ေနမားPSG မွာ မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚ

ျပီးခဲ႔တဲ႔ အေျပာင္းအေရႊ႕ကမွ PSG အသင္းကို ဘာစီလိုနာကေန ကမ႓ာ့စံခ်ိန္တင္ ေျပာင္းေရႊ႕ေႀကးနဲ႔ေျပာင္းေရႊ႕လာတဲ႔ ေနမာဟာ လက္ရွိမွာေတာ့ မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႕ သတင္းေတြက ေဖာ္ျပလိုက္ပါတယ္။

သူဟာ ဒီတစ္ပတ္မွာ ကစားခဲ႔တဲ႔ အန္းဂါးအသင္းနဲ႔ပြဲစဥ္မွာလဲ ပါဝင္ကစားေပးခြင့္မရခဲ႔ပဲ ခ်န္လွပ္ထားခံခဲ႔ရပါတယ္။ နည္းျပ အူနိုင္းအမ္မရီကေတာ့ ေနမာဟာ ဒဏ္ရာျပသနာ အနည္းငယ္ ရွိေနတာေႀကာင့္ အဲဒီပြဲကို ပါဝင္နိုင္ျခင္း မရွိခဲ႔တာလို႕ သတင္းေထာက္ေတြကို ေျပာဆိုထားခဲ႔တာပါ။

 

သို႔ေသာ္လဲ ဒီကေန႔ျပဳလုပ္တဲ႔ ဘရာဇီးအသင္းရဲ႕ ေလ့က်င့္ခန္းအစီစဥ္ေတြမွာေတာ့ ေနမာဟာ ဒဏ္ရာကင္းကင္းနဲ႔ ပါဝင္နိုင္ခဲ႔ျပီး၊ အသင္းရဲ႕ ဆရာဝန္ကလဲ ေနမာရဲ႕ ဒဏ္ရာအေႀကာင္း ထည့္သြင္းေျပာဆိုျခင္းမရွိပဲ သူတို႔အသင္းမွာ ေကာ္တင္ဟို တစ္ဦးသာ ေစာင့္ႀကည့္ရမယ့္အေနအထားလို႔ ေျပာဆိုသြားခဲ႔ပါတယ္။

အဲဒီအေနအထားေတြေႀကာင့္ သတင္းသမားေတြက ေနမာဟာ PSG မွာ အဆင္မေျပျဖစ္ေနတယ္လို႔ သံုးသပ္ေနႀကတာျဖစ္ျပီး၊ မႀကာခင္ကလဲ ေနမာရဲ႕ ဖခင္ဟာ ရီးရဲမက္ဒရစ္ ဥကၠဌ ပီရက္နဲ႕ ေတြ႔ဆံုခဲ႔တယ္လို႔ ကတတ္လန္သတင္းေတြက အခိုင္မာ ေဖာ္ျပသြားခဲ႔ပါတယ္။

ေနမာရဲ႕ PSG အေျခအေနေတြ တေျဖးေျဖးနဲ႔ စိတ္ဝင္တစား ေစာင့္ႀကည့္ဖို႔ ေကာင္းလာေနပါျပီ။

 

နေမာဟာ PSG မှာ မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်
=====================================

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ PSG အသင်းကို ဘာစီလိုနာကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့လာတဲ့ နေမာဟာ လက်ရှိမှာတော့ မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။

သူဟာ ဒီတစ်ပတ်မှာ ကစားခဲ့တဲ့ အန်းဂါးအသင်းနဲ့ပွဲစဉ်မှာလဲ ပါဝင်ကစားပေးခွင့်မရခဲ့ပဲ ချန်လှပ်ထားခံခဲ့ရပါတယ်။ နည်းပြ အူနိုင်းအမ်မရီကတော့ နေမာဟာ ဒဏ်ရာပြသနာ အနည်းငယ် ရှိနေတာကြောင့် အဲဒီပွဲကို ပါဝင်နိုင်ခြင်း မရှိခဲ့တာလို့ သတင်းထောက်တွေကို ပြောဆိုထားခဲ့တာပါ။

 

သို့သော်လဲ ဒီကနေ့ပြုလုပ်တဲ့ ဘရာဇီးအသင်းရဲ့ လေ့ကျင့်ခန်းအစီစဉ်တွေမှာတော့ နေမာဟာ ဒဏ်ရာကင်းကင်းနဲ့ ပါဝင်နိုင်ခဲ့ပြီး၊ အသင်းရဲ့ ဆရာဝန်ကလဲ နေမာရဲ့ ဒဏ်ရာအကြောင်း ထည့်သွင်းပြောဆိုခြင်းမရှိပဲ သူတို့အသင်းမှာ ကော်တင်ဟို တစ်ဦးသာ စောင့်ကြည့်ရမယ့်အနေအထားလို့ ပြောဆိုသွားခဲ့ပါတယ်။

အဲဒီအနေအထားတွေကြောင့် သတင်းသမားတွေက နေမာဟာ PSG မှာ အဆင်မပြေဖြစ်နေတယ်လို့ သုံးသပ်နေကြတာဖြစ်ပြီး၊ မကြာခင်ကလဲ နေမာရဲ့ ဖခင်ဟာ ရီးရဲမက်ဒရစ် ဥက္ကဌ ပီရက်နဲ့ တွေ့ဆုံခဲ့တယ်လို့ ကတတ်လန်သတင်းတွေက အခိုင်မာ ဖော်ပြသွားခဲ့ပါတယ်။

နေမာရဲ့ PSG အခြေအနေတွေ တဖြေးဖြေးနဲ့ စိတ်ဝင်တစား စောင့်ကြည့်ဖို့ ကောင်းလာနေပါပြီ။

Leave a comment

Your email address will not be published. Required fields are marked *