ကစားကွက်​​အနည်းငယ်​​ပြောင်းပြီး​နောက်​ချဲလ်​ဆီးမှာကစားရတာ​ပျော်​ရွှင်​​နေတယ်လို့ပြောလိုက်​တဲ့ ဖာဘရီဂတ်​စ်

ဒီရာသီမှာပုံစံ ကောင်း တွေပြသလျက် ရှိ နေတဲ့ချဲလ် ဆီးကွင်းလယ် လူဆက် ဖာဘရီဂတ် စ် ကနည်းပြအန် တိုနီယိုကွန် တီကစားကွက် အနည်းငယ် ပြောင်းလိုက် ခြင်းဟာသူ့ကိုတိုက် စစ် ကိုပိုမိုကစားခွင့် ရ စေခဲ့ပြီးပုံစံ ကောင်းကိုရရှိ စေတယ် လို့် ပြောလိုက် ပါတယ် ။ ချဲလ် ဆီးအသင်းပြီးခဲ့တဲ့ပွဲစဉ် တွေမှရလဒ် ကောင်း တွေဟာဖာဘရီဂတ် စ် စွမ်း ဆောင် ရည် ကောင်း တွေများစွာပါဝင် ခဲ့ပြီးစပိန် လက် ရွေးစင် ဟာနယူးကာဆယ် ကို၃ဂိုး၁ဂိုးနဲ့နိုင် ခဲ့တဲ့ပွဲမှာလည်း ကောင်

စပါးအသင်း၏ ကွင်းသစ်ကုန်ကျစရိတ်မှာ ပေါင်(၁)ဘီလီယံအထိရှိနိုင်ပြီး ဥရောပတွင် ကြေးအကြီးဆုံးကွင်းဖြစ်လာဖွယ်ရ

အသစ်ပြန်လည်တည်ဆောက်နေသော စပါးအသင်း၏ကွင်းသစ်စီမံကိန်းကုန်ကျစရိတ်မှာ ပေါင်(၁)ဘီလီယံ (ပေါင်သန်း ၁၀၀၀) ခန့်အထိရှိနိုင်ပြီး ဥရောပတွင် ကုန်ကျစရိတ်အကြီး ဆုံးကွင်းတစ်ကွင်းဖြစ်လာဖွယ် ရှိကြောင်း သိရှိရသည်။ စပါးအသင်းသည် ၎င်းတို့၏၀ှိုက်ဟတ်လိန်းကွင်းကို ဖြိုချကာ ကွင်းသစ်အဖြစ်တည်ဆောက်လျက်ရှိနေပြီး ယခုရာသီ၎င်းတို့၏အိမ်ကွင်းပွဲစဉ်များကို ၀င်ဘလေကွင်း၌ ကစားလျက် ရှိနေသည်။ မူလက ၀ှိုက်ဟတ်လိန်းကွင်းသစ်စီမံကိန်းအတွက် ကုန်ကျစရိတ်စုစုပေါင်းမှာ ပေါင်သန်း(၄၀၀)ခန့်သာရှိ နိုင်သည်ဟု ခန့်မှန်းခဲ့ကြသည်။ သို့သော် ကွင်းသစ်တွင် ချဲ့ထွင်ထည့်သွင်းသည့်အရာအချို့နှင့် စီမံကိန်းမှာ ပုံမှန် ထက် ခက်ခဲရှုပ်ထွေးနေ၍ ကုန်ကျစရိတ်မှာ မူလမျှော်မှန်းထားသည်ထက် တဖြည်းဖြည်းများလာပြီး ပေါင်သန်း (၇၅၀)အထိရှိနိုင်ကြောင်း မကြာသေးမီကထွက်ပေါ်ခဲ့ သောသတင်းများတွင် ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်တနင်္ဂ နွေနေ့က Daily Mail သတင်းစာတွင်ဖော်ပြခဲ့သော သတင်းအရ အမှန်တကယ်ကုန်ကျစရိတ်မှာ ယင်းပမာဏထက် ပိုမိုများပြားနိုင်ပြီး တစ်ဘီလီယံအထိရှိလာနိုင်ကြောင်း သိရှိရသည်။ စပါးအသင်း၏ ၀ှိုက်ဟတ်လိန်းကွင်းသစ်မှာ ပရိသတ်(၆၁ç၀၀၀)ဆံ့မည်ဖြစ်ပြီး အမေရိကန်ဘောလုံးလိဂ်

အယ်လ်ဒါဝီရယ်ကို ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိတဲ့ မန်စီးတီးသတင်းတိုများ

– Match Day ည 10:30 မန်စီးတီး v ဝက်စ်ဟမ်း ဒိုင်လူကြီး @အီတီဟတ် စံချိန်သစ် ပွဲ 20 ဆက် နိုင်ပွဲ ထပ်ယူပြဦးမှာလား ပက်ဂွါဒီယိုလာရေ . . . . – ဝက်စ်ဟမ်းနဲ့အတူ အီတီဟတ်ကို ပြန်လာမယ့် အသင်းရဲ့ နောက်တန်းဟောင်း ဇာဘလက်တာကြီးကတော့ ဒီရာသီမှာ စီးတီးသာ ချန်ပီယံဖြစ်စေချင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ – နောက်တန်းကစားသမား ဂျွန်စတုန်း ဒဏ်ရာရနေတာကြောင့် စီးတီးဟာ ဝက်စ်ဘရွန်း နောက်ခံလူ အီဗန်ကို အာဆင်နယ်နဲ့အပြိုင် ခေါ်ယူဖို့ ဇန်နဝါရီမှာ ကြိုးစားသွားဖွယ် ရှိပါတယ်။ – မန်စီးတီးဟာ ဖိုဒန်အတွက် ကမ်းလှမ်းလာမယ့် မည်သည့် ကမ်းလှမ်းမှုမျိုးကိုမဆို ငြင်းပယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပက်

မန်စီးတီးကစားသမားတွေ ဒဏ်ရာရဖို့ မျှော်လင့်နေတဲ့ ပေါ့ဘာ

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ မန်စီးတီးက အကောင်းဆုံးခြေစွမ်းတွေပြသပြီး အမှတ်ပေးဇယားကို ဦးဆောင်နေသလို၊ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကလဲ သူတို့ကို အထိရောက်ဆုံး ဖိအားတွေပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ မနေ့ညက အီးမရိတ်မှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ပွဲမှာတော့ ယူနိုက်တက်က ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားမှာ 5 မှတ်အကွာနဲ့ ဒုတိယနေရာမှာပဲ ဆက်လက် ရပ်တည်လျှက်ရှိနေပါတယ်။ ဒီပွဲမကစားမီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်အင်ဂျင် ပေါ့ဘာက သူ့အနေနဲ့ ပြိုင်ဘက်မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာရဖို့ မျှော်လင့်နေတယ်လို့ ဝန်ခံပြောဆိုသွားပါတယ်။ ” အဲလို မပြောကောင်းပေမယ့် သူတို့ရဲ့အဓိက ကစားသမားတွေလဲ တစ်နေ့နေ့မှာ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရဖို့ မျှော်လင့်ပါတယ်။ လက်ရှိ ကျနော်တို့ ရင်ဆိုင်နေရသလိုပေါ့။ လူတွေက ကျနော်တိုရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာရနေကြတာတော့

ရီးရဲမက်​ဒရစ်အသင်းရဲ့  (၇)​ယောက်​​မြောက်​​ဈေးအကြီးဆုံးကစားသမားဖြစ်လာမယ့် ဗီနစ်စီယဲ့ 

ရီးရဲမက်ဒရစ်အသင်းဟာ ဖလာမင်ဂိုအသင်းရဲ့ လူငယ်ကြယ်ပွင့် ဗီနစ်စီယဲ့ ကိုခေါ်ယူဖို့ သဘောတူညီမူရရှိခဲ့ပြီလို့ သိရပါတယ် ။ အသက် ၁၇နှစ်အရွယ်သာရှိသေးတဲ့ ဗီနစ်စီယဲ့ဟာ ဖလာမင်ဂိုအသင်းကြီးအတွက် ၃၄ပွဲကစားပေးထားပြီး ၄ဂိုးသွင်းယူကာ တစ်ဂိုးဖန်တီးပေးထားနိုင်ပါတယ်။   ဗီနီစီယဲ့ကိုခေါ်ယူဖို့ အတွက် ရီးရဲမက်ဒရစ်အသင်းက ပေါင် ၄၅သန်းပေးချေရမှာဖြစ်ပြီး အသက် ၁၇နှစ် သာရှိ သေးတဲ့အဆိုပါဘရာ ဇီးသားကို ဖလာမင် ဂိုမှ နောက် ထပ် ရာသီအထိ ထိန်းထားလို သော် လည်းကစားသမားကိုယ်စားပြုစပိန် ကစားဖို့ဆန္ဒပြင်းပြလျက် ရှိ နေတယ်လို့ သိပါတယ် ။ နည်းပြဒီဇန်းက ဗီနီစီယဲ့ ကို လာမယ့်နှစ်ရာသီကြိုပွဲစဉ်တွေအမှီအသင်းနဲ့ လာရောက်ပူးပေါင်းစေဖို့ ဆန္ဒရှိနေတဲ့ အတွက်နောက်ရာသီမှာ သူ့ ကို ကိုရီးရဲအသင်းမှာ တွေ့မြင် ရ တော့မှာဖြစ် ပါတယ် ။ ပြောင်းရွေ့ ကြေး ပေါင် ၄၅သန်းဆိုတဲ့ ပမာဏကြောင့် ဗီနီစီယဲ့ ဟာ ရီးရဲအသင်းအတွက်

ဒဏ်ရာ သက်သာလာသော ထွန်းထွန်းမင်း ဇန်နဝါရီလတွင် ကြိုးဝိုင်းအတွင်း ပြန်ဝင်လာမည်

ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူနေခဲ့ ရသော ပထမတန်း ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းသည် လာမည့် ဇန်နဝါရီလ တွင် ရိုးရာလက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ တစ်ကျော့ပြန်ဝင်လာတော့မည် ဖြစ်သည်။ လာမည့် ဇန်နဝါရီ ၂၁ ရက်တွင် ရန်ကုန် မြို့၌ ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် ထွန်းထွန်းမင်း ပါဝင်ယှဉ်ပြိုင် မည် ဖြစ်သည်။ “၂၀၁၈ တစ်လပိုင်းမှာ ကြိုးဝိုင်းထဲကို ပြန်လာခဲ့မှာပါ။ ပြိုင်ဘက်က နိုင်ငံခြားသား ဖြစ်မယ်။ ဘယ်သူဆိုတာတော့ မသိရသေး ဘူး။ ပွဲစီစဉ်တဲ့ဘက်က ရှာနေတုန်းပါ။ကျွန်တော့်ဘက်ကတော့ လေ့ကျင့်မှုတွေ စလုပ်နေပါပြီ”ဟု ထွန်းထွန်းမင်းက မြန်မာတိုင်း(မ်) ကို ပြောသည်။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာက ကျင်းပခဲ့သော အဲကေဘီဇက် အောင်လံပွဲ၌ ထွန်းထွန်းမင်း သည် ဒူးဒဏ်ရာရရှိခဲ့ပြီး ကာလရှည် အနားယူခဲ့ရသည်။

လူရွေးချယ်ပွဲ၌ အရည်အချင်းရှိ လူငယ်အချို့တွေ့ရှိထားဟု ရှမ်းနည်းပြချုပ် ပြောဆို

  ရှမ်းယူနိုက်တက် လူငယ်ရွေးချယ်ပွဲ၌တွေ့ရသည့် မျိုးဆက်သစ်လူငယ်များ။ ဓာတ်ပုံ- ရှမ်းယူနိုက်တက် ရှမ်းယူနိုက်တက်ဘောလုံးအသင်းမှ ပြုလုပ် လျက်ရှိသည့် လူငယ်သွေးသစ်ရွေးချယ်ပွဲသို့ လာရောက်ရွေးချယ်ခံသော လူငယ်များအနက် အရည်အချင်းမီ လူငယ်အချို့ကိုတွေ့ရှိထားပြီ ဖြစ်ကြောင်း ရှမ်းယူနိုက်တက်နည်းပြချုပ်ဦးစိုးမြတ်မင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် လူငယ် ကစားသမားများ ထွက်ပေါ်လာရန် ရည်ရွယ် ပြုလုပ်သော လူရွေးချယ်ပွဲသို့ နိုဝင် ဘာ ၂၈ ရက်က ကစားသမား ၂၈၉ ဦးလာရောက် ရွေးချယ်ခံခဲ့ပြီး ယူ-၂၁ ကစားသမား ၉ဝ ၊ ယူ-၁၉ ကစားသမား ၁၉၉ ဦး အရွေးချယ်ခံ ယူခဲ့သည်။ အဆိုပါကစားသမားများအနက် အစောဆုံးစာရင်းပေးသူ ၁ဝဝ ကို ရွေးချယ်ကာ ယူ-၂၁ ကစားသမား ၆ဝ နှင့် ယူ-၁၉ ကစား သမား ၄ဝ

လီဗာပူးသတင်းတိုများ

လီဗာပူးကစားသမားဟောင်းဖြစ်သူဂျန်မိုဘီကမိုဟာမက်ဆာလက်အန်ဖီးကလပ်မှာချက်ချင်းအံဝင်ခွင့်ကျဖြစ်မှုဟာတိုက်စစ်မှုးဟောင်းဖာနန်ဒိုတောရက်စ်ထက်ပိုမိုသာလွန်တယ်လို့ပြောလိုက်ပြီးဒိုမီနစ်ဆိုလန်ကီဟာဆိုရင်လည်းအသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာလိမ့်မယ်လို့ခန့်မှန်းလိုက်ပါတယ်။ ဘရိုက်တန်ဘယ်နောက်ခံလူလီယန်ရိုဆီနာကဒီရာသီလီဗာပူးအသင်းရဲ့နောက်တန်းပြသနာဟာ ထိပ်တန်းကွင်းလယ်ခံစစ်ကစားသမားရဲ့ကာကွယ်မှုမရှိတာကြောင့်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။ ယခုလဒီဇင်ဘာမှာလီဗာပူးအသင်းကစားရမယ့်ပွဲစဉ်တွေကတော့.. ဒီဇင်ဘာ ၂ – ဘရိုက်တန် Vs လီဗာပူး ဒီဇင်ဘာ ၆ – လီဗာပူး Vs စပါးတပ်မော်စကို ဒီဇင်ဘာ ၁၀ – လီဗာပူး Vs အဲဗာတန် ဒီဇင်ဘာ ၁၃ – လီဗာပူး Vs ၀က်ဘရွန်း ဒီဇင်ဘာ ၁၇ – ဘုန်းမောက် Vs လီဗာပူး ဒီဇင်ဘာ ၂၂ – အာဆင်နယ် Vs လီဗာပူး ဒီဇင်ဘာ ၂၆ – လီဗာပူး Vs ဆွမ်ဆီး ဒီဇင်ဘာ ၃၀ – လီဗာပူး Vs လက်စတာစီးတီး အငှားစာချုပ်နဲ့ဘွန်ဒက်လီဂါမှာသွားရောက်ကစားနေတဲ့လီဗာပူးတိုက်စစ်မှုးအိုရီဂီကသူ့အနေနဲ့ဝုဖ်ဘတ်အသင်းနဲ့အငှားစာချုပ်သက်တမ်းတိုးသွားဖို့ရှိနေတယ်လို့ဝန်ခံလိုက်ပြီးအနာဂတ်ဆိုတာဘာမှပြောလို့မရဘူးလို့ပြောလိုက်ပါတယ်။ လီဗာပူးကွင်းလယ်လူအမ်မရီချန်ကမိုဟာမက်ဆာလက်နဲ့ပက်သက်ပြီး “ခင်ဗျားတို့အနေနဲ့ဆာလက်ကိုနောက်ခံလူတွေကြောက်ရွံ့နေတယ်ဆိုတာမြင်တွေ့နိုင်ပါတယ်။

ဥရောပ အင်အားကြီးအသင်းတွေရဲ့ နံနက်ခင်း သတင်းတိုများ

အင်တာမီလန် တိုက်စစ်မှုး အီကာဒီရဲ့ ဇနီးအေးဂျင့်ဖြစ်သူ ဝမ်ဒါကတော့ သူ့ ခင်ပွန်းကိုခေါ်ယူဖို့  ရီးရဲ၊ ဂျုဗီ၊ ချဲဆီး အသင်းတို့ က ချိတ်ဆက်နေတယ်လို့ ဝန်ခံသွားခဲ့ပြီး အီကာဒီရဲ့အပြောင်းရွှေ့ ကြေးဟာ ယုရို သန်း ၂၀၀ ဝန်းကျင်ရှိတယ်လို့  ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။   ပရီးမီးယားလိဂ် ဂိုးသွင်းစာရင်းမှာ ထိပ်ဆုံးကဦးဆောင်နေ တဲ့ လီဗာပူးအသင်းရဲ့တောင်ပံကစားသမား ဆာလတ် ရဲ့လက်ရှိပြောင်းရွှေ့ ကြေးတန်းဖိုးဟာ ယူရို ၁၀၅ သန်းခန့်ရှိတယ်လို့ CIES က ဖော်ပြသွားခဲ့ပါတယ်။ လက်ရှိ မန်စီးတီးအသင်းမှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်လူငယ် တောင်ပံကစားသမား စတာလင် ရဲ့ တန်းဖိုးဟာ အနည်းဆုံး ယူရို ၁၁၅ သန်းရှိတယ်လို့  CIES ကဖော်ပြသွားခဲ့ပါတယ်။   ခွဲစိတ်ကုသမှု

ပင်နယ်တီ လုကန်ကြပြန်တဲ့ နေမာ နဲ့ ကာဗာနီ

PSG အသင်းရဲ့ တိုက်စစ်မှုးတွေဖြစ်ကြတဲ့ အီဒင်ဆင် ကာဗာနီ နဲ့ နေမာ တို့ ၂ ဦးဟာ ယခုနှစ် ရာသီအစပိုင်းက ကစားခဲ့တဲ့ လိုင်ယွန် အသင်းနဲ့ ပွဲစဉ်မှာ ပင်နယ်တီ လုကန်ခဲ့ကြတာကြောင့် သတင်းကြီးခဲ့ကြသူတွေဖြစ်ပါ တယ် ။ နောက်ပိုင်းမှာတော့ နည်းပြ အမ်မရီ က ပင်နယ်တီ ကိစ္စကို ဖြေရှင်းပြီးသွားပါပီလို့ ဆိုခဲ့သလို ကာဗာနီ ကလည်း အချို့ပွဲတွေမှာ နေမာ ကို ပင်နယ်တီ ပေးကန်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ဒါပေမယ့် ယမန်နေ့ညက ကစားခဲ့တဲ့ ထရွိုင်းစ် အသင်းနဲ့ ပွဲစဉ်မှာတော့ နေမာ နဲ့ ကာဗာနီ တို့ ပင်နယ်တီ လုကန်မှုဖြစ်ပွားခဲ့ပြန်ပါတယ် ။ ပွဲချိန် ပထမပိုင်းမှာ ကာဗာနီ ဟာ