ဒီနှစ်ထဲမှာ ဂိုးတွေပိုသွင်းပြီး ဂိုးတွေ ပိုဖန်တီးနိုင်မယ်လို့ ထင်ပါတယ် ။ ဒါက ကျွန်တော့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်လေးပါ

“ဒီနှစ်ထဲမှာ ဂိုးတွေပိုသွင်းပြီး ဂိုးတွေ ပိုဖန်တီးနိုင်မယ်လို့ ထင်ပါတယ် ။ ဒါက ကျွန်တော့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်လေးပါ” “မားကပ် ( ရက်ဖိုဒ့် ) နဲ့ ကျွန်တော့မှာ ဒီလို ကိုယ်ပိုင် ရည်မှန်းချက်လေးတွေ သတ်မှတ်ထားကြပါတယ် ။ ပွဲ တစ် ပွဲ မကစားခင်မှာ ကိုယ်ပိုင် ရည် မှန်းချက်လေးတွေကို ထုတ်ပြီး သတ်မှတ်တက်ကြပါတယ် ။ ဒါကတော့ ကိုယ်ပိုင် အရာလေးတွေပေါ့ ။ အသင်းအနိုင်ရဖို့ကတော့ ပထမရည်မှန်းချက်ပါ ။ ၂ မျိုးစလုံးကို ရယူနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်” “မားကပ် ( ရက်ဖိုဒ့် ) ဟာ တိုးတက် လာသလို သူကိုယ်တိုင်ကလည်း အမြဲတမ်းပိုပြီး ကြိုးစားနေပါတယ် ။ သူ သာ

လီဗာပူးဖောင်ဒေးရှင်းရဲ့ ဦးစီးမှုနဲ့ လီဗာပူးကလပ်ဟာ ဒေသတွင်း အသင်းရဲ့ ပရိသတ်တွေကို မဲဝုဒ်ထံဖိတ်ခေါ်ပြီး၊ ကစားသမားတွေ၊ နည်းပြတွေနဲ့ တွေ့ဆုံခွင့် ပေးသွားခဲ့ပါတယ်။

လီဗာပူးဖောင်ဒေးရှင်းရဲ့ ဦးစီးမှုနဲ့ လီဗာပူးကလပ်ဟာ ဒေသတွင်း အသင်းရဲ့ ပရိသတ်တွေကို မဲဝုဒ်ထံဖိတ်ခေါ်ပြီး၊ ကစားသမားတွေ၊ နည်းပြတွေနဲ့ တွေ့ဆုံခွင့် ပေးသွားခဲ့ပါတယ်။  

လီဗာပူးသတင်းတိုများ

လီဗာပူးသတင်းတိုများ ****************** လီဗာပူးအသင်းဟာပြီးခဲ့တဲနွေရာသီကဘာစီလိုနာကိုပြောင်းဖို့ဆန္ဒရှိခဲ့တဲ့ကော်တင်ညိုရဲ့နေရာမှာအစားထိုးရန်ဘိုင်ယန်မြူးနစ်တိုက်စစ်မှုးသောမတ်မူလာကိုခေါ်ယူရန်ကြိုးစားခဲ့ပေမယ့်အောင်မြင်မှုမရရှိခဲ့ဘူးလို့သိရပါတယ်။ ဒင်းဆောင်းဒါးကဒီရာသီမှာခံစစ်ပိုင်းအမှားအယွင်းဖြစ်နေတာကြောင့်ဝေဖန်ခံနေရတဲ့နောက်ခံလူဒီဂျန်လိုဗန်အနေနဲ့ဆောက်သမ်တန်မှာတုန်းကလိုပဲလက်တွဲဖော်ခံစစ်ကစားသမားတွေရဲ့ကာကွယ်မှုသာရရှိခဲ့မယ်ဆိုရင်ဝေဖန်မှုတွေမှားယွင်းကြောင်းသက်သေပြနိုင်မယ်လို့ပြောလိုက်ပါတယ်။ လီဗာပူးကစားသမားဟောင်းအီရန်ရှပ်က အန်ဖီးကလပ်အနေနဲ့ခံစစ်ပိုင်းကိုလုံလောက်တဲ့ကာကွယ်မှုပေးစွမ်းနိုင်တဲ့ချဲလ်ဆီးကြယ်ပွင့်အန်ဂိုလိုကန်တီလိုကစားသမားမျိုးကိုမဖြစ်မနေလိုအပ်နေတယ်လို့ပြောသွားပါတယ်။ ဆာဒီယိုမာနေးကသုံးပွဲပယ်ခံထားရတဲ့ကာလအတွင်းအသင်းဖော်တွေကစားနေတာကိုထိုင်ကြည့်နေရတာဟာသူ့အတွက်လွယ်ကူတဲ့ကာလတွေမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ ကာရာဘောင်ဖလားပွဲစဉ်မှာလက်စတာကိုရှုံးနိမ့်ပြီးနောက်လီဗာပူးနည်းပြယာဂန်ကလော့ဟာ အထုတ်ပယ်ခံရမယ့်ပရီးမီးယားလိဂ်မန်နေဂျာအလေးပေးမှုမှာ 25/1 ထိမြင့်တက်လာခဲ့ပါတယ်။ လီဗာပူး တော့တင်ဟမ်တို့ဟာဒီရာသီ ဘွန်ဒက်လီဂါမှာခြေစွမ်းပြနေတဲ့ဝါဒါဘရီမင်ကြယ်ပွင့်ဒေးဗစ်ဖိလစ်ကိုခေါ်ယူဖို့အပြိုင်အဆိုင်စိတ်ဝင်စားနေကြပါတယ်။ လီဗာပူးကွင်းလယ်လူမာကိုဂရူဂျစ်ကပြီးခဲ့တဲ့ရက်က EFL Cup မှာရှုံးနိမ့်ခဲ့တဲ့လက်စတာကိုယခုတစ်ပတ်ပရီးမီးယားလိဂ်မှာပြန်လည်လက်စားချေသွားမယ်လို့ကြုံးဝါးလိုက်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ကွင်းလယ်လူအမ်မရီချန်ကိုသာစာချုပ်သစ်အတွက်သဘောတူညီမှုမရယူနိုင်ခဲ့၇င် ဂျူဗင်တပ်အသင်းအနေနဲ့ကြားဝင်လာဖို့ပြင်ဆင်နေပါတယ်။ ဆာဒီယိုမာနေးကလီဗာပူးအနေနဲ့စက်တင်ဘာရလဒ်ဆိုးတွေကနေရုန်းထွက်ပြီး လမ်းကြောင်းမှန်ပေါ်ကိုပြန်လည်ရောက်ရှိနိုင်တဲ့ ဆန္ဒနဲ့အရည်အသွေးတွေကိုပိုင်ဆိုင်ထားတယ်လို့ပြောလိုက်ပါတယ်။

မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂန် အနေဖြင့် နောက်ထပ် ကာလရှည် ဒဏ်ရာ မရရှိဖို့ မျှော်လင့်ထားတဲ့ ဂွာဒီယိုလာ

============================================== မန်ချက်စတာ စီးတီး နည်းပြ ပက်ဂွာဒီယိုလာ က အသင်းရဲ့ ကွင်းလယ်လူ ဂန်ဒိုဂန် ရဲ့ ဒဏ်ရာဟာ ယခင် တစ်ခါကလို ကာလရှည် အနားမယူရဖို့ မျှော်လင့်နေမိတယ်လို့ ဆိုသွားခဲ့ပါတယ် ။ ဂန်ဒိုဂန် ဟာ တနှစ်နီးပါး အနားယူထားခဲ့ရာကနေ ယမန်နေ့ညက လိဂ်ဖလားပွဲမှာ ပြန်လည်ပွဲထွက် ကစားခဲ့ရ ပါတယ် ။ ဒါပေမယ့် ဒဏ်ရာရရှိသွားခဲ့ပြန်တာကြောင့် လူစားလဲခဲ့ရပါတယ် ။ ဂန်ဒိုဂန် ဟာကွင်းပြင်ကို ဆေးအကူ နဲ့ လမ်းလျောက်ထွက် သွားခဲ့တာဖြစ်ပေမယ့် ယခင် ဒဏ်ရာရရှိထားခဲ့တဲ့ ဒူးဘက်ခြမ်းကို ထပ်မံ ထိခိုက်မိခဲ့တာဖြစ်တာကြောင့် ဒဏ်ရာဟောင်းပြန်လည် မဖြစ်လာဖို့ မျှော်လင့်မိကြောင်း ဂွာဒီယိုလာက ဆိုသွား ခဲ့ပါတယ် ။ “သိပ်ပြင်းတဲ့ ဒဏ်ရာမဟုတ်လောက်ဘူးလို့ ထင်မိပါတယ် ။ ၈

စပိန်လာလီဂါ

FT : ဘီလ်ဘာအို 1 – 2 အေတီကို ရာအူး ဂါစီယာ 90+ ကော်ရီယာ 55′ ကာရက်စ်ကို 73′ အဒူရစ်ရဲ့ ပင်နယ်တီ လွဲချော်ခဲ့မှုကြောင့် အိမ်ရှင်တို့ ရမှတ်ဆုံးရှုံးခဲ့ရပါတယ် ။   ဒီနေ့ နိုင်ပွဲကြောင့် အမှတ် 11 မှတ် ရရှိထားတဲ့ အေတီကိုဟာ အမှတ်ပေးဇယား အဆင့် 3 မှာ ရပ်တည်နေပါတယ် ။ MOTM : ဂရစ်ဇ်မန်း

ရီးယဲလ်အသင်းနှင့် ၂၀၂၁ခုနှစ်အထိ ဘန်ဇီမာ သက်တမ်းတိုး

ရီးယဲလ်အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာသည် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ကြောင်း သိရသည်။ ရီးယဲလ်အသင်းသည် ယခုလအတွင်း၌ အသင်း၏ အဓိကကစားသမားများဖြစ်သည့် ဒုတိယအသင်းခေါင်းဆောင် မာဆယ်လို၊ ကွင်းလယ်လူ အစ္စကို၊ နောက်ခံလူ ကာဗာဟဲလ်တို့ကို ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုးနိုင်ခဲ့ပြီး ယခုအခါ ဘန်ဇီမာကို ထပ်မံသက်တမ်းတိုးနိုင်ခဲ့ခြင်းဖြစ်သည်။   ဘန်ဇီမာသည် ၂၀၀၉ခုနှစ်၌ ယူရို (၃၅)သန်းဖြင့် လိုင်ယွန်အသင်းမှ ရီးယဲလ်အသင်းသို့ ရောက်ရှိလာခဲ့ပြီး ရီးယဲလ်အသင်းနှင့်အတူ ဆုဖလား (၁၄)ခုအထိ ဆွတ်ခူးနိုင်ခဲ့သည်။ အသက် (၂၉)နှစ်အရွယ် ဘန်ဇီမာသည် တစ်နှစ်လစာ ယူရို (၇ .၅)သန်းအထိ ရရှိသွားမည်ဖြစ်ပြီး ရီးယဲလ်အသင်းသည် စာချုပ်ပါလျော်ကြေးကို ယူရိုတစ်ဘီလျံသတ်မှတ်သွားဖွယ်ရှိနေကြောင်းလည်း သိရသည်။

ဒမ်ဘီလီ ဒဏ်ရာရရှိမှုကြောင့် ဘာစီလိုနာ ယူရို (၁၀) သန်းသက်သာ

ဘာစီလိုနာအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူထားသည့် ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီကို ဒဏ်ရာပြဿနာကြောင့် (၄)လခန့် ဆုံးရှုံးရမည်ဖြစ်ရာ အကောင်းဘက်မှ ကြည့်ပါက ယူရို(၁၀)သန်းခန့် သက်သာစေမည်ဖြစ်ကြောင်း စပိန်မီဒီယာများ က ဖော်ပြခဲ့ကြသည်။ ဘာစီလိုနာအသင်းသည် ကလပ်စံချိန်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထား သည့် ဒမ်ဘီလီကို ယခုရာသီတွင် ပွဲ(၅၀) ကစားခဲ့ရပါက ဒေါ့မွန်အသင်းအား ယူရို(၁၀)သန်း ထပ်ဆောင်းပေးအပ်မည်ဟု သဘောတူညီထားခဲ့ကြောင်း သိရှိရသည်။ ယခုအခါ ဒမ်ဘီ လီသည် (၄)လခန့်နားရမည်ဖြစ်၍ ယင်းပွဲအရေအတွက် ပြည့်တော့မည်မဟုတ်ပေ။

မန်စီးတီးဟာ ကျွန်တော်တို့ထက် ဖိအားပိုများတဲ့ အသင်းပါ(ဟာရဲယား)…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ မန်ယူကွင်းလယ်လူ ဟာရဲယားကတော့ ယခုနှစ်ပရီးမီးယားလိဂ်၌ ငွေအများဆုံး သုံးခဲ့တဲ့ မြို့ခံပြိုင်ဖက် စီးတီးအသင်းဟာ ဆုဖလားတွေ ရယူဖို့ တာဝန်ပိုများကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ “ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အသင်းဟာ ကွန်မြူမတီဒိုင်း ၊ EFL Cup နဲ့ ယူရိုပါလိဂ်တို့မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စီးတီးကတော့ ဘာဖလားမှ မရခဲ့ပါဘူး၊ အဲ့တာကြောင့် သူတို့အသင်းဟာ ဖိအားအောက်မှာ ရှိနေပါ တယ်။ သူတို့ ဒီနှစ်ဆုဖလားတွေ ရယူဖို့ တာဝန်ရှိနေတာ ကျွန်တော်တို့ထက် ပိုပါတယ်” “စီးတီးအသင်းဟာ ဒီနှစ် ငွေအများဆုံး သုံးထားတဲ့ အသင်းဖြစ်လို့ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်းအဖြစ် ဦးဆောင်နေပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့အသင်းဟာလည်း အရည်အသွေးရှိပါတယ်၊ သူတို့တွေ ဖေးဘရိတ်ဖြစ်နေတာက သုံးထားတဲ့ ငွေကြေးကြောင့်ပါ” “ခင်ဗျားအနေနဲ့ ငွေများစွာ သုံးထားရင်တော့

ဖရီးကစ်ကန်တာလုနေရင် သူကိုယ်တိုင်ဆုံးဖြတ်ပေးမယ်လို့ PSG နည်းပြ ပြော

  =========================================== မနေ့က ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ် (၆)မှာ PSG အသင်းက လိုင်ယွန်အသင်းကို (၂-၀)နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဂိုးလုံးက လိုင်ယွန်ကစားသမားတွေရဲ့ Own Goal တွေ ဖြစ်ခဲ့ပြီး နေမာ၊ ကာဗာနီနဲ့ ဘာပေတို့ ဂိုးပေါက်မတွေ့ခဲ့ပါဘူး။ ပွဲကစား စဉ်အတွင်းမှာတော့ PSG က ရတဲ့ ဖရီးကစ်ကို ပင်တိုင်ကန်သွင်းနေကျ ကာဗာနီအစား နေမာက လုယူခဲ့ဟန် ပေါက်သဖြင့် အနည်းငယ် ရုပ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာ PSG နည်းပြ အမ်မရီကတော့ “သူတို့နှစ်ယောက်လုံး ဒီအခွင့်အရေးရထိုက်တဲ့ စွမ်းဆောင်ရည်ရှိကြပြီးသားပါ။ အဲ့ဒါနဲ့ပါတ်သတ်လို့ သူတို့ကြားမှာ ပြသနာမဟုတ်ဘူးလို့လဲ ပြောခဲ့ပြီးသားပါ။ အဲ့ဒါကိုမှ သူတို့ကြားမှာ သဘောတူညီမှု မရလာဘူးဆိုရင် ကျွန်တော်ကိုယ်တိုင်ပဲ ၀င်ပြီးဆုံးဖြတ်ပေးလိုက်မယ်။ ဒါဟာ ပြသနာတစ်ခုအနေနဲ့ ကျွန်တော်မမြင်ပါဘူး”

ပရီးမီးယားလိဂ်တွင် မန်စီးတီးတိုက်စစ်မှူး ဂျေးဆူ ဂိုးသွင်းနှုန်းအကောင်းဆုံးဖြစ်နေ

မန်စီးတီးအသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဆူသည် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်းအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အနည်းဆုံး(၁၀)ဂိုး သွင်းယူနိုင်သည့်ကစားသမားများကို ၎င်းတို့ ပါဝင်ကစားခဲ့သည့် ပွဲချိန်မိနစ်များဖြင့် ချိန်ထိုးတွက်ချက်ခြင်းဖြစ်ပြီး ဂျေးဆူသည် (၉၇၇)မိနစ်ကစားရာတွင် (၁၁)ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ဂိုးသွင်းနှုန်းအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။ ဂျေးဆူသည် ပြီးခဲ့သည့် ဇန်န၀ါရီလကမှ မန်စီးတီးအသင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ဂိုးတစ်ဂိုးရရှိရန် (၈၈.၈၂)မိနစ်သာ ကြာမြင့်သည့်သဘောဖြစ်သည်။ ဒုတိယနေရာတွင် မန်စီးတီးအသင်းဖော် အဂွဲရိုးက ဂိုးတစ်ဂိုးအတွက် ပျမ်းမျှကြာချိန် (၁၀၈.၄၄)မိနစ်ဖြင့် ရပ်တည်ခဲ့သည်။