အဲဗာတန်အသင်းတန်းဆင်းရမှာမဟုတ်ပါဘူး – ဂျော်ဒန်ပစ်ဖို့ဒ်
========================================
အဲဗာတန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်က “အခုချိန်မှာတော့မဟုတ်ပေမယ့်ကျွန်တော်တို့နိုင်ပွဲတွေနဲ့မဝေးတော့ပါဘူး။ ကျွန်တော်တို့ဟာတန်းဆင်းဇုန်ထဲမှာအကြာကြီးရပ်တည်နေမယ့်အသင်းတစ်သင်းမဟုတ်ဘူးဆိုတာကျွန်တော်ပြောနိုင်ပါတယ်။ ဒါဟာကံတရားကကျွန်တော်တို့ဘက်မပါသေးလို့ပါ။ အခုအခြေအနေဟာပြီးခဲ့တဲ့ရာသီကကျွန်တော်ဆန်းဒါးလန်းမှာတွေ့ကြုံခဲ့တဲ့အဖြစ်အပျက်နဲ့ကွာခြားပါတယ်။ တစ်ပွဲလောက်နိုင်လိုက်တာနဲ့ကျွန်တော်တို့အဆင့်၁၃လောက်ဖြစ်ဖြစ်တက်သွားမှာပါ။
နှစ်ပွဲဆက်သာနိုင်ခဲ့ရင်ကျွန်တော်တို့ရဲ့ယုံကြည်မှုဟာမြင့်တက်သွားပါပြီ။ ဒါကိုလာမည့်တနင်္ဂနွေပွဲကနေစသွားမှာပါ။ ကျွန်တော်တို့ဆိုးရွားတဲ့ပွဲတွေကြုံခဲ့ရပါတယ်။ ကျွန်တော်ကလည်းအပတ်တိုင်းကစားရတာကိုနှစ်သက်ပါတယ်။ ယူရိုပါလိဂ်ရဲ့ရလဒ်ဟာသက်ရောက်မှုရှိနေမှာဖြစ်ပေမယ့်ကျွန်တော်တို့အကြောင်းပြချက်တွေပေးလို့မရပါဘူး။ ရှေ့ကိုဆက်လက်ချီတက်သွားပြီးအနိုင်ရရှိအောင်ကြိုးစားအားထုတ်သွားမှာပါ။” လို့ပြောသွားပါတယ်။
Source: Sports Myanmar
Leave a comment
Your email address will not be published. Required fields are marked *