စီးရီးအေတန်းတက် ဘင်နီဗန်တိုအသင်းခေါင်းဆောင်လူစီယိုနီ တားမြစ်ဆေးကျရှုံးသဖြင့် လေးနှစ်ပွဲပယ်ခံရဖွယ်ရှိ

 

ယခုရာသီတွင် စီးရီးအေပြိုင်ပွဲသို့ တန်း တက်ကစားခွင့်ရရှိထားသည့် ဘင်နီဗန်တို အသင်း၏ အသင်းခေါင်းဆောင် နောက်ခံလူ ဖေဘီယိုလူစီယိုနီသည် တားမြစ်ဆေးကျရှုံးသဖြင့် လေးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ ဖွယ်ရှိနေကြောင်း သိရသည်။

အီတလီတားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ(NADO) ၏ ထုတ်ပြန်ချက်အရ အသက် ၂၉ နှစ်အရွယ်ရှိ လူစီယိုနီသည် စက်တင်ဘာ ၁၀ ရက်က တိုရီနိုအသင်းနှင့် ကစားသည့် စီးရီးအေပွဲစဉ်အပြီး တားမြစ် ဆေး စစ်ဆေးရာတွင် ဆေးကျရှုံးခြင်းဖြစ် ကြောင်း သိရသည်။ ၎င်းသည် ဟော်မုန်း ဓာတ်ကြီးထွားစေသည့် Clostebol သုံးစွဲ ထားခြင်းဖြစ်ပြီး ပွဲကစားခွင့် ယာယီပိတ်ပင်ထားကြောင်း NADO က စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လူစီယိုနီအနေ ဖြင့် တားမြစ်ဆေးသုံးစွဲကြောင်း သက်သေ ထင်ရှားပါက တစ်နှစ်မှ လေးနှစ်အထိ ပွဲပယ် ပြစ်ဒဏ်ကျခံရဖွယ်ရှိကြောင်း အီတလီမီဒီယာများက ဖော်ပြနေသော်လည်း ၎င်းက ” အတည်ပြုချက်ထွက် လာမယ့် အချိန်အထိ မီဒီယာတွေနဲ့ပြောဆိုမှုကို ကန့်သတ်ထားရပါမယ်။ ကျွန်တော့်အနေနဲ့ ဘင်နီဗန်တိုအသင်း ဆရာဝန်အပေါ်ယုံကြည်မှုရှိပြီး သူညွှန်ကြားတဲ့ ဆေးဝါးတွေပဲ သုံးစွဲတာပါ” ဟု ပြောကြားခဲ့သည်။ လူစီယိုနီသည် ၂၀၁၄ ခုနှစ်မှစ၍ ဘင်နီဗန်တိုအသင်း၌ ကစားနေသူဖြစ်သည်။

Leave a comment

Your email address will not be published. Required fields are marked *