ဂျိုအာချင်လိုးကို အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ရန် ဘိုင်ယန် စိတ်ဝင်စား

 

  1. ဂျာမနီအသင်း၏ အထွေထွေမန်နေဂျာ ဘီယာဟော့ဖ်က အသင်းနည်းပြ ဂျိုအာချင်လိုးကို ဘိုင်ယန်မြူးနစ်အသင်း စိတ်ဝင်စားနေကြောင်း ပြောကြားခဲ့သည်။
  2. ဘီယာဟော့ဖ်က ”သူ(ဂျိုအာချင်လိုး)က ဘယ်ကလပ်အသင်းကိုမဆို ကိုင်တွယ် နိုင်တဲ့အရည်အချင်းရှိပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက သူ့ကိုစိတ်ဝင်စားနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ဂျိုအာချင်လိုးက ဂျာမနီအသင်းနဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်ရှိနေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း ရှေ့တိုးလာရင် ကျွန်တော် တားဆီးသွားမှာပါ”ဟု ဆိုခဲ့သည်။
  3.  
  4. ဘိုင်ယန်မြူးနစ်အသင်းသည် လက်ရှိတွင် ၀ါရင့်နည်းပြဖြစ်သူ ဂျက်ဟေးနက်စ်ကို ရာသီကုန်အထိသာ ခန့်အပ်ထားခြင်းဖြစ်သည်။

Leave a comment

Your email address will not be published. Required fields are marked *