=======================================
အခွင့်အရေးတွေဖြုန်းတီးပစ်ခဲ့တာဟာရှုံးပွဲရဲ့အဓိကအကြောင်းရင်းလို့ပြောလိုက်တဲ့အာဆင်ဝင်းဂါး
=======================================
အာဆင်ဝင်းဂါးဟာမနေ့ညကကိုလုံးအသင်းကိုတစ်ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာပြိုင်ဘက်ကိုတစ်ပွဲလုံးနီးပါးလွှမ်းမိုးကစားနိုင်ခဲ့ပေမယ့်အခွင့်အရေးတွေဖြုန်းတီးပစ်ခဲ့တဲ့၎င်းရဲ့အသင်းကိုစိတ်ပျက်နေပါတယ်။
ယူရိုပါလိဂ်ရဲ့နောက်တဆင့်ကိုအုပ်စုဗိုလ်အဖြစ်နဲ့တက်ရောက်နိုင်ခဲ့ပေမယ့်လည်းအာဆင်ဝင်းဂါးက “ကိုလုံးအသင်းဂိုးပေါက်ကန်သွင်းမှုတစ်ကြိမ်သာရရှိခဲ့တဲ့ပွဲကိုကျွန်တော်တို့ရှုံးနိမ့်ခဲ့ပြီးသူတို့ရသွားတဲ့ဂိုးကပင်နယ်တီကပါ။
ကျွန်တော်တို့ဟာဂိုးရဖို့အတွက်အမြဲလိုလိုတစ်စုံတစ်ခုလိုအပ်နေခဲ့ပါတယ်။ ကိုလုံးဟာစိတ်ဓာတ်အပြည့်နဲ့ခံစစ်ကစားသွားခဲ့ပြီးဒီညဟာသူတို့အတွက်ပြီးပြည့်စုံတဲ့ညတစ်ညဖြစ်သွားခဲ့ပါတယ်။
ဝီရှိုင်းယား ဝဲဘတ် ဂီရော့တို့အခွင့်အရေးတွေအနီးစပ်ဆုံးရခဲ့ပေမယ့်ကျွန်တော်တို့ရဲ့အဆုံးသတ်ပိုင်းတကျမှုမရှိခဲ့ပါဘူး။” လို့ပြောခဲ့ပါတယ်။
Source : Sports Myanmar
Leave a comment
Your email address will not be published. Required fields are marked *