နေမာအမည်ပါ အသင်းဂျာစီအရောင်းသွက်မှုကြောင့် ပစ္စည်းပြတ်မည်ကို PSG စိုးရိမ်နေ

PSGအသင်းသည် အသင်းသို့ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသည့် နေမာ၏အမည်ပါဂျာစီမှာ အရောင်းသွက်နေမှုကြောင့် ဈေးကွက်ထဲတွင် ပစ္စည်းပြတ်သွားမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

နေမာ၏ဂျာစီမှာ တစ်ရက်တည်းတွင် အထည် ၁၀၀၀၀ ရောင်းချမှုအပါအ၀င် ပြီးခဲ့သည့်ရက် ၃၀ အတွင်း ၁၂၀၀၀၀ ခန့်ရောင်းချခဲ့ရပြီး PSGအသင်းအနေဖြင့် ယင်းဂျာစီရောင်းချရမှုမှ ပေါင်(၇.၈)သန်းခန့် ပြန်လည်ရရှိခဲ့သည်။

PSGအသင်း၏တရားဝင်အမှတ်တရပစ္စည်းဆိုင်မှ အချက်အလက်များအရ ယခုရာသီတွင် နေမာ၊ ဘာပေတို့ ရောက်ရှိလာမှုကြောင့် ပြီးခဲ့သည့်နှစ်ကထက် ရောင်းအား (၇၅%)မြင့်တက်လာခဲ့ကြောင်း သိရသည်။

PSGအသင်းသည် နေမာ၏ဂျာစီများ ရောင်းကုန်သွားလျှင် လာမည့်နိုဝင်ဘာလရောက်မှသာ ဈေးကွက်ထဲ ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်သောကြောင့် စိုးရိမ်ပူပန်နေခြင်းလည်းဖြစ်သည်။

Leave a comment

Your email address will not be published. Required fields are marked *