ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း နှင့် စပါး (စနေည ၆း၀၀ နာရီ)

ရလဒ်တွေ ဆက်တိုက်ဆိုးခဲ့တဲ့ ၀က်စ်ဟမ်းအသင်း ခြေ နည်းနည်း ပြန်ငြိမ်လာတယ်။ စပါးကလည်း ကစားပုံကောင်းသ လောက်ရလဒ်တွေက အားရစရာမရှိဘူး။ ၀က်စ်ဟမ်းကွင်းမှာ လည်း ခက်ခက်ခဲခဲကစားရမှာ သေချာတယ်။ ဒါပေမဲ့ စပါးအသင်း အနိုင်ရဖို့ များပါတယ်။

ဘန်လေ နှင့် ဟက်ဒါဖီးလ် (စနေည ၈း၃၀ နာရီ)

ရာသီအဖွင့်မှာ ခြေစွမ်းပြခဲ့တဲ့ ဟတ်ဒါဖီးလ်က နောက်ပိုင်း ပွဲတွေမှာ နိုင်ပွဲဝေးလာတယ်။ နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက် ခဲ့တာလည်း တွေ့ရတယ်။ ဘန်လေက နောက်ဆုံး (၃)ပွဲမှာ စပါး နဲ့ လီဗာပူးလ်တို့ကို သရေကစားထားပြီး ပဲလေ့စ်ကို အိမ်ကွင်းမှာ နိုင်ခဲ့တယ်။ ဒ
ီပွဲလည်း ဘန်လေပဲနိုင်သွားမှာပါ။

အဲဗာတန် နှင့် ဘုန်းမောက် (စနေည ၈း၃၀ နာရီ)

ဘုန်းမောက်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘရိုက်တန်ကို အနိုင်ရခဲ့တယ်။ အဲဗာတန်ကလည်း နောက်ဆုံး (၃)ပွဲဆက် ရှုံးပြီး ဖိအားများနေတဲ့ အနေအထားပါ။ ဒီပွဲမှာသာ နိုင်ပွဲမရှာနိုင်ဘူးဆို ရင် ရော်နယ်လ်ကိုးမင်းရဲ့ အနာဂတ်က မသေချာနိုင်ပါဘူး။ အဲဗာ
တန်မဖြစ်မနေ နိုင်ပွဲရှာပါလိမ့်မယ်။

မန်စီးတီး နှင့် ပဲလေ့စ် (စနေည ၈း၃၀ နာရီ)

ဂိုးအရမ်းမြူးနေပြီး အကောာင်းဆုံးပုံစံကို ရောက်နေတဲ့မန် စီးတီးက ရုတ်တရက် ပြန်ပြီး ရပ်တန့်သွားဖို့မရှိပါဘူး။ ရွိုင်းဟော့ဒ် ဆန်နဲ့အတူ ပြန်လာဖို့ ကြိုးစားမယ်ဆိုပေမယ့် ပဲလေ့စ်မှာ မန်စီး တီးကို ထိန်းချုပ်ဖို့ အခက်အခဲတွေအများကြီး ရှိပါတယ်။ မန်စီး တီး (၃၊ ၄)ဂိုးလောက်ပြတ်သွားနိုင်တယ်။

ဆောက်သမ်တန် နှင့် မန်ယူ (စနေည ၈း၃၀ နာရီ)

ဆောက်သမ်တန်က ပဲလေ့စ်ကို အဝေးကွင်းမှာ (၁-၀)ဂိုးနဲ့နိုင်ပြီး အမှတ်ပေးဇယားအဆင့် (၉)နေရာကိုရောက်လာ တယ်။ ကွင်းလယ်လူ ဒေးဗီးစ်ရဲ့အစောပိုင်းသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး၊ ဒီနွေရာသီမှာ ခေါ်ထားတဲ့ လယ်မီနာက ခြေစွမ်းပြကစားနိုင် ခဲ့တာကိုတွေ့ရတယ်။ ဆောက်သမ်တန်အသင်းက ဒီရာသီမှာ အမှတ်ပေးဇယားထိပ်ပိုင်းကအသင်းတွေနဲ့ လုံးဝမတွေ့သေး ဘဲ ဒီပွဲမှာ မန်ယူနဲ့စတွေ့တာဆိုတော့ သူတို့အတွက် ပထမဆုံးအကြိမ်အဖြစ် အကြမ်းတမ်းဆုံး အခက်အခဲနဲ့ ရင်ဆိုင်ရတာလို့ ပြောရမယ်။ ဒါပေမဲ့ သူတို့အတွက် ကံကောင်းတာက မန်ယူက ဒီပွဲမတိုင်ခင်မှာ ဘာတန်နဲ့ လိဂ်ပွဲကစားထားရမှာရယ်၊ အဓိက နောက်ခံလူ ဗန်ဒိုက်က ယူ-၂၃ အသင်းရဲ့ ခြေစမ်းပွဲမှာ စကစားခဲ့ပြီး ဒီပွဲမှာ စတင်ပွဲထွက်လာနိုင်တာရယ်ဖြစ်နေတယ်။ တစ်ခု ရှိတာက ဗန်ဒိုက်ပြန်ပါလာရင်တောင် မန်ယူတိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ ခက်လိမ့်မယ်။ မန်ယူက ဒီရာသီမှာ ပွဲတိုင်းလိုလို (၂)ဂိုးနဲ့အထက်သွင်းထားပြီး သွင်းဂိုးတွေအတွက် ယုံကြည်မှုရှိနေတယ်။ နောက်တစ်ချက်က အခြေအနေပေါင်းစုံကနေ ဂိုး ယူနိုင်စွမ်းရှိ တာကိုလည်း တွေ့ရတယ်။ မန်ယူပဲ ကပ်နိုင်သွားမယ်ထင်တယ်။

စတုတ်စီးတီး နှင့် ချယ်လ်ဆီး (စနေည ၈း၃၀ နာရီ)

အာဆင်နယ်အသင်းနဲ့ သရေကျထားတဲ့ ချယ်လ်ဆီးအတွက် နောက်ထပ် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲနဲ့ ရင်ဆိုင်ရဦးမယ်။ နောက်ဆုံး (၃)ရာသီ စတုတ်ကွင်းမှာ (၂)ပွဲနိုင်၊ (၁)ပွဲရှုံးဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပေမယ့် ဒီပွဲမှာ အသာစီးယူနိုင်မယ်လို့ ပြောလို့မရဘူး။ စတုတ်စီးတီးက အိမ်ကွင်းမှာ အာဆင်နယ်ကိုအနိုင်ကစားထားသလို၊ မန်ယူကိုလည်း သရေကစားနိုင်ခဲ့တာ တွေ့ရတယ်။ အဝေးကွင်းတွေမှာ နိုင်ပွဲမရသေးပေမယ့် သူတို့အသင်းအတွက် အဓိက အမှတ်ယူတဲ့နေရာက အိမ်ကွင်းဖြစ်နေ တယ်။ ဟယ်ဆေး၊ ရှာကီရီ တို့ရဲ့ တိုက်စစ်ကို ဒေးဗစ်လူးဝစ်ဇ်မကစားနိုင်တဲ့ ချယ်လ်ဆီးခံစစ် ခက်ခက်ခဲခဲ ထိန်းချုပ်ရလိမ့်မယ်။ ချယ်လ်ဆီးတိုက်စစ်မှာ ဟာဇက် ပွဲထွက်လာတော့မှာ သေချာပြီး မိုရာတာ၊ ၀ီလီယံတို့နဲ့ တွဲနိုင်တယ်။ ချယ်လ်ဆီးတိုက်စစ်ကို လည်း စတုတ်ထိန်းချုပ်နိုင်ဖို့မလွယ်ဘူး။ ဒါပေမဲ့ စတုတ်စီးတီးရဲ့ ခွန်အားသုံးပြီး ခပ်ကြမ်းကြမ်းကစားတတ်ပုံက ချယ်လ်ဆီး တိုက်စစ်ကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်လိမ့်မယ်ထင်တယ်။ ဒီကစားဟန်ကို အိမ်ကွင်းဆိုတဲ့အချက်က တော် တော်လေးအထောက်အကူဖြစ်တယ်။ ဒီပွဲက ချယ်လ်ဆီးအတွက် နောက်ထပ်သရေတစ်ပွဲဖြစ်သွားနိုင်တယ်။

ဆွမ်ဆီး နှင့် ၀က်ဖို့ဒ် (စနေည ၈း၃၀ နာရီ)

ရလဒ်တွေ ဆက်တိုက်ကောင်းနေတဲ့ ၀က်ဖို့ဒ်က နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ မန်စီးတီးကိုလုံးဝမယှဉ်နိုင်ဘဲ ဂိုးဒါဇင်ဝက်နဲ့ ရှုံး နိမ့်ခဲ့ရတယ်။ ရလဒ်ကောင်းပြန်ရဖို့ ရုန်းကန်မယ်ဆိုပေမယ့် ဂိုး ပြတ်ရှုံးနိမ့်ခဲ့တဲ့ ဒဏ်ကို အဝေးကွင်းမှာ ခံရဦးမှာပဲ။ ဆွမ်ဆီးအသင်း ရလဒ်ကောင်းနိုင်တယ်။

လက်စတာ နှင့် လီဗာပူးလ် (စနေည ၁၁း၀၀ နာရီ)

ပြီးခဲ့တဲ့ လိဂ်ဖလားပွဲမှာ လီဗာပူးလ်က လက်စတာကွင်းမှာ (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ ဒီပွဲက လီဗာပူးလ်အတွက် သေရေးရှင် ရေးဖြစ်နေပြီး မဖြစ်မနေနိုင်ပွဲပြန်ရှာရမယ့်အနေအထားလည်း ဖြစ်နေတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဖိအားနဲ့ လက်စတာကလည်း စိတ် ဓာတ်တက်နေတယ်။ လီဗာပူးလ် ထပ်ရုန်းကန်ရနိုင်တယ်။

Leave a comment

Your email address will not be published. Required fields are marked *