မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂန် အနေဖြင့် နောက်ထပ် ကာလရှည် ဒဏ်ရာ မရရှိဖို့ မျှော်လင့်ထားတဲ့ ဂွာဒီယိုလာ

==============================================

မန်ချက်စတာ စီးတီး နည်းပြ ပက်ဂွာဒီယိုလာ က အသင်းရဲ့ ကွင်းလယ်လူ ဂန်ဒိုဂန် ရဲ့ ဒဏ်ရာဟာ ယခင် တစ်ခါကလို ကာလရှည် အနားမယူရဖို့ မျှော်လင့်နေမိတယ်လို့ ဆိုသွားခဲ့ပါတယ် ။

ဂန်ဒိုဂန် ဟာ တနှစ်နီးပါး အနားယူထားခဲ့ရာကနေ ယမန်နေ့ညက လိဂ်ဖလားပွဲမှာ ပြန်လည်ပွဲထွက် ကစားခဲ့ရ ပါတယ် ။ ဒါပေမယ့် ဒဏ်ရာရရှိသွားခဲ့ပြန်တာကြောင့် လူစားလဲခဲ့ရပါတယ် ။ ဂန်ဒိုဂန် ဟာကွင်းပြင်ကို ဆေးအကူ နဲ့ လမ်းလျောက်ထွက် သွားခဲ့တာဖြစ်ပေမယ့် ယခင် ဒဏ်ရာရရှိထားခဲ့တဲ့ ဒူးဘက်ခြမ်းကို ထပ်မံ ထိခိုက်မိခဲ့တာဖြစ်တာကြောင့် ဒဏ်ရာဟောင်းပြန်လည် မဖြစ်လာဖို့ မျှော်လင့်မိကြောင်း ဂွာဒီယိုလာက ဆိုသွား ခဲ့ပါတယ် ။

“သိပ်ပြင်းတဲ့ ဒဏ်ရာမဟုတ်လောက်ဘူးလို့ ထင်မိပါတယ် ။ ၈ လ လောက်နားရမယ့်ဟာမျိုးမဟုတ်လောက် ပါဘူး ။ ဒါပေမယ့် ဒဏ်ရာတော့ ရသွားတာသေချာသလောက်ပါပဲ ။ ဒဏ်ရာသေးသေးလောက်ပဲဖြစ်မှာပါ ။ ဖျက်ထုတ်ပုံကကြမ်းခဲ့ပါတယ် ။ ဂန်ဒိုဂန် မကြာခင်ပြန် ကစားနိုင်မယ်လို့ မျှော်လင့်ထားပါတယ် ။ ပွဲပြီးတော့ သူနဲ့ စကားပြောဖြစ်ပါတယ် ။ ဒူးကတော့ နည်းနည်းနာနေပေမယ့် သူ အဆင်ပြေတယ်လို့ ပြောပါတယ်” လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ် ။

ဒါ့အပြင် ဂွာဒီ ဟာ ဂန်ဒိုဂန် ကို အဖျက်ကြမ်းခဲ့တဲ့ ၀က်စ်ဘရွန်း ကစားသမား ယာကော့ ကိုလည်း ဝေဖန်သွား ခဲ့ပါတယ် ။

မန်ချက်စတာ စီးတီး ဟာ ယမန်နေ့ညက ၀က်စ်ဘရွန်း ကို အနိုင် ကစားခဲ့ပြီး ကာရာဘောင် ဖလား စတုတ္ထဆင့် ကို တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ် ။ ချဲလ်ဆီးဟာ စတုတ္ထဆင့်မှာတော့ ပရီးမီးယားလိဂ် ကလပ် အဲဗာတန် အသင်းနဲ့ ရင်ဆိုင် ကစားရမှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *