PSG အသင်း ချန်ပီယံလိဂ်စံချိန်မှတ်တမ်းများ ပိုင်ဆိုင်

ဆဲလ်တစ်အသင်းကို (၇-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် လက်ရှိဘောလုံးရာသီ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၅)အပြီးတွင် PSG အသင်းသည် ချန်ပီယံလိဂ်စံချိန်မှတ်တမ်းများ ပိုင်ဆိုင်ခဲ့သည်။ PSG အသင်းသည် အုပ်စုပွဲစဉ် (၅)အပြီးတွင် သွင်းဂိုး (၂၄)ဂိုးအထိရှိလာခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုအဆင့်၌ ဂိုးအများဆုံး သွင်းယူနိုင်သောစံချိန်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတွင် အုပ်စုအဆင့်၌ ဂိုးအများဆုံးသွင်းယူနိုင်သည့်အသင်းအဖြစ် ပြီးခဲ့သည့်ဘောလုံးရာသီတွင် (၂၁)ဂိုးသွင်းယူနိုင်ခဲ့သည့် ဒေါ့မွန်အသင်း ရပ်တည်ခဲ့သည်။ ထို့ပြင် PSG အသင်းသည် လာမည့်အုပ်စုနောက်ဆုံးပွဲတွင် အနိုင်ရရှိခဲ့ပါက အုပ်စုပွဲစဉ်အားလုံး ရာနှုန်းပြည့်အနိုင်ရရှိသည့် မှတ်တမ်းကိုပိုင်ဆိုင်မည်ဖြစ်သလိုအုပ်စုပွဲစဉ်အားလုံးအနိုင်ရရှိပြီး ဂိုးကွာခြားချက်အများဆုံး စွမ်းဆောင်နိုင်သော အသင်းအဖြစ်မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။ ■ အုပ်စုအဆင့်တွင် ဂိုးအများဆုံးသွင်းယူခဲ့သည့်အသင်းများ PSG (၂၄)ဂိုး၊ ၂၀၁၇-၁၈ ဒေါ့မွန် (၂၁) ဂိုး၊ ၂၀၁၆-၁၇ မန်ယူ (၂၀) ဂိုး၊ ၁၉၉၈-၉၉

နံနက်ခင်းသတင်းတိုများ

– အေတီကိုတိုက်စစ်မှုး ဂရစ်ဇ်မန်းကတော့ သူ ဆိုစီဒက်အသင်းကနေ အေတီကို မပြောင်းရွှေ့မီ စပါးအသင်းက သူ့ကိုခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲဒီအချိန်က စပါးဟာ ရီးရဲကိုပြောင်းရွှေ့သွားတဲ့ဘေးလ်ရဲ့နေရာကို အစားထိုးဖို့အတွက် ဂရစ်ဇ်မန်းကိုခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။ – အီတလီလက်ရွေးစင်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့ပြီးနောက်၊ အာဂျင်တီးနားအသင်းဟာ မတ်လ ၂၃ ရက်နေ့မှာ ကစားဖို့ စီစဉ်ထားတဲ့ ခြေစမ်းပွဲကို ဖျက်သိမ်းပေးဖို့ အီတလီဘောလုံးအဖွဲ့ထံကို မေတ္တာရပ်ခံထားတယ်လို့ သတင်းတွေက ဖော်ပြလျှက်ရှိနေပါတယ်။ – ဒူးဒဏ်ရာကြောင့် ၁၁ လအကြာ အနားယူနေရတဲ့ အဲဗာတန်ကစားသမား ဘိုလာဆီဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။ – ဆွမ်ဆီးအသင်းမှာ နေရာမရပဲဖြစ်နေတဲ့ကွင်းလယ်လူ မီဆာကို ဇန်န၀ါရီမှာ ခေါ်ယူဖို့ မာလာဂါအသင်းက စိတ်ဝင်စားလျှက်ရှိနေတယ်လို့ စပိန်သတင်းတွေက ဖော်ပြလိုက်ပါတယ်။ – ဘာစီလိုနာအသင်းနဲ့

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စတင်ပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့ အသက်အငယ်ဆုံး အင်္ဂလန်ကစားသမား ၁၀ ယောက်

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ဖီယင်နုနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာတော့ မန်စီးတီးအသင်းရဲ့ အင်္ဂလန်လူငယ်ကစားသမားလေး ဖိုဒန်ဟာ သူ့ရဲ့ စီနီယာကစားသမားဘ၀ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲကြီးမှာ ၀င်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။ သူ ၀င်ရောက်ကစားချိန်မှာတော့ သူ့ရဲ့အသက်ဟာ အင်္ဂလန်ရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၀င်ရောက်ကစားတဲ့ စတုတ္ထမြောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ သူဟာ မကြာသေးခင်ကမှ ကျင်းပခဲ့တဲ့ ယူ ၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်လူငယ်အသင်းကို ဗိုလ်စွဲအောင် အဓိက နေရာက စွမ်းဆောင်ပေးခဲ့တဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး၊ အဲဒီပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလဲ ဆွတ်ခူးရရှိခဲ့သူဖြစ်ပါတယ်။ Sports Myanmar ပရိသတ်တွေအတွက်တော့ ချန်ပီယံလိဂ်မှာ စတင်ကစားခွင့်ရရှိခဲ့တဲ့ အသက် အငယ်ဆုံး အင်္ဂလန်ကစားသမား ၁၀ ယောက်ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ၁၀. အမည် – ကိုင်လီ ဘာတလေ

ဂျူဗင်တပ်အတွက် ခက်ခဲနေဦးမှာလား

ဆမ်ဒိုးရီးယားကွင်းလယ်လူ တိုရီယာ(ယာ)ဂျူဗင်တပ်အသင်းဘက်သို့ ဂိုးသွင်းယူလိုက်စဉ်။ ဓာတ်ပုံ − အီးပီအေ ခြေစွမ်းနှင့်ရလဒ်များအရ ဂျူဗင်တပ်သည် အကျဘက်သို့ အနည်းငယ် ‘ယိုင်’သွား ဂျူဗင်တပ် – ခရိုတိုနီ၊ တနင်္ဂနွေ၊ နံနက် ၂း၁၅ မထင်မှတ်ဘဲ ဆမ်ဒိုးရီးယားကွင်း၌ ၃-၂ ဖြင့် အရေးနိမ့်သွားသောကြောင့် ဂျူဗင်တပ်သည် စီးရီးအေတွင် လက်ရှိချန်ပီယံဆုကို ဆက်ထိန်းနိုင်ရန် အနည်းနှင့်အများ ဖိအားဝင်သွားပြီး လာမည့်ပွဲစဉ်များတွင် အာရုံစူးစိုက်မှု ထပ်မံမြှင့်တင်ရတော့မည် ဖြစ်သည်။ ၂ဝ၁၇-၁၈ ရာသီစီးရီးအေပြိုင်ပွဲသည်  လက်ရှိ ချန်ပီယံဂျူဗင်တပ်အတွက် (ယခင်နှစ်များထက်) ပို၍ခက်ခဲနေကြောင်း ရလဒ်နှင့်ရပ်တည်မှုတို့က မီးမောင်းထိုးပြနေသည်။ ပွဲစဉ် (၁၃) ပြီးဆုံးချိန်အထိ အမှတ်ပေးဇယားထိပ်ဆုံးသို့ တစ်ကြိမ်တခါမျှ မရောက်နိုင်သေးသော ဂျူဗင်တပ်သည် အိမ်ကွင်း၌ လာဇီယိုကို ၂-၁၊ အဝေးကွင်း၌ ဆမ်ဒိုးရီးယားကို ၃-၂ ဖြင့် နှစ်ပွဲအရေးနိမ့်သွားပြီဖြစ်သည်။ တစ်ဖက်တွင် ထိပ်ဆုံးနှစ်သင်းဖြစ်သော နာပိုလီနှင့်အင်တာမီလန်တို့သည် ရှုံးပွဲလုံးဝ

ခြေပြန်တက်နေတဲ့ လီဗာပူးနဲ့ ချယ်လ်ဆီးတို့ အတွေ့

လီဗာပူး ကစားသမား ကော်တင်ညို(လယ်) စပါးကစားသမားများကို ဖြတ်ကျော်နေစဉ်။ ဓာတ်ပုံ − အီးပီအေ ဝက်စ်ဟမ်းက နည်းပြမိုယက်စ်နဲ့ ပြောင်းလဲခဲ့ပေမဲ့ ဝက်ဖို့ဒ်ကွင်းမှာတော့ မိုယက်စ်လည်း မတတ်နိုင်ခဲ့ပါဘူး။ ဝက်စ်ဟမ်း − လက်စတာ၊ စနေ နံနက် ၂း၃ဝ ဝက်စ်ဟမ်းက နည်းပြမိုယက်စ်နဲ့ ပြောင်းလဲခဲ့ပေမဲ့ ဝက်ဖို့ဒ်ကွင်းမှာတော့ မိုယက်စ်လည်း မတတ်နိုင်ခဲ့ပါဘူး။ အခုအိမ်ကွင်းပရိသတ်ရှေ့မှာ မိုယက်စ် ထူးထူးခြားခြား လုပ်နိုင်ပါ့မလား။ လက်စတာက မန်စီးတီးကိုရှုံးခဲ့ပေမဲ့ လက်စတာတိုက်စစ်ဟာ ဝက်စ်ဟမ်းနောက်တန်းကို ဒုက္ခပေးနိုင်စွမ်းရှိနေပါတယ်။ နောက်ဆုံးပွဲတွေမှာ နှစ်သင်းစလုံးရှုံးထားတဲ့အတွက် နှစ်သင်းလုံး တိုက်စစ်ဦးစားပေးလာမယ့်ပွဲက လက်စတာ ဂိုးသွင်းနိုင်လို့ သရေနဲ့ပြီးနိုင်လို့ လက်စတာကို ကြိုက်ပါတယ်။ ခရစ္စတယ်ပဲလေ့စ် − စတုတ်၊ စနေ ည ၉း၃ဝ ခရစ္စတယ်ပဲလေ့စ်ရဲ့ နှစ်ပွဲဆက်အိမ်ကွင်းပွဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း အိမ်ကွင်းမှာ အဲဗာတန်နဲ့ကစားခဲ့ရပြီး သရေကျခဲ့ပါတယ်။ အခုလည်း အိမ်ကွင်းပွဲဖြစ်လို့ ပဲလေ့စ်ကစားအားတင်လာမယ့်ပွဲ

လိဂ်ကော်မတီဆုံးဖြတ်ချက်အရ လိဂ်-၁ ပြိုင်ပွဲသို့ မြဝတီတန်းတက်ယှဉ်ပြိုင်ခွင့်ရ

နေရှင်နယ်လိဂ်-၁ သို့ တန်းတက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြဝတီအက်ဖ်စီအသင်း။ ဓာတ်ပုံ-နေရှင်နယ်လိဂ် ၂ဝ၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ်-၂ ဘောလုံးပြိုင်ပွဲ၌ ချန်ပီယံဖြစ်ခဲ့သည့် စီးတီး ရန်ကုန်အသင်း နုတ်ထွက်ခဲ့သည့်အတွက် မြဝတီအက်ဖ်စီအသင်းမှာ ၂ဝ၁၈ နေရှင်နယ် လိဂ်ပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်ကစားခွင့်ရခဲ့ ကြောင်း လိဂ်ကော်မတီအစည်းအဝေးဆုံးဖြတ် ချက်အရ သိရသည်။ ပြိုင်ပွဲစည်းမျဉ်းအရ ပြီးခဲသည့်လိဂ်-၂ အမှတ်ပေးဘောလုံး ပြိုင်ပွဲအပြီးတွင် ပထမနှင့် ဒုတိယရခဲ့သည့် စီးတီးရန်ကုန်အသင်းနှင့် မဟာယူနိုက်တက် အသင်းတို့သည် ၂ဝ၁၈ မြန်မာနေရှင်နယ် လိဂ်-၁သို့ တန်းတက်ကစားခွင့်ရခဲ့သည်။ သို့သော် လိဂ်-၂ ချန်ပီယံ စီးတီးရန်ကုန်အသင်း ပိုင်ရှင်များ ပြည်ဝင်ခွင့်ဗီဇာအခက်အခဲကြောင့် အသင်းအား ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိ သဖြင့် နုတ်ထွက်ခဲ့ရာ အဆင့် (၃)နေရာမှ မြဝတီအက်ဖ်စီအသင်းသည် ပြိုင်ပွဲစည်းမျဉ်းအရ တန်းတက်ကစားခွင့်ရရှိလာခြင်းဖြစ်သည်။ ယင်းဆုံးဖြတ်ချက်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၂ဝ ရက်ကကျင်းပခဲ့သည့်

နံနက်ခင်းသတင်းတိုများ

– အလန်ပါဂျူးဟာ တိုနီပူးလစ်ထွက်ခွာသွားတဲ့ ၀က်စ်ဘရွန်းအသင်းရဲ့ နည်းပြရာထူးကို ရယူဖို့ စိတ်ဝင်စားနေတယ်လို့ အင်္ဂလန် ဒေသတွင်းမီဒီယာတွေက ရေးသားဖော်ပြနေကြပါတယ်။ – ပီပီကတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ အရေးပါဆုံးသောသူတစ်ယောက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး၊ အခွင့်အရေးရှိပါက ဘက်ရှီးတက်အသင်းထံ လာရောက်ကစားဖို့ ဖိတ်ခေါ်သွားခဲ့ပါတယ်။ – ဒီရာသီ ဥရောပထိပ်သီးလိဂ် ၅ ခုရဲ့ ဂိုးတိုင်ထိ အကြိမ်အရေအတွက် အများဆုံးကစားသမားများ ၆ ကြိမ် – မက်ဆီ ၅ ကြိမ် – ဟယ်ရီကိန်း ၄ ကြိမ် – အူဘာမီးယန်း ၄ ကြိမ် – ဇက်ကို ၃ ကြိမ် – ရော်နယ်ဒို – မြောက်အိုင်ယာလန်အသင်းကတော့ သူတို့ရဲ့နည်းပြ မာတင်အိုနေးလ်ကို ၆ နှစ်စာချုပ်သစ် ကမ်းလှမ်းလိုက်ပါတယ်။

UEFA မှ ၂၁ ရာစု အကောင်းဆုံးအသင်းကို ထုတ်ပြန်

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ၂၁ ရာစု အကောင်းဆုံးအသင်းကို ထုတ်ပြန်ခဲ့ရာ စပိန်ကစားသမား(၆)ဦးအထိ ပါဝင်ပြီး အများဆုံးဖြစ်ခဲ့ကြောင်း သိရှိရသည်။ UEFA သည် ၂၀၀၁ ခုနှစ်မှစ၍ နှစ်အလိုက် အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ပြီး ယခုအခါ ယင်းကဲ့သို့ ရွေးချယ်ခဲ့သည့် စုစု ပေါင်း(၁၆)နှစ်အတွင်းမှ ပြန်လည်အနှစ်ချုပ်ကာ ၂၁ ရာစုအကောင်းဆုံးအသင်းအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ ထို့ကြောင့် နှစ်အလိုက်အကောင်းဆုံး အသင်းတွင် အကြိမ်အများဆုံးပါဝင်ခဲ့သူများကို အဓိကရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အကြိမ်အ ရေအတွက်ချင်းတူညီနေပါက ဆန်ခါတင်စာ ရင်းတွင် ပါဝင်သည့်အကြိမ်အရေအတွက်ဖြင့် ထပ်မံဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ ၂၁ ရာစု အကောင်းဆုံးအသင်းကို (၄-၃-၃)ပုံစံဖြင့် ရွေးချယ်ခဲ့ရာ ဂိုးသမားအဖြစ် ရီးယဲလ်ကစားသမားဟောင်း ကာဆီးလက်စ် က ဘူဖွန်နှင့် နူအာတို့ကို ကျော်ဖြတ်ကာ ရွေး ချယ်ခံခဲ့ရသည်။ နောက်တန်း(၄)ဦးမှာ ဖိလစ် လမ်း၊

တိုက်စစ်မှူးအောင်သူကိုခေါ်ယူရန် တယ်ရိုဆာဆနာအသင်းပိုင်ရှင် ယနေ့ရောက်မည် အပြောင်းအရွှေ့ကိစ္စအတွက် အသင်းပိုင်ရှင်အချင်းချင်း ချိတ်ဆက်လုပ်ဆောင်လျက်ရှိ

ထိုင်းပရီးမီးယားလိဂ်ကလပ် ပူးလ်လစ် တယ်ရိုဆာဆနာအသင်းပိုင်ရှင်သည် မြန်မာ နေရှင်နယ်လိဂ်ကလပ်  ရတနာပုံအသင်း တိုက်စစ်မှူးအောင်သူကို ခေါ်ယူရန်အတွက် နိုဝင်ဘာ ၂၁ ရက်(ယနေ့)တွင် ရန်ကုန်မြို့သို့ လာရောက်ကာ ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တွေ့ဆုံညှိနှိုင်းမည် ဖြစ်ကြောင်း အသင်းအထွေထွေမန်နေဂျာ ဦးအောင်ဟိန်းခိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းတိုက်စစ်မှူး အောင်သူသည် ၂ဝ၁၅ ယူ–၂ဝကမ္ဘာ့ဖလား  ပြိုင်ပွဲဝင် မြန်မာယူ–၁၉အသင်းနှင့်အတူ ထင်ရှား လာခဲ့ပြီးနောက် ပြည်ပကလပ်များမှခေါ်ယူ ရန် စိတ်ဝင်စားမှုများရှိခဲ့ရာ ယခုနှစ်တွင်ထိုင်း ကလပ် ပူးလ်လစ်တယ်ရိုဆာဆနာအသင်းက ပထမဆုံးအကြိမ် တရားဝင်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ”တယ်ရိုဆာဆနာအသင်းက တရားဝင်ကမ်းလှမ်းလာတာတော့မှန်ပါတယ်။ အသင်း ပိုင်ရှင်ကတော့ အောင်သူကို ပေးကစားဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အပြီးသတ်ဆုံးဖြတ်ချက် တော့ မချရသေးပါဘူး။ တယ်ရိုဆာဆနာအသင်း ပိုင်ရှင်နဲ့ ကျွန်တော်တို့အသင်းပိုင်ရှင်က ပုဂ္ဂိုလ် ရေးရင်းနှီးမှုတော့ရှိပါတယ်။ အသင်းပိုင်ရှင်အချင်းချင်းချိတ်ဆက်ပြီးတော ့လုပ်နေကြတာပါ။  နိုဝင်ဘာ

အာဆင်နယ်သတင်းတိုများ

* စပါးအသင်းနဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မူစတာဖီ က ပြစ်ဒဏ်ဘောရတဲ့အချိန်မှာ အိုဇေးဆီကိုသွားခဲ့ပြီး ဘောလုံး ကိုဂိုးထဲဖြတ်တင်ပေးဖို့ပြောခဲ့ကြောင့် အိုဇေးရဲ့ဘယ်ခြေ ထောက်အစွမ်းကိုသိပြီးသားဖြစ်တဲ့အတွက် ဂိုးသွင်းနိုင်မယ်လို့ ယုံကြည်ခဲ့ကြောင်းဆိုပါတယ်။ * ဒါ့အပြင် မူစတာဖီက အိုဇေးနဲ့ဆန်းချက်ဟာအသင်းအတွက် အရမ်းကိုအရေးပါတဲ့ကစားသမားတွေဖြစ်တာကြောင့် တစ်သင်း လုံးက သူတို့နှစ်ယောက်ကိုအသင်းမှာဆက်ရှိနေစေချင်တယ် လို့ဆိုပါတယ်။ * man of the match ဆုရှင် မီစွတ်အိုဇေးက လာကာဇတ်တီ ၊ အလက်ဆန်းချက်တို့လိုကစားသမားတွေနဲ့ကစားရတာ နှစ်သက်ကြောင်းနဲ့ သူတို့နှစ်ယောက်ဟာ အမြဲတမ်းတစ်ဖက်အ သင်းကို အန္တရာယ်ပေးနိုင်သူတွေဖြစ်တယ်လို့ဆိုပါတယ်။ * ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းနဲ့စာချုပ်သက် တမ်းကုန်ဆုံးတော့မယ့် အိုဇေးကို ဇန်နဝါရ်ီအပြောင်းအရွေ့မှာ ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ * အိုဇေးရဲ့အပြောင်းအရွေ့မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကွင်း လယ်ကစားသမား အန်ဒရီဂိုးမက်ကိုအသုံးပြုသွားမယ်လို့လဲသိရပါတယ်။ * အာဆင်နယ်အပါအဝင် ဥရောပအသင်းကြီးအများအပြားဟာ ရှော်ကေးအသင်းရဲ့ စူပါစတား