နေမာဘလွန်းဒီ​အောဆုရရှိ​အောင်​ပီအက်​ဂျီအသင်းကူညီ​ပေးချင်​တယ်​လို့​ပြောလိုက်​တဲ့နည်းပြအူနိုင်းအမ်​မရီ

 

နည်းပြအူနိုင်းအမ်​မရီကပီအက်​ဂျီအသင်းဟာကမ္ဘာ့စံချိန်​တင်​​ပြောင်း​ရွေ​ကြေးရှင်​​နေမာကိုဘလွန်းဒီ​အောဆုရရှိ​အောင်​အ​ကောင်းဆုံးကူညီ​ပေးသွားမယ်​လို့​ပြောလိုက်​ပါတယ်​။

ပီအက်​ဂျီနည်းပြအူနိုင်းအမ်​မရီက “​နေမာဟာအရည်​အ​သွေးများစွာပိုင်​ဆိုင်​ထားတဲ့ကစားသမားပါ။ သူဟာဘလွန်းဒီ​အောဆုကိုရရှိနိုင်​တဲ့သူဖြစ်​ပါတယ်​။

 

ကျွန်​​တော်​တို့သူ့ဆီကအ​ကောင်းဆုံးကို​မျှော်​လင့်​ထားပြီးသူ့ကိုဒီဆုရရှိ​အောင်​ကူညီ​ပေးသွားချင်​ပါတယ်​​။

ယ​နေ့​ခေတ်​မှာအရမ်း​ကောင်းတဲ့ကစားသမား​တွေအများကြီးအများကြီးပါ။ ဒါ​ပေမယ့်​ကျွန်​​တော်​တို့ကိုယ့်​အလုပ်​ကိုလုပ်​သွားရမှာဖြစ်​ပြီး အ​ရေးပါတဲ့ကစားသမားဖြစ်​တဲ့​နေမာကိုဒီဆုရရှိ​အောင်​ကူညီ​ပေးသွားမှာပါ။” လို့​ပြောခဲ့ပါတယ်​။

Credits : Sport Myanmar

Leave a comment

Your email address will not be published. Required fields are marked *