ယုံကြည်​မှုဟာစတားလင်းအောင်​မြင်​​​နေခြင်းရဲ့အဓိကအ​ကြောင်းရင်း​​​​​​လို့ချီးကျူးလိုက်​တဲ့ဂွာဒီယိုလာ
မန် ချက် စတာစီးတီးနည်းပြပက် ဂွာဒီယိုလာကမ နေ့ညက ဆောက် သမ် တန် ကို၂ဂိုး၁ဂိုးနဲ့အနိုင် ရရှိခဲ့တဲ့ ပွဲမှာစီးတီးအတွက် ပွဲချိန် ၉၆မိနစ် မှာအနိုင် ဂိုးသွင်းယူ ပေးခဲ့တဲ့ တောင် ပံကစားသမားရာဟင် စတားလင်းဒီရာသီကလပ် အတွက် အ ကောင်းဆုံး ပုံစံပြသ နေခြင်းရဲ့ နောက် ကွယ် မှာယုံကြည် မှုဆိုတာရှိ နေခဲ့တယ် လို့ချီးကျူး ပြောဆိုသွားပါတယ် ။ စီးတီိးအတွက် ဟီးရိုးဖြစ် ခဲ့ပြန် တဲ့စတားလင်းဟာဒီရာသီပြိုင် ပွဲစုံသွင်းဂိုး၁၃ဂိုးရှိ နေပြီဖြစ် ပြီးစီးတီးကိုပရီးမီးယားလိဂ် အမှတ် ပေးဇယားထိပ် မှာ၈မှတ် အသာနဲ့ဦး ဆောင် နေ စေပါတယ် ။ ဂွာဒီယိုလာက “ဒီဂိုးဟာတကယ်
ယူနိုက်တက်ဟာ သူ နောက်ထပ်ပြောင်းရွှေ့မယ့် ကလပ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားတဲ့ ဂရစ်ဇ်မန်း
အေတီကို အသင်းမှာ အစောပိုင်းကာလတွေက ခြေစွမ်းပြနိုင်ခြင်း မရှိတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ရင်ဆိုင်ခဲ့ရတဲ့ တိုက်စစ်မှုး ဂရစ်ဇ်မန်းကိုယ်တိုင်က အင်္ဂလန်အင်အားကြီး ယူနိုက်တက်ထံ ပြောင်းရွှေ့နိုင်ချေရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။ သူ့ကိုခေါ်ယူဖို့ ဘာစီလိုနာအသင်းကလဲ သတင်းတွေထွက်ပေါ်ဘူးပေမယ့် ယူနိုက်တက်ကတော့ သူ့ကို ခေါ်ဖို့ ကြိုးစားနေခဲ့တာ ကြာပြီဖြစ်ပါတယ်။ အခု နောက်ဆုံးထွက်ရှိခဲ့တဲ့ သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်မှာတော့ ဂရစ်ဇ်မန်းက ” နောက်ထပ် ပြောင်းရွှေ့မယ်ကလပ်ဟာ ယူနိုက်တက် ဖြစ်နိုင်ပါတယ်။ ပြီးတော့ ပေါ့ဘာနဲ့ ကျနော်က အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေလေ။ ဒါပေမယ့် အဲဒီအချက်က ကျနော့်ရဲ့ ရွေးချယ်မှုအပေါ်ကို သက်ရောက်မှုတော့ ရှိမှာ မဟုတ်ပါဘူး။ နောက်ထပ် ကျနော် မသိနိုင်သေးတာတစ်ခုက ဘယ်အချိန်မှာ ကျနော် ယူနိုက်တက် ဂျာစီကို ဝတ်ဆင်မလဲ ဆိုတာကိုပါ။
ဖူဆယ်လက်ရွေးစင်အသင်း ဂုဏ်ပြုဆုငွေများချီးမြှင့်
MFF-MNL Awards Night 2017 ၌ ဆုတံဆိပ်လက်ခံရယူနေသည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း။ ဓာတ်ပုံ-ဘောလုံးအဖွဲ့ချုပ် ၂ဝ၁၇ အာဆီယံဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲ၌ တတိယနှင့် အသန့်ရှင်းဆုံးဆုတို့အပြင် အာရှ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ပထမဆုံး အကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြန်မာ့ လက်ရွေး စင်ဖူဆယ်အသင်းကို ဂုဏ်ပြုဆုကြေး ငွေများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ ဂုဏ်ပြုငွေချီးမြှင့် ပြီးခဲ့သည့်MFF-MNL Awards Night 2017 ၂ဝ၁၇ ဆုပေးပွဲအခမ်းအနားတွင် မြန်မာ့ လက်ရွေးစင်ဖူဆယ်အသင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဂုဏ်ပြဆုတံဆိပ်သာ ပေးအပ်ခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေ မပေးခဲ့သဖြင့် ဝေဖန်သံများထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆုချီးမြှင့်သည့် သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ယခုနှစ်ရာသီ၌ အောင်မြင်မှု များရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းကို ဂုဏ်ပြုဆုငွေများအဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နာယက ဦးအောင်ကိုဝင်းက
ရန်ကုန်ယူနိုက်တက်အသင်းခေါင်းဆောင် ခင်မောင်လွင် ကစားသမားဘဝမှအနားယူ
ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့သည့် ခင်မောင်လွင်။ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းခေါင်းဆောင် ခင်မောင်လွင်သည် ကစားသမားဘဝမှ အနား ယူလိုက်ကြောင်း သိရသည်။ တရားဝင်ထုတ်ဖော် ဝါရင့်နောက်ခံလူ ခင်မောင်လွင်သည် ဘောလုံးသမားဘဝမှအနား ယူရန် ပြီးခဲ့သည့် ရာသီကတည်းကစတင်၍ သတင်းများထွက်ပေါ် ခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီပြီးဆုံးမှသာ တရားဝင်ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်သည်။”ကျွန်တော့်အသက်က အခု (၃၄) နှစ် ရှိပါပြီ။ ဘောလုံးကစား သမားဘဝက အနားယူခဲ့တာ အသက်အရွယ်ကြောင့်မဟုတ်သလို ကြံ့ခိုင်မှုအနေအထားကြောင့်လည်း မဟုတ်ပါဘူး။ အနားယူမယ်လို့ အရင်နှစ်တွေကတည်းက စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ စဉ်းစားရင်းနဲ့ပဲ ဘောလုံးကိုချစ်တဲ့စိတ်ကြောင့် ဆက်ကစားဖြစ်ခဲ့တယ်။ ဒီနှစ်ရာသီ ပြီးမှသာ အနားယူမယ်လို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ခင်မောင်လွင်က ထုတ်ဖော်ပြောဆိုခဲ့သည်။  ဆွေးနွေးညှိနှိုင်း ဘောလုံးကစားသမားဘဝမှ အနားယူခဲ့သော်လည်း နည်းပြဘဝ ဖြင့် ဘောလုံးလောကတွင်ကျင်လည်ရန် ရည်မှန်းထားပြီး
နေ့ရက်- ၁၀.၁၂.၂၀၁၇ အချိန်- နေ့လည် (၂:၀၀) နေရာ- သိမ်ဖြူလက်ဝှေ့ရုံ ================ Date: 10.12.2017 Time: (2:00)pm Venue: Thein Phyu Lethwei Stadium
ရီချာလီဆင် ကို ရောင်းထုတ်မှာ မဟုတ်ဘူးလို့ စပါးနဲ့ ချဲဆီးကို သတိပေးလိုက်တဲ့ ဝက်ဖို့ဒ်အမှုဆောင်ချုပ်
ဝက်ဖို့ဒ်အသင်းဟာ နည်းပြ မာကိုဆေးဗားကို အဲဗာတန်ရဲ့ ခေါ်ယူဖို့ ကြိုးစားမှုကနေ ကာကွယ်နိုင်ခဲ့ပြီးနောက် ဒီရာသီမှာုခြေစွမ်းပြနေတဲ့ သူတို့ရဲ့ ကစားသမား ရီချာလီဆင်ကိုလဲ ရောင်းထုတ်မှာ မဟုတ်ဘူးလို့ အမှုဆောင်ချုပ် ဒုဇ်ဘူရီက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အထူးသဖြင့် ရီချာလီဆင်ကိုခေါ်ယူဖို့ စောင့်ကြည့်နေတဲ့အသင်းတွေထဲမှာ လန်ဒန်ကလပ်တွေဖြစ်တဲ့ စပါးနဲ့ ချဲဆီးအသင်းတို့က ထိပ်ဆုံးက ဖြစ်နေပါတယ်။ အသက် 20 အရွယ် ဘရာဇီးတောင်ပံကစားသမား ရီချာလီဆင်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ ဖလူမီးနီးအသင်းကနေ ပေါင် 11.5 သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဒီရာသီမှာ ဝက်ဖို့ဒ်အတွက် စုစုပေါင်း 5 ဂိုးအထိ သွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။ သူ့ကို Sky Sports ရဲ့ ဘောလုံးသုံးသပ်သူ ဂျေမီရပ်နက်ကိုယ်တိုင်က ရော်နယ်ဒို လက်သစ်ဖြစ်လာနိုင်တယ်လို့တောင် ချီးကျုးထားခဲ့တာပါ။ အသင်းရဲ့ အမှုဆောင်ချုပ်ကတော့
အခွန်ရှောင်ခဲ့မိတယ်လို့ ဝန်ခံသွားတဲ့ #မာဆယ်လို
ရီးရဲမက်ဒရစ်အသင်းရဲ့ ဘယ်နောက်ခံလူ မာဆယ်လိုဟာ ယူရို 5 သိန်းနီးပါ အခွန်ရှောင်ခဲ့တယ်လို့ မက်ဒရစ်မြို့က Alcobendas တရားရုံးမှာ ဝန်ခံထွက်ဆိုသွားခဲ့ကြောင်း ဘာစီလိုနာအခြေစိုက် သတင်းတွေက ဖော်ပြလိုက်ပါတယ်။   တရားရုံးနဲ့ နီးပ်တဲ့သတင်းတွေအရ မာဆယ်လိုဟာ သူ့ရဲ့ ပုံရိပ်အသုံးပြုခ ဝင်ငွေတွေကနေ အခွန်ရှောင်ခဲ့တာလို့ ဝန်ခံခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီ ယူရို 490,917 ကို စပိန် အကောက်အခွန်ဌာနထံ ပြန်လည်ပေးဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခွန်ဥပဒေစည်းမျဉ်းတွေအရ အဆိုပါ ပြစ်မှုကြောင့် ထောင်ဒဏ် 4 လ နဲ့ အခွန်ပဏရဲ့ 40% ကိုလဲ ဒဏ်ကြေးအဖြစ် ပြန်လည်ပေးဆောင်ရဖွယ် ရှိနေပါတယ်။ သတင်းတွေအရတော့ မာဆယ်လိုဟာ 2006 ခုနှစ်က ဥရုဂွေး နဲ့ အင်္ဂလန်က company တွေရဲ့
ရီးယဲလ်အသင်းတွင် ကစားသမားဘ၀ကို ဘေးလ် အဆုံးသတ်လို
ရီးယဲလ်အသင်းမှ ဝေးလ်စ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်၏ အေးဂျင့် ဖြစ်သူက ၎င်း၏ကစားသမားသည် ရီးယဲလ်အသင်းနှင့် ကစားသမားဘ၀ အဆုံးသတ်သည်အထိ လက်တွဲသွားရန် ဆန္ဒရှိနေသည်ဟု ပြောကြားခဲ့သည်။ ဂါရတ်ဘေးလ်သည် လက်ရှိရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်နေရပြီး မန်ယူအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်နေသည့်အတွက် ဇန်န၀ါရီအပြောင်းအရွှေ့မတိုင်မီ ဂါရတ်ဘေးလ်က ယခု ကဲ့သို့ ဖွင့်ဟခဲ့ခြင်းလည်းဖြစ်သည်။ အေးဂျင့်ဖြစ်သူက ရီးယဲလ်ပရိသတ်များအနေဖြင့် ဘေးလ်ကို ထောက်ခံအားပေးမှု ပြုလုပ်သင့်ကြောင်းလည်း တိုက်တွန်းခဲ့သည်။ Source:  Eleven Sports
2018 ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အသင်းတွေရဲ့ ပျမ်းမျှအသက်
အင်္ဂလန်၊ ဂျာမနီ နဲ့ နိုက်ဂျီးရီးယား အသင်းတွေကတော့ အသက်အငယ်ဆုံးအသင်းတွေအဖြစ် ရပ်တည်လျှက်ရှိနေ ============================= 2018 ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်တွေ ပြီးဆုံးခဲ့ပြီဖြစ်ပြီး ခြေစစ်ပွဲအောင်တဲ့အသင်း ၃၂ သင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ CIES Football Observatory ကတော့ အဲဒီအသင်းတွေရဲ့ အသေးစိတ်အချက်အလက်တွေကို သုတေသနပြုစုခဲ့ပြီး၊ အဲဒီထဲကမှ ခြေစစ်ပွဲအောင်အသင်းတွေရဲ့ ပျမ်းမျှသက်တမ်းတွေကို Sports Myanmar ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ အသက်အငယ်ဆုံး အသင်းအဖြစ် နိုက်ဂျီးယားအသင်းက ရပ်တည်ခဲ့ပြီး၊ ပျမ်းမျှအသက်အကြီးဆုံး ခြေစစ်ပွဲအောင်အသင်းအဖြစ် ပနားမားအသင်းက ရတည်လျှက်ရှိနေပါတယ်။ ခြေစစ်ပွဲအောင် အသင်းတွေရဲ့ ပျမ်းမျှသက်တမ်းများ – 1. ပနားမား (29.4) 2. အက်စလန် (29) 3. ကော်စတာရီကာ (29) 4. ဥရုဂွေး (28.7) 5.