စံခ်ိန္သစ္ မွတ္တမ္းေတြနဲ႔ မန္စီးတီးသတင္းတိုမ်ား

” မေန႔ညက မန္စီးတီးအသင္းရဲ႕ အႏိုင္ရလာဒ္ဟာ အရမ္းကို အေရးပါတဲ့ ႏိုင္ပြဲတစ္ပြဲပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔အေနနဲ႔ ၅ မွတ္အကြာအေနအထားထိ ျဖစ္သြားႏိုင္တယ္ေလ။ ဟတ္ဒါဖီးလ္ဟာ ယူႏိုက္တက္လို အသင္းမ်ိဳးေတာင္ အိမ္ကြင္းမွာ အႏိုင္ကစားျပထားတဲ့အသင္းဆိုေတာ့ ဒီပြဲက သူတို႔အတြက္ မလြယ္ကူခဲ့ပါဘူး။ အႏိုင္ဂိုး သြင္းယူလိုက္တဲ့အခ်ိန္ မန္စီးတီးကစားသမားေတြ ရဲ႕ ေအာင္ပြဲခံပံု၊ နည္းျပအဖြဲ႕၀င္ေတြရဲ႕ ေအာင္ပြဲခံပံုကို ၾကည့္တာနဲ႔တင္ သူတို႔ဟာ ဒီပြဲကို လြယ္လြယ္ကူကူ အႏိုင္ရမွာမဟုတ္ဘူးလို႔ ၾကိဳျပီးတြက္ဆထားခဲ့တယ္ဆိုတာ ေသခ်ာပါတယ္” #ဂယ္ရီနဗီးလ္

” မန္စီးတီးရဲ႕ စြမ္းေဆာင္ရည္က အံ့ၾသစရာေကာင္းေနျပီးလားဆိုေတာ့ မဟုတ္ပါဘူး။ သူတိို႔ဟာ ဒီရာသီမွာ ေတာင့္တင္းတဲ့အသင္းတစ္သင္းဆိုတာ အေသခ်ာပါပဲ။

ဒါေပမယ့္ ျပီးခဲ့တဲ့ ရာသီကတည္းက သူတို႔အသင္းဟာ အေတာ္ေလးကို ေကာင္းမြန္ေနခဲ့တာပါ။ ျပီးေတာ့ အေျပာင္းအေရႊ႕ကာလမွာ သူတို႔လိုခ်င္တဲ့ ဦးစားေပး ကစားသမားေတြကို ထပ္ျပီး အားျဖည့္ႏိုင္ခဲ့တဲ့အတြက္ အမ်ားၾကီး တိုးတက္လာေတာ့တာေပါ့ဗ်ာ။

သူတို႔အေနနဲ႔ ဇန္န၀ါရီကာလ ဒါမွမဟုတ္ လာမယ့္အေျပာင္းအေရႊ႕ေတြမွာသာ ထပ္ျပီး ကစားသမားေတြ အားျဖည့္ဦးမယ္ဆိုရင္ က်ေနာ္တို႔အတြက္ စိုးရိမ္စရာေတြ ျဖစ္လာေနပါျပီ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔က မန္စီးတီးနဲ႔ ပခံုးခ်င္း ယွဥ္ခ်င္ထားခ်င္တယ္ေလ။ ဒါေၾကာင့္မို႔ က်ေနာ့္တို႔အသင္းအေနနဲ႔ ဇန္န၀ါရီကာလမွာ ဆံုးျဖတ္ခ်က္ မွန္မွန္ကန္ကန္နဲ႔ လႈပ္ရွားဖို႔လိုပါတယ္” #ကြန္တီ

– မန္စီးတီးအသင္းဟာ ကြန္ပနီရဲ႕ အရံကစားသမားအျဖစ္ ထားရွိဖို႔အတြက္ ဆိုစီဒက္အသင္းရဲ႕ အသက္ ၂၆ ႏွစ္အရြယ္ ေနာက္ခံလူ အီနီဂို မာတီနက္ဇ္ကို ေစာင့္ၾကည့္မႈေတြ ျပဳလုပ္လွ်က္ရွိေနပါတယ္။

– စတာလင္ရဲ႕ သြင္းဂိုးမွတ္တမ္းမ်ား

၂၀၁၂-၁၃ – ၂ ဂိုး (၃၆ ပြဲ)
၂၀၁၃-၁၄ – ၁၀ ဂိုး (၃၈ ပြဲ)
၂၀၁၄-၁၅ – ၁၁ ဂိုး (၅၂ ပြဲ)
၂၀၁၅ -၁၆ – ၁၁ ဂိုး ( ၄၇ ပြဲ)
၂၀၁၆-၁၇ – ၁၀ ဂိုး (၄၇ ပြဲ)
၂၀၁၇-၁၈ – ၁၂ ဂိုး (၁၈ ပြဲ)

– * ” ျပီးခဲ႔တဲ႔ရာသီ ျပီးဆံုးေတာ့ က်ေနာ့္ေအးဂ်င့္ျဖစ္သူက က်ေနာ့္ကိုေခၚယူဖို႕ ႀကိဳးစားေနတဲ႔အထဲမွာ မန္စီးတီးက အတက္ႀကြဆံုးလို႔ေျပာပါတယ္။ မန္စီးတီးလို ကလပ္ႀကီးက ေခၚယူဖို႔ စိတ္ဝင္စားတဲ႔အတြက္လဲ ဂုဏ္ယူမိတာေပါ့ဗ်ာ။

ဒါ့အျပင္ ပက္လို နည္းျပမ်ိဳးနဲ႔ ထပ္ျပီးလက္တြဲခြင့္ရမယ္ဆိုေတာ့ ပိုျပီးေတာ့ ေပ်ာ္ရႊင္ခဲ႔မိတာေပါ့” #အီဒါဆင္ (မန္စီးတီးဂိုးသမား)

– ” က်ေနာ္ ဒီအသင္းမွာ စေရာက္ကတည္းကလိဂ္ဖလား တစ္လံုးပဲ ဆြတ္ခူးထားနိုင္ေသးတာပါ။ ဒါေႀကာင္မို႔ ဒီအခ်ိန္က အဓိက ဆုဖလားေတြ ဆြတ္ခူးဖို႕ အေကာင္းဆံုး အခ်ိန္ပါပဲ။

က်ေနာ့္ခံစားခ်က္အတိုင္းေျပာရရင္ က်ေနာ္တို႕ဟာ ဆုဖလားအားလံုး သိမ္းပိုက္နိုင္ပါတယ္” #ဒီဘရုိင္း

– ” စတာလင္က ပင္နယ္တီ ၂ လံုးေလာက္ကို ရသင့္တယ္ ထင္ပါတယ္။ အာဆင္ဝင္းဂါးဆိုရင္လဲ ဒီလိုပဲ ေျပာမွာပါ” #ပက္

– ” ျပီးခဲ့တဲ့ရာသီကေတာ့ လူေတြက ပက္ဂြါဒီယိုလာအေနနဲ႔ အဂၤလန္မွာ နည္းျပလုပ္မယ္ဆိုရင္ သူ႔ရဲ႕ ကစားဟန္ကို ေျပာင္းလဲရမယ္ဆိုျပီး ေ၀ဖန္ခဲ့ၾကတာပါ။ အခုေတာ့ အေျပာင္းအလဲ အနည္းငယ္လုပ္ခဲ့တာလြဲျပီး အေတြးအေခၚ အယူအဆေတြက အရင္အတိုင္းပဲ ကစားေနတာျဖစ္သလို၊ သူ ယံုၾကည္ထားတဲ့အတုိင္းပဲ ကစားျပေနတာေလ။ ပက္ဟာ ဘာမွ အေျပာင္းအလဲမလုပ္ထားပါဘူး” #အြန္နရီ

– ” 3 ရက္ တစ္ပြဲႏႈန္းေလာက္ ကစားေနရတဲ့အခ်ိန္မွာ အမွတ္ေတြ မဆံုးရႈံးေအာင္ ထိန္းကစားဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ အခုေတာ့ ၁၈ ပြဲဆက္ ႏိုင္ပြဲ ရယူႏိုင္ခဲ့တယ္ဆိုေတာ့ အံ့ၾသစရာပဲဗ်ာ” #ပက္

– စီးတီးနည္းျပေဟာင္း မန္စီနီကေတာ့ သူ႔အေနနဲ႔ အီတလီနည္းျပရာထူးအတြက္ ကမ္းလွမ္းခံခဲ့ရပါရ အဲဒီအခြင့္အေရးကို ဂုဏ္ယူစြာန႔ဲ လက္ခံရယူသြားမယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

* အဲဒီပြဲမွာ မန္စီးတီးအသင္းဘက္ကို အဖြင့္ဂိုးသြင္းယူခဲ႔တဲ႔ ဟတ္ဒါဖီးလ္အသင္းဟာ ဒီရာသီမွာ ပက္ဂြါဒီယိုလာရဲ႕ အသင္းကို အလြတ္တည္ကန္ေဘာကေနတဆင့္ ဂိုးရေအာင္သြင္းယူနိုင္တဲ႔ ပထမဆံုးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ႔ပါတယ္။

* မန္စီးတီးအသင္းဟာ ျပိဳင္ပြဲအရပ္ရပ္ မွာကစားခဲ႔တဲ႔ အေဝးကြင္းပြဲစဥ္ေတြမွာ 11 ပြဲဆက္ အနိုင္ရလာဒ္ ထြက္ေပၚေအာင္ စြမ္းေဆာင္နိုင္ခဲ႔ပါျပီ။ ဒါဟာ အဂၤလန္ေဘာလံုး သမိုင္းတစ္ေလွ်ာက္ ထိပ္သီးကလပ္အသင္းတစ္သင္းက စြမ္းေဆာင္ျပနိုင္တဲ႔ အျမင့္ဆံုး စြမ္းေဆာင္ရည္ မွတ္တမ္းပဲ ျဖစ္ပါတယ္။

– ပြဲစဥ္ 13 အျပီးမွာေတာ့ မန္စီးတီးအသင္းဟာ စုစုေပါင္း ရမွတ္ 37 မွတ္အထိ ရယူနိုင္ခဲ႔ျပီျဖစ္ပါတယ္။ အဒီ ရမွတ္ပမာဏဟာ ပရီးမီးယားလိဂ္ သမိုင္းတစ္ေလ်ွာက္ အဖြင့္ပြဲ 13 ပြဲအျပီးမွာ ရယူနိုင္တဲ႔ အျမင့္ဆံုးရမွတ္ျဖစ္ျပီး၊ ဒါကို မန္စီးတီးက စြမ္းေဆာင္ျပလိုက္တာ ျဖစ္ပါတယ္။

* မန္စီးတီးအသင္းဟာ ျပိဳင္ပြဲအရပ္ရပ္မွာ ရႈံးပြဲမရွိတာ 26 ပြဲဆက္တိုက္ ရွိလာခဲ႔ျပီျဖစ္ပါတယ္။

* ဒါ့အျပင္ ျပိဳင္ပြဲအရပ္ရပ္မွာ နိုင္ပြဲဆက္ ရရွိတာလဲ 18 ပြဲအထိ ရွိလာခဲ႔ပါျပီ။

* ဟတ္ဒါဖီးလ္နဲ႔ပြဲစဥ္ဟာ 22 ႏွစ္အတြင္း မန္စီးတီးအတြက္ ပထမပိုင္း ရႈံးနိမ့္ခဲ့ေသာ္လဲ ျပန္လည္ အနိုင္ယူျပနိုင္တဲ႔ ပထမဆံုး ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ျဖစ္လာခဲ႔ပါတယ္။

စံချိန်သစ် မှတ်တမ်းတွေနဲ့ မန်စီးတီးသတင်းတိုများ
==========================

 

” မနေ့ညက မန်စီးတီးအသင်းရဲ့ အနိုင်ရလာဒ်ဟာ အရမ်းကို အရေးပါတဲ့ နိုင်ပွဲတစ်ပွဲပါ။ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့ ၅ မှတ်အကွာအနေအထားထိ ဖြစ်သွားနိုင်တယ်လေ။ ဟတ်ဒါဖီးလ်ဟာ ယူနိုက်တက်လို အသင်းမျိုးတောင် အိမ်ကွင်းမှာ အနိုင်ကစားပြထားတဲ့အသင်းဆိုတော့ ဒီပွဲက သူတို့အတွက် မလွယ်ကူခဲ့ပါဘူး။ အနိုင်ဂိုး သွင်းယူလိုက်တဲ့အချိန် မန်စီးတီးကစားသမားတွေ ရဲ့ အောင်ပွဲခံပုံ၊ နည်းပြအဖွဲ့ဝင်တွေရဲ့ အောင်ပွဲခံပုံကို ကြည့်တာနဲ့တင် သူတို့ဟာ ဒီပွဲကို လွယ်လွယ်ကူကူ အနိုင်ရမှာမဟုတ်ဘူးလို့ ကြိုပြီးတွက်ဆထားခဲ့တယ်ဆိုတာ သေချာပါတယ်” #ဂယ်ရီနဗီးလ်

” မန်စီးတီးရဲ့ စွမ်းဆောင်ရည်က အံ့သြစရာကောင်းနေပြီးလားဆိုတော့ မဟုတ်ပါဘူး။ သူတိို့ဟာ ဒီရာသီမှာ တောင့်တင်းတဲ့အသင်းတစ်သင်းဆိုတာ အသေချာပါပဲ။

ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီကတည်းက သူတို့အသင်းဟာ အတော်လေးကို ကောင်းမွန်နေခဲ့တာပါ။ ပြီးတော့ အပြောင်းအရွှေ့ကာလမှာ သူတို့လိုချင်တဲ့ ဦးစားပေး ကစားသမားတွေကို ထပ်ပြီး အားဖြည့်နိုင်ခဲ့တဲ့အတွက် အများကြီး တိုးတက်လာတော့တာပေါ့ဗျာ။

သူတို့အနေနဲ့ ဇန်နဝါရီကာလ ဒါမှမဟုတ် လာမယ့်အပြောင်းအရွှေ့တွေမှာသာ ထပ်ပြီး ကစားသမားတွေ အားဖြည့်ဦးမယ်ဆိုရင် ကျနော်တို့အတွက် စိုးရိမ်စရာတွေ ဖြစ်လာနေပါပြီ ဘာလို့လဲဆိုတော့ ကျနော်တို့က မန်စီးတီးနဲ့ ပခုံးချင်း ယှဉ်ချင်ထားချင်တယ်လေ။ ဒါကြောင့်မို့ ကျနော့်တို့အသင်းအနေနဲ့ ဇန်နဝါရီကာလမှာ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်နဲ့ လှုပ်ရှားဖို့လိုပါတယ်” #ကွန်တီ

– မန်စီးတီးအသင်းဟာ ကွန်ပနီရဲ့ အရံကစားသမားအဖြစ် ထားရှိဖို့အတွက် ဆိုစီဒက်အသင်းရဲ့ အသက် ၂၆ နှစ်အရွယ် နောက်ခံလူ အီနီဂို မာတီနက်ဇ်ကို စောင့်ကြည့်မှုတွေ ပြုလုပ်လျှက်ရှိနေပါတယ်။

– စတာလင်ရဲ့ သွင်းဂိုးမှတ်တမ်းများ

၂၀၁၂-၁၃ – ၂ ဂိုး (၃၆ ပွဲ)
၂၀၁၃-၁၄ – ၁၀ ဂိုး (၃၈ ပွဲ)
၂၀၁၄-၁၅ – ၁၁ ဂိုး (၅၂ ပွဲ)
၂၀၁၅ -၁၆ – ၁၁ ဂိုး ( ၄၇ ပွဲ)
၂၀၁၆-၁၇ – ၁၀ ဂိုး (၄၇ ပွဲ)
၂၀၁၇-၁၈ – ၁၂ ဂိုး (၁၈ ပွဲ)

– * ” ပြီးခဲ့တဲ့ရာသီ ပြီးဆုံးတော့ ကျနော့်အေးဂျင့်ဖြစ်သူက ကျနော့်ကိုခေါ်ယူဖို့ ကြိုးစားနေတဲ့အထဲမှာ မန်စီးတီးက အတက်ကြွဆုံးလို့ပြောပါတယ်။ မန်စီးတီးလို ကလပ်ကြီးက ခေါ်ယူဖို့ စိတ်ဝင်စားတဲ့အတွက်လဲ ဂုဏ်ယူမိတာပေါ့ဗျာ။

ဒါ့အပြင် ပက်လို နည်းပြမျိုးနဲ့ ထပ်ပြီးလက်တွဲခွင့်ရမယ်ဆိုတော့ ပိုပြီးတော့ ပျော်ရွှင်ခဲ့မိတာပေါ့” #အီဒါဆင် (မန်စီးတီးဂိုးသမား)

– ” ကျနော် ဒီအသင်းမှာ စရောက်ကတည်းကလိဂ်ဖလား တစ်လုံးပဲ ဆွတ်ခူးထားနိုင်သေးတာပါ။ ဒါကြောင်မို့ ဒီအချိန်က အဓိက ဆုဖလားတွေ ဆွတ်ခူးဖို့ အကောင်းဆုံး အချိန်ပါပဲ။

ကျနော့်ခံစားချက်အတိုင်းပြောရရင် ကျနော်တို့ဟာ ဆုဖလားအားလုံး သိမ်းပိုက်နိုင်ပါတယ်” #ဒီဘရိုင်း

– ” စတာလင်က ပင်နယ်တီ ၂ လုံးလောက်ကို ရသင့်တယ် ထင်ပါတယ်။ အာဆင်ဝင်းဂါးဆိုရင်လဲ ဒီလိုပဲ ပြောမှာပါ” #ပက်

– ” ပြီးခဲ့တဲ့ရာသီကတော့ လူတွေက ပက်ဂွါဒီယိုလာအနေနဲ့ အင်္ဂလန်မှာ နည်းပြလုပ်မယ်ဆိုရင် သူ့ရဲ့ ကစားဟန်ကို ပြောင်းလဲရမယ်ဆိုပြီး ဝေဖန်ခဲ့ကြတာပါ။ အခုတော့ အပြောင်းအလဲ အနည်းငယ်လုပ်ခဲ့တာလွဲပြီး အတွေးအခေါ် အယူအဆတွေက အရင်အတိုင်းပဲ ကစားနေတာဖြစ်သလို၊ သူ ယုံကြည်ထားတဲ့အတိုင်းပဲ ကစားပြနေတာလေ။ ပက်ဟာ ဘာမှ အပြောင်းအလဲမလုပ်ထားပါဘူး” #အွန်နရီ

– ” 3 ရက် တစ်ပွဲနှုန်းလောက် ကစားနေရတဲ့အချိန်မှာ အမှတ်တွေ မဆုံးရှုံးအောင် ထိန်းကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုတော့ ၁၈ ပွဲဆက် နိုင်ပွဲ ရယူနိုင်ခဲ့တယ်ဆိုတော့ အံ့သြစရာပဲဗျာ” #ပက်

– စီးတီးနည်းပြဟောင်း မန်စီနီကတော့ သူ့အနေနဲ့ အီတလီနည်းပြရာထူးအတွက် ကမ်းလှမ်းခံခဲ့ရပါရ အဲဒီအခွင့်အရေးကို ဂုဏ်ယူစွာနဲ့ လက်ခံရယူသွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

* အဲဒီပွဲမှာ မန်စီးတီးအသင်းဘက်ကို အဖွင့်ဂိုးသွင်းယူခဲ့တဲ့ ဟတ်ဒါဖီးလ်အသင်းဟာ ဒီရာသီမှာ ပက်ဂွါဒီယိုလာရဲ့ အသင်းကို အလွတ်တည်ကန်ဘောကနေတဆင့် ဂိုးရအောင်သွင်းယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

* မန်စီးတီးအသင်းဟာ ပြိုင်ပွဲအရပ်ရပ် မှာကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်တွေမှာ 11 ပွဲဆက် အနိုင်ရလာဒ် ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။ ဒါဟာ အင်္ဂလန်ဘောလုံး သမိုင်းတစ်လျှောက် ထိပ်သီးကလပ်အသင်းတစ်သင်းက စွမ်းဆောင်ပြနိုင်တဲ့ အမြင့်ဆုံး စွမ်းဆောင်ရည် မှတ်တမ်းပဲ ဖြစ်ပါတယ်။

– ပွဲစဉ် 13 အပြီးမှာတော့ မန်စီးတီးအသင်းဟာ စုစုပေါင်း ရမှတ် 37 မှတ်အထိ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဒီ ရမှတ်ပမာဏဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဖွင့်ပွဲ 13 ပွဲအပြီးမှာ ရယူနိုင်တဲ့ အမြင့်ဆုံးရမှတ်ဖြစ်ပြီး၊ ဒါကို မန်စီးတီးက စွမ်းဆောင်ပြလိုက်တာ ဖြစ်ပါတယ်။

* မန်စီးတီးအသင်းဟာ ပြိုင်ပွဲအရပ်ရပ်မှာ ရှုံးပွဲမရှိတာ 26 ပွဲဆက်တိုက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

* ဒါ့အပြင် ပြိုင်ပွဲအရပ်ရပ်မှာ နိုင်ပွဲဆက် ရရှိတာလဲ 18 ပွဲအထိ ရှိလာခဲ့ပါပြီ။

* ဟတ်ဒါဖီးလ်နဲ့ပွဲစဉ်ဟာ 22 နှစ်အတွင်း မန်စီးတီးအတွက် ပထမပိုင်း ရှုံးနိမ့်ခဲ့သော်လဲ ပြန်လည် အနိုင်ယူပြနိုင်တဲ့ ပထမဆုံး ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ဖြစ်လာခဲ့ပါတယ်။

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *