေပါတယ်။

ဗီလာရီးရဲယ်အသင်းဟာမနေ့ညကတန်းတက်ဂီတာဖေးအသင်းကိုအဝေးကွင်းမှာ၎ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီးနောက် မန်နေဂျာဖြစ်သူ ဖရန်အက်စ်ခရီဗာကိုရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းတရားဝင်ကြေငြာသွားခဲ့ပါတယ်။ ဗီလာရီးရဲယ်ဟာဒီရာသီမှာရလဒ်တွေကောင်းမွန်ခြင်းမရှိဖြစ်နေပြီး လာလီဂါ၆ပွဲကစားထားရာမှာ ၂ပွဲနိုင် ၁ပွဲသရေ ၃ပွဲရှုံးကာအမှတ်ပေးဇယားရဲ့အဆင့်၁၄နေရာမှာရပ်တည်နေပါတယ်။

စီးရီးအေတန်းတက် ဘင်နီဗန်တိုအသင်းခေါင်းဆောင်လူစီယိုနီ တားမြစ်ဆေးကျရှုံးသဖြင့် လေးနှစ်ပွဲပယ်ခံရဖွယ်ရှိ

  ယခုရာသီတွင် စီးရီးအေပြိုင်ပွဲသို့ တန်း တက်ကစားခွင့်ရရှိထားသည့် ဘင်နီဗန်တို အသင်း၏ အသင်းခေါင်းဆောင် နောက်ခံလူ ဖေဘီယိုလူစီယိုနီသည် တားမြစ်ဆေးကျရှုံးသဖြင့် လေးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ ဖွယ်ရှိနေကြောင်း သိရသည်။ အီတလီတားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ(NADO) ၏ ထုတ်ပြန်ချက်အရ အသက် ၂၉ နှစ်အရွယ်ရှိ လူစီယိုနီသည် စက်တင်ဘာ ၁၀ ရက်က တိုရီနိုအသင်းနှင့် ကစားသည့် စီးရီးအေပွဲစဉ်အပြီး တားမြစ် ဆေး စစ်ဆေးရာတွင် ဆေးကျရှုံးခြင်းဖြစ် ကြောင်း သိရသည်။ ၎င်းသည် ဟော်မုန်း ဓာတ်ကြီးထွားစေသည့် Clostebol သုံးစွဲ ထားခြင်းဖြစ်ပြီး ပွဲကစားခွင့် ယာယီပိတ်ပင်ထားကြောင်း NADO က စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လူစီယိုနီအနေ ဖြင့် တားမြစ်ဆေးသုံးစွဲကြောင်း သက်သေ ထင်ရှားပါက တစ်နှစ်မှ လေးနှစ်အထိ

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း နှင့် စပါး (စနေည ၆း၀၀ နာရီ) ရလဒ်တွေ ဆက်တိုက်ဆိုးခဲ့တဲ့ ၀က်စ်ဟမ်းအသင်း ခြေ နည်းနည်း ပြန်ငြိမ်လာတယ်။ စပါးကလည်း ကစားပုံကောင်းသ လောက်ရလဒ်တွေက အားရစရာမရှိဘူး။ ၀က်စ်ဟမ်းကွင်းမှာ လည်း ခက်ခက်ခဲခဲကစားရမှာ သေချာတယ်။ ဒါပေမဲ့ စပါးအသင်း အနိုင်ရဖို့ များပါတယ်။ ဘန်လေ နှင့် ဟက်ဒါဖီးလ် (စနေည ၈း၃၀ နာရီ) ရာသီအဖွင့်မှာ ခြေစွမ်းပြခဲ့တဲ့ ဟတ်ဒါဖီးလ်က နောက်ပိုင်း ပွဲတွေမှာ နိုင်ပွဲဝေးလာတယ်။ နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက် ခဲ့တာလည်း တွေ့ရတယ်။ ဘန်လေက နောက်ဆုံး (၃)ပွဲမှာ စပါး နဲ့ လီဗာပူးလ်တို့ကို သရေကစားထားပြီး ပဲလေ့စ်ကို အိမ်ကွင်းမှာ နိုင်ခဲ့တယ်။ ဒီပွဲလည်း ဘန်လေပဲနိုင်သွားမှာပါ။ အဲဗာတန်